Saturday, June 25, 2016

Sanam Teri Kasam (2016)


ဒီနေ့အတွက်တော့ အိန္ဒိယ အချစ်ဇာတ်ကားကောင်း တစ် ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားကောင်းတွေ ထွက်လေ့ ရှိတဲ့ အိန္ဒိယရုပ်ရှင်ကုမ္ပဏီ Eros က ထုတ်တဲ့ ဒီဇာတ်ကားမှာ နာ မည်ကြီးမင်းသား မင်းသမီးကြီး တွေမပါဘဲ ပရိသတ်ကြိုက်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ် ပါတယ်။

စည်းကမ်းကြီးတဲ့ မိသားစုနဲ့ နေရတဲ့ ဆာရူးကို အိမ်ထောင်ချ ပေးဖို့အတွက် မိသားစုက သတို့ သားရှာပေမယ့် အဆင်မပြေခဲ့ပါ ဘူး။ အိမ်ထောင်ချပေးချင်တဲ့ အဓိက ရည်ရွယ်ချက်က ဆာရူးရဲ့ ညီမဖြစ်သူက သူ့ရည်းစားနဲ့ အိမ်ထောင်ပြုဖို့ အစ်မဖြစ် သူကို စောင့်ဆိုင်းနေရတာဖြစ်ပြီး ရိုးရိုးအေးအေး ဆာရူးက ရည်းစား တောင်မရှိသေးတဲ့ ကောင်မလေး ဖြစ်ပါတယ်။

တစ်ရက်တော့ ဆာရူးတို့ နေတဲ့တိုက်ကို ခပ်ကဲကဲ စုံတွဲတစ် တွဲလာနေတယ်။ အတိုပြောရရင် ရိုးလွန်းတဲ့ ဆာရူးက အဲဒီအမျိုး သားနဲ့ သွားပတ်သက်မိတယ်။ ဒီ စုံတွဲလှေကားမှာ ကဲတာတွေ၊ အ နေအထိုင်မဆင်ခြင်တာတွေကို မြင်ထားတဲ့ ဆာရူးရဲ့ဖခင်ဖြစ်သူ က သူ့သမီးက အဲဒီအမျိုးသားနဲ့ မတော်တဆ ပတ်သက်မိတာကို အထင်လွဲပြီး ဆာရူးကို အိမ်ပေါ် က နှင်ချလိုက်တယ်။ တကယ် တမ်းတော့ ဆာရူးနဲ့ အဲဒီအမျိုး သားက ရိုးရိုးသားသားဖြစ်ပြီး သူ့ နာမည်က လူချမ်းသာမိသားစုက နေ ထွက်ခွာလာတဲ့ အင်ဒါဖြစ်ပါ တယ်။ သူ့ရဲ့နောက်ကြောင်းကို လူသိမခံဘဲနေတဲ့သူ ဖြစ်ပါတယ်။ ဒီနောက်မှာ အင်ဒါနဲ့ သူ့ရည်းစားကလည်း အခန့်မသင့်ဖြစ်ပြီး လမ်းခွဲလိုက်ကြတယ်။

အိမ်ကဆင်းလိုက်ရတဲ့ ဆာ ရူးကို အင်ဒါက လိုက်ကူညီပေးရုံ မက သူရည်းစားရဖို့ မိသားစုက သဘောတူတဲ့သူမျိုးနဲ့ ဆာရူးရနိုင် ဖို့ပါ အင်ဒါက လိုက်ကူညီခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ ဒီလို ဇာတ်လမ်းမျိုးရဲ့ ထုံးစံအတိုင်း သူ တို့ချင်း ကြိုက်သွားတယ်။ သူတို့ ကြိုက်ကြပြီးနောက်ပိုင်းမှာမှ သူ တို့အတွဲအတွက် ပြဿနာတွေ ကြုံလာရပါတယ်။ အင်ဒါရဲ့ နောက်ကြောင်းတွေ၊ ထောင်ကျခဲ့တဲ့ကိစ္စတွေ၊ မိသားစုနဲ့ ပြန်အ ဆင်ပြေဖို့ ကြိုးစားရတဲ့ ဆာရူးရဲ့ ဒုက္ခတွေနဲ့ နောက်ပိုင်းမှာတော့ အခြေအနေတွေ ပိုပြီးဆိုးရွားလာ ခဲ့ပါတယ်။

ဒီဇာတ်ကားက ဇာတ်လမ်းက အစအဆုံး စိတ်ဝင်စား စရာကောင်းပြီး နောက်ပိုင်းအခန်း တွေမှာ မြှုပ်ကွက်တွေနဲ့ ဇာတ် ကားပြီးတဲ့အထိ ဆွဲခေါ်သွားတဲ့ ကားမျိုးဖြစ်ပါတယ်။
ရုပ်ရှင်အညွှန်း - 7Day Daily

IMDB 7.5 ရထားတဲ့အချစ်ဇာတ်ကားဟာ ပြသချိန် 2h:34mins ကြာမြင့်ပါတယ်။ 706 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။


Download
706 MB
Sanam Teri Kasam (2016)


No comments:

Post a Comment