Sunday, June 5, 2016

The Maze Runner (2014)


ဒီကားကတော့ ဒီဘက်ခေတ် ဆယ်ကျော်သက် လူငယ် (Young Adult) တွေကို အဓိက ရည်ရွယ်ပြီး ရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။ ဒီနာမည်နဲ့ပဲ စာအုပ်ရှိပြီးတော့ စာအလုပ်ကလည်း YA တွေအတွက် ရေးထားတာဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ကမ္ဘာပျက်ပြီး နောက်ကာလမှ ကျန်ခဲ့တဲ့ လူတွေထဲက လူငယ်လေးတွေကို the Glade လို့ခေါ်တဲ့ ဥယျာဥ ထဲမှာ ထည့်ထားပြီး ပတ်ပတ်လည်မှာ တော့ Maze နဲ့ပိတ်ထားပါတယ်။ ဒီထဲကနေထွက်ဖို့ဆိုရင် Maze ကိုဖြတ်သွားရမှာဖြစ်ပြီး၊ Maze ထဲမှာ Grievers လို့ခေါ်တဲ့ စက်ရုပ်တွေရှိပြီး ဘယ်သူမှ ဒီကနေမလွတ်ဖူးသေးဘူးလို့လည်းဆိုပါတယ်။ ဒီလိုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီး က နေရောင်ခြည် လွန်ကဲမှုကြောင့် ပျက်ခဲ့ရပြီး၊ ကျန်နေခဲ့တဲ့ သူတွေကိုလည်း The Flare လို့ခေါ်တဲ့ Virus က ဒုက္ခပေးနေပါတယ်။ ဒီလူငယ်လေးတွေက Virus မဖြစ်တာကြောင့် သူတို့ ဘာလို့ ဒီလို ခံနိုင်ရည်ရှိတာလည်းဆိုတာ သိချင်လို့ စမ်းသပ်နေတာဖြစ်တယ်လို့သိရပါတယ်။

No Sex, No Nudity ပါ။ မိသားစုတူတူကြည့်နိုင်ပါတယ်။ အိမ်မှာပဲ အပျင်းပြေကြည့်ဖို့ကောင်းပါတယ်။ လူငယ်တွေက တော့ကြိုက်ကြမှာပါ။
#Sololay (ရုပ်ရှင်မိတ်ဆက်)

IMDB 6.8 ရှိထားတဲ့ ဇာတ်လမ်းဟာ 1h:53mins ကြာမြင့်ပါတယ်။ 520 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။





Download
520 MB
The Maze Runner (2014)

No comments:

Post a Comment