Monday, June 20, 2016

Northmen - A Viking Saga (2014)



ဒီနေ့အတွက်တော့ ရှေးဟောင်း အက်ရှင်ဇာတ်လမ်းကောင်းတစ် ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သင်္ဘောပျက်ရာကနေ ကျွန်းနိုင်ငံ တစ်ခုပေါ် ရောက်ခဲ့ပြီး သူတို့အ သက်ဆက်လက်ရှင်သန်နေထိုင် ခွင့်ရဖို့ အဲဒီနိုင်ငံက ဘုရင့်အထူး စစ်သားတွေရဲ့ လက်ကနေ လွတ် မြောက်ခွင့်ရဖို့ ကြိုးစားကြပုံကို ရိုက်ကူးထားတဲ့ Northmen-A Viking Saga ဆိုတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။
ဇာတ်လမ်းအစမှာ Viking တစ်စုရဲ့ သင်္ဘောပင်လယ်ထဲမှာ မုန်တိုင်းနဲ့ အပြင်းအထန်ကြုံရပါ တယ်။ အဲဒီမုန်တိုင်းနဲ့အတူ သူတို့ သင်္ဘောကလည်း တစ်စစီပြိုပျက် ခဲ့ရပြီး Viking အဖွဲ့သားတွေဟာ Alba ဆိုတဲ့ ကျွန်းနိုင်ငံပေါ်ရောက် ခဲ့ပြီး သူတို့ကျွန်းပေါ်တက်တက် ချင်းမှာပဲ စစ်သည်တော်အဖွဲ့တစ် ဖွဲ့က ရန်မူဖို့ကြိုးစားတာကို ခံခဲ့ ရပါတယ်။
Viking အဖွဲ့သားတွေဟာ အဲဒီစစ်သည်တော်အဖွဲ့ကို တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ စစ်သည်တော်တွေနဲ့ အတူပါလာတဲ့ အမျိုးသမီးငယ်တစ်ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။
အဲဒီအမျိုးသမီးက ချောမောပြီး ၀တ်ပုံစားပုံနဲ့ သူအသုံးအဆောင်တွေကြောင့် ဒီ့နိုငံ ရဲ့ အရေးပါတဲ့ အမျိုးသမီးဖြစ်ကြောင်း သိပြီးတဲ့နောက်မှာ Viking တွေဟာ သူတို့အသက်ရှင်နေထိုင်ခွင့်ရဖို့ ဒီအမျိုးသမီးကို အသုံးချဖို့ စီစဉ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးဟာ သူတို့ရောက်နေတဲ့ Alba ကျွန်းနိုင်ငံက ဘုရင့်သမီးတော်ဖြစ်နေပြီး ဘုရင်က သူသမီးကို တခြားနိုင်ငံကိုဆက်သဖို့၊ အဓမ္မပို့ လွှတ်လိုက်တာ ဖြစ်ပါတယ်။ ဒီအစီအစဉ် ပျက်သွားတာကို သိသွားတဲ့ Alba ဘုရင်ဟာ သူ့သမီးကို ခေါ်ဆောင်ထားတဲ့ Viking တွေကို ချေမှုန်းဖို့ သူရဲ့ အထူးစစ်သား တွေကို စေလွှတ်ပြီး ရှာဖွေစေပါ တယ်။ဘေးဒုက္ခကြုံပြီး ဦးတည်ရာ မဲ့နေတဲ့ Viking တွေကို ကျွန်းပေါ် မှာရှိတဲ့ ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးက ကူညီခဲ့ပြီး သူတို့အဖွဲ့ တွေဟာ အယ်လ်ဟာဘုရင်ရဲ့ စစ်သည်တော်တွေ လက်ကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုး စားကြတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဇာတ်ကား အစကနေ အ ဆုံးအထိ သတ်ပုတ်တိုက်ခိုက်ခန်း တွေ တောက်လျှောက်ထည့်သွင်း ထားပြီး စိတ်လှုပ်ရှားစရာ ဇာတ် လမ်းတစ်ခုအဖြစ် ဖန်တီးထားပါ တယ်။ ဒီဇာတ်ကားက ၂၀၁၄ ကတည်းက ထွက်ထားတဲ့ ဇာတ်ကားဖြစ်ပေမယ့် ရောမခေတ်က စစ်တပ်ဇာတ်လမ်းတွေထဲက ကြည့်လို့ကောင်းတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်တာကြောင့် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

ရုပ်ရှင်အညွှန်း - Myanmar subtitle Movie an

IMDB 5.3 ရထားတဲ့ ဇာတ်လမ်းဟာ 1h:37mins ကြာမြင့်ပါတယ်။ 448 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။




Download
448 MB
Northmen - A Viking Saga (2014)

No comments:

Post a Comment