Thursday, May 19, 2016

Captain America: Civil War (2016)



စူပါဟီးရိုးများကြားမှ သူသေကိုယ်သေတိုက်ပွဲ 
Captain America: Civil War ရုပ်ရှင်

ဒါရိုက်တာ - အန်တိုနီရူဆို၊ ဂျိုးလ်ရူဆို
ဇာတ်ညွှန်း - ခရစ်တိုဖာမက်ကပ်စ်၊ စတီဖန်မက်ဖီးလီး
သရုပ်ဆောင် - ခရစ္စအီဗန်၊ ရောဘတ်ဒေါင်းနင်းဂျူနီယာ၊ စကားလက်ဂျိုဟန်ဆန်
ပြသချိန် - ၁၄၆ မိနစ်
နိုင်ငံ - အမေရိကန်

ယခုသီတင်းပတ်မှစတင်ကာ ကမ္ဘာတစ်ဝန်းနှင့် မြန်မာ နိုင်ငံရှိရုပ်ရှင်ရုံများတွင် ရုံတင်ပြသသည့် အက်ရှင်၊ စွန့်စားခန်း၊ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သည်။ Avenger တို့၏လုပ်ငန်းများတွင် နိုင်ငံရေးအရ ဝင်ရောက် စွက်ဖက်မှုများပါဝင်လာသည့်အခါ ရှေးယခင်ကတည်းကမဟာမိတ် ဖြစ်ခဲ့ကြသော ကပ္ပတိန်အမေရိက (Captain America) နှင့် သံလူသား (Iron Man) တို့ကြား အကွဲအပြဲဇာတ်လမ်းဖြစ် ပေါ် လာခဲ့တော့ သည်။ ပြဿနာ၏အစမှာ စူပါဟီးရိုးများ ၏စစ်ဆင်ရေးများတွင် ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူသေဆုံး မှုများရှိလာသည့်အတွက် ယင်းလုပ်ရပ်များကိုကြောက်ရွံ့ ကြသော လူများစွာအတွက် အစိုးရသည် စူပါ ဟီးရိုးများ၏ စစ်ဆင်ရေး များကို ကန့်သတ်မည့်ဥပဒေတစ်ရပ်ကိုထုတ် ပြန်ရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါရလဒ်ကြောင့် Avenger အဖွဲ့အတွင်း အကွဲအပြဲများဖြစ်ပေါ်လာတော့သည်။ Captain America က စူပါဟီး ရိုးများသည် အစိုးရ စွက်ဖက်မှုမရှိဘဲ လွတ်လပ်စွာ လှုပ်ရှားခွင့်ရှိ သင့်သည်ဟုယူဆပြီး Iron Man က ၎င်းတို့ အပေါ် ထိန်းချုပ်မှုလို အပ်သည်ဟု သုံးသပ် သည်။

ထိုသဘော ထားကွဲလွဲမှုမှစတင်ကာ အဖွဲ့နှစ်ခြမ်းကွဲရန် လမ်းစဖြစ်လာ တော့သည်။ ထိုတင်းမာမှုများကြားတွင် ဘလက်ဝီဒိုနှင့် ဟော့အိုင်းတို့မှာလည်း သူတို့ရပ်တည်ရမည့်အဖွဲ့ကို ရွေးချယ် ရန် ဖြစ်လာတော့သည်။ Iron Man အဖွဲ့တွင် Iron Man နှင့်အတူ ဘလက်ပန်သာ၊ ဗီးရှင်း၊ ဘလက်ဝီဒို၊ ဝေါလ်မက် ရှင်းနှင့် ပင့်ကူလူသားတို့ပါဝင်ပြီး Captain America အဖွဲ့ တွင် Captain America နှင့်အတူ ဘွတ်ကီဘာနက်စ်၊ ဖယ်လ်ကွန်၊ ရှယွန်ကာတာ၊ စကားလက်ဝှခ်ျ၊ ဟော့ခ်အိုင်း နှင့် Ant Man တို့ ပါဝင်ကြသည်။ Marvel ကာတွန်းမှ စူပါ ဟီးရိုးအချင်းချင်းတိုက်ခိုက်ကြသော စစ်ပွဲများကို အခြေခံ ထားသည့် ယခုရုပ်ရှင်တွင် မင်းသားသောနှင့် လူစိမ်းကြီး ဟုခ်တို့မှလွဲပြီး ကျန်စူပါးဟီးရိုးများပါ ဝင်လာသည်ကိုတွေ့ ရသည်။ ပရိသတ်အချစ်တော် ပင့်ကူလူသားပြန်လည်ပါဝင် လာသည့်ဇာတ်ကားကောင်းဖြစ်သည်။
ရုပ်ရှင်အညွှန်း - ရန်ကုန်တိုင်းမ်

IMDB 8.4 ရရှိထားပြီး ပြသချိန် 2h:27mins ကြာမြင့်ပါတယ်။ Flim2mm ရဲ့ Admin  R!B ကဘာသာပြန်ပေးထားပါတယ်။ 946 MB နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းနိုင်ပါပြီ။



Download
946 MB
Captain America: Civil War (2016)

No comments:

Post a Comment