Tuesday, June 7, 2016

Tokarev a.k.a Rage (2014)


Paul Maguire ဟာ တချိန်က လူဆိုးကြီးတစ်ယောက်ဖြစ်ခဲ့ပြီး သူ့အဖော် Kane ၊ Danny တို့နဲ့အတူ ရုရှား မာဖီးယား ဂိုဏ်တစ်ဂိုဏ်းရဲ့ ငွေတွေကို အလစ်သုတ်ခဲ့ပါတယ်။ သူတို့ကတော့ အိုင်ယာလန်ဇာတိ မာဖီးယားဂိုဏ်းဝင်တွေ ဖြစ်တာကြောင့် သူတို့ရဲ့ ဂိုဏ်းနဲ့ ရုရှားဂိုဏ်းတို့ဟာ တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့ကြပြီး လူပေါင်းများစွာ သေခဲ့ပါတယ်။ သူတို့အလစ်သုတ်ခဲ့တဲ့ လက်ဆွဲသေတ္တာထဲမှာ ငွေတွေ အပြင် ရုရှားလုပ် Tokarev သေနတ်တစ်လက် ပါလာခဲ့ပါတယ်။ တိုက်ပွဲတွေကြားမှာ အသက်ရှင်ခဲ့ပြီးနောက် ငါးနှစ်ကြာသွားတဲ့ အခါမှာ Paul ၊ Kane နဲ့ Danny တို့ဟာ အဲဒီငွေတွေကို ခွဲယူပြီး ခြေရာဖျောက်သွားကြပါတယ်။

၁၇ နှစ် အကြာမှာတော့ Paul ဟာ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုကို ထူထောင်ထားပြီး လူချမ်းသာ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ ဘ၀ကိုလည်း လုံးဝ ပြောင်းလဲပစ်ခဲ့ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ သမီးငယ်လေးကို စောင့်ရှောက်နေခဲ့ပါတယ်။ အိမ်ထောင်သစ်လည်း ထူထောင်ခဲ့ပြီး အလွန်စွဲမက်ဖွယ် ကောင်းတဲ့ ဇနီးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဘော့စ်အဟောင်း O'Connell ကလည်း သူ့ကို ချမ်းသာပေးခဲ့ပြီး သူတို့တွေအားလုံးဟာ မိတ်ဆွေတွေအဖြစ် ဆက်လက်တည်ရှိနေခဲ့ပါတယ်။ Paul ဟာ သမီးဖြစ်တဲ့ Caitlin ကို စည်းကမ်းတင်းကြပ်ထားပြီး ပညာရေးကို အလေးပေးစေခဲ့ပါတယ်။

တစ်ရက်မှာတော့ Paul ဟာ ဇနီးဖြစ်သူနဲ့အတူ ညစာစားပွဲတစ်ခု တက်ရောက်ဖို့ ရှိပါတယ်။ ဒါကြောင့် သမီးကို သူ့သူငယ်ချင်းလည်းဖြစ်၊ တစ်ဦးနဲ့တစ်ဦး မျက်စိကျနေသူလည်း ဖြစ်တဲ့ Evan ဆိုတဲ့ ချာတိတ်လေးရယ်၊ နောက်သူငယ်ချင်းတစ်ဦးဖြစ်တဲ့ Mike ဆိုတဲ့ ချာတိတ်တစ်ယောက်ရယ်နဲ့ ထားခဲ့ပါတယ်။ ဒါပေမယ့် ည ၁၂ ကျော်တဲ့အခါမှာ သူ့ရဲ့ ညစာစားပွဲကို ရဲမှူးကြီး John ရောက်လာပါတယ်။ သူ့အိမ်ကို ဖောက်ထွင်းခံရပြီး သမီး Caitlin ပျောက်ဆုံးနေပါတယ်တဲ့။ အိမ်ထဲကို ရုရှားတွေ ကျူးကျော်ဝင်ရောက်လာပြီး ချာတိတ်နှစ်ယောက်ကို ထိုးကြိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ သိပ်မကြာခင်မှာ Caitlin ရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒီကိစ္စဟာ Paul ရဲ့ ရန်သူတော်ဟောင်း ရုရှားတွေ လုပ်တာ ဖြစ်မယ်လို့ ယူဆလိုက်ပါတယ်။
သူ့ရဲ့ ဘော့စ်ဟောင်း O'Connell က ဒီကိစ္စကြောင့် ရုရှားတွေနဲ့ ရင်ဆိုင်တွေ့ဖို့ မလိုဘူးလို့ Paul ကို သတိပေးပါတယ်။ ဒါပေမယ့် သမီးဇောကပ်နေတဲ့ Paul ဟာ ရုရှားမာဖီးယား ဂိုဏ်းခေါင်းဆောင် Chernov နဲ့ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

Nicolas Cage ခေါင်းဆောင်ပါဝင်ပြီး Rachel Nicholas ၊ Peter Stormare ၊ Danny Golver ၊ Max Ryan ၊ Michael McGrady နဲ့ Pasha D. Lychnikoff တို့ ပါဝင်ထားတဲ့ Tokarev ဆိုတဲ့ ဇာတ်ကားကို Rage လို့လည်း နာမည်ပေးထားပါသေးတယ်။ ဒါရိုက်တာ Paco Cabezas ရိုက်ကူးပြီး Hannibal Pictures က ထုတ်လုပ်ပါတယ်။ IMDb မှာ Rating 5  ရရှိထားပြီး အကြမ်းအရမ်း အခန်းတော်တော်များများ ပါဝင်တာကြောင့် အသက် ၁၈ နှစ်အောက်တွေ ကြည့်ဖို့ မသင့်တော်ပါဘူး။
Hollinaz (Movie Guide)

IMDB 5.0 ရထားတဲ့ ဇာတ်လမ်းဟာ 1h:32mins ကြာမြင့်ပါတယ်။ 452MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။



Download
452 MB
Tokarev a.k.a Rage (2014)



No comments:

Post a Comment