Monday, May 9, 2016

EuroTrip (2004)


သရုပ်ဆောင်ဖြိုးငွေစိုးရဲ့ အကြိုက်ဆုံးဇာတ်ကားတကားဖြစ်တဲ့ EuroTrip

Eurotrip ဆိုတဲ့ ကားလေးကိုကြိုက်တယ်။ လူငယ်ဟာသကားလေး။ တော်တော်ကြိုက်လို့ ခဏခဏလည်း ပြန်ကြည့်ဖြစ်တယ်။ အမေရိကား မှာနေတဲ့ကောင်လေးက ဂျာမန်ကောင်မလေးကို ကြိုက်မိလို့ ဂျာမနီကိုသွားတာ၊ အင်္ဂလန်ကနေ ပြင်သစ်၊ ပြင်သစ်ကနေ ဂျာမနီ အဲဒီလိုမျိုး တစ်ဆင့်ချင်း တစ်ဆင့်ချင်းစီသွားကြတာ လမ်းမှာဖြစ်တဲ့ အဖြစ်အပျက် အလွဲလေးတွေပေါ့နော်။   တော်တော်လေးရယ်ရတယ်။ ကျွန်တော်အကြိုက်ဆုံးအခန်းက သူတို့လန်ဒန်ကိုရောက်ပြီးတော့ မန်ယူ Fanတွေရဲ့ဘားကို မသိဘဲ ခပ်တည်တည်နဲ့ ၀င်သွားပြီးမှ မန်ယူ Fan သီးသန့်ဘားဆိုတော့ မင်းတို့ဘာကောင်တွေလဲ ဘယ်ကလဲဆိုပြီးမေးတော့ မန်ယူပရိသတ်ပါဆိုပြီးလိမ်တာ… အဲ့ကျတော့ ဟိုကောင်တွေက မန်ယူသီချင်းဆိုပြခိုင်းတာကို ပါးစပ်ထဲရှိတဲ့ မန်ယူသီချင်းတစ်ပုဒ်ကောက်ဆို ပြလိုက်တာ အဲဒီသီချင်းက ဟိုကောင်တွေဆီမှာ တကယ်ကိုပေါက်ပြီး အရမ်းကြိုက်နေကြတဲ့ သီချင်းဖြစ်နေတော့ သဘောကျပြီး သူတို့ကားကြီးပေါ် တင်ခေါ်သွားတာ ပြင်သစ်တွေ ဘာတွေ တခြား
နိုင်ငံတွေအကုန်ရောက်သွားတာ။ အရမ်းရယ်ရတယ်။

ဖြိုးငွေစိုး "People Magazine" အင်တာဗျူးးမှ

ဒီကားကြည့်ပြီးတော့ အမေရီကန်တွေ sex နဲ့ပါတ်သတ်လို့ ပွင့်လင်းတာလောက်တော့ ဥရောပသားတွေက သနားတယ်ဆိုတာပါပဲ၊ ဟာသကားကောင်းတလက်ပါ။ အပြောအဆိုနဲ့ တချို့အခန်းလေးတွေက ခပ်ကြမ်းကြမ်းလေးတွေပါပေမမယ့် ဟာသအနေနဲ့ ဖြစ်တဲ့အတွက်ကြောင့် ရယ်ရမှာပါ။

IMDB 6.6 အထိရထားတဲ့ ဟာသဇာတ်ကားဟာ ပြသချိန် 1h:33mins ကြာပါတယ်။ 677 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ကြပါပြီ။



Download
677 MB
EuroTrip (2004)


No comments:

Post a Comment