Friday, April 8, 2016

American Heist (2014)



ရာဇဝတ်မှု တွေကို ဘဝအခြေမလှတဲ့ ညီအစ်ကို နှစ်ယောက်ဇာတ်အိမ်နဲ့ ရောထွေးယှက်လိမ်ထားတဲ့ ဒီဇာတ်ကားဟာ အရမ်းကြီး စွဲငြိဖွယ်မဖြစ်စေပေမယ့် Adrien Brody ရဲ့ သရုပ်ဆောင်ချက်တွေက ဇာတ်ကို အစအဆုံး ဆွဲခေါ်စေခဲ့တာပါ။ harrison's flowers | the pianist | Houdini ရုပ်သံဇာတ်လမ်းတွဲ|ခု အော်စကာဆုတွေ အများကြီးရသွားတဲ့
The Grand Budapest Hotel
ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တဲ Adrien brody ဟာ သူရဲ့ သရုပ်ဆောင်ပုံဘယ်လောက်ကောင်းသလဲဆိုတာတော့ ပြောဖို့မလိုတော့လောက်အောင် သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေက သက်သေပြခဲ့ပြီးသားပါ။ဒီဇာတ်ကားမှာလည်း Frankieအဖြစ် Hayden Christensen (jumper movie |star wars movies|outcast movie|)တွေနဲ့ နာမည်ရထားတဲ့ မင်းသားရဲ့  အစ်ကိုအဖြစ် ရင်ထဲအထိရောက်သွားလောက်အောင် သရုပ်ပြသွားပါတယ်။Jumper မင်းသားချော Hayden Christensen ကလည်း သူ့ရဲ့ ညီjames အဖြစ်ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့သလို rapperကြီး akonကလည်းလူဆိုးလူမိုက်ကြီးအဖြစ်ဒီဇာတ်ကားမှာ သရုပ်ဆောင်ပေးထားပါတယ်။
frankieက သတ္တိသိပ်မရှိတဲ့ လူဆိုးတစ်ယောက်ဖြစ်ပြီးတော့ လူသတ်မှု တစ်ခုဖြစ်ပြီး ထောင်ကျသွားပါတယ်။ထောင်ကထွက်လာချိန်မှာ ထုံးစံအတိုင်းပဲ သူရဲ့ အပေါင်းအဖော်တွေကလာကြိုပြီး အရင် လူမိုက်ဘုံထဲ ပြန်ရောက်သွားတော့တယ်။
ညီဖြစ်သူ james က အစ်ကိုနဲ့မတူပဲ ကားဝပ်ရှော့မှာ အလုပ်သမားတစ်ယောက်အဖြစ်ဘဝကို ရုန်းကန်နေရသူပါ။
အဲဒီအချိန်မှာပဲ သူ့အစ်ကို frankieက james နေတဲ့ တိုက်ခန်းဆီပြန်ရောက်လာပါတယ်။jamesက လူဆိုးလူမိုက်တစ်ယောက်ကို လက်မခံနိုင်ကြောင်း ပြောပြီး နှင်ထုတ်ပါတယ်။
frankieက မျက်နှာငယ်လေးနဲ့ အစ်ကို မမိုက်တော့ပါဘူး။ ပြီးတော့ထောင်ထဲကနေဗုဒ္ဓတရားတော်တွေသင်ယူလာလို့ လိမ္မာနေပါပြီစသဖြင့် ။ တောင်းပန်ရှာတော့ jamesက နှင်မထုတ်တော့ပါဘူး။သူတို့မှာပြေးကြည့်မှ ညီအစ်ကို နှစ်ယောက်တည်းရှိကြတာပါ။
အစ်ကိုဖြစ်တဲ့frankieက ညီကို အရမ်းချစ်ပါတယ်။ဒါပေမယ့်သူတို့ငယ်ဘဝက မကောင်းခဲ့ပါဘူး။အဖေဖြစ်သူ ထွက်သွားချိန်မှာ မိခင်ကလည်း ယောကျာ်းတစ်ယောက်ပြီးတစ်ယောက်နဲ့ ဖောက်ပြန်နေခဲ့တော့ အစ်ကိုfrankie ဒုစရိုက်နယ်ပယ်ထဲရောက်ခဲ့တာမဆန်းပါဘူး။frankieက သူခိုးတစ်ယောက်ဖြစ်ပြီး နောက်တော့ ညီjamesပါ ပါလာကာ သူတို့ ထောင်တောင်ကျခဲ့ရပါတယ်။
အဲဒီလို အတိတ်ဆိုးတွေကြောင့်ညီက အစ်ကို့ကို လက်မခံချင်ပါဘူး။အစ်ကိုကလည်း လူမိုက်သာဖြစ်နေပေမယ့် သတ္တိလည်း သိပ်ရှိတာမဟုတ်ပါဘူး။ဂျစ်ပစီဒီဇိုင်းနဲ့ ကြွစောင်းကြွစောင်းလမ်းလျှောက်ပြီး ဂိုဏ်းထဲမှာတော့ ရေမြွေသာသာပါ။
james တစ်ယောက် ကိုယ်ပိုင်ဝပ်ရှော့လေးဖွင့်ချင်လို့ ဘဏ်သွားပြီး ပိုက်ဆံချေးပေမယ့် အဆင်မပြေခဲ့ပါဘူး။
သူက Emily( Jordana Brewster)ဆိုတဲ့ ရဲလုပ်ငန်းမှာ အော်ပရေတာလုပ်တဲ့ ကောင်မလေးရဲ့ ကားကို ပြင်ပေးရာကနေ အဲဒီကောင်မလေးနဲ့သံယောဇဉ်ငြိတွယ်နေကြပါတယ်။
frakieက ဂိုဏ်းထဲမှာ သူ့ဆရာတွေဖြစ်တဲ့ sugar (akon)တို့ကို ညီjames တော်ကြောင်းရဲရင့်ကြောင်းတွေကို အရမ်းကြွားလုံးထုတ်တတ်တော့ လူမိုက်တွေက jamesကို ကားမောင်းခေါ်သွားရကာနေ လူသတ်မှု တစ်ခုမှာ jamesပါသွားခဲ့ပြန်ပါတော့တယ်။
jamesရုန်းထွက်ဖို့ကြိုးစားပေမယ့် လူမိုက်တွေက မပါရင် သူ့ကောင်မလေး emilyကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ပါတယ်။
james က frankieကို သူနဲ့ အဝေးကို လိုက်ခဲ့ဖို့ခေါ်တယ်။frankieမလိုက်တော့ပါဘူး။frankieကဘိန်းစွဲနေပါပြီ။
သူ့ဘဝတစ်ခုလုံး အဲဒီနွံထဲမှာ နစ်မြု ပ်နေပါပြီ။ညီကိုလည်း သူကို မထားခဲ့ဖို့တောင်းပန်ရှာတယ်။
frankie ခေါင်းဆောင်ဖြစ်သူက ဘဏ်မှာဓါးမြတိုက်ဖို့ အစီအစဉ်ဆွဲနေတာပါ။jamesက ကားမောင်းရမှာဖြစ်ပြီး frankieတို့က ဘဏ်ထဲဝင်ဓါးမြတိုက်ရမှာဖြစ်ပါတယ်။
သူတို့ အစီအစဉ်အတိုင်း မိုးတွေတစ်ဖွဲဖွဲရွာနေချိန်မှာ မြို့ ထဲကကားတွေကို နေရာတစ်ခုစီ မိုင်းခွဲ ရဲတွေကို အာရုံပြောင်းပြီး ဘဏ်ကို ဝင်စီးကြပါတော့တယ်။
အစီအစဉ်က အစတွင်ချောမွေ့နေသော်လည်း အပြင်ကလမ်းလျှောက်လာတဲ့ကောင်မလေးတစ်ယောက်က ကားထဲမှာရှိတဲ့မျက်နှာဖုံးနဲ့frankie တို့ကို မြင်လိုက်ချိန်မှာတော့။
ဘာတွေဆက်ဖြစ်မလဲ သူတို့ညီအစ်ကိုနှစ်ယောက် ဘယ်လိုစခန်းဆက်သွားမလဲစတဲ့။
သံယောဇဉ်နဲ့  ဘဝတိုက်ပွဲတွေကို ရိုးရိုးရှင်းရှင်း ရိုက်ပြထားတဲ့ ဒီဇာတ်ကားကို ကြည့်သူတိုင်း နှစ်ခြို က်ကြမှာမလွဲပါဟုပြောရင်း။ခေတ္တနားပါ့ရစေဗျား။
ရုပ်ရှင်ချစ်သယ်ရင်းများ ကျန်းမာချမ်းသာကြပါစေ။
nyilinn eain

ရုပ်ရှင်အညွှန်း - ရုပ်ရှင်အကြောင်းပြောရအောင်



Download
657.5 MB
American Heist.MP4

No comments:

Post a Comment