Sunday, April 10, 2016

127 Hours (2010)



Aron Ralston ကိုတော့ သိကြမှာပါ။ ကိုယ့်ရဲ့ လက်ကို ကိုယ်တိုင် ဖြတ်ပြီး သေမင်းဆီက ထွက်ပြေး ခဲ့သူပါ။ Intel က mechanical engineer တစ်ယောက် ဖြစ်တဲ့ Aron ကအားကစားကို ၀ါသနာ ပါသူတစ်ယောက် ဖြစ်ပြီး အထူးသဖြင့် တောင်တက်တာကို နှစ်ခြိုက်ပါတယ်။ ၂၀၀၃ခုနှစ် ဧပြီလ ၂၆ရက်မှာ Utah ပြည်နယ်က Blue John Canyon ဘက်ကို တောင်တက်ဖို့ တစ်ယောက်တည်း ထွက်လာခဲ့ ပါတယ်။ ဒီခရီးစဉ် အကြောင်းကို ဘယ်သူကိုမှ မပြောခဲ့ ပါဘူး။ ဖြစ်ချင်တော့ ပြန်အဆင်းမှာ သူကုတ်တွယ် ထားတဲ့ ကျောက်တုံးက ပြုတ်ကျပြီး သူ့ရဲ့ညာဘက် လက်ကို ဖိကြိတ်သလို ဖြစ်ပြီး လက်ကို ညှပ်ထား လိုက်ပါတယ်။ ငါးရက် တိုင်တိုင် အဲ့နေရာ လေးမှာ နေပြီး ကျောက်တုံးကို ဖယ်ဖို့ ကြိုးစားပေမယ့် အရာမထင် တဲ့အခါ သူက ကိုယ့်လက်ကို ကိုယ်ဖြတ်ပြီး ရုန်းထွက်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ သူ့မှာ ပစ္စည်း ကိရိယာ ကြီးကြီးမားမား မပါဘဲ သူ့အဒေါ်ရဲ့ လက်ဆောင် စွယ်စုံသုံး မောင်းချ ဓားလေး တစ်ချောင်းပဲ ပါပါတယ်။ ဒီဓားလေးက ဘယ်နည်းနဲ့မှ သူ့အရိုးကို ပြတ်အောင် မဖြတ်နိုင် ပါဘူး။ သူ့ကို ညှပ်ထားတဲ့ ကျောက်တုံး၊ ဓားကို သုံးပြီး လက်တစ်ချောင်းလုံးကို ရအောင် ဖြတ်ခဲ့ပြီး အသက်ရှင် ခဲ့ပါတယ်။ သူ့အကြောင်းကို Danny Boyle က 127 Hours ဆိုပြီး ရုပ်ရှင် ရိုက်ခဲ့ ပါတယ်။

အရင် မျက်ရှင် ဆိုဒ်ကဇာတ်လမ်းအဟောင်းတွေကို အခုဆိုဒ်အသစ်မှာ ပြန်တင်နေရတာပါ၊ ကြည့်ပြီးသားတွေလည်းဖြစ်နိုင်ပါတယ်၊ ဇာတ်ကားအသစ်တွေကိုလည်း တင်ပေးသွားမှာဖြစ်ပါတယ်။ မိတ်ဟောင်းမိတ်သစ်များ အားပေးပြီး ဝေမျှပေးကြပါလို့ တောင်းဆိုအပ်ပါတယ်။



Download
772 MB
127 Hours (2010)

No comments:

Post a Comment