Thursday, April 21, 2016

Beauty & the Briefcase (2010)



စာရေးဆရာမ ပေါက်စလေး Lane Daniels ဟာ အလွန်အောင်မြင်တဲ့ မဂ္ဂဇင်းတစ်ခုမှာ လက်စွမ်းပြရေးချင်တဲ့ စာရေးဆရာမလေးပါ။ သူ့သူငယ်ချင်း Joanne ကတော့ ဇက်ရှင်ဓာတ်ပုံဆရာတစ်ဦးဖြစ်ြ့ပီး ကမ္ဘာကျော် Cosmopolitan မဂ္ဂဖင်းရဲ့ အယ်ဒီတာ Kate White နဲ့ ရင်းနှီးပါတယ်။ Joanne ရဲ့ ထောက်ခံပေးမှုကြောင့် Cosmo အတွက် ဆောင်းပါး ရေးပေးဖို့ Lane ကို Kate က ခေါ်လိုက်ပါတယ်။ ဒါပေမယ့် ဖိအားများလှတဲ့ Cosmo အတွက် Lane က အဆင်သင့်မဖြစ်ပါဘူး။ ရေးရမယ့် ဆောင်းပါးအတွက် ဆွေးနွေးရင်းနဲ့ Lane ဟာ သူ့ရဲ့ ပထမဆုံး ဆောင်းပါးအဖြစ် ရေပေါ်ဆီ လူတန်းစားတွေ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားတဲ့ လူတွေထဲက မဟုတ်ပဲ တကယ့်စီးပွားရေး လောကထဲက လူတစ်ယောက်နဲ့ အချစ်ဇာတ်လမ်းအကြောင်း ရေးဖို့ Kate က တာဝန်ပေးပါတယ်။
Lane မှာ သူကြိုက်တဲ့ယောက်ျားတစ်ယောက်ဟာ ဘယ်လိုစံမျိုး ရှိရမလဲဆိုတာ သတ်မှတ်ချက်ရှိပါတယ်။ ဒီအချက်တွေနဲ့ ပြည့်စုံမယ့် ယောက်ျားတစ်ယောက်ကို ရှာဖို့ စီးပွားရေးလောကထဲကို ကိုယ်ယောင်ဖျောက်ဝင်ရမှာပါ။ ဒါကြောင့် သူ့ရဲ့ CV Form မှာ လိမ်ညာဖြည့်သွင်းပြီး အလုပ်သွားလျှောက်တဲ့အခါ ကံကောင်းစွာပဲ ကုမ္ပဏီကြီးတစ်ခုရဲ့ ကော်ပိုရိတ် ဗျူဟာချမှတ်ရေး ဌာနမှာ စီမံလက်ထောက်အဖြစ် အလုပ်ရပါတယ်။ သူ့ရဲ့ MD ကတော့ Tom Rinehart ဆိုတဲ့ အူကြောင်ကြောင် ဒါရိုက်တာတစ်ယောက် ဖြစ်ပါတယ်။ Lane ဟာ အလုပ်ထဲမှာ နားမလည်တဲ့အရာတွေကို ကြိုးစားသင်ယူရင်း တစ်ဖက်ကလည်း သူချိန်းတွေ့လို့ရမယ့်သူတွေကို လိုက်ရှာပါတယ်။ ရုပ်ရည်လည်းရှိပြီး ပျော်ပျော်နေတတ်သလို ကူညီတတ်တဲ့ Lane အတွက် မခက်ခဲလှပေမယ့် ဘယ်သူက စိတ်ဝင်စားစရာ ကောင်းမလဲဆိုတာကိုတော့ သူ့ရဲ့ သတ်မှတ်ချက်တွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါမှာ တစ်ယောက်မှ မတွေ့ရပါဘူး။
တစ်ရက်မှာတော့ Lane ဟာ Liam ဆိုတဲ့ အင်္ဂလိပ် အဆိုတော်တစ်ယောက်နဲ့ ဘားတစ်ခုမှာ တွေ့ဆုံမိပါတယ်။ အဲဒီလိုပဲ အလုပ်ထဲက Seth ဆိုတဲ့ ခပ်ချောချော တစ်ယောက်ကိုလည်း ချိန်းလိုက်ပါတယ်။ Liam ဟာ Lane ရဲ့ သတ်မှတ်ချက်တွေနဲ့ ပြည့်စုံပြီး စွဲဆောင်မှုရှိသလောက် Seth ကတော့ အဲဒီလို မဟုတ်ပါဘူး။ ကံဆိုးစွာပဲ Tom က Lane လိမ်လည်ဖြည့်သွင်းထားတဲ့ CV Form အကြောင်းသိသွားပြီး သူ့ကို အလုပ်ကြိုးစားဖို့ သတိပေးပါတယ်။ ဒါ့အပြင် Lane ရဲ့ အလုပ်ရှင် Kate က သူလိုချင်တဲ့ ဝတ္ထုဟာ အလုပ်ခွင်ထဲက လူဖြစ်ရမယ်လို့ သတိပေးတာကြောင့် Lane ဟာ Liam နဲ့ ဇာတ်လမ်းဖန်တီးလို့ မဖြစ်တော့ပါဘူး။ Lane ရဲ့ ဇာတ်လမ်း မူကြမ်းကို ဖတ်ပြီးတဲ့နောက်မှာ Kate က Seth နဲ့ ဇာတ်လမ်းဖန်တီးဖို့ အကြံပေးပါတယ်။ ဒါကို Lane က Liam နဲ့ ချိန်းတွေ့ပြီး သူ့နာမည်နေရာမှာ Seth ကို အစားထိုး ဇာတ်လမ်းရေးလိုက်ပါတယ်။ အဲဒီညမှာ Lane နဲ့ Joanne တို့ မုန့်ထွက်ဝယ်ကြရင်း Tom နဲ့ တွေ့ပါတယ်။ Joanne က Tom ကို သဘောကျတဲ့အကြောင်း ပြောပေမယ့် Tom မှာ ရည်းစားရှိတာမို့ မဖြစ်နိုင်ဘူးလို့ Lane က ငြင်းလိုက်ပါတယ်။
Kate ရဲ့ အကြံပေးချက်အရ Lane ဟာ Seth နဲ့ ချိန်းတွေ့ပြီး ညစာစားပေမယ့် အရမ်းပျင်းနေခဲ့ပါတယ်။ Lane ရဲ့ ဖက်ရှင်နဲ့ ပတ်သက်တဲ့အမြင်ကြောင့် နောက်လာမယ့် အစည်းအဝေးအတွက် ရုပ်ပုံပြကားချပ်တွေ လုပ်ဖို့ တာဝန်ပေးခံရပါတယ်။ အဲဒီအတွက် Lane ဟာ Tom နဲ့ ဈေးဝယ်ထွက်ရင်း Tom တစ်ယောက် သူ့ကောင်မလေးနဲ့ ပြတ်သွားပြီဆိုတာ သိလိုက်ရပါတယ်။ ဒါ့အပြင် Tom ဟာ အလွန်ပုံတုံးပြီး အလှအပကို နားမလည်သူမှန်း သိသွားပါတယ်။ ဒီအတွက် Lane က Tom ကို ပုံစံတကျ ဖြစ်အောင် ပြင်ဆင်ပေးပါတယ်။ ဒါပေမယ့် ကံဆိုးစွာပဲ Tom က Lane ရေးနေတဲ့ ဝတ္ထုကို တွေ့သွားတဲ့အခါ …Tom ၊ Liam နဲ့ Seth တို့ ၃ ယောက်ကြားမှာ Lane တစ်ယောက် ဘယ်လို ဆက်လက်နေထိုင်မလဲ။ Cosmo အတွက် သူ့ရဲ့ ဆောင်းပါးကရော ဘယ်လို ဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ။မင်းသမီး Hilary Duff ခေါင်းဆောင်ပါဝင်ပြီး Michael McMillian ၊ Matt Dallas ၊ Chris Carmack ၊ Amanda Walsh နဲ့ Jaime Pressly တို့ ခေါင်းဆောင် ပါဝင်ထားပြီး ဒါရိုက်တာ Gil Junger ရိုက်ကူးထားတဲ့ Beauty & the Briefcase ဟာ မိသားစု ဖျော်ဖြေရေး ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ရုပ်ရှင်ကားကြီးအနေနဲ့ ထုတ်လုပ်ခဲ့တာ မဟုတ်ပဲ DVD အနေနဲ့ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို Daniella Brodsky က Diary of a Working Girl ဝတ္ထုအဖြစ် ရေးသားထားပြီး အသက် ၁၂ နှစ်ကနေ ၂၄ နှစ်ကြား အမျိုးသမီး ပရိသတ်တွေက ပိုမိုအားပေးကြပါတယ်။ IMDb မှာ Rating 5.5 ပေးထားပါတယ်။ အိမ်တွင်း မိသားစု အပန်းဖြေ ဇာတ်ကားမျိုးဖြစ်ပြီး ပေါ့ပေါ့ပါးပါးလည်း ရှိတာကြောင့် စိတ်ပြေလက်ပျောက် ကြည့်သင့်တဲ့ ဇာတ်ကားမျိုးပါ။


Hollinaz
 




Download
867.5 MB
Beauty & the Briefcase (2010)

No comments:

Post a Comment