Tuesday, June 21, 2016

Horrible Bosses 2 (2014)




၂၀၁၁ က ထွက်ရှိခဲ့တဲ့ အမေရိကန် ဟာသရုပ်ရှင် Horrible Bossess ရဲ့ အဆက်ဖြစ်တဲ့ ဟာသဇာတ်ကားသစ်အ ကြောင်း ဖော်ပြချင်ပါတယ်။

နစ်ခ်ဟန်ဒရစ်၊ ဒေးလ်အာ ဘက်စ်နဲ့ ကပ်ဘက်ခ်မန်းတို့ဟာ ကျေးဇူးမသိတတ်တဲ့ သူဌေးတွေ လက်အောက်မှာ အလုပ်လုပ်ခဲ့ပြီးတဲ့နောက် ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ Shower Buddy လို့ခေါ်တဲ့ ရေ ပန်းခေါင်းထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ ပြီး ရင်းနှီးမြှုပ်နှံမယ့်သူ ရှာတုန်း ဘာ့တ်ဟန်ဆန်နဲ့ သူ့သားရက်စ် တို့ ချဉ်းကပ်လာခဲ့ပါတယ်။ သူတို့ သုံးယောက်ရဲ့ စိတ်ကူးကို ဘာ့တ် တို့က Shower Pal နာမည်ပြောင်းသုံးပြီး လုပ်ငန်းလုပ်သွားတာကြောင့် ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။ နစ်ခ်တို့ သုံးယောက်ဟာ ထောင်ကျနေတဲ့ နစ်ခ်ရဲ့ သူဌေး ဟောင်းဒေ့ဗ်ဟာကန်ဆီကိုသွား ပြီး ငွေကြေးဆုံးရှုံးမှုအတွက် တိုင် ပင်တဲ့အခါ ပြန်ရနိုင်ခြေလမ်း ကြောင်း မရှိကြောင်း သိခဲ့ရတာ ကြောင့် ကြံရာမရတဲ့အဆုံး ရက်စ် ကို ပြန်ပေးဆွဲပြီး ဒေါ်လာငါးသိန်း နဲ့ ပြန်ရွေးဖို့ လုပ်ဆောင်ပါတယ်။ ဒေးလ်ရဲ့ သူဌေးဟောင်း ဒေါက် တာဂျူလီယာဟာရစ်ဆီက နိုက်ထရပ်အောက်ဆိုက်ဘူးကို သွားခိုးပြီး ရက်စ်ရဲ့ အိမ်ရှိ ဗီရိုမှာထဲ ပုန်းရင်း ရက်စ်ကိုပြန်ပေးဆွဲဖို့ စောင့်နေခဲ့ကြပါတယ်။

ဒေးလ်ကနိုက်ထရစ်အောက်ဆိုက်ဘူးကို မတော်တဆ ဖွင့်မိသွားတာကြောင့် သူတို့အားလုံးအိပ်ပျော်နေခဲ့ပြီး မနက်နိုးလာ တော့ ရက်စ်က အိမ်မှာ မရှိတော့ပါဘူး။ အလုပ်ရုံဘက်ကို လိုက်သွားတဲ့အခါမှာ ရက်စ်ကို သူတို့ကားထဲမှာ ကြိုးတုပ်လျက်သား တွေ့ပါတယ်။ ရက်စ်က သူတို့သုံးယောက်ဗီရိုထဲ အိပ်ပျော်နေတာ တွေ့ခဲ့တာကြောင့် သူ့အကြံအစည်နဲ့ သူပြန်ပေးဆွဲခံရသယောင်လုပ်ပြီး သူ့အဖေကို ပိုက်ဆံတောင်းဖို့ လုပ်တာဖြစ်တယ်လို့ ပြောပြပါတယ်။ သူ့ကိုပြန်ရွေးဖို့ ငွေကိုဒေါ်လာငါးသိန်းအထိ တိုးတောင်းပါတယ်။

နစ်ခ်တို့ သုံးယောက်ဟာ ရက်စ်ရဲ့ အကြံအစည်ကို သိပ် သဘောကျမပေမယ့် ရက်စ်ရဲ့ အဖေဘာ့တ်ဆီကို ဖုန်းခေါ်ပြီး သူ့သားပြန်ပေးဆွဲခံရတာကို ငွေနဲ့ လာရွေးဖို့ ပြောပါတယ်။ ဘာ့တ်ဟာ သူ့သားထက်ငွေကို ပိုမက်သူ ဖြစ်တာကြောင့် ရဲကိုတိုင်လိုက်တဲ့အတွက် ရက်စ်တစ်ယောက် သူ့ အဖေအကြောင်း နားလည်သွားပြီး နစ်ခ်တို့သုံးယောက်နဲ့ ပေါင်း ပြီး သူ့အဖေဆီက ငွေရဖို့အရေး လုပ်ဆောင်ပါတော့တယ်။ လေးယောက်ပေါင်းအဖွဲ့က ဘယ်လိုဆက်လှုပ်ရှားမှာလဲ။ ဒေါက်တာဂျူလီယာက ဒေးလ်တို့ ဆီလိုက်လာတုန်း ဒေးလ်မိန်းမနဲ့ ထိပ်တိုက်တွေ့တဲ့အခါ ဘာတွေ ဖြစ်ကြမလဲဆိုတာ ကိုယ်တိုင်ရယ်ရယ်မောမောကြည့်လိုက်တာ ပိုအရသာရှိမှာပါ။ ဒီဇာတ်ကားမှာ နစ်ခ်ဟန်ဒရစ်အဖြစ် ဂျေ ဆင်ဘိတ်မန်း၊ ဒေးလ်အာဘက်စ်အဖြစ် ချာလီဒေး၊ ကပ်ဘက်ခ် မန်းအဖြစ် ဂျေဆင်ဆူဒေကစ်၊ ဒေါက်တာဂျူလီယာအဖြစ် ဂျနီဖာအန်နစ္စတန်၊ ရက်စ်အဖြစ် ခရစ္စပိုင်းတို့က သရုပ်ဆောင်ထားတယ်။
ရုပ်ရှင်အညွှန်း - 7 Daily

IMDB 6.3 ထိရထားတဲ့ ဟာသဇာတ်ကားဟာ 1h:48mins ကြာမြင့်ပါတယ်။ 497 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။



Download
497 MB
Horrible Bosses 2 (2014)

No comments:

Post a Comment