Saturday, May 14, 2016

Beyond the Reach (2014)


ကော်ပရေးရှင်းက သူဌေးတယောက်ဟာ သဲဂန္တရထဲမှာ အမဲလိုက်ထွက်တော့ လူငယ် ဆင်းရဲသားလေတဦးကို လမ်းပြအဖြစ်ငှားပါတယ်။ အကောင်းစားပစ္စည်းတွေပဲသုံးတဲ့ သူဌေးဟာ အမဲလိုက်ရာမှာ အတွ့အကြုံရှိပြီး သေနတ်ပစ်လက်ဖြောင့်သူဖြစ်ပါတယ်။ သူလက်ဖြောင့်လွန်းလို့ပဲ မတော်တဆ လူတဦးကိုပစ်သတ်မိတဲ့အခါ သူလူသတ်တာကိုဖုံးကွယ်ဖို့ လူငယ်လေးကို စတေးပါတော့တယ်။ ကောင်းလေးကို အဝတ်အစားမပါပဲ သဲဂန္တရထဲမှာ ပြေးစေပါတယ်။ ကောင်းလေးအနေနဲ့ သူ့ အသက်ကိုဘယ်လိုလုရမလဲ၊ သူဌေးကြီးကလဲ သူ့ကိစ္စကိုဘယ်လိုဖြေရှင်းမှာလဲဆိုတာ..

မင်းသားကြီး မိုက်ကယ်ဒေါက်ကလပ် ပါဝင်ထားပြီး ကြည့်ရင်းနဲ့ ဇာတ်လမ်းလေးအတိုင်းမြောသွားနိုင်တဲ့ ဇာတ်လမ်းမျိုးပါ ။ ဒီဇာတ်လမ်းထဲမှာ အကြိုက်ဆုံးက မိုက်ကယ်ဒေါက်ကလပ်စီးတဲ့ အင်မတန်မှ ခန့်ညားထယ်ဝါတဲ့ Mercedes-Benz G63 AMG 6x6 ကား အမျိုးအစားဖြစ်ပါတယ်။ နောက်ထပ်အကြိုက်ဆုံးက လောက်လေးခွ ဖြစ်ပါတယ်။

IMDB 5.5 ရရှိထားပြီး ပြသချိန် 1h: 31 mins ကြာမြင့်ပါတယ်။ 422 MB နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းနိုင်ပါပြီ။


Download
422 MB
Beyond the Reach (2014)

No comments:

Post a Comment