Monday, May 16, 2016

Battleship (2012)



 Erich Hoeber နဲ့ Jon Hoeber တို့ရဲ့ ဇာတ်လမ်းကို The Rundown, The Kingdom နဲ့ Hancock ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Peter Berg က က်ကူးခဲ့ခြင်းဖြစ်ပါတယ်။Battleship ဆိုတဲ့နာမည်က 1931 ခုနှစ်က Milton Bradley Company ကထုတ်တဲ့ ဂိမ်းရဲ့နာမည်ကို ယူထားတာဖြစ်ပါတယ်။ Peter Berg က အခု Battleship ဇာတ်ကားဟာ သာမန်အမြင်မျိုးနဲ့ ဇာတ်လမ်းမဟုတ်ပဲ စ်အောင်ရိုက်ကူးထားတာလို့ဆိုပါတယ်။တ်လမ်းအကျဉ်းကတော့ ပုလဲဆိပ်ကမ်းက ထွက်လာတဲ့ အမေရိကန်ရေတပ်အုပ်စုဟာ အမျိုးအမည်မသိတဲ့ ဂြိုလ်သားတွေနဲ့ တွေ့ပြီးရင်ဆိုင်တိုက်ပွဲဝင်တဲ့အကြောင်းကိုရိုက်ထားတာဖြစ်ပါတယ်။ ဂြိုလ်သားတွေဟာ သူတို့လိုချင်တဲ့ စွမ်းအင်တစ်ခုကိုသမုဒ္ဒရာထဲမှာ တည်ဆောက်ဖို့ကြိုစားနေကြပြီး အမေရိကန်ရပ်တပ်အုပ်စုကိုလည်း အကြောင်းတစ်ခုကြောင့် ဆက်သွယ်ဖို့ကြိုးစားခဲ့ပြီးမှ ကယ်ရင်ဆိုင်တွေ့တဲ့အခါမှာတော့ တစ်ဘက်နဲ့တစ်ဘက်တိုက်ပွဲဖြစ်ကြပါတယ်။ Peter Berg က သာမန်ဇာတ်လမ်းတစ်ခုအမြင်မျိုးနဲ့ရိုက်ထားတာမဟုတ်ဘူးဆိုတာကတော့ လူသားတွေဘက်က အမြင်တစ်ခုတည်းကိုမဟုတ်ပဲ ဂြိုလ်သားတွေရဲ့ အမြင်ဘက်ကိုလည်း ရိုက်ပြထားတာဖြစ်လို့ပါ။ ဒီဇာတ်ကားမှာ Stone Hopper အဖြစ် Alexander Skarsgard, Alex Hopper အဖြစ် Taylor Kitsch နဲ့ Admiral Shane အဖြစ် ၀ါရင့် မင်သားကြီး Liam Neeson တို့ပါဝင်ထားပြီး Samantha အဖြစ် မော်ဒယ်သရုပ်ဆောင် Brooklyn Decker နဲ့ Raikes အဖြစ် နာမည်ကျော် R & B အဆိုတော် Rihanna တို့နဲ့ အားဖြည့်ထားပါတယ်။ Rihanna အနေနဲ့ ပထမဆုံး ပါဝင်ဖူးတဲ့ ရုပ်ရှင်လဲဖြစ်ပါတယ်။ မူလက Alex Hopper ဇာတ်ကောင်နေရာမှာ The Hurt Locker နဲ့နာမည်ကြီးခဲ့တဲ့ Jeremy Renner ကိုရွေးချယ်ခဲ့ပေမဲ့ သူကငြင်းပယ်ခဲ့တာကြောင့် Taylor Kitsch နဲ့အစားထိုးခဲ့ရခြင်းဖြစ်ပါတယ်။ ကုန်ကျစရိတ်ဒေါ်လာ သန်း၂၀၀ နဲ့ ၂၅၀ကြားရှိပြီး သြစတေးလျ ကမ်းခြေမှာရိုက်ဖို့ ပထမ စီစဉ်ခဲ့ပြီးမှ သြစတေးလျအစိုးရနဲ့ အခွန်ကိစ္စညှိနှိုင်းမရတာကြောင့် ဟာဝိုင်အီကျွန်းနားမှာ ရိုက်ကူးခဲ့ပါတယ်။ ထုတ်လုပ်ခဲ့တဲ့ရုပ်ရှင်ကုမ္ပဏီတွေကတော့ Battleship Delta Productions နဲ့ Hasbro တို့ဖြစ်ကြပြီး Universal Picture ကဖြန့်ချိမှာပါ။
 ရုပ်ရှင်အညွှန်း- <Movie Crazies>
IMDB 5.9 ရရှိထားပြီး ပြသချိန် 2h:11 mins ကြာမြင့်ပါတယ်။ 1GB နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းနိုင်ပါပြီ။

အရင် မျက်ရှင် ဆိုဒ်ကဇာတ်လမ်းအဟောင်းတွေကို အခုဆိုဒ်အသစ်မှာ ပြန်တင်နေရတာပါ၊ ကြည့်ပြီးသားတွေလည်းဖြစ်နိုင်ပါတယ်၊ ဇာတ်ကားအသစ်တွေကိုလည်း တင်ပေးသွားမှာဖြစ်ပါတယ်။ မိတ်ဟောင်းမိတ်သစ်များ အားပေးပြီး ဝေမျှပေးကြပါလို့ တောင်းဆိုအပ်ပါတယ်


Download
1GB
Battleship (2012)

No comments:

Post a Comment