Saturday, May 21, 2016

Tarzan (2013)


လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၇၀ ကျော်က ကမ္ဘာကြီးပေါ်မှာ ဒိုင်နိုဆောတွေ ကြီးစိုးခဲ့ပါတယ်။ အဲဒီကမ္ဘာလောကကြီးကို အဆုံးသတ်သွားစေမယ့် ဥက္ကာခဲကြီးတစ်ခုဟာ အာဖရိက တောနက်ကြီး တစ်ခုထဲကို ပြုကျပြီး ရေခဲတစ်ခေတ် စတင်စေခဲ့ပါတယ်။ အဲဒီဥက္ကာခဲကြီးမှာ ထူးခြားတဲ့ စွမ်းအင်တွေ ပါနေပြီး မြောက်များလှတဲ့ သက်ရှိတွေ အညွန့်တုံးသွားခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ၂၀ ရာစု နှောင်းပိုင်းကာလမှာ John Greystoke ဟာ စွမ်းအင်ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဒဏ္ဍာရီထဲက ဥက္ကာခဲကြီးကို လာရောက်ရှာဖွေပါတယ်။ ဒါပေမယ့် သံလိုက်လှိုင်းတွေ နှောင့်ယှက်မှုကြောင့် တောနက်ထဲကို ၀င်ရောက်ရှာဖွေနိုင်ခြင်း မရှိပဲ နယူးယောက်ကို ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့သူငယ်ချင်း James Porter ကတော့ သဘာဝတောနက်ကြီးမှာပဲ ပျော်မွေ့နေပြီး မပြန်ဖြစ်ခဲ့ပါဘူး။ John Greystoke ဟာ မိသားစုနဲ့အတူ နယူးယောက်ကို ပြန်ဖို့ ကြိုးစားရင်း အဲဒီဥက္ကာခဲကြီးကို ရှာဖွေတွေ့ရှိသွားပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ရဟတ်ယာဉ်ဟာ တောနက်ကြီးထဲ ပျက်ကျသွားပြီး သားဖြစ်တဲ့ John Junior လေးပဲ အသက်ရှင်ကျန်ခဲ့ပါတယ်။

မိသားစုမရှိတော့တဲ့ မျောက်ဝံကြီး Tublat ဟာ တခြားမျောက်ဝံအုပ်စုတစ်ခုရဲ့ ခေါင်းဆောင် Kerchak ကို အနိုင်တိုက်ခိုက်ပြီး မျောက်ဝံအုပ်စုကို ထိန်းချုပ်လိုက်ပါတယ်။ Kerchak ရဲ့ အဖော် Kala ဟာ Tublat ရဲ့ ရန်စမှုကို တုံ့ပြန်နေတုန်း သူ့ရဲ့ သားငယ်ဟာ ချောက်ထဲကျပြီး သေဆုံးသွားခဲ့ပါတယ်။ Kala ဟာ ရဟတ်ယာဉ်ပျက်ကျတုန်းက အသက်ရှင်နေခဲ့တဲ့ John Junior လေး တာဇံကို သားအရင်းလိုပဲ မွေးမြူထားခဲ့ပါတယ်။
တာဇံဟာ မျောက်တွေနဲ့ ကျားသစ်တွေရဲ့ စွမ်းရည်ကို အတုယူရင်း ကြီးထွားလာခဲ့ပါတယ်။ ဆယ်ကျော်သက် တာဇံဟာ တောနက်ထဲမှာ နေရင်း James Porter ဆီ အလည်လာတဲ့ Jane ကို တွေ့သွားပါတယ်။ မတော်တဆ မြွေကိုက်ခံရတဲ့ Jane ကို ကူညီရင်း တာဇံဟာ Jane ကို စွဲလမ်းသွားပါတယ်။ ဒါပေမယ့် Jane ဟာ မြို့ကို ပြန်သွားပြီး တာဇံအတွက် ပုဝါလေး ထားရစ်ခဲ့ပါတယ်။
လူတွေနဲ့ တွေ့လိုက်ရပြီး နောက်မှာတော့ တာဇံဟာ သူ့မိဘတွေ ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့ နေရာကို ပြန်သွားခဲ့ပါတယ်။ လူစိတ်အနည်းငယ် ပြန်ဝင်လာပေမယ့် အတိတ်ဆိုးကို မမှတ်မိချင်တဲ့ တာဇံဟာ တောထဲမှာပဲ ကြီးပြင်းလာခဲ့ပါတယ်။ နှစ်တွေ ကြာခဲ့ပြီးနောက်မှာတော့ Jane ဟာ Greystone ကုမ္ပဏီရဲ့ အထောက်အပံ့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဖို့ ပြန်လာခဲ့ပါတယ်။ ဒါပေမယ့် Greystone ကုမ္ပဏီရဲ့ CEO အသစ် Clayton ဟာ ဒီဒေသမှာ John Greystone တွေ့ခဲ့တယ်လို့ ယူဆရတဲ့ ဥက္ကာခဲကို လာရောက်ရှာဖွေဖို့ ရည်ရွယ်ထားတာပါ။

တာဇံရဲ့ မိသားစု သေဆုံးခဲ့ရတဲ့ ရဟတ်ယာဉ်ပေါ်ကို မျောက်ဝံကြီး Tublat က လာရောက်မွှေနှောက်ပါတယ်။ မွှေနှောက်ရင်း ရဟတ်ယာဉ်ရဲ့ အချက်ပြ ဆက်သွယ်ရေးစက်က အလုပ်လုပ်သွားတာကြောင့် Clayton ဟာ ရဟတ်ယာဉ် ပျက်ကျရာ နေရာကို သိသွားပါတယ်။ တာဇံဟာ ဒီအန္တရာယ်ရှိတဲ့ Clayton ကို ဘယ်လို ခုခံမလဲ။ မကောင်းတဲ့ စွမ်းအားတွေ ရှိနေတယ်လို့ ယူဆရတဲ့ ဥက္ကာခဲကို လူတွေ မရောက်အောင် ဘယ်လို ကာကွယ်မလဲ။ Jane ကိုရော အန္တရာယ်ကင်းအောင် ဘယ်လို စောင့်ရှောက်မလဲ။ Tublat နဲ့ ရန်ကြွေးကိုရော ဘယ်လို ရှင်းမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြပါ။
ဂျာမန်ဒါရိုက်တာ Reinhard Klooss ရိုက်ကူးပြီး 3D ကာတွန်းအဖြစ် အသက်သွင်းထားတဲ့ Tarzan ဇာတ်ကားဟာ Edgar Rice Burroughs ရေးသားတဲ့ Tarzan of the Apes ၀တ္ထုကို အခြေခံထားတာ ဖြစ်ပါတယ်။ တာဇံအဖြစ် Kellan Lutz က အသံသရုပ်ဆောင်ထားပြီး Spencer Locke ၊ Joe Cappelletti ၊ Mark Deklin နဲ့ Jaime Ray Newman တို့ ပါဝင်သရုပ်ထားကြပါတယ်။ IMDb မှာ Rating 4.6 ပဲ ရရှိထားပြီး Rotten Tomatoes မှာ Tomatometer 20% ပဲ ရရှိထားပါတယ်။
ရုပ်ရှင်အညွှန်း -mmmovieguide.com

IMDB 4.6 ရတဲ့ တောဇံဇာတ်လမ်းဟာ 1h: 34mins ကြာမြင့်ပါတယ်။ 581 MB နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းနိုင်ပါပြီး။



Download
581 MB
Tarzan (2013)

No comments:

Post a Comment