Monday, June 13, 2016

Baaghi (2016)


ဘာလိဝုဒ်အက်ရှင်ဒရာမာဇာတ်ကားသစ်လေး အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ဇာတ်လမ်းကို အတိုက်အခိုက်ချန်ပီယံရာဂက်ဟာဆီရာဆိုတဲ့ မိန်းကလေးကို ရုပ်ရှင်ရိုက် ကွင်းတစ်ခုကနေ ပြန်ပေးဆွဲခေါ်ဆောင်သွားတာနဲ့ အစပြုထားပါတယ်။
ဆီရာရဲ့ အဖေက ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်ဖြစ်ပြီး သမီးပျောက်ပြန်ရှာဖို့အတွက် ဘက်ပေါင်းစုံကကြိုးစားပေမယ့် ရာဂက်က သြဇာကြီးသူတစ်ယောက်ဖြစ်တာကြောင့် ဘယ်သူမှ မကယ်နိုင်ဖြစ်နေခဲ့ပါတယ်။ သို့ပေမဲ့လည်း ရာဂက်ကို ယှဉ်နိုင်သူတစ်ဦးတော့ ရှိပါသေးတယ်။ သူကတော့ ရွန်နီဆိုသူပါ။

အဲဒီနောက် နောက်ကြောင်း ပြန်ဇာတ်ကွက်ဆီကိုပြန်သွားထားရာမှာ အသက် (၂၃)နှစ်အရွယ် ရွန်နီဟာ ဒေလီမြို့မှာနေတဲ့ ဆိုဆုံးမရခက်တဲ့ကောင်လေး တစ်ယောက်ဖြစ်ပြီး ကီရာလာမြို့က စည်းကမ်းတင်းကျပ်လွန်းတဲ့ကျောင်းကိုအပို့ခံခဲ့ရပါတယ်။ အဲဒီ ကျောင်းကို ရထားနဲ့သွားတဲ့အခါ မှာ ဆီရာဆိုတဲ့ ထောင့်မကျိုးတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံခဲ့သလို ရာဂက်ဆိုတဲ့ ကျောင်းသားတစ်ယောက်နဲ့လည်း တွေ့ခဲ့ပါတယ်။
ရာဂက်က ဆီရာကို မြင်မြင်ချင်းသဘောကျသွားခဲ့ပေမယ့် ဆီရာကတော့ ရာဂက်ကို စိတ်မ၀င် စားခဲ့ပါဘူး။ ကျောင်းရောက်တဲ့အခါမှာ ရွန်နီနဲ့အဆင်ပြေသွားတဲ့ အတွက်ရာဂက်နောက်ကောက် ကျသွားခဲ့ပါတော့တယ်။

အဲဒီနောက်လက်ရှိအခြေအနေ ပြကွက်ကိုပြန်ရောက်သွားပြီးရွန်နီဘန်ကောက်ရောက်သွားတဲ့အခါမှာ ဆီရာကို ဖမ်းဆီးထားတဲ့နေရာကို စုံစမ်းရှာဖွေခဲ့ပါတော့တယ်။

ဆီရာနဲ့ ရွန်နီတို့ ရာဂက်လက် က လွတ်မြောက်နိုင်ပါ့မလား။ ရာဂက်ရဲ့ ဇာတ်သိမ်းခန်းကို ဘယ်လိုတင်ဆက်သွားမှာလဲ ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။

ဒီဇာတ်ကားမှာ ရွန်နီအဖြစ် တိုက် ဂါးရှရော့ဖ်၊ ဆီရာအဖြစ် ရှရက်ဒါကာပူးရ်နဲ့ ရာဂက်အဖြစ် ဆူဒီယာဘူတို့က သရုပ်ဆောင်ထားကြပါတယ်။
ရုပ်ရှင်အညွှန်း - 7Daily

IMDB 5.5 ရရှိထားတဲ့ ဇာတ်ကားဟာ 2h:13mins ကြာမြင့်ပါမယ်။ 619 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။



Download
619 MB
Baaghi (2016)


No comments:

Post a Comment