Thursday, May 26, 2016

Enemy at the Gates (2001)


တကယ့်ဖြစ်ရပ်မှန်တွေကို နောက်ခံထားပြီး ဇာတ်အိမ်ဖွဲ့ ထားတဲ့အတွက် ကြည့်ရတာ သိပ် ကို အသက်ဝင်ပါတယ်။ အဲဒီလို ပလူပျံနေတဲ့ စစ်ကားတွေထဲမှာ ကျည်ဆန်ကို ပေါပေါများများ အကတ်လိုက် ဆွဲတဲ့သူထက် တစ် တောင့်ဆိုတစ်တောင့် ပစ်မှတ်တိ ကျတဲ့ ဇာတ်လိုက်တွေကို ပိုကြိုက် တယ်။ ခဏခဏ ပြန်ကြည့်မိတဲ့ ‘‘The Enemy at the Gate’’ဆိုတဲ့ ရုပ်ရှင်ထဲက ရုရှားစစ်သားလေးအထူးသဖြင့် လက်ဖြောင့်သေ နတ်သမားလေးလို ရှားပါးလှတဲ့ ကျည်ဆန်ကို ကျည် ငါးတောင့်၊ ရန်သူ ငါးယောက် ပစ်ချနိုင်တဲ့ စွမ်းဆောင်နိုင်မှုမျိုးကိုကြိုက်နှစ်သက်မိပါတယ်။

ဇာတ်လမ်း အကျဉ်းလေး နည်းနည်း အမြည်းကျွေးပါရစေ။ ရုရှားနိုင်ငံကြီးကို နာဇီဂျာမနီတွေ သိမ်းပိုက်ထားတဲ့ ကာလ၊ စတာလင်ဂရက်၊ လီနင်ဂရက်လို အင်မတန် အနုပညာလက်ရာမြောက်တဲ့ မြို့ကြီးတွေကို ဟစ်တလာရဲ့ နာဇီတပ်တွေ စိမ်ပြေနပြေ ဖျက်ဆီးနေတဲ့ စစ်ပွဲကာလ။ စစ်တို့ရဲ့သဘာဝ နိုင်နိုင်ရှုံးရှုံး ပြည်သူတွေကတော့ မြေစာပင် ဖြစ်ရစမြဲပါပဲ။

စစ်ပွဲမှာ မရှုမလှ ရှုံးနေတဲ့ ရုရှားစစ်ဗိုလ်ချုပ်တွေဟာ အရပ် သားတွေကိုပါ အတင်းအဓမ္မစစ် မြေပြင် ပို့ပါတော့တယ်။ အလုပ် သမား၊ လယ်သမား၊ ကျောင်း သားတွေပါမကျန် ရထားတွဲတွေ ထဲ အလုံပိတ်ထည့်ပြီး ရှေ့တန်း ကို ပို့ပါတယ်။ အင်အားပြတဲ့သ ဘောပေါ့။ ထွက်ပြေးတဲ့သူတွေ ကို ပစ်သတ်တာလည်း ရိုက်ပြပါ တယ်။ ဘုမသိ ဘမသိ ပြည်သူ တွေခမျာ သေမှာသိသိနဲ့ သတ် ကွင်းထဲ သွားကြရတယ်။ လူတွေ ကများ။ ပေးစရာလက်နက်ကမရှိ။ အဲဒီတော့ လူနှစ်ယောက်မှာ တစ် ယောက်ကို သေနတ်ပေးတယ်။ ကျန်တစ်ယောက်ကို ကျည်ဆန် ငါးတောင့်ပေးတယ်။ လူနှစ် ယောက်ပေါင်း ငါးချက်ပဲ ခံပစ်ခွင့် ရတယ်။ ကျည်ကုန်ရင်တော့ ကံစီ မံရာအတိုင်းပေါ့။

ဇာတ်လိုက်ကောင်လေးက ကျည်ဆန်ငါးတောင့် ခွဲတမ်းရ တယ်။ ပစ်စရာ သေနတ်မရှိဘူး။ ဒါပေမဲ့ သူက ငယ်ငယ်လေးက တည်းက အဘိုးနဲ့ အမဲပစ်ထွက်ရ သူမို့ သေနတ်ပစ်လက်ဖြောင့်ပြီး သား။ အခုလည်း နာဇီတွေရဲ့ အဆက်မပြတ် အတွဲလိုက်ပစ်နေ တဲ့ ကျည်တွေကို ရှောင်ရင်း တိမ်းရင်း လူသေကောင်တွေ တောင်လို ပုံနေတဲ့ မြို့လယ်ကောင် ပန်းခြံ အပျက်ကြီးထဲ ရောက်သွားတယ်။ လူသေတွေကြားထဲ သေဟန်ဆောင်ပုန်းနေရတယ်။ သေနတ်လည်း လက်ထဲရသွားပြီ။ မျက်စိရှေ့ ကျည်တစ်ပြေးလောက်ရှိတဲ့ အဆောက်အအုံကြီးထဲကို ဂျာမန် စစ်ဗိုလ်ချုပ်က အစောင့်အ ရှောက်တွေနဲ့ ရေဆင်းချိုးလာ တယ်။ အကွက်ပဲ။ လူသေအ လောင်းဆီက ယူထားတဲ့ ရိုင်ဖယ်နဲ့ သူ့လက်ထဲက ကျည်ဆန် ငါး တောင့် တစ်တောင့်မှ အလေလွင့်မခံဘဲ အသုံးချလိုက်တယ်။

ဂျာမန်ဗိုလ်ချုပ်တစ်ကောင်၊ သူ့သက်တော်စောင့်။ လုံခြုံရေး နှစ်ဦး၊ ယာဉ်မောင်းတစ်ဦး၊ ကျည်ငါးတောင့်၊ နာဇီဖက်ဆစ် ငါးယောက် ဇာတ်ကားတစ်ကားလုံးမှာ ကျွန်မအကြိုက်ဆုံးအခန်း။ ကျည်တစ်တောင့် လူတစ်ယောက်။ အရင်အချိန် အသက်လုပြေးခဲ့ရပေမယ့် အခုပစ်ခွင့်ရချိန်မှာ အကျိုးရှိရှိ အသုံးချလိုက်နိုင်တယ်။ ကိုယ့်အတွက်ရလာတဲ့ အခွင့်အရေး။ နောက်တစ်ခါ မသေချာတဲ့ အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ခဲ့တယ်။
ရုပ်ရှင်အညွှန်း
ဂျေလှသင် (7days daily) 

 IMDB 7.6 အထိရထားတဲ့ Enemy at the Gates ဟာစနိုက်ပါဇာတ်လမ်းတွေထဲ့က ကြည့်ရတာ အရသာအရှိဆုံး ဇာတ်လမ်းပါ။ 2h:11mins ကြာမြင့်ပြီး 578 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။




Download
578 MB
Enemy at the Gates (2001)

No comments:

Post a Comment