Wednesday, June 29, 2016

Ghayal Once Again (2016)


၁၉၉၀ တုန်းကထွက်ရှိခဲ့တဲ့  Ghayal ဇာတ်ကားရဲ့ အဆက်လို့လည်းပြောလို့ရပါတယ်။ မင်းသားကြီး 
Sunny Deol ပဲအဓိကသရုပ်ဆောင်ထားပါတယ်။ သူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး၊ သူကိုယ်တိုင် ဒါရိုက်တာလုပ်ပါတယ်။

အိန္ဒိယနိုင်ငံက နာမည်ကြီးလုပ်ငန်းရှင်သူကြွယ်ရဲ့သား သေနတ်နဲ့ လူတယောက်ကို ပစ်သတ်တဲ့ ဗီဒီယိုဖိုင်ဟာ သူငယ်ချင်းလေးယောက်ဆီမှာရှိနေပါတယ်။ အဲ့ဒါကိုပြန်လိုချင်နေတဲ့ သူကြွယ်ကလည်း နယ်နယ်ရရမဟုတ်ပဲ အစိုးရဝန်ကြီးကိုတောင် အိပ်ကပ်ထဲထည့်တားနိုင်တဲ့အဆင့်ဖြစ်ပါတယ်။ ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့ လူငယ် ၄ယောက်အနေနဲ့ ဒီဗီဒီယိုဖိုင်ကို လုံးဝယုံကြည်ရတဲ့ သူတယောက်ဆီကိုပေးအပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူကတော့ အမှန်တရားဘက်ကနေ အမြဲရပ်တည်ပြီး မတရားခံရသူတွေဘက်က ပေးဆပ်ပေးနေတဲ့ အဂျေးမဟ်ရ ပဲဖြစ်ပါတယ်။ အဲ့ဒီလိုဆုံးဖြတ်ပြီးနောက်ပိုင်းမှာ အခြေအနေတွေက ပိုဆိုးလာပါတော့တယ်။ အဂျေးအနေနဲ့ အင်အားကြီးမားတဲ့ ရန်သူကိုရင်ဆိုင်ဖို့ လုံးဝကို စေတနာ့ဝန်ထမ်းဖြစ်သွားပါတော့တယ်။ 

ခံစားမှုနဲ့ အသိတရား အစုံပေးနိုင်တဲ့ အက်ရှင်ဇာတ်ကြမ်းကားတကားပါ။ ဒီကားကိုတော့ DVD အခွေမှ rip လုပ်ပြီး ပြန်လည်တင်ပေးခြင်းဖြစ်ပါတယ်။ အချို့နေရာတွေမှာ ဘာသာပြန်ပေးထားတာမရှိပါဘူး။ ဒါပေမယ့် အရေးကြီးနေရာတွေမှာတော့ မလစ်ဟင်းပါ။ ဖိုက်တင်ခန်းတွေက ခပ်ကြမ်းကြမ်းကြီးတွေဖြစ်ပြီး ဇာတ်လမ်းရဲ့ ၁၅ မိနစ်လောက်မှ ဇာတ်ရည်လည်ပြီး ရှင်းလင်းသွားပါလိမ့်မယ်။

IMDB 7.0 ရထားတဲ့ အက်ရှင်ကားဟာ 2h:07min ကြာမြင့်ပါတယ်။ 599 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။



Download
599 MB
Ghayal Once Again (2016)


No comments:

Post a Comment