Saturday, December 31, 2016

Gothika (2003)

စိတ္တဇဆးရုံမှာ အလုပ်လုပ်နေတဲ့ ဒေါက်တာ မရန်ဒါဟာ မိုးရွာတဲ့ညတညက ထူးဆန်းမှုတခုကြုံခဲ့ပြီး သူသတိပြည်လည်လာတဲ့အချိန်မှာ သူအလုပ်လုပ်တဲ့ ဆေးရုံမှာ လူနာအဖြစ်ပြန်လည်ရောက်ရှိနေပါတယ်။ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုရောက်လာလဲဆိုတာကို သူကိုယ်တိုင်မမှတ်မိပဲဖြစ်နေပါတော့တယ်...

သဲထိတ်ရင်ဖိုဇာတ်ကားကောင်းတလက်ဖြစ်ပြီး နာမည်ကြီးတွေဖြစ်တဲ့ Halle Berry, Penélope Cruz နဲ့ Iron Man မင်းသား Robert Downey Jr. တို့ပါဝင်သရုပ်ဆောင်ထားပြီးတော့ ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းအဆုံးအထိ ဆွဲခေါ်သွားမယ့်ဇာတ်လမ်းပါ။

[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Horror, Mystery, Thriller
[FILE SIZE]:……………………….:[ 900 MB
[RESOLUTION]:………………….:[ 720 x 480
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 38mins

 Gothika
(2003) on IMDb

Download
900 MB
Gothika (2003)

Friday, December 30, 2016

Anwar (2010)


အာနဝါရဲ့မသားစုဟာ အကြမ်းဖက်သမားတွေရဲ့ ဖေါက်ခွဲမှုတခုမှာ အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ အဲ့ဒီအဖြစ်အပျက်နောက်ပိုင်းမှာ အာနဝါဟာ ဘယ်သူ့ကိုမှ အားမကိုးပဲ နောက်ကွယ်ကကြိုးကိုင်သူနဲ့ အမှန်တရားကိုရှာဖွေပါတော့တယ်။ အဲ့ဒီအဖြစ်အပျက်နဲ့ပါတ်သတ်သူတွေကို သက်ညှာမှုမပေးတော့ပဲ သတ်ပစ်ပါတော့တယ်။

[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Action
[FILE SIZE]:……………………….:[ 954 MB
[RESOLUTION]:………………….:[ 720 x 380
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 54mins

 Anwar
(2010) on IMDb

Download
954 MB
Anwar (2010)

Tuesday, December 27, 2016

Ranbanka (2015)



သာယာတဲ့မိသားစုတစုဖြစ်တဲ့ အင်ဂျင်နီယာ ရာအူးတို့ မိသားစုဟာ ဘာသာရေးယဉ်ကျေးမှုထွန်းကားတဲ့ မတုရာနယ်ကို တာဝန်အရ ပြောင်းရွှေ့လာပါတယ်။ အဲ့ဒီနယ်မှာ အစ်ကိုဖြစ်တဲ့ တရားစီရင်ရေးလူကြီးမျက်နှာနဲ့ ရမ်းချင်တိုင်းရမ်းနေတဲ့ ရာဟဗ်ဆိုတဲ့ လူဆိုးကို လူတွေက ကြောက်ရွံ့ရပါတယ်။ ရာအူးရဲ့ ဇနီးချောလေး ပရီယာကိုမြင်မြင်ချင်း တက်မက်သွားတဲ့ ရာဟဗ်ဟာ ရာအူးနဲ့ ထိပ်တိုက်တွေ့ဖို့ ဖြစ်လာပါတယ်။ မိသားစုတစုလုံးကို ဘယ်လိုတွေအန္ဒရာယ်ပေးပြီး အေးဆေးတဲ့ သာမာန်အင်ဂျင်နီယာ ရာအူးအနေနဲ့ ဘယ်လိုကြောင့်ဒေါသတွေ ပေါက်ကွဲသွားမလဲဆိုတာကိုတော့....

မွေးနေ့ အမှတ်တရအနေနဲ့ တောင်းဆိုနေကြတဲ့ hindi ဇာတ်လမ်းတပုဒ် တင်ပေးလိုက်ပါပြီ။ Have Fun...

r@bp!G

[FORMAT]:………………………….:[ 720p HDRip MP4
[GENRE]:………………………… .:[  Action
[FILE SIZE]:……………………….:[ 380 MB
[RESOLUTION]:………………….:[ 720 x 304
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 38mins
[Translate By]:……………………..:[ r@bp!G

 Ranbanka
(2015) on IMDb

Download
380 MB
Pcloud
Download
380 MB
Openload

Saturday, December 24, 2016

Armour of God (1986)


ဂျက်ကီချန်းဇာတ်ကား AOG ကို မောင်ဦးမှ ထပ်မံဘာသာပြန်တင်ဆက်လိုက်ပါတယ်။ ဂျက်ကီချန်းကားြ့ဖစ်တဲ့အတွက်ကြောင့် စွန့်စားခန်းနဲ့ ဟာသတွေကို မပျင်းမရိကြည့်ရမှာ ဖြစ်တဲ့အတွက် ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Comedy, Action, Adventure
[FILE SIZE]:……………………….:[ 720 MB
[RESOLUTION]:………………….:[ 1280 x 720
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 28mins
[iMDB RATING]:……………………..:[ 7.1/10


 Armour of God
(1986) on IMDb

Download
720 MB
Pcloud
Watch Online
720 MB
Open Load

Download
720 MB
Google Drive


Wednesday, December 14, 2016

Project A 2 (1987)


ကလေးလူကြီးအကုန်လုံးကြိုက်တဲ့ ဂျက်ကီချန်းကားကောင်းတလက်ဖြစ်တဲ့ Project A 2 မှာ ဂျက်ကီချန်း ကိုယ်တိုင် ဒါရိုက်တာလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ ကြည့်လို့ကောင်းနေဆဲ IMDB rating များတဲ့ဇာတ်ကားတကားပါ။ ဒီဇာတ်ကားကို ဂျက်ကီချန်းခရေဇီ မောင်ဦး မှ ဒုတိယအကြိမ်မြောက်ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ 

ဇာတ်လမ်းအကျဉ်းကတော့ စစ်ဘက်က ဆာဂျင်မာယူလုံ (ဂျက်ကီချန်း)ဟာ  စိုင်းဝမ်မြို့လေးမှာ ရဲအုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိသွားချိန်မှာတော ဒီမြို့လေးအတွက် ဖြေရှင်းပေးရမယ့်ပြသနာတွေ မနည်းမနောရှိနေပါတယ်။ အဆိုးဆုံးကတော့ မြို့ခံလူဆိုးဂိုဏ်ဖြစ်ပြီး သူတို့နဲ့ပါတ်သတ်နေတာကတော့ လာဘ်စားနေတဲ့ ရဲတွေဖြစ်လို့နေပါတယ်။  ပင်လယ်ဓါးပြဟောင်းတွေ ၊ မန်ချူးအစိုးရဆန့်ကျင်ရေး လှုပ်ရှားသူတွေနဲ့လည်း နည်းအမျိုးမျိုးနဲ့ပါတ်သတ်ရပြီး မာယူလံအနေနဲ့ နောက်ဆုံး ဒုစရိုက်တွေကို ဘယ်လိုဖြေရှင်းသွားလဲဆိုတာကိုတော့....

ဂျက်ကီးချန်းထုံးစံအတိုင်း ဖိုက်တင်ခန်းတွေကို ရယ်ရယ်မောမောကြည့်ရမယ့်ဇာတ်ကားကောင်းဖြစ်ပြီး translator ဖြစ်တဲ့ မောင်ဦးကိုလည်း ဂျက်ကီချန်းဇာတ်ကားတွေ ထပ်မံတောင်းဆိုနိုင်ပါကြောင်း....

[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Comedy, Action, Crime
[FILE SIZE]:……………………….:[ 864 MB
[RESOLUTION]:………………….:[ 720x310
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 41mins
[iMDB RATING]:……………………..:[ 7.2/10

 Project A 2
(1987) on IMDb

Download
864 MB
LProject A 2 (1987)

Watch Online
900 MB
တိုက်ရိုက်ကြည့်ရန်

Tuesday, December 13, 2016

A Stranger in Paradise (2013)



နယူးယောက်မြို့ ဘဏ်ရင်းနှီးမြှုပ်နှံမှုအလုပ်မှာ အလုပ်ကောင်းရထားတဲ့ ဂျော့ခ်ျဟာ သူ့ရဲ့သူဋ္ဌေး အထူးအစီအစဉ်အနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ ကလပ်ပိုင်ရှင် သူ့အစ်ကို ပေါလ်ဆီကို အလည်အပါတ်သွားဖြစ်ပါတယ်။ အဲ့ဒီကိုရောက်ပြီးမှပဲ ဘန်ကောက်ကသြဇာကြီးတဲ့ မာဖီးယားဂိုဏ်နဲ့ သူ့ရဲ့သူဋ္ဌေး၊ သူ့အစ်ကိုပေါလ်တို့ဖြစ်တဲ့ ပြသနာတခုမှာ သူကကြားညှပ်ဆိုတာကိုသိပေမယ့် နောက်ကျသွားပါပြီ၊ မာဖီးယားတွေရဲ့လက်က လွတ်အောင်ဘယ်လိုတွေလုပ်ဆောင်မလဲ၊ ရဲတွေနဲ့ဘယ်လိုရှင်းမလဲဆိုတာကိုတော့.....

[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Thriller
[FILE SIZE]:……………………….:[ 810 MB
[RESOLUTION]:………………….:[ 1280x720
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 23mins
[iMDB RATING]:……………………..:[ 4.8/10

Download
810 MB
A Stranger in Paradise

Sunday, December 11, 2016

Fantastic Beasts and Where to Find Them (2016)


လက်ရှိအောင်မြင်နေတဲ့ဇာတ်ကားတကားဖြစ်တဲ့အလျောက် ရုပ်ရှင်ပရိတ်သတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဇာတ်ကားကောင်းတလက်ဖြစ်ပါတယ်။ Flim2mm မှ admin ဖြစ်တဲ့ R!B မှမြန်မာဘာသာပြန်ဆိုထားပြီး cam version ကို တင်ဆက်လိုက်ပါပြီ။ ဒေါင်းသင့်မဒေါင်းသင့် ကြည့်ရှုရန် ScreenShots များတင်ပြပေးလိုက်ရပါတယ်။
r@bp!G

အခုလက်ရှိရုံတင်ပြသနေတဲ့ Fantastic Beasts and Where to Find Them ကတော့ ရုံတင်ပြသပြီးတစ်လခန့်မှာ Global Box Office ဝင်ငွေ $500 million ကျော်ရရှိသွားပြီပဲဖြစ်ပါတယ်။ Harry Potter စာရေးဆရာမဖြစ်တဲ့ J.K. Rowling အတွက် နောက်ထပ်အောင်မြင်မှုမှတ်တိုင်တစ်ခုစိုက်ထူလိုက်နိုင်တယ်ဆိုလဲမမှားပါဘူး။ Fantastic Beasts and Where to Find Them အတွက် Budget $180 million အထိအသုံးပြုခဲ့တာဖြစ်ပြီး အချိန်အတိုင်းအတာကာလတစ်ခုမှာ အခုလိုဝင်ငွေတွေပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်။
.
လက်ရှိဒီတစ်ပတ် Weekend Box Office မှာတော့ No.2 နေရာမှာရပ်တည်နေတဲ့ Fantastic Beasts and Where to Find Them ကို Director David Yates ကရိုက်ကူးထားပြီး Fantastic Beasts ကိုစုစုပေါင်းဇာတ်ကား ငါးကားအထိရိုက်ကူးသွားမယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိတော့ အဆိုပါ 5 ကားလုံးကို Director David Yates ကပဲရိုက်ကူးသွားမယ်လို့သိရပါတယ်။

ပရိသတ်ချစ်တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ ဟယ်ရီပေါ်တာနဲ့ သူ့ရဲ့ Hogwarts ကျောင်းတော်က သူငယ်ချင်းတွေမပါ ၀င်ပေမယ့် သူမရဲ့မှော်ရုပ်ရှင်ဇာတ်ကားသစ် "Fantastic Beasts and Where to Find Them" ဇာတ်ကားကို ပရိတ်သတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်တယ်လို့ စိတ်လှုပ်ရှားနေတဲ့ J.K. Rowling က ပြောပါတယ်။
ငါးကားထွက်ဖို့ စီစဉ်ထားပြီး ပထမဆုံး စတင်ထွက်ရှိမယ့် ဟယ်ရီပေါ်တာကမ္ဘာမှာ ဇာတ်အိမ်တည်ထားတဲ့ "Fantastic Beasts" ရုပ်ရှင်မှာ ပရိသတ်တွေနဲ့ ရင်းနှီးနေတဲ့ နာမည်တွေပါဝင်နေမယ်လို့တော့ ဗြိတိန်စာရေးဆရာမ က ပြောကြားထားပါတယ်။
သူမက သတင်းစာရှင်းလင်းပွဲမှာ “ကျမတို့လုပ်နိုင်တာကို အကောင်းဆုံးလုပ်ပြီးပါပြီ၊ ကျမအမြဲတမ်း ပြောပြချင်နေခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကို ပြောခွင့်ရပါပြီ၊ ပရိတ်သတ်တွေကလည်း ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
“ဟယ်ရီပေါ်တာဟာ ဒီရုပ်ရှင်ထဲမှာမပါဘူးဆိုတာအမှန်ပါ၊ ဘာကြောင့်လဲဆိုတော့အဲ့ဒီတုန်းက သူဟာမမွေးသေးလို့ပါ၊ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာ အဲ့ဒီမှော်ကမ္ဘာရဲ့အငွေ့အသက်တွေကိုခံစားရမှာ ဖြစ်ပြီး ဇာတ်ကောင်တွေအကြောင်းကိုလည်း ပိုမိုသိရှိရမယ်” လို့သူမကထပ်ပြောခဲ့ပါသေးတယ်။
“Fantastic Beasts and Where to Find Them" ရုပ်ရှင်ဟာ ဟယ်ရီပေါ်တာစာအုပ်ထဲက အဖြစ်အပျက် တွေမဖြစ်ခင် နှစ်၇၀ ကိုဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဇာတ်ကောင်အသစ်တွေနဲ့ သူတို့ရဲ့ မှော်ပညာ စွမ်းရည်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ၁၉၂၆ ခုနှစ်မှာ Newt Scamander ဆိုတဲ့ မှော်တိရစ္ဆာန် ကျွမ်းကျင် ပညာရှင်ဟာ နယူးယောက်မြို့ကို ရောက်လာခဲ့ပြီး သူ့ရဲ့လက်ဆွဲအိတ်ထဲက ထူးဆန်းတဲ့ သတ္တ၀ါတွေ လွတ်သွားတဲ့အကြောင်းကို ရိုက်ထားဖြစ်ပါတယ်။

[FORMAT]:………………………….:[ 720p HDCam MP4
[GENRE]:………………………… .:[ Adventure, Family, Fantasy
[FILE SIZE]:……………………….:[ 572 MB
[RESOLUTION]:………………….:[ 720x320
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 13mins
[iMDB RATING]:……………………..:[ 7.8/10

ScreenShots




Download
572 MB
Fantastic Beasts

Saturday, December 10, 2016

Invictus (2009)


တလောက facebook သုံးတဲ့သူတွေ နယ်ဆင်မင်ဒဲလားနဲ့ မော်ဂန်ဖရီးမန်းဓါတ်ပုံတွေမှာပြီးတင်ကြတာမှတ်မိသေးတယ်။ မှားမယ်ဆိုလည်းမှားလောက်စရာပဲလေ ဒီဇာတ်လမ်းထဲမှာ ဖရီးမန်းက မင်ဒဲလားနေရာမှာ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်သွားတာကိုး၊ ဒီဇာတ်ကားထဲက မော်ရန်ဖရီးမန်းရော မက်ဒေါမွန်ရော အင်္ဂလိပ်စကားကို အာဖရီကန်လေသံအတိုင်းပြောကြတော့ တလောကရုံတင်တဲ့ဇာတ်ကားထဲက အောင်ရဲလင်း တောသံပြောတာကိုလည်း သွားသတိရမိပါသေးတယ်ဗျား...
r@bp!G

Invictus ဇာတ်ကားဟာ ၂၀၁၀ပြည့်နှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရခဲ့တဲ့ တောင်အာဖရိကနို င်ငံကို ဂုဏ်ပြုပြီး ထွက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။ တောင်အာဖရိက သမ္မတဟောင်း နဲလ်ဆင်မင်ဒဲလားရဲ့ သမ္မတဖြစ်ပြီးစအချိန် နိုင်ငံအတွက် ကြိုးပမ်း လုပ်ဆောင်ခဲ့တာတွေကို အသားပေး ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ မင်ဒဲလား ထောင်ကနေလွတ်ပြီး တောင်အာဖရိကသမ္မတစတင်တာဝန်ယူစဉ်က နိုင်ငံတိုးတက်ဖို့နဲ့ လူဖြူလူမဲပြသနာတွေကို ဖြေရှင်းဖို့ အားကစားကိုမြှင့်တင်ပြီး ကောင်းကောင်းအသုံးချသွားပုံကို ရိုက်ကူးထားပါတယ်။မင်ဒဲ လားရဲ့စိတ်ဓာတ်၊ နိုင်ငံရေးနဲ့အားကစား ရောယှက်မှု စတာတွေကို ဖော်ပြခဲ့ပါတယ်။ မင်ဒဲလားအနေနဲ့ မဖြစ်နိုင်ဘူးလို့ဝေဖန်မှု တွေရှိနေတဲ့ ကြားက၁၉၉၅ခုနှစ် အချိန်မှာ ကမ္ဘာ့ဖလား ရပ်ဘီ ဘောလုံးပြိုင်ပွဲကိုတောင် အာဖရိကမှာ အိမ်ရှင်အဖြစ်ကျင်းပနိုင်ခဲ့ပြီး တောင်အာဖရိကရပ်ဘီအသင်းကို ကမ္ဘာ့ချန်ပီယံဖြစ်အောင် စိတ်ဓာတ်ခွန်အားပေးနိုင် ခဲ့ပါ တယ်။

လူဖြူ၊ လူမည်း ခွဲခြားမှု ပြဿနာ၊ မှုခင်းပေါ်များမှု စတဲ့အရာတွေကို သမ္မတဖြစ်လာပြီးချိန်မှာပဲ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီလိုရင် ဆိုင်လာရချိန်မှာ မင်ဒဲလားကို အားဖြစ်စေခဲ့တာ ကတော့ အင်္ဂလိပ်ကဗျာဆရာ William Ernest Henley (၁၈၄၉-၁၉၀၃) ရေးသားထားခဲ့တဲ့ Invictus ကဗျာပဲဖြစ်ပါတယ်။ (ဒီကဗျာကို ဦးညိုမြက ဘာသာပြန်ပြီး သခင်အောင်ဆန်း အယ်ဒီတာလုပ်ခဲ့တဲ့ အိုးဝေမဂ္ဂဇင်း ၁၉၃၆ ခုနှစ် ထုတ်၊ အတွဲ၁ အမှတ် ၆ ၊ ခေါင်းကြီးပိုင်းမှာ အနိုင်မခံဆိုပြီး ဖော်ပြခဲ့ဖူးပါတယ်)
မင်ဒဲ လားအနေနဲ့သမ္မတဖြစ်လာစအချိန်မှာ Invictus ကဗျာကို စိတ်စွမ်းအားအဖြစ် အသုံးပြုခဲ့ပြီး
အခြားသူတွေကိုလည်း ကဗျာရဲ့အနှစ်သာရကို အသုံးချဖို့ တိုက်တွန်းခဲ့ပါတယ်။

ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။ အနိုင်မခံရှုံးမပေးတဲ့စိတ်ဓါတ်ကိုပေးသနားလို့
ငါသာလျှင်ငါ့ဝိညာဉ်ရဲ့ အရှင်သခင်ဖြစ်တယ်


ဒီဇာတ်ကားကို ဒါရိုက်တာ Clint Eastwood က ရိုက် ကူးခဲ့ပြီး မင်ဒဲလားနေရာမှာ Morgan Freeman နဲ့ ရပ်ဘီးအသင်းရဲ့ အသင်းခေါင်းဆောင်နေရာမှာ  Matt Damon တို့က ပါဝင်သရုပ် ဆောင်ထားခဲ့ပါတယ်။
ဖိအားများအောက်မှ ထိုးထွက်လာသော ယုံကြည်မှုနှင့် စွမ်းဆောင်နိုင်မှုကို ဖော်ပြခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။

ရုပ်ရှင်အညွှန်း - Now! Not Yet

[FORMAT]:………………………….:[ 720p SD MP4
[GENRE]:………………………… .:[ Biography, Drama, History, Sport
[FILE SIZE]:……………………….:[ 865 MB
[RESOLUTION]:………………….:[ 640x326
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 14mins
[iMDB RATING]:……………………..:[ 7.4/10


Download
865 MB
Invictus (2009)

Friday, December 9, 2016

Flipped (2010)


IMDB 7.7 ထိရရှိနေဆဲ အချစ်ဟာသဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဟာသကားဆိုတာက တဟီဟီးရယ်နေရတဲ့ ဟာသမဟုတ်ပဲ သဘောကျလို့ ပြုံးမိရုံဖြစ်စေမှာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုကြည့်နေရင်းနဲ့ ကိုယ့်ရဲ့ဆယ်ကျော်သက်ဘဝကိုတောင်ပြန်မြင်ယောင်နေမိလို့ ရင်ထဲစွဲတဲ့ဇာတ်ကားလေးတလက်လို့ပြောပါရစေ။ ရိုးရှင်းတဲ့လူနေမှုဘဝ၊မိသားစု၊ပတ်ဝန်းကျင်ကို အခြေခံထားတဲ့ ရိုးရှင်းတဲ့ဇာတ်အိမ်လေးနဲ့တည်ဆောက်ထားပေမယ့် တင်ပြပုံနဲ့ သရုပ်ဆောင်ချက်တွေကောင်းတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းတလက်အဖြစ် ရပ်တည်နေနိုင်တာဖြစ်ပါတယ်။ ဒီလိုဇာတ်လမ်းမျိုးကို မြန်မာကားတွေ ကိုရီးယားကားတွေမှာ မကြာခဏကြည့်ဖူးပေမယ့် တင်ပြပုံနဲ့ အိုင်ဒီယာကသူတို့ထက်ဘယ်လိုသာသွားလဲဆိုတာကိုတော့......
r@bp!G

အမေရိကန် ဒါရိုက်တာ ရော့ဒ်ရိုင်နာက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရော့ဒ်ရိုင်နာအနေနဲ့ ရှေ့မှာ Stand by Me (1986) နဲ့ The Bucket List (2007) ရိုက်ကူးခဲ့သူပါ။ အဲဒီ ဇာတ်ကား နှစ်ကားစလုံး အနှစ်သာရပြည့်ဝပြီး ကောင်းမွန်တဲ့ဇာတ်ကားတွေအ ဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Flipped ဇာတ်ကားက မပြသခင်ကတည်းက နာမည်ကျော်နေတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ၂၀၁၀ပြည့်နှစ်ထဲမှာ ထွက်ရှိမယ့် အကောင်းဆုံးသော ဇာတ်ကားတွေထဲက ဇာတ်ကားတစ်ကား ဖြစ်လာလိမ့်မယ်လို့ ရုပ်ရှင်အကဲ ဖြတ်တွေက ကြိုတင်ဟောကိန်း ထုတ်ခဲ့ပါတယ်။

နေ့စဉ် ဖြစ်ပျက်နေတဲ့ ဘဝတွေထဲက သာမန် အကြောင်းအရာတွေကို စွဲမက်ဖွယ်ဖြစ်အောင် ဖန်တီးပြတတ်တာက ဒါရိုက်တာ ရော့ဒ်ရိုင်နာရဲ့ အရည်အသွေးတစ်ရပ် ဖြစ်ပါတယ် Flipped ဇာတ်လမ်းကလည်း ရိုးစင်းတဲ့ အကြောင်းအရာတစ်ခုကိုပဲ အခြေခံခဲ့တာပါ။ ဒီဇာတ်လမ်းကို စတင် အသက်သွင်းခဲ့သူက စာရေးဆရာမ ဝမ်ဒယ်လင် ဗန်ဒရာနန်ဖြစ်ပါတယ်။ ကလေးစာပေ အထူးပြု စာရေးဆရာမ တစ်ဦးအနေနဲ့ နာမည်ကျော်ပါတယ်။ သူက ဒီရုပ်ရှင်ဖြစ် လာမယ့် Flipped ဝတ္ထုကို ၂၀ဝ၁ခုနှစ်တုန်းက ရေးသား ထုတ်ဝေခဲ့ပါတယ်။ ဆယ်ကျော်သက်တွေရဲ့ စိတ်ပြောင်းလဲမှုဖြစ်စဉ်ကို ပတ်ဝန်းကျင်၊ ဗီဇရိုက်ခတ်မှုများနဲ့ ချိန်ထိုးပြဆိုခဲ့တဲ့ သာမန် ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

သာမန်ဘဝတွေထဲက အလှတရား ကို ရှာဖွေတတ်တဲ့ ဒါရိုက်တာ ရော့ဒ်ရိုင်နာ ကြောင့် Flipped ဝတ္ထုက ရုပ်ရှင်ဖြစ်လာခဲ့ ပါတယ်။ ဒီဇာတ်လမ်းမှာ ဂျူလီယာနာနဲ့ ဘရုစ် ဆိုတဲ့ ကလေးနှစ်ယောက်ရဲ့ စိတ်ခံစားမှုကို အသားပေး ဖော်ပြခဲ့ပါတယ်။ အသက်ခြောက်နှစ် အရွယ်ကတည်းက သူတို့နှစ်ဦး စတင် သိကျွမ်းခဲ့ပါတယ်။ အိမ်နီးနားချင်းတွေ လည်း ဖြစ်ကြပါတယ်။ စတွေ့စဉ်ကတည်းက ဂျူလီယာနာက ဘရုစ်ကို စိတ်ဝင်စားခဲ့ပါ တယ်။ ဘရုစ်ကတော့ ဂျူလီယာနာကို စ တွေ့ကတည်းက စိတ်မဝင်စားခဲ့ပါဘူး။

ကလေးနှစ်ယောက်ရဲ့ နောက်ခံစကား ပြောတွေနဲ့ ဇာတ်ကားကို ဖန်တီးခဲ့ပါတယ်။ အဖြစ်အပျက် တစ်ခုတည်း အပေါ်မှာပဲ မတူ ညီတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြခဲ့ပါတယ်။ စိတ်ခံစားမှု၊ ထင်မြင်ယူဆချက်တွေရဲ့ နောက်ခံ အခင်းအကျင်းကိုလည်း ပြသပါတယ်။ ဘရုစ်က အရာရာကို အပေါ်ယံ တွေးတတ်တယ်။ ဂျူလီယာနာကကိစ္စရပ်တိုင်းကို အဓိပ္ပါယ်ရှိရှိ လေးနက်စွာ တွေးတော တတ်ပါတယ်။ ကလေးတွေရဲ့ စိတ်ကို ပတ်ဝန်းကျင်နဲ့ ဗီဇက ဘယ်လောက်အထိ ရိုက်ခတ်စေတယ်ဆိုတာကို ဒီဇာတ်ကားမှာ ပြသခဲ့ပါတယ်။

ရုပ်ရှင်အညွှန်း - Now! Not Yet

[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Comedy, Drama, Romance
[FILE SIZE]:……………………….:[ 727 MB
[RESOLUTION]:………………….:[ 720x480
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 30mins
[iMDB RATING]:……………………..:[ 7.7/10

Download
727 MB
Flipped (2010)

One for the Money (2012)


စတက်ဖန်နီ ပလမ် ဆိုတဲ့ အမျိုးသမီးတယောက်ဟာ အလုပ်လက်မဲ့ဖြစ်နေတဲ့အခြေအနေမှာ အရေးပေါ်အလုပ်လုပ်ရတော့မယ့်အခြေအနေဖြစ်နေပါပြီ။ သူ့အစ်ကိုဝမ်းကွဲဆီမှာ အလုပ်လုပ်ဖို့ကြိုးစားပါတော့တယ်။ ဝရမ်းထုတ်ထားတဲ့လူတွေကို လိုက်ဖမ်းရတဲ့အလုပ်ပါ။ သူပထမဆုံးလုပ်ရမယ့်အလုပ်ကတော့ လူသတ်မှုတခုအတွက် ထွက်ပြေးနေတဲ့ ရဲအရာရှိဟောင်းကို လိုက်ဖမ်းရမှာဖြစ်ပါတယ်။ သူဖမ်းရမယ့်သူကတော့ တခြားသူမဟုတ်ပါဘူး။ လူငယ်ဘဝတုန်းက ရည်းစားဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းဟောင်းလေးပါပဲ။ ဘယ်လိုဆက်သွားမလဲဆိုတာကိုတော့....
မြန်မာစာတန်းထိုးဇာတ်ကားများ ဘလော့မှ ပြန်လည်ကူးယူ တင်ပြခြင်းဖြစ်ပါသည်။

[FORMAT]:………………………….:[ 1280p HDRip MP4
[GENRE]:………………………… .:[ Action, Comedy, Crime
[FILE SIZE]:……………………….:[ 647 MB
[RESOLUTION]:………………………:[ 1280x536
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 31mins
[iMDB RATING]:……………………..:[ 5.3/10

Download
647 MB
One for the Money (2012)

Wednesday, December 7, 2016

The Ghost Writer (2010)

 

ဂျိမ်းစဘွန်းမင်းသားဟောင်း   ပါဝင်သရုပ်ဆောင်ထားတဲ့ IMDB 7.2 အထိရထားတဲ့ Ghost Writer ဆိုတဲ့ဇာတ်ကားကောင်းလေးတကားတင်ပေးလိုက်ပြီ။

[FORMAT]:………………………….:[ 1280p DVDRip MP4
[GENRE]:………………………… .:[ Mystery, Thriller
[FILE SIZE]:……………………….:[ HD- 900 MB , SD- 227 MB
[RESOLUTION]:………………………:[ 1280x720
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 08min
[iMDB RATING]:……………………..:[ 7.2/10

Download
900 MB
Large File
Download
227 MB
Small File

Thursday, December 1, 2016

Armour of God 2: Operation Condor (1991)


ညီငယ် မောင်ဦး ဘာသာပြန်ထားတဲ့ ဂျက်ကီချန်း ဇာတ်ကားဟောင်းတကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဂျက်ကီ့အနေနဲ့ မိန်းမချောသုံးယောက်နဲ့အတူတူ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတွေရဲ့ ရွှေတွေကို သဲဂန္တရရထဲမှာ  ရှာပုံတော်ဖွင့်ရတဲ့ဇာတ်ကားပါ။ ဂျက်ကီချန်းကားတို့ရဲ့ထုံးစံအတိုင်း အက်ရှင်ခန်းကောင်းကောင်းလေးတွေကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသနှောပြီး မိသားစုအတူတူ ကြည့်လို့ရမှာပါ။

[FORMAT]:………………………….:[ 1280p HDRip MP4
[GENRE]:………………………… .: [ Action, Adventure, Comedy
[FILE SIZE]:……………………….:[ 868 MB
[RESOLUTION]:………………………:[ 1280x536
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 20min
[iMDB RATING]:……………………..:[ 7.2/10

Download
868 MB
Pcloud

Download
868 MB
Google Drive

Tuesday, November 29, 2016

Madaari (2016)


2016 ရဲ့ IMDB rating များများရထားတဲ့ ဘောလီးဝုဒ်ဇာတ်ကားတကားတင်ပေးလိုက်ပါတယ်။ ဘောလီးဝုဒ် အကျော်အမော် အာဖန်ခမ်း ပါဝင် သရုပ်ဆောင်ထားသည့် Madaari ဇာတ်ကားသည် ဖြန့်ချိခဲ့ပြီး နောက် မကြာမီ အိန္ဒိယ ရူပီး ၅ ဒသမ ၇၅ ကုဋေ အထိ ရရှိ ခဲ့ကြောင်း သိရသည်။ အဆိုပါ ဇာတ်ကားသည် Box Office တွင်လည်း ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း သိရသည်။ ယင်း ဇာတ်ကားသည် ဖခင်နှင့် သားဖြစ်သူတို့ အကြား ထားရှိသည့် သံယောဇဉ်ကို ညွှန်းဖွဲ့၍ ဒါရိုက်တာ နီရှီကန့်ကာမတ်က ရိုက်ကူးထားခြင်း ဖြစ်သည်။ ယင်းဇာတ်ကားတွင် မင်းသား အာဖန်ခမ်း အပြင် ဂျမ်မီရှာဂေးလ်၊ ဗီရှရှ်ဘန်ဆဲလ်၊ တူရှာဒဲလ်ဗီ၊ နီတီရှ်ပန်ဒီနှင့် အေရှာရာဇာ တို့က ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။

IMDB 7.7 ရရှိနေဆဲ ၄င်းဇာတ်ကားသည် ပြသချိန် 2h:13mins ကြာမြင့်ပါတယ်။ 837 MB ဖြင့် အောက်ပါလိင့်ခ်တွင် ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
837 MB
Madaari (2016)

Friday, November 25, 2016

Man on High Heels (2014)

 

ဒေါက်ဖိနပ်စီးတဲ့ယောက်ျားကြီးတဲ့ ဇာတ်ကားနာမည်က...
အမှုလိုက်တော်၊ အသတ်အပုတ်ကြမ်း၊ ခန္ဒာကိုယ်ထွားကြိုင်း၊ အရပ်ရှည်ပြီး ယောက်ျားပီသတဲ့ စုံထောက်ကြီးတယောက်ရဲ့ ဘာကြောင့်ဒေါက်ဖိနပ်စီးချင်ရသလဲ....
ခက်ထန်ပေမယ့် သံယောဉ်ဇဉ်ကြီးမားပြီး ကြင်နာတတ်တဲ့ အတွင်းစိတ်ကို ဘယ်လိုဖေါ်ပြမလဲ...
သူ့ကိုစိတ်ဝင်စားနေတဲ့ မိန်းကလေးကိုလည်း ပြန်ချစ်နိုင်ပါ့မလား...

ဆိုတာတွေကိုတော့ ဒေါင်းယူကြည့်ရှုကြပါကုန်....

ဒီဇာတ်ကားကိုဘာသာပြန်ပေးတာတော့ ညီငယ် Htoo Htoo Zaw ဖြစ်ပါတယ်။

IMDB 6.6 ရထားတဲ့ အက်ရှင်ဇာတ်ကား 2h:05mins ကြာမြင့်ပါတယ်။  555MB နဲ့ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
555 MB
Man on High Heels (2014)

Wednesday, November 23, 2016

Burma VJ: Reporting from a Closed Country (2008)


မြန်မာနိုင်ငံကလူအများစုက ဒီဇာတ်ကားကိုမသိကြပါဘူး။ ၂၀၀၇ မြန်မာနိုင်ငံ အခြေအနေကို ရိုက်ပြထားတဲ့ မှတ်တမ်းရုပ်ရှင်ဟာ အော်စကာဆု စကာတင် ၅ ကားအထိပါဝင်ခဲ့လို့ တော်တော်အောင်မြင်ပြီး လူကြိုက်များခဲ့ပါတယ်။ အခုတော့ ဘာသာပြန်ပြီး မကြည့်ရသေးတဲ့သူတွေကြည့်စေချင်လို့ တင်ပေးလိုက်ပါပြီ။ မည်သည့်ရည်ရွယ်ချက်မှ မရှိပါ။
 r@bp!G

Burma VJ ဇာတ်ကားသည် သည် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတွင် နအဖစစ်အုပ်စုမှ ရဟန်းသံဃာတော်များနှင့် ကျောင်းသားပြည်သူတို့၏ ငြိမ်းချမ်းစွာတောင်းဆိုဆန္ဒပြခဲ့မှုများကို ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့သည့် တကယ့်အဖြစ်အပျက်များကိုဇတ်ကားဖြစ်ပြီး ပြည်တွင်းရှိ ဗီဒီယိုဂျာနယ်လစ်တို့က သက်စွန့်ဆံဖျားမှတ်တမ်းတင်ကာ ပြည်ပသတင်းဌာနသို့ အခက်အခဲများကြားမှ ပေးပို့ခဲ့ပုံကို တင်ပြထားသည့် မှတ်တမ်းရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ ထို့အတွက် ၂ဝဝ၉ ခုနှစ်အတွက် ရွေးချယ်ခဲ့သည့် (၈၂)ကြိမ်မြောက်   အော်စကာဆုပေးပွဲတွင်   နောက်ဆုံးဇကာတင် ဇာတ်ကား(၅)ကားတွင် တကားအဖြစ် စာရင်းတင်သွင်းခြင်းခံခဲ့သည်။ အော်စကာဆုမရရှိပေမယ့်လည်း လူ့အခွင့်အရေးမှတ်တမ်း ရုပ်ရှင်ဆု (ဘာလင်)၊ ကမ္ဘာ့မှတ်တမ်း ရုပ်ရှင်တည်းဖြတ်ဆု အပါအဝင် နိုင်ငံတကာရုပ်ရှင်ဆုပေါင်း (၄၁) ဆု ဆွတ်ခူးခဲ့သည်။ အဆိုပါဇာတ်ကားကို နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)က စီစဉ်ခဲ့ဖြစ်ပြီး ဒိန်းမတ်လူမျိုးဒါရိုက်တာ Anders Ostergaard ကပြန်လည်တည်းဖြတ်ပေးခဲ့ကာ ထုတ်လုပ်သူမှာ Lise Lense-Mollerတို့ဖြစ်ကြောင်း သိရသည်။
အညွှန်း - မောင်ရှင်(ဘားမားမီဒီယာသတင်းထောက်)


IMDB 8.0 ရနေဆဲ ၂၀၀၇ မြန်မာနိုင်ငံနောက်ခံ သတင်းရုပ်ရှင်ဟာ 1h:24mins ကြာမြင့်ပါတယ်။
400 MB နဲ့ ဒေါင်းယူနိုင်ပါပြီ။
Download
400 MB
Burma VJ

Monday, November 21, 2016

India Pakistan (2015)


အိန္ဒိယ တာမီးရုပ်ရှင် အချစ်ဟာသတကားတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နေရာတခုတည်းမှာ ရုံးအတူတူဖွင့်မိတဲ့ မတည့်အတူနေ ရှေ့နေနှစ်ယောက်အကြောင့်ပါ။ တဦးနဲ့ တဦး သံယောဇဉ်ရှိပေမယ့် အပြိုင်အဆိုင်စိတ်ဓါတ်တွေကြောင့် မနီးစပ်နိုင်ကြပါဘူး။ သူတို့နှစ်ဦး ပထမဦးဆုံး လက်ခံလိုက်တဲ့အမှုကတော့ ရွာတရွာက မြေကိစ္စ အငြင်းပွားမှုဖြစ်ပါတယ်။ ဒီလိုထိပ်တိုက်ရင်ဆိုင်နေကြရင်းနဲ့ တဖက်မှာလည်း လူသတ်ပြီး အကျင့်ပျက်ပြားနေတဲ့ ရဲမှူးတယောက်ရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကိုရင်ဆိုင်ကြရတဲ့အခါ....

IMDB 5.7 ရထားတဲ့ တာမီးဇာတ်ကားဟာ 2h:37mins ကြာမြင့်ပါတယ်။ 850 MB နဲ့ ဒေါင်းလုပ်ယူနိုင်ပါပြီ။

Download
850 MB
India Pakistan (2015)

Friday, November 18, 2016

Doctor Strange (2016)


ယခုလက်ရှိ ကျွန်တော်တို့ပြည်မြို့မှာ ရုံတင်နေဆဲ ဒေါက်တာစထရိန်းကို flim2mm ရဲ့ admin ဖြစ်တဲ့ R!B မှ မြန်မာဘာသာပြန်ဆိုပြီး cam version နဲ့ တင်ပေးလိုက်ပါတယ်။ cam version ဆိုတဲ့အတွက်ကြောင့် ကွာလတီအကောင်းမဟုတ်ပါဘူး၊ အကြည်မဟုတ်ပါဘူးဆိုတာ  သသေချာချာပြောပါရစေ။ ဒေါင်းပြီးမှ တောက်တခေါက်ခေါက်ဖြစ်နေမှာစိုးလို့နော်။ နမူနာအနေနဲ့  screen short တင်ပေးလိုက်ပါတယ်။

နောက်တချက်က ယခုနောက်ပိုင်း အချိန်မပေးနိုင်တဲ့အတွက်ကြောင့်တကြောင်း၊ ဆိုဒ်ကို ပြန်ပြင်ချင်နေတာကတကြောင်းကြောင့် ဇာတ်ကားတွေတင်တာတော်တော်ကြဲနေရပါတယ်။ ပုံမှန်ဇာတ်ကားတွေ ဝေဝေဆာဆာဖြစ်စေဖို့ ပြန်အားစိုက်ရပါဦးမယ်။ အဓိက အချိန်မပေးနိုင်တာကတော့ ဘာသာပြန်တာပါပဲ။ ပရိသတ်ထဲက ဝါသနာပါပြီး ဘာသာပြန်ဖို့ကူညီနိုင်မည့်သူရှိပါက cb ကတဆင့် ဆက်သွယ်ပေးပါလို့တောင်းဆိုပါတယ်။ ယခုအခြေအနမှာ အက်ဒမင် ၂ယောက်၊ ကူညီသူ ၁ယောက် အလုပ်လုပ်နေတာအတွက်ကြောင့် လိုအပ်ချက်တော်တော်များများပါပဲ။ flim2mm မှာ bollywood ပရိသတ်အမြောက်အမြားရှိနေပါတယ်။ ဒါကြောင့် bollywood ကားတွေစိတ်ဝင်စားသူများလည်း ဘာသာပြန်လိုပါက cb မှတဆင့် အကြောင်းကြားနိုင်ပါကြောင်း....
r@bp!G (Flim2mm)

ရုပ်ရှင်အညွှန်း~~~

Stephen Strange ဆိုတာ ကမ္ဘာပေါ်မှာ အတော်ဆုံး အာရုံကြောခွဲစိတ် ဆရာဝန်တစ်ယောက်။ မာနလည်းကြီးပြီး မောက်မာတယ်။ တစ်ရက်မှာတော့ ကား အက်ဆီးဒင့်ဖြစ်ပြီး ဒဏ်ရာအကြီးအကျယ်ရသွားတဲ့အတွက် လက်ဟာ အမြဲတုန်နေလို့ ခွဲစိတ်လို့ လုံးဝမဖြစ်နိုင်တော့ဘူး။ စာသင်စားလို့ရပေမဲ့လည်း မာနကြီးတဲ့ Strange က သူ့လက်ပြန်ကောင်းအောင် ကမ္ဘာပတ်ပြီး နည်းလမ်းရှာပါတယ်။ အဲမှာတော့ Ancient One ဆိုတဲ့ မှော်ဆရာ တစ်ယောက်နဲ့  တွေ့ရာက   မှော်အတတ်ကို သင်ကြားဖြစ်ခဲ့ပြီး Strange ဟာ ကမ္ဘာ့အတော်ဆုံးနဲ့ အစွမ်းထက်ဆုံး မှော်ဆရာ Supreme Sorcerer Doctor Strange ဆိုတာဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

Marvel ရဲ့ အဓိကဇာတ်ကောင်တစ်ယောက်ဖြစ်ပြီး ထွက်ရှိနေတဲ့ Marvel Cinematic Universe နဲ့ချိတ်ဆက်ထားပါတယ်။ နောက်ပိုင်း Infinity War တွေမှာလည်း ပါလာဖို့ရှိပါတယ်။ Doctor Strange အဖြစ် Sherlock Series နဲ့ နာမည်ကျော်တဲ့ Benedict Cumberbatch က သရုပ်ဆောင်ပြီး Scott Derrickson ကရိုက်ကူးပါတယ်။ Marvel Entertainment က ထုတ်လုပ်ပြီး Disney က ဖြန့်ပါတယ်။
ရုပ်ရှင်အညွှန်း -  Datshin


IMDB 8.0 ရရှိနေပြီး box office မှာ ဦးဆောင်နေတဲ့ ဇာတ်ကားဟာ 1h:55mins ကြာမြင့်ပါတယ်။  515 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Screen Shorts



Download
515 MB
Doctor Strange (2016)

Sunday, November 13, 2016

Tone-Deaf Clinic (2012)

အသံသရုပ်ဆောင် ဒုံဂျူးဆိုတဲ့ ကောင်မလေးမှာ အထက်တန်းက တည်းက crush ဖြစ်နေတဲ့ ကောင်လေးရှိပါတယ်။ ၁၀ နှစ်လုံးလုံး တဖက်သက်ကြိုက်နေတဲ့ ဒုံဂျူးမှာ အားနည်းချက်တခုရှိပါတယ်။ ဒါကတော့ သူမ သီချင်းဆိုလိုက်တိုင်းမှာ အသံတလွဲ ဖြစ်နေပြီး နားထောင်တဲ့သူနားမခံနိုင်တာပါပဲ။

သူ့ကြိုက်တဲ့ကောင်လေးရှေ့မှာ သီချင်းတပုဒ်ဆိုပြဖို့ဖြစ်လာတဲ့အခါ သူမရဲ့အသံကိုပြင်ဖို့ vocal training တက်ဖို့ဖြစ်လာပါတယ်။ အဲ့ဒီသင်တန်းမှာတော့ သူ့ရဲ့ သင်တန်းဆရာဟာ ညစ်တီးညစ်ပတ် ပေတီးပေစုတ် လူတယောက်ဖြစ်ပေမယ့် အသံကောင်းပြီး စေတနာကောင်းတဲ့သူတယောက်ဖြစ်ပါတယ်။ ဒုံဂျူးအနေနဲ့ တပင်တိုင်သီချင်းကို အသံမှန်အောင်ဆိုနိုင်မလား၊ ဆရာက သူမကို ဘယ်လိုတွေလေ့ကျင့်ပေးမှာလဲ၊ သူမကြိုက်နေတဲ့ကောင်လေးကရော သူမကို ပြန်ကြိုက်မလားဆိုတာကိုတော့...

IMDB 5.9 ရထားတဲ့ ကိုရီးရား ဟာသအချစ်ဇာတ်ကားဟာ 2h:04mins ကြာမြင့်ပါတယ်။ 864 MB နဲ့ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
865 MB
Tone-Deaf Clinic (2012)

Sunday, November 6, 2016

Naam Hai Akira (2016)


ဒီဇာတ်ကားကတော့ ၂၀၁၆ ထွက် ဘောလိဝုဒ်ကားကောင်းလေးပါပဲ...
ဒါရိုက်တာကလည်း နာမည်ကြီး GHAJINI(2008) ရဲ့ဒါရိုက်တာ၊
မင်းသမီးကလည်း  ရက်ပါ၊သရုပ်ဆောင်၊ ဒီဇိုင်းနာ ဖြစ်တဲ့ Sonakshi Sinha....
ဗီလိန်ခေါင်းဆောင်ကလည်း သရုပ်ဆောင် ပီပြင်လွန်းတဲ့ Anurag Kashyap....
ဇာတ်လမ်းအကျဉ်းကတော့....
မြို့ငယ်လေးတစ်ခုမှာ မွေးဖွားကြီးပြင်းလာတဲ့ မိန်းကလေးတစ်ယောက် အကြောင်းပါ...
စကတည်းကို....ဒီလိုဖြစ်မယ်ထင်တယ်...ဟိုလိုဖြစ်မယ်ထင်တယ် ဆိုပြီး 
ကိုယ့်ထင်ကြေးနဲ့ တစ်ခုပြီးတစ်ခု မှန်းဆရတာ မလွယ်တဲ့ ဇာတ်လမ်းပါ
မိန်းမငယ်တစ်ဦးရဲ့ စိတ်ဓာတ်ခွန်အားကို ခပ်ကြမ်းကြမ်းလေး..စမ်းသပ်ထားတာပါ...
အရာရာမှာ....အမည်းစက်ကြီးတစ်ခုနဲ့ အသက်ရှင်နေရတာ....
အားနည်းချက်တစ်ခုနဲ့ အသက်ရှင်နေရတာ...
လူတိုင်းလုပ်နေကျအရာနဲ့ သွေဖီလိုက်ရင်ကြုံတွေ့ရတာ...
ကျော်လွှားနိုင်ပါ့မလားဆိုတာကို....ကြည့်စေချင်မိပါတယ်
.
.ကျွန်တော် ကြည့်ပြီးတဲ့အချိန်မှာ .... စဉ်းစားမိတာက...
ငါလည်း...သေဘေးနဲ့ကြုံရင် ဘယ်လိုစိတ်နဲ့ တည်ငြိမ်အောင်လုပ်မလဲ....
လူငယ်ပဲဖြစ်ဖြစ်..ကလေးပဲဖြစ်ဖြစ်...
လူကြီးအရွယ်အထိ အတွေ့အကြုံ အသိဉာဏ် မဖွံ့ဖြိုးသေးချိန်မှာ
အခက်အခဲတစ်ခုကို ဖြေရှင်းနိုင်လောက်တဲ့ ရင့်ကျက်စိတ်ထားရှိဖို့ မလွယ်ပါဘူး
မှားခဲ့ရင်လည်း...ကလေးမို့လို့...လူငယ်မို့လို့....ချွင်းချက်မပေးပါဘူး....
ထိုက်သင့်တဲ့ဒဏ် ခံရမှာပါ....
သို့သော်...ရလာတဲ့ ဒဏ်ကို ခံနိုင်ရည်ရှိဖို့နဲ့...ဆင်ခြင်တက်ဖို့ ပညာပေးတယ်လို့...
ခံယူမိပါတယ်...

ကြည့်ရှုသူအပေါင်းကို အသိပေးချင်တာက..."ဟာ" တို့.."ဟင်" တို့ အံသြသံ သက်ပြင်းချသံ များထွက်အောင် လုပ်နိုင်စွမ်းပါတယ်.....အားမလို အားမရတွေလည်း ဖြစ်မယ်.....
ဟိုပုံပြင်လိုပေါ့.....ကံကောင်းချင်တော့...ဘာဖြစ်သွားတယ်..
ဒါပေမဲ့..ကံဆိုးချင်တော့ ...ဘာဖြစ်သွားတယ်
နဲ့....ဆွဲဆောင်သွားမှာပါ....

ရုပ်ရှင်အညွှန်း - R!B (Flim2mm.com)
မြန်မာဘာသာပြန် -  R!B (Flim2mm.com)
 
IMDB - 6.1/10 ရထားတဲ့ဘောလီးဝုဒ်ဇာတ်ကားဟာ 2h:17mins ကြာမြင့်ပါတယ်။
725 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူနိုင်ပါပြီ။




Download
725 MB
Naam Hai Akira (2016)

Wednesday, October 19, 2016

Hugo (2011)


မာတင်စကော့ ဆေးဆေးရဲ့ ပထမဆုံး 3D ဇာတ်ကား ဖြစ်ပါတယ်။ စာရေးဆရာ ဘရိန်းဆယ်လ်ဇစ်ခ်ရဲ့
The Invention of Hugo Cabret ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးခဲ့တာပါ။
ဝတ္ထုက ၂၀ဝ၇ခုနှစ်မှာ ထွက်ရှိခဲ့ပါ တယ်။

ပါရီမှာရှိနေတဲ့ ရထားဘူတာရုံမှာ နေထိုင်နေတဲ့ ကလေးငယ်၊ ဘူတာအတွင်းမှာ ပဟေဠိဆန်စွာရှိနေတဲ့ အရုပ်ဆိုင်ပိုင်ရှင် ဒီနှစ်ဦးကြားက အဖြစ်အပျက်ကို ဇာတ်လမ်းဆင်ခဲ့တာပါ။ ဇာတ်လမ်းသဘောထက်
စကော့ဆေးဆေးရဲ့ ဖန်တီး မှုကို ပိုပြီးချီးကျူးခဲ့ကြပါတယ်။ ဇာတ်ကားအနေနဲ့ ၂၀၁၁ခု နှစ်အတွက် ရုပ်ရှင်ဝေဖန်သူများ က ပေးတဲ့ အကောင်းဆုံး ဇာတ်ကားဆုကို ရခဲ့သလို တစ်နှစ်တာအတွက် အကောင်း ဆုံးဇာတ်ကား ၁၀ကားစာရင်းရွေးချယ်မှုတွေမှာလည်း ဆက် တိုက်ပါဝင်ခဲ့ပါတယ်။
The New Yorker ၊ Time ၊ MTV၊ The Hollywood Reporter ၊ Rolling Stone နှင့် The New York Times တို့က ဒီဇာတ်ကားကို ၂၀၁၁ခုနှစ်ရဲ့ အကောင်း ဆုံးဇာတ်ကားတစ်ကားအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

၁၉၃၁ခုနှစ်အချိန်ကို ဇာတ်ကားမှာ နောက်ခံ ပြုခဲ့ပါ တယ်။ ဟူဂိုကားဘတ်ဆိုတဲ့ ကလေးငယ်တစ်ဦးက ဘူတာ ရုံအတွင်း နေထိုင်နေပါတယ်။  သူ့ရဲ့ဖခင်က နာရီတီထွင်တဲ့ နေရာမှာ ကျွမ်းကျင်သူ ဖြစ်ပါတယ်။
တစ်နေ့တော့ မီးလောင် မှုကြောင့် သေဆုံးသွားပါတယ်။ တစ်ဦးတည်း ကျန်ရစ်ခဲ့ တဲ့ ဟူဂိုကို ဦးလေးဖြစ်သူ ကစောင့်ရှောက် ခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ပြည့် အရက်မူး နေတဲ့ ဦးလေးက ဟူဂိုကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ပါဘူး။ ဘူတာရုံထဲ ရှိနေတဲ့နာရီကြီးတွေကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာ သင်ကြားပေးခဲ့ပါတယ်။

ဟူဂိုအတွက်တစ်နေ့တာလုပ်စရာ ဟာ ဘူတာအတွင်းမှာရှိနေတဲ့ နာ ရီကြီးတွေကို သံပတ်ပေး၊ ပျက်နေတာတွေကို ပြင်ရတဲ့ အလုပ်အဖြစ်လာပါတယ်။ နာရီလက်တန် တွေရဲ့နောက်ဘက်ကတစ်ဆင့်
ပြင်ပ ကမ္ဘာကို ထိတွေ့ခွင့်ရလာပါတယ်။ ဘူတာ မျက်နှာကျက်ကနေ အောက်ဆင်းရင်တော့ ခိုးဆင်းရတဲ့ အခြေအနေပါ။

ဘူတာတွင်း က အလေအလွင့်ကလေးတွေကို လိုက်ဖမ်း နေတဲ့ ရဲသားတစ်ဦးက ခွေးတစ်ကောင်နဲ့အမြဲလို ပတ္တရောင်လှည့်နေခဲ့ပါတယ်။ ဘူ တာကြမ်းပြင်ကို ဆင်းဖို့အတွက် ရဲသားအ လစ်ကို စောင့်နေရသလို အစာစားဖို့အတွက် လည်း ခိုးယူရတာတွေရှိလာခဲ့ပါတယ်။ ဒီလိုနေထိုင်ရင်းက ပဟေဠိဆန်တဲ့ အ ရုပ်ဆိုင်ပိုင်ရှင်တစ်ဦးနဲ့ သိကျွမ်းလာခဲ့ရပါ တယ်။ ကောင်းသော သိကျွမ်းခြင်းတော့ မဟုတ်ခဲ့ပါဘူး။ သူလိုချင်တဲ့ ကြွက်ရုပ်ငယ် ကို အကြောင်းပြုပြီး ဖခင်ရဲ့ မှတ်စုစာအုပ်ကို ဆိုင်ပိုင်ရှင်က ယူသွားခဲ့ပါတယ်။ ဒီမှတ်စုစာအုပ်ကို ပြန်မပေးတော့ပါဘူး။ ဟူဂိုအတွက် မှတ်စုစာအုပ်က အရေးကြီးနေခဲ့ပါတယ်။

ဒီအ ချက်ကို အခြေပြုပြီး မာတင်စကော့ဆေးဆေးက ဇာတ်ကား ကို စိတ်ဝင်စားအောင် တင်ဆက် သွားခဲ့ပါတယ်။ စကော့ဆေး ဆေးရဲ့ ဖန်တီးမှုအတတ်ပညာကို အထင်အရှားတွေ့ရမယ့် ဇာတ်ကားဖြစ်ပါတယ်။
ရုပ်ရှင်အညွှန်း - Now! Not Yet


IMDB 7.5 ရထားတဲ့ဇာတ်ကားဟာ 2h:6mins ကြာမြင့်ပါတယ်။
ဖိုင်ဆိုဒ်အကြီး - 1 GB
ဖိုင်ဆိုဒ်အသေး - 290 MB

Download
1 GB
Large File
Download
290 MB
Small File  

Tuesday, October 18, 2016

X: Past Is Present (2015)


အိန္ဒိယ ဒရမ်မာကားတကားတင်ပေးလိုက်ပါတယ်။ သတ်လတ်ပိုက်း ရုပ်ရှင်ဒါရိုက်တာတယောက်ဟာ ပဟေဠိဆန်သော မိန်းခလေးတယောက်နဲ့တွေ့ဆုံခဲ့ပြီး အတိတ်မှာသူနဲ့ပါတ်သတ်ဖူးတဲ့ အမျိုးသမီးတွေကို ပြန်ပြောင်းအမှတ်ရသွာစေတဲ့ သူ့ဘဝဇာတ်ကြောင်းဖြစ်ပါတော့တယ်

IMDB 5.7 ရထားတဲ့ ဒရမ်မာဇာတ်ကားဟာ 1h:45mins ကြာမြင့်ပါတယ်။ 
ဖိုင်ဆိုဒ်အကြီး  - 958 MB
ဖိုင်ဆိုဒ်အသေး - 247 MB

Download
958 MB
Large File
Download
247 MB
Small File

Monday, October 17, 2016

Creature (2014)


ဘောလီးဝုဒ် ထိတ်လန့်သဲဖိုဇာတ်လမ်းတပုဒ်တင်ပေးလိုက်ပါတယ်။ ထူးဆန်းတဲ့ တောထဲက သတ္တဝါကြီးက လူတွေကို ဒုက္ခလိုက်ပေးနေပါတယ်။ ကောင်မလေးတယောက်ကတော့ တောထဲမှာ ဟိုတယ်စတင်ဖွင့်လှစ်ဖို့ ကြိုးပမ်းနေတဲ့ အချိန်ပေါ့။ အသက်အန္ဒရာယ်အထိဒုက္ခပေးနေတဲ့ ဒီသတ္တဝါရဲ့ ဇစ်မြစ်ကဘာလဲ၊ ဘယ်လိုရင်ဆိုင်မလဲဆိုတာကိုတော့.....

2h:14mins ကြာမြင့်ပါတယ်။ အောက်ပါလင့်ခ်များမှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။
ဖိုင်ဆိုဒ်အကြီး - 952 MB
ဖိုင်ဆိုဒ်အသေး - 300 MB

Download
952 MB
Large File
Download
300 MB
Small File

Thursday, October 13, 2016

Next (2007)


မင်းသားကြီး  Nicolas Cage ဦးဆောင်ပါဝင်တဲ့ အက်ရှင်ကားတင်ပေးလိုက်ပါတယ်။ Las Vegas က အနာဂါတ်ကိုကြိုမြင်နိုင်တဲ့ မျက်လှည့်ဆရာရဲ့အကူအညီနဲ့ FBI အေးဂျင့်ဟာ ဖြစ်ပေါ်လာမယ့် အကြမ်းဖက်သမားတွေရဲ့ နြူးကလီးယား တိုက်ခိုက်မှုကို ကာကွယ်ရတဲ့ အက်ရှင် ဇာတ်လမ်းကောင်း တပုဒ်ပါ။  
ကိုညီထွဋ် မှဘာသာပြန်ပေးထားတာဖြစ်ပြီး သူကိုယ်တိုင် upload တင်ပေးထားခြင်းဖြစ်ပါတယ်။

IMDB 6.2 ရရှိထားတဲ့ဇာတ်ကားဟာ 1h:36mins ကြာမြင့်ပါတယ်။ 897 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူနိုင်ပါပြီ။

Download
897 MB
Next (2007)

Singh Is Bliing (2015)


မင်းသားကြီး အရှလေကူးမားရဲ့ ဟာသဇာတ်ကားကို ဘောလီးဝုဒ်ဖန်များအတွက် တင်ပေးလိုက်ပါတယ်။

IMDB 5.6 ရထားတဲ့ဇာတ်ကားဟာ 2h:20mins ကြာမြင့်ပါတယ်။
 ဖိုင်ဆိုဒ်အကြီး - 1GB
ဖိုင်ဆိုဒ်အသေး - 312 MB

Download
1 GB
Large File
Download
312 MB
Small File

Wednesday, October 5, 2016

Larry Crowne (2011)

Larry Crowne ဟာ အသက် ၄၀ အရွယ်လောက်ရှိတဲ့ လူလတ်ပိုင်းတစ်ယောက်ဖြစ်ပြီး Super Market တစ်ခုကနေ မကြာသေးခင်ကမှ အလုပ်ဖြုတ်ခံထားရတာပါ။ အကြောင်းပြချက်ကတော့ သူဟာ တက္ကသိုလ်မတက်ခဲ့ဘူးလို့ဆိုပါတယ်။ သူဟာ ငယ်စဉ်အရွယ်အရောက်တော့ စစ်တပ်ထဲမှာ cook အဖြစ် အနှစ် ၂၀ လောက် တာဝန်ထမ်းဆောင်ခဲ့လို့ တက္ကသိုလ်မှာဆက်လက်ပညာမသင်ကြားနိုင်ခဲ့ပါဘူး။
ထို့ကြောင့်သူဟာ တက္ကသိုလ်မှာ ပညာသင်ကြားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူသင်ကြားရမယ့်ဘာသာရပ်ရဲ့ ဆရာမကတော့Tainotပါ။သူတက္ကသိုလ်မှာပညာသင်ကြားရင်းနဲ့သူ့ဘ၀ကိုဘယ်လိုပြောင်းလဲပေးမလည်းဆိုတာကို ကြည့်ရှုရမှာပါ။ Larry Crowne အဖြစ် Tom Hanks က ပါဝင်သရုပ်ဆောင်ထားပြီး Tainot အဖြစ် Juli Roberts ကသရုပ်ဆောင်ထားပါတယ်။ မင်းသားကြီး Tom Hanks ကိုယ်တိုင်ရေးသားထားပြီး သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့တော့အဆင်ပြေမှာပါ။ IMDB Ratings: 6.0/10 ရရှိထားပြီး Tom Hanks ပရိတ်သတ်တွေ ကြည့်ထားသင့်တဲ့ ဇာတ်ကားလေးပါ။ ပညာရေးရဲ့ အရေးပါပုံကို ခံစားတွေ့မြင်ရမှာပါ။

ရုပ်ရှင်အညွှန်း -  MMMovieGuide

 IMDB 6.1 ရထားတဲ့ဇာတ်ကားဟာ 1h:38mins ကြာမြင့်ပါတယ်။ 740 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူနိုင်ပါပြီ။
Download
740 MB
Larry Crowne (2011)

Sunday, October 2, 2016

Sardaar Ji (2015)

 

ငယ်ရွယ်ပြီး၊ တော်လှတဲ့ ဝိညာဉ်ဖမ်းတဲ့ လူငယ်လေးတယောက်ဟာ သူဖမ်းထားတဲ့ ဝိညာဉ်မျိုးစုံကို ပုလင်းတလုံးစီထဲမှာ ထည့်သိမ်းထားတဲ့ ပန်ချာပီ ဟာသဇာတ်ကားတလက်ပါ။

IMDB 6.5 ရထားပြီး 2h:21mins ကြာမြင့်ပါတယ်။
ဖိုင်ဆိုဒ်အကြီး  - 1 GB
ဖိုင်ဆိုဒ်အသေး - 330 MB

Download
1 GB
Large File
Download
330 MB
Small File

Wednesday, September 28, 2016

IRIS : Deo mubi(2010)


2010တုန်းက နာမည်ကြီးခဲ့တဲ့ ကိုရီးယားအက်ရှင်စီးရီးတွေထဲက ကားကောင်းတလက် ဖြစ်တဲ့ IRIS စပိုင် ဇာတ်ကားကို တင်ပေးလိုက်ပါတယ်။ မင်းသားလီဗျောင်ဟွန်းအပြင် နာမည်ကြီးမင်းသား BigBang က အဆိုတော် Hyun Choi (TOP) လည်းပါဝင်တဲ့ အက်ရှင်ကားဟာ အက်ရှင်ဆိုပေမယ့် အချစ်အလွမ်းအကြမ်းရသတွေကို တခါတည်းခံစားရမယ့် ဇာတ်ကားကောင်းလေးပါ။

ကိုညီထွဋ် မှဘာသာပြန်ပေးထားတာဖြစ်ပြီး သူကိုယ်တိုင် upload တင်ပေးထားခြင်းဖြစ်ပါတယ်။

IMDB 6.2 ရရှိထားတဲ့ဇာတ်ကားဟာ 2h:5mins ကြာမြင့်ပါတယ်။
ဖိုင်ဆိုဒ်အကြီး  - 968 MB

ဖိုင်ဆိုဒ်အသေး - 477 MB

Download
968 MB
Large File
Download
477 MB
Small File

Tuesday, September 27, 2016

Bombay Velvet (2015)


ဘုံဘေလမ်းမပေါ်က လူငယ်တယောက်၊ လမ်းဘေးဘဝကနေ မကောင်းမှုတွေလုပ်၊   ကြေးစားလူသတ်သမား ဖြစ်ပြီး ကလပ်ကကောင်မလေးတယောက်နဲ့ သံယောဇဉ်ဖြစ်၊ ဘာတွေဆက်ဖြစ်မလဲ၊ အောင်မြင်မှာလား၊ ဒေါင်းယူ ကြည့်ရှုကြပါကုန်..

IMDB 5.7 ရထားပြီး  မင်းသား ခေါင်းဆောင်ပါဝင်ထားတဲ့ ဇာတ်ကားဟာ 2:29 mins ကြာမြင့်ပါတယ်။ 

ဖိုင်ဆိုဒ်အကြီး  - 1GB
ဖိုင်ဆိုဒ်အသေး - 349 MB

Download
1 GB
Large File
Download
349 MB
Small File

Monday, September 26, 2016

Tomorrow, When the War Began (2010)


သူ့တို့ရဲ့မြေကို ကျူးကျော်ဝင်ရောက်တယ်၊ သူတို့ရဲ့မိသားစုတွေကို ဖမ်းဆီးခေါ်ဆောင်ခံရပြီးတဲ့နောက်၊ ကျန်တဲ့ အထက်တန်းကျောင်းသား ဆယ်ကျော်သက်လူငယ် ၈ ယောက်ရဲ့ပြန်လည်တိုက်ခိုက်ပုံ၊ လက်တုံ့ပြန်ပုံ နဲ့ ကယ်ဆယ်ပုံတွေကို ဖေါ်ပြထားတဲ့ အက်ရှင်ကားဖြစ်ပါတယ်။

IMDB 6.2 ရတဲ့ဇာတ်ကားဟာ 1h:43mins ကြာမြင့်ပါတယ်။
ဖိုင်ဆိုဒ်အကြီး  -  879 MB
ဖိုင်ဆိုဒ်အသေး - 436 MB

Download
879 MB
Large File
Download
436 MB
Small File

Saturday, September 24, 2016

J. Edgar (2011)


ဒါရိုက်တာ ကလင့် အိတ်(စ)၀ုဒ် ရိုက်ကူး သည့် အက်ဂါ ဟူးဗား ဘ၀ ဇာတ်ကြောင်း တွင် FBI တည်ထောင် သူ J. Edgar Hoover အဖြစ် သရုပ်ဆောင် သည့် လီယီု နာဒို ဒီကာပရီယို သည် အမေရိကန် ရုပ်ရှင် ထူးချွန် ဆု များ နှင့် နီးစပ်နေ သည် ရုပ်ရှင်ဝေဖန် ရေး ဆရာ များ က မှတ် ချက်ချခဲ့ဘူးသည်။
မည်သည့် အချိန်မှ ကြောက်ရွံ့  အားငယ်သည့် ဟန် ကို မပြ ခဲ့ သည့် FBI အရှင် သခင် အက်ဂါဟူးဗား အဖြစ် သရုပ်ဆောင်ရာတွင် လီယိုနာဒို ဒီကာ ပရီယိုသည် ဟူးဗား အဖြစ် သူ ၏ တစ်ကိုယ်ရည် ဘ၀ နှင့် အများ သိသော ဟူးဗား ဘ၀ အဖြစ် ငယ်စဉ် မှ သည် အိုမင်းရင့် ရော် သည်ထိ ကို ပြောင်မြောက် စွာ ဖြင့် J. Edgar တွင် သရုပ်ဆောင် ခဲ့ သည် ဟု ၀ါရင့် ရုပ်ရှင် ဝေဖန်ရေး ဆရာ ကြီး Roger Ebert က Chicago – Sun – Times သတင်းစာ တွင် ရေး သားထားသည်။

အက်ဂါ ဟူးဗား သည် ၁၉၂၂ မှ ၁၉၇၂ ခုနှစ် မေလ ၂ ရက် သူ သေဆုံးသည် အထိ ပြည်ထောင်စု စုံစမ်း စစ်ဆေးရေး ဌာန ကြီး တွင် ညွှန်ကြားရေးမှုးရာထူးဖြင့် အကြီး အကဲ နေရာ ကို တာဝန်ထမ်းဆောင် ခဲ့သည်။

သူ့ လက်ထက် တွင် အမေရိကန် နိုင်ငံ သို့  ခိုးဝင်လာ သည့် ဂျာမန် ယူဘုတ် များ ကို ဖမ်းဆီး နိုင်ခဲ့ပြီး ၊ အယ်(လ)ကပုန်း နှင့် ဂျွန်ဒလင် ဂျာ အပါအ၀င် အမေရိကန် မာဖီးယား နှင့် ဒုစရိုက် ခေါင်းဆောင် များ ကို လည်း ရှာဖွေ ဖော်ထုတ် နိုင် ခဲ့ သည်။

သိုသိုသိပ်သိပ် နေတတ်ပြီး သူ၏ အတွင်းစည်းတွင် သူ့  အတွင်းရေး မှုး ဖြစ်သူ ဟယ်လင် ဂန်ဒီ နှင့် ကလိုက် တိုင်ဆန် တို့  ကို သာ သူ့ နား တွင် ရှိ နေ စေခဲ့ သည်။ ဟယ်လင် ဂန်ဒီ အဖြစ် နာအိုမီဝတ် (King Kong) က သရုပ်ဆောင် ပြီး ၊ ကလိုက် တိုင်ဆန် အဖြစ်The Social Network မှ အာမီ ဟားမား က သရုပ်ဆောင် သည်။

၎င်း သည် ၁၉၅၀ ပြည့် လွန် နှစ်များက အမေရိကန် ပြည်သူ့  အခွင့် အရေး လှုပ်ရှား မှု များ နှင့်ကွန်မြူ နစ် ၀ါဒ အမေရိကန် ပျံနှံ့  လာမှု ကို အပြင်း အထန် တားဆီး နှိပ် ကွပ် ခဲ့ သူ ဖြစ်သည်။ J.Edgar ဇာတ်ကား ကို ရိုက်ကူး ခဲ့ သည့် ဒါရိုက် တာ ကလင့်အိတ်(စ)၀ုဒ် သည် Unforgiven, Million Dollar Baby ဇာတ်ကားများ ဖြင့် အော် စကာ ဆု ရရှိ ခဲ့ သူ ဖြစ်သည်။

ရုပ်ရှင်အညွှန်း - NCN

IMDB 6.6 ရရှိနေတဲ့ လီယိုနာဒိုရဲ့ ဒရမ်မာ ဇာတ်ကားဟာ 2h:17mins ကြာမြင့်ပါတယ်။
ဖိုင်ဆိုဒ်အကြီး - 1000 MB
ဖိုင်ဆိုဒ်အသေး - 322 MB

Download
1000 MB
Large File
Download
322 MB
Small File



The Green Hornet (2011)



လော့အိန်ဂျလိစ်မြို့မှ အကြီးဆုံး သတင်းစာတိုက် ပိုင်ရှင်၏ အမွေဆက်ခံသူ သားဖြစ်သည့် Britt Reid (Seth Rogein )သည် ငွေကြေး ချမ်းသာသော်လည်း ဆိုးသွမ်း ပျက်စီးနေကာ ဦးတည်ချက် မရှိသည့် ဘ၀တွင် ပျော်မွေ့လျက်ရှိသည်။ ထိုအချိန်တွင် ဖခင်ဖြစ်သူ James Reid ( Tom Wilkinson ) ကွယ်လွန်သွားပြီး Britt သည် ကုမ္ပဏီမှ အစွမ်းအစရှိသော ၀န်ထမ်း Kato ( Jay Chou ) နှင့်   တွေ့ရလေသည်။ ထို့နောက် Britt နှင့် Kato တို့(၂)ဦးသည် မိမိတို့တွင် ကိုယ်ပိုင်ဘ၀နှင့် ထိုက်တန် လျော်ညီသော အရာများ ဖန်တီးလုပ်ဆောင်ရန် အစွမ်းအစ ရှိသည်ကို နားလည် သဘောပေါက်သွားပြီး ဖခင်ဖြစ်သူ James Reid ၏ လွှမ်းမိုးနေသော အရိပ် အောက်မှ ထွက်လိုက်လေသည်။ Kato သည် အစွမ်းထက်လှသော လက်နက် တစ်မျိုး တီထွင် ကာ The Black Berry အမည်ရ အခြားသူတို့ဖျက်ဆီးရန် မလွယ်ကူသော ကားပေါ်တွင် စိတ်ကြိုက် လက်နက်မျိုးစုံ ထည့်သွင်း ထားသည်။ Britt သည်လည်း ၄င်းတို့အနေဖြင့် သူရဲကောင်း များဖြစ်လာရန် ဆုံးဖြတ်ထားသည်။ ထို့နောက် တွင် Britt ၏ အတွင်းရေးမှူးသစ် Lenore Case ( Cameron Diaz ) ၏ အကူအညီဖြင့် မြို့ကို လွှမ်းမိုးထား သည့် လူဆိုး ဂိုဏ်ပေါင်းစုံ စုစည်းထားနိုင်သော အဓိက ရာဇ၀တ်ကောင် Benjamin Chudnofsky ( Christoph Waltz ) တို့အား ရင်ဆိုင်တိုက်ခိုက်ကြပုံကို ရိုက်ကူးထားသော အက်ရှင်ဇာတ်ကား တစ်ကားဖြစ်ပါသည်။

အကြမ်အရမ်းတွေ ဂျိမ်းဘွန်းနည်းပညာတွေ နဲ့  ခပ်ဆန်းဆန်း ရိုက်ထားတဲ့အက်ရှင်ကား ကောင်းတစ်ကား ပါ ၊ ဟာသတွေနဲ့ သုံးထားတဲ့ လက်နက်တွေ မူဗီ Effect တွေကြောင့် ကြည့်လို့ကောင်းတဲ့ကားတစ်ကား ဆိုတာ သေချာပါတယ်

IMDB 5.8 ရထားတဲ့ဇာတ်ကားဟာ 1h:59mins ကြာမြင့်ပါတယ်။
ဖိုင်ဆိုဒ်အကြီး - 615 MB
ဖိုင်းဆိုဒ်အသေး - 261 MB

Download
615 MB
Large File
Download
261 MB
Small File

Friday, September 23, 2016

Black Hawk Down (2001)


ဒီရုပ်ရှင်ဟာ အမေရိကန်အစိုးရက အထူးတပ်ဖွဲ့တစ်ဖွဲ့ကို ဆိုမာလီယာကိုလွှတ် ။ အစိုးရကို တည်ငြိမ်မှု ပျက်ပြားစေပြီး ငတ်မွတ်နေတဲ့လူထုအတွက် အစားအသောက်နဲ့ လူသားချင်းစာနာမှု အထောက်အကူပစ္စည်းတွေ ပေးပို့ကူညီခဲ့တဲ့ ၁၉၉၃ ကိုအခြေခံပါတယ်။ စစ်သားတွေကိုမြေပေါ်ကိုချဖို့ ဘလက်ဟော့ခ် ရဟတ်ယာဉ်တွေကို နှိမ့်ပျံပြီး ဆင်းသက်နေချိန်မှာ ဆိုမာလီယာတပ်ဖွဲ့တစ်ခုက မမျှော်လင့်ပဲ တိုက်ခိုက်ရာက ရဟတ်ယာဉ်နှစ်စီး ပျက်ကျခဲ့တယ်။ အဲ့ဒီကစလို့ အမေရိကန်စစ်သားတွေဟာ ပြင်းထန်တဲ့ လက်နက်ကိုင်တိုက်ခိုက်မှုကိုကြံ့ကြံ့ခံရင်း ဘက်ညီမှုကို ရရှိဖို့ ပြန်လည်ကြိုးစားရပါတော့တယ်။

ရုပ်ရှင်အညွှန်း - Channel Myanmar

IMDB 7.7 ရနေဆဲ စစ်ကားဟာ 2h:24mins ကြာမြင့်ပါတယ်။

ဒေါင်းရန် ဆိုဒ်ကြီး  - 833 MB
ဒေါင်းရန် ဆိုဒ်သေး - 292 MB

Download
833 MB
LargeSize
Download
292 MB
SmallSize

Thursday, September 22, 2016

Gulliver's Travels (2010)


လူပုလေးတွေနေတဲ့ကျွှန်းပေါ်ထူးထူး ဆန်းဆန်းရောက်ရှိသွားတဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့တင်ဆက်ထားတဲ့ စွန်းစားခန်း (Fantasy/Adventure) ရုပ်ရှင်ကောင်းပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ပိုပြီးအားကောင်းအောင်လို့ ကျွန်တောတို့ရဲ့ ဟာသမင်းသားကြီး (Jack Black) က အားဖြည့်သရုပ်ဆောင်ပေးထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ စာတိုက်ရုံးမှာအလုပ်လုပ်တဲ့ မင်းသား Jack Black ကတစ်နေ့တာ့ ဘာမြူဒါ တြိဂံ ကိုလေ့လာရေးခရီးထွက်တဲ့အခါမှာ မုန်တိုင်းမိပြီးတော့ လူပုလေးတွေနေတဲ့ကျွန်းကိုရောက်သွားတာ ပါ။ ပထမတော့ ရန်သူအဖြစ် ဆက်ဆံကြပေမယ့်   နောက်ပိုင်းလူပုလေးကျွန်းနှစ်ကျွှန်းတိုက်ပွဲကိုဝင်ရောက် ကူညီဖြစ်သွားတဲ့ဇာတ်လမ်းလေးပါ။ ကြည့်လို့တကယ်ကောင်းသလို ရီနေရမယ့် ဇာတ်လမ်းလေးဖြစ်တာ မို့ ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။

ရုပ်ရှင်အညွှန်း - MM Movie House 

IMDB 4.9 ရတဲ့ဟာသဇာတ်ကားဟာ 1h:25mins ကြာမြင့်ပါတယ်။ ဖိုင်ဆိုဒ် အကြီးအသေး ကြိုက်နှစ်သက်ရာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။


Download
736 MB
LargeSize
Download
189 MB
SmallSize

Wednesday, September 21, 2016

The Colony - Colonia (2015)


ဖြစ်ရပ်မှန်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဒီကားကို ဟယ်ရီပေါ်တာ မင်းသမီး Emma Watson နဲ့ မင်းသား Daniel Brühl တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ...
၁၉၇၃ခုနှစ် ချီလီ စစ်အာဏာသိမ်းမှုတွေ နဲ့ ဆန္ဒပြပွဲတွေကြားက ချစ်သူနှစ်ဦး ... တစ်ရက် ဗိုလ်ချုပ်ကြီး ပီနိုချက်ရဲ့ အထူးတပ်ဖွဲ့ဖြစ်တဲ့ DINA ဆိုတဲ့ အဖွဲ့အစည်းက ဒန်နီရယ်လ် ကို နိုင်ငံရေးပိုစတာ ဖြန့်ဝေမှုနဲ့ ဖမ်းဆီးသွားခဲ့ပါတယ် ... ဒါကို သူ့ချစ်သူကောင်မလေး လီနာက စုံစမ်းတဲ့အခါ ဒန်နီရယ်လ်ကို လျို့ဝှက်ပြီး ပြန်လမ်းမရှိတဲ့ နေရာဆီ ပို့မှာဖြစ်ကြောင်း ... အဲ့ဒီနေရာက အစိုးရနဲ့လည်း ပနံသင့်တဲ့အကြောင်း ... အဲဒီနေရာ ယောကျာ်း မိန်းမ ခွဲခြားဆက်ဆံပြီး အထူးသဖြင့် ကလေးတွေကို လိင်ပိုင်ဆိုင်ရာ ကျူးလွန်မှုတွေ ရှိတဲ့အကြောင်း ... အစသဖြင့် လူသားမဆန်တဲ့ နေရာတစ်ခု ဖြစ်ကြောင်း လီနာ သိလိုက်ရတယ် ... အဲဒီနေရာကတော့ "Colonia Dignidad" ...

လီနာဟာ သူလိုက်ရမယ် လေယာဉ်ရဲ့ လေယာဉ်မှုးကို သူ နောက် (၇) ရက်နေရင် ပြန်လာမယ် ဖြစ်ကြောင်း .. အခုတော့ အလုပ်ကိစ္စတစ်ခုကြောင့်မို့ မလာနိုင်ကြောင်း ပြောဆိုပြီး သူ့ချစ်သူ ဒန်နီရယ်လ်ကို ကယ်ထုတ်ချင်တဲ့ စိတ်နဲ့ပဲ "Colonia Dignidad" ကို သူကိုယ်တိုင်ပဲ ထွက်လာခဲ့တယ် ...
တကယ်ပဲ လီနာဟာ သူ့ချစ်သူကို အဲ့ဒီ လူသားမဆန်တဲ့ နေရာကနေ ကယ်ထုတ်နိုင်မလား ... မကယ်ထုတ်နိုင်ဘူးလား ဆိုတာတော့ ဆက်ကြည့်ကြည့်ကြပါဦး

ရုပ်ရှင်အညွှန်း -  MMTV95

IMDB 7.1 အထိရထားတဲ့ ဇာတ်ကားဟာ 1h:50mins ကြာမြင့်ပါတယ်။ 928 MB နဲ့ အောက်ပါလင့်ခ်တွင် ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
928 MB
The Colony - Colonia (2015)

Tuesday, September 20, 2016

Solace (2015)



စိတ်စွမ်းအားရှင်ဆရာဝန် John Clancy က FBI အထူးအေးဂျင် Joe နဲ့အတူ အတွဲလိုက်လူသတ်သမား Charles Ambroseကိုလိုက်ရှာဖို့ အလုပ်အတူတွဲလုပ်ခဲ့ကြပါတယ် သမီးဖြစ်သူသေဆုံးသွားပြီးကထဲက ၂နှစ်လောက်အထိ တဦးထဲနေထိုင်လာခဲ့တဲ့ John ကို သူ့သူငယ်ချင်း Joeက ၎င်းကိုကူညီပြီး လူသတ်သမားကိုဖမ်းပေးဖို့ တောင်းဆိုခဲ့ခြင်းကြောင့် Johnကကူညီခြင်းဖြစ်ပါတယ် ပြသနာက လူသတ်သမား Charles ကလဲ Johnလိုစိတ်စွမ်းအားရှင်တယောက်ဖြစ်နေတာပါပဲ။

ရုပ်ရှင်အညွှန်း - Myanmar subtitle Movie an

IMDB  6.4  ရထားတဲ့ဇာတ်ကားဟာ 1h:41mins ကြာမြင့်ပါတယ်။ 776 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။


Download
776 MB
Solace (2015)

Monday, September 19, 2016

Rustom (2016)


ဒီနေ့ တော့ ဘောလိဝုဒ်သည်းထိတ်ရင် ဖို မှုခင်းဇာတ်ကားသစ်လေးကို ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါ တယ်။ ဇာတ်လမ်းက ရေတပ်ဗိုလ် မှူးကြီး ကေအမ်နာနာဗာတီနဲ့ စီးပွားရေးလုပ်ငန်းရှင် ပရမ်အဟူ ဂျာတို့ရဲ့ ဖြစ်ရပ်မှန်အကြောင်း အရာတွေကို ရိုက်ကူးတင်ဆက် ထားတာ ဖြစ်ပါတယ်။

၁၉၅၀ ပြည့်နှစ်ကာလက အိန္ဒိယရေတပ်အရာရှိ ရပ်စတမ် ပပါဗရီဟာ စင်သီယာဆိုတဲ့ အမျိုး သမီးနဲ့ လက်ထပ်ခဲ့ပြီး တစ်ရက် မှာတော့ ဇနီးက သူ့သူငယ်ချင်း ဖြစ်တဲ့ ဗီကရမ်မာခီဂျာနဲ့ ဇာတ် လမ်းတွေ ရှုပ်နေတာ သိသွားပြီး ပြဿနာတွေ တက်ပါတော့တယ်။ရေတပ်ခရီးစဉ်ကနေ ရပ်စတမ်စောပြီး အိမ်ပြန်ရောက်တဲ့အခါ စင်သီယာရဲ့ အံဆွဲထဲမှာ ဗီကရမ်ဆီက စာတွေရှာတွေ့ခဲ့တဲ့အ တွက် စင်သီယာကို လိုက်ရှာတဲ့အ ခါ ဗီကရမ်နဲ့ တွဲခုတ်နေတာကိုပါ တွေ့ခဲ့ပါတော့တယ်။ နောက် တော့ ရပ်စတမ်ဟာ စစ်သင်္ဘော ပေါ်က လက်နက်တိုက်ကိုသွားပြီး ပစ္စတိုတစ်လက်ယူကာ ဗီကရမ် ရှိမယ့်နေရာကို လိုက်ရှာကာ ပစ္စ တိုနဲ့ ရှင်းပစ်ခဲ့ပြီးနောက် ရဲဌာနကို သွားပြီး အပြစ်ဝန်ခံခဲ့ပါတယ်။

ရေတပ်အရာရှိ ရပ်စတမ်တစ်ယောက် ဘယ်လိုပြစ်ဒဏ်တွေကျခံရမှာ လဲ။ ဇနီးသည်နဲ့ကော ပြန်ပေါင်း ခွင့်ရပါ့ မလားဆိုတာ ကြည့်လိုက် ပါဦးနော်။

ဒီဇာတ်ကားမှာ သရုပ်ဆောင်ထားသူတွေက ရေတပ်ဗိုလ်မှူး ကြီး ရပ်စတမ်ပါဗရီအဖြစ် အက် ရှေးကူးမား၊ စင်သီယာအဖြစ် အလီနာဒီခရုဇ်၊ ဗီခရမ်အဖြစ် အာ ဂျန်ဘာ့ဂ်ျဝါတို့ပဲ ဖြစ်ပါတယ်။

ရုပ်ရှင်အညွှန်း - 7DayDaily

IMDB 7.3 ရထားတဲ့ ဘောလီးဝုဒ်ဇာတ်ကားဟာ Cam Version မျှသာထွက်သေးတာကြောင့် အကြည်ဆုံးဖြစ်အောင် ကြိုးစားတင်ပေးလိုက်ပါတယ်။ 2h:28mins ကြာမြင့်တာကြောင့် ဖိုင်ဆိုဒ် 952 MB ဖြစ်သွားပါတယ်။

Download
952 MB
Rustom (2016)

Sunday, September 18, 2016

John Wick (2014)



အားလုံးသိတဲ့အတိုင်း ကျွန်တော့် ဆိုဒ်က ဇာတ်ကားတွေရဲ့ ကွာလတီတွေက တကယ့် ကမောက်ကမတွေပါ။ ဆိုဒ်ကြီးပြီး ကွာလတီမကောင်းတဲ့ ပြသနာတွေအများကြီးပါ။ ဒါကတော့ ကျွန်တော့်ရဲ့ နည်းပညာပိုင်း အားနည်းချက်ပါ။ ယခု ပထမဦးဆုံး ကျွန်တော့်ကို လိုလိုလားလားကူညီတဲ့အစ်ကိုတဦး ပေါ်လာပါတယ်။ fb id ကတော့ အလွမ်းသံစဉ် ဖြစ်ပြီး ဝါသနာလျောက် လေ့လာသူတဦးဖြစ်ပါတယ်။ video encoding နဲ့ ပါတ်သတ်လို့ လမ်းညွှန်မှုတွေ တော်တော်ရလိုက်ပါတယ်။ ကျေးဇူးပါအစ်ကို။  အခု John Wick ဇာတ်ကားကိုလည်း သူ့ရဲ့ PCloud ကနေတင်ပေးထားတာပါ။ မအားတဲ့ကြားက အားတတ်သရောကူညီပေးတဲ့ ကိုညီထွဋ် ကို အထူးကျေးဇူးတင်ရင်း သူရှယ်ပေးပြီး သူအညွှန်းရေးထားတဲ့ ဇာတ်ကားကို တင်ပေးလိုက်ပါရစေ။



သတ်​ဖြတ်​မှု​တွေကို အနားယူထားတဲ့ jhon wick တစ်​​ယောက်​ သူ့ရဲ့အမျိးသမီးဆုံသတာ ရက်​ပိုင်းအတွင်းမှာပဲ သူ့မိန်းမ​သေခင်​​ပေးခဲ့တဲ့​ခွေး​လေးလည်း အသတ်​ခံရ သူံ့းအမြတ်​နိုးဆုံး ကားလည်းအခိုးခံရတဲ့အခါ သူ့ခံစားချက်​​တွေဘယ်​လိုဖြစ်​မလဲ ကြမ်းကြမ်းတမ်းတမ်း ကြည့်​ရှုရမယ့်​ ဇာတ်​ကား​တကားပါ၊  မြန်မာဘာသာပြန်ဆိုသူ မိုးစက်ဖြစ်ပါတယ်။
ရုပ်ရှင်အညွှန်း - ကိုညီထွဋ်

IMDB 7.2 အထိရနေဆဲ Keanu Reeves ရဲ့ အက်ရှင်ဇာတ်ကြမ်းဟာ 1h:41mins ကြာမြင့်ပါတယ်၊ 867 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Download
867 MB
John Wick (2014)

Saturday, September 17, 2016

Udta Punjab (2016)


အိန္ဒိယမြောက်ပိုင်း ပန်ဂျပ်နယ်မှာ ကြွယ်ဝချမ်းသာကြသော်လည်း အဲ့ဒီနယ်ကလူငယ်တွေဟာ မူးယစ်ဆေးဝါးပြသနာတွေနဲ့ လုံးလည်ချာလည် လိုက်နေကြတဲ့ လူငယ်တွေအများအပြားရှိနေတာကို ဘယ်လိုဖြေရှင်းကြလဲဆိုတာကို ရိုက်ကူးပြသထားတဲ့ Rating မြင့်တဲ့ ဇာတ်ကားကောင်းတကားဖြစ်ပါတယ်။

IMDB 8.0 ထိရရှိနေပြီး ပြသချိန် 2h:28mins ကြာမြင့်ပါတယ်။ 1GB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ကြပါပြီ။

Download
1 GB
Udta Punjab (2016)

Friday, September 16, 2016

Once Upon a Time in High School (2004)


ဟိုအရင်တုန်းကနာမည်ကြီး ကိုရီးယားရုပ်ရှင်ကောင်းတလက်တင်ပေးလိုက်ပါတယ်။ 1978 ခုနှစ်လောက်က ဘရုစလီကို အားကျတဲ့ ကင်ဟွမ်းဆို ဆိုတဲ့  ကျောင်းသားတယောက်ဟာ ဂန်နမ်းက အထက်တန်းကျောင်းကို ကျောင်းသားသစ်အနေနဲ့ပြောင်းရွှေ့လာပါတယ်။ ရိုးရိုးအေးအေး နေတတ်တဲ့ ကင်ဟွမ်းဆိုဟာ အဲ့ဒီခေါတ်အခါက ကိုရီးရား ပညာရေးစနစ်သစ်ပုံစံကြောင့် ပျက်စီးပြီး ဂိုဏ်းအဖွဲ့ပုံစံလိုလို စစ်တပ်ပုံစံလိုလို ဟိုမရောက်ဒီမရောက်ဖြစ်နဲ့တဲ့ ကျောင်းသားတွေ၊ဆရာတွေကြားမှာ ခက်ခက်ခဲခဲနေရပါတယ်။ အတန်းထဲက ဝူဆစ် ဆိုတဲ့ ကျောင်းသားလူမိုက်နဲ့ အတွဲဖြစ်သွားပြီးနောက်ပိုင်းမှာ အွန်ဂျီဆိုတဲ့ကောင်မလေးနဲ့လည်း ခင်မင်ခဲ့ပါတယ်။ အွန်ဂျီကို အရမ်းကြိုက်နှစ်သက်ပေမယ့်လည်း ဝူဆစ်ကလည်း စိတ်ဝင်စားနေပါတယ်။ နောက်ဆုံး ဝူဆစ်နဲ့ပါသွားပြီး... ကျောင်းသားလူမိုက်တွေကလည်း အနိုင်ကျင့်ဆိုတော့ နောက်ဆုံးမှာ ကင်ဟွမ်းဟာ သူအားကျတဲ့ ဘရုစလီလမ်းစဉ်အတိုင်း ဘယ်လိုတွေဆက်လုပ်မလဲဆိုတာကိုတော့......

IMDB 7.5 အထိရထားတဲ့ ကျောင်းသားအချစ်ဇာတ်ကားဟာ 1h:56mins ကြာမြင့်ပါတယ်။ 873MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Download
873 MB
Once Upon a Time in High School (2004)

Thursday, September 15, 2016

Barkhaa (2015)



ချမ်းသာပြီး ကောင်းမွန်တဲ့ အသိုင်းအဝိုင်းရှိတဲ့ လူတယောက်ဟာ၊  ဆွဲဆောင်မှုရှိလှတဲ့ ကချေသည်မလေးကို မြင်မြင်ချင်း မေတ္တာသက်ဝင် စွဲလမ်းမိရာကနေ... အခြေအနေကွာဟတဲ့ သူနှစ်ဦးရဲ့ ရင်ခုန်စရာ အချစ်ဇာတ်လမ်းတပုဒ်ပါ။

IMDB 5.3 ရတဲ့ဘောလီးဝုဒ်ဇာတ်လမ်းဟာ 2h:7mins ကြာမြင့်ပါတယ်။ 950 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူနိုင်ပါပြီ။

Download
950 MB
Barkhaa (2015)