Monday, May 16, 2016

Detective K: Secret of the Lost Island (2015)


၁၇၉၅ ခုနှစ် ဂျွန်ဂျိုဘုရင်လက်ထက် နာမည်ကြီးစုံထောက်အမတ်ဟာ ကျွန်းတကျွန်းမှာ အကျယ်ချုပ်ထိမ်းသိမ်းခံနေရပါတယ်။ ကလေးမလေးတယောက်က စုံထောက်ကြီးဆီ ပျောက်သွားတဲ့ သူ့ညီမကို ရှာပေးဖို့ အကူအညီလာတောင်းပါတယ်။ ကလေးမလေးက နေ့တိုင်း ပင်လယ်ကို ဖြတ်ကူးလာပြီး တောင်းဆိုပေမယ့်လည်း သူကကူညီဖို့ ငြင်းဆန်နေဆဲပါပဲ။ တရက်မှာ ကောင်မလေးရုတ်တရတ်ပျောက်သွားပါတော့တယ်။ သံယောဇဉ်ရှိမိတဲ့ စုံထောက်ကြီးနဲ့ သူ့တပည့်ဟာ ထိုကလေးမလေးကို လိုက်ရှာဖို့ အကျယ်ချုပ်ခံ ကျွန်းကနေထွက်ပြေးပါတော့တယ်။  ပြည်သူ့ဝန်ထမ်းတွေ အကျင့်ပျက်ချစားမှုတွေ၊ ငွေအတု ထုတ်လုပ်မှုတွေဟာ ကလေးတွေပျောက်ဆုံးမှုတွေနဲ့ ပါတ်သတ်နေမှန်း သိလာတဲ့အချိန်မှာ ကလေးတွေတဦးပြီးတဦး သေဆုံးနေပါပြီ။ ဆရာတပည့်နှစ်ယောက် ဘယ်လို စုံစမ်းဖေါ်ထုတ်မလဲ၊ ကလေးတွေကိုဘယ်လိုစွန့်စားကယ်တင်မလဲ၊ အကျင့်ပျက်ဝန်ထမ်းတွေကို ဘယ်လိုတိုက်ဖျက်မလဲဆိုတာကိုတော့...........

Mr.Bean နဲ့ Johnny English လိုမျိုး တလွဲတွေအမြဲဖြစ်နေတဲ့ ကိုရီးယား စုံထောက်ဇာတ်လမ်းဖြစ်ပါတယ်။ မင်းသမီးချောလေး Lee Yeon-hee ပါဝင်တဲ့အတွက်ကြောင့် ပိုပြီးတော့ ပြည့်စုံသွားမှာပါ။ ဟာသခန်းတွေ နဲ့ အက်ရှင်ခန်းတွေ အစုံပါတာကြောင့် မိသားစုကြည့်ရှုနိုင်တဲ့ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးပါ။

IMDB 6.4 ရရှိထားပြီး 2h:4mins ကြာမြင့်ပါတယ်။ 575 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းလုပ်ယူ ကြည့်ရှုခံစားနိုင်ပါပြီ...



Download
575 MB
Detective K: Secret of the Lost Island (2015)


No comments:

Post a Comment