Saturday, May 7, 2016

Cinderella (2015)


Cinderella လို့ပြောလိုက်တာနဲ့ ငယ်ငယ်က ကြည့်ခဲ့တဲ့ Disney ကာတွန်းကားလေးကို သတိရလိမ့်မယ်။ စိတ်ထားကောင်းတဲ့ Cinderella ကို မိထွေးနဲ့ မယားပါသမီးတွေက အိမ်အကူလို အလုပ်ကြမ်းတွေခိုင်း၊ တစ်နေ့ နန်းတော်ထဲမှာကျင်းပတဲ့ မင်းသားလေးရဲ့ ကပွဲကိုသွားဖို့ ဝတ်စရာအဝတ်အစားမရှိလို့ ငိုနေတဲ့ သူ့ကို fairy နတ်သမီးကြီး အဝတ်အစား ဖန်ဖိနပ်လေးနဲ့ စီးဖို့ မြင်းလှည်းတွေဖန်ဆင်းပေး၊ ကပွဲမှာ ၁၂ နာရီထိုးတော့ အိမ်ကိုအမြန်ပြန်ရာက ဖန်ဖိနပ်လေး ကျွတ်ကျန်ခဲ့၊ ဒါကို မင်းသားလေးက သိမ်းထားပြီး ဖိနပ်နဲ့တော်တဲ့ မိန်းကလေးကို လိုက်ရှာရာကနေ နောက်ဆုံးတွေ့သွားတော့ ပျော်ရွှင်စွာ မင်္ဂလာဆောင်ကြပြီး happily ever after ပေါ့လေ။ အမှန်တော့ ဒီပုံပြင်က ၁၆၉၇ ခုနှစ်မှာ ပြင်သစ်စာရေးဆရာ Charles Perrault ကရေးခဲ့တယ်ဆိုပေမယ့် ဒီလိုမျိုးဆင်တူတဲ့ ဒဏ္ဍါရီတွေက​ ဘီစီပထမရာစုလောက်ကတည်းက ရှိခဲ့တယ်။ ဒါကို ၁၉၅၀ မှာ Disney က animated film အဖြစ် ရိုက်ကူးခဲ့တာမှာ လူကြိုက်များ အောင်မြင်ခဲ့ပြီး ၂၀၀၈ခုနှစ်မှာ American Film Institute က နဝမမြောက် အကောင်းဆုံး animation ရုပ်ရှင်အဖြစ် သတ်မှတ်ပေးခဲ့တယ်။ ထားပါတော့ ဒါက သမိုင်းပေါ့။ အခုပြောမှာက လက်ရှိရုံတင်နေတဲ့ live-action ရုပ်ရှင် Cinderella အကြောင်းပါ။

Disney ရဲ့ နောက်ထပ်အောင်မြင်တဲ့ animation ရုပ်ရှင်တစ်ခုဖြစ်တဲ့ Alice in Wonderland ကို Tim Burton က ပြန်လည်ရိုက်ကူးတဲ့ live-action ဇာတ်ကားက ဒေါ်လာတစ်ဘီလျံလောက် ရရှိခဲ့တဲ့အတွက် Disney က နောက်ထပ် project အနေနဲ့ Cinderella ကို live-action အသွင်ပြောင်းဖို့ ကြိုးစားတယ်။ အစပိုင်း ဇာတ်ညွန်းတွေက မူရင်း ကာတွန်းကားနဲ့မတူပဲ ပိုပြီး dark ဖြစ်တဲ့ mature ဖြစ်တဲ့ပုံစံကို သွားတယ်။ ဒါပေမယ့် ဒါရိုက်တာ Kenneth Branagh ပါဝင်လာပြီးနောက်တော့ အရင်ဇာတ်လမ်းနဲ့ အတတ်နိုင်ဆုံးတူအောင် ပြန်ပြင်ဆင်ပါတယ်။ နောက်ဆုံး ရလဒ်က မူရင်းဇာတ်လမ်းနဲ့ အတတ်နိုင်ဆုံးတူတဲ့အပြင် လိုအပ်တဲ့နေရာမှာ ဇာတ်လမ်းအသစ်တွေထည့်ထားတဲ့ Cinderella ပါ။ မူရင်းဇာတ်လမ်းကို သိပြီးသားဖြစ်မှာမို့ ပြန်မရေးပြတော့ဘူး။

Cast
  • Lily James       Ella
  • Richard Madden          Prince “Kit” Charming
  • Cate Blanchett             Lady Tremaine
  • Helena Bonham Carter            The Fairy Godmother
  • Stellan Skarsgård        The Grand Duke
  • Derek Jacobi   The King
  • Hayley Atwell             Cinderella’s Mother
  • Holliday Grainger       Anastasia
  • Sophie McShera          Drizella
  • Nonso Anozie             Captain
  • Ben Chaplin    Ella’s Father
  • Eloise Webb    young Ella
အဓိကဇာတ်ဆောင်ဖြစ်တဲ့ Lily James က အင်္ဂလိပ် drama series Downtown Abbey ထဲက Rose MacClare ဇာတ်ကောင်နဲ့ လူသိများပြီး Richard Madden နဲ့ Nonso Anozie ကိုတော့ Game of Thrones ပရိသတ်တွေသိပြီးသား ဖြစ်မှာပါ။ Hayley Atwell ကတော့ Captain America: The First Avenger ထဲက Agent Peggy Carter သရုပ်ဆောင်ပါ။ Cate Blanchett နဲ့ Helena Bonham Carter တို့နှစ်ယောက်ကိုတော့ ဝါရင့်သရုပ်ဆောင်တွေအဖြစ် သိပြီးသားဖြစ်ပါလိမ့်မယ်။

ဒီရုပ်ရှင်နဲ့ ပက်သက်ပြီး ဝေဖန်သူ critic တွေ ကြားမှာ နှစ်ပိုင်းကွဲပါတယ်။ အဓိက ကတော့ Maleficent နဲ့ Alice in Wonderland တို့လို အရင် plot ကို မပြောင်းပဲ တစ်ထပ်တည်း ပြန်ရိုက်ထားတာပါပဲ။ ဒီတော့ ဘာလို့ပြန်ကြည့်နေမလဲ အရင် animation က classic ဖြစ်တယ် ဘယ်တော့မှ ရိုးမသွားဘူး ဒီလိုမျိုးပြောတဲ့သူတွေရှိသလို အရင် ဇာတ်လမ်းကိုပဲ live-action ပုံစံနဲ့ ပြန်မြင်ရတဲ့အတွက် ငယ်ငယ်တုန်းက Cinderella ကြည့်ခဲ့တဲ့ ခံစားချက်လေးပြန်ရတယ်လို့ သုံးသပ်ကြတဲ့သူတွေလည်းရှိပါတယ်။ Disney ကာတွန်းကားတွေနဲ့ ကြီးပြင်းခဲ့တဲ့သူတွေအတွက်တော့ ဒီဇာတ်ကားက ငယ်ဘဝကို ပြန်သတိရစေမှာ အမှန်ပါ။ dialogue တွေကလည်း အရမ်းကြီး cheesy မဖြစ်ပဲ အဆင်ပြေတယ်။ Kate Blanchett နဲ့ Lady Tremaine ဇာတ်ကောင်က တော်တော်လိုက်ဖက်ပါတယ်။ မကြည့်ခင်ကတော့ Lily James နဲ့ Cinderella နေရာက မလိုက်ဖက်ဘူးလို့ထင်ခဲ့ပေမယ့် ပီပြင်အောင်သရုပ်ဆောင်နိုင်တယ်လို့ ပြောရမှာပါ။ costume design နဲ့ setting တွေကို လည်းသေချာလုပ်ထားတာဖြစ်ပြီး အထူးသဖြင့် ဖန်ဖိနပ်ကို နာမည်ကြီး လက်ဝတ်ရတနာနဲ့ ဖန်ထည်ပစ္စည်းကုမ္ပဏီဖြစ်တဲ့ Swarovski က ဖန်တီးပေးထားတာလို့ ဆိုပါတယ်။ဒါပေမယ့်တစ်ကယ့် ချီးကျုးစရာကတော့ ဇာတ်ဝင်သီချင်းတွေပါ။ အထူးသဖြင့် မင်းသမီး Lily James ပဲဆိုထားတဲ့ Lavender’s Blue ပါ။

Thor ပထမကားရဲ့ ဒါရိုက်တာဖြစ်တဲ့ Branagh က Cinderella ကို နောက်မျိုးဆက်တစ်ခုနဲ့ မိတ်ဆက်ပေးဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားထားတာကို မြင်နိုင်ပါတယ်။ ဒါကြောင့်မို့ ဘာမှထူးထူးခြားခြား ပြောင်းလဲထားတာမဟုတ်ပဲ ဘယ်တော့မှ ရိုးမသွားမယ့် ဂန္တဝင်ဇာတ်လမ်းကို live-action ပြန်ရိုက်ကူးထားတဲ့ Cinderella ကို ငယ်ဘဝအမှတ်တရအဖြစ် ကြည့်ဖြစ်အောင် ကြည့်ဖို့ ညွန်းလိုက်ပါရစေ။ ရုပ်ရှင်အညွှန်း - http://www.myotaku.club

IMDB 7 ထိရထားပြီး 1h:45mins ကြာမြင့်ပါတယ်။ 802 MB နဲ့ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။


Download
802 MB
Cinderella (2015)
 

No comments:

Post a Comment