Wednesday, June 15, 2016

Warcraft: The Beginning (2016)


ဇွန်လ၁၀ရက်နေ့က ရုံတင်ပြီး တရုတ်နိုင်ငံမှာ ဝက်ဝက်ကွဲ အောက်မြင်မှုရနေတဲ့ ဂိမ်မာများအကြိုက်  Warcraft: The Beginning ကို မြန်မာစာတမ်းထိုး တင်ပေးလိုက်ပါပြီ။ ဘာသာပြန်သူ Flim2mm မှ admin R!B ဖြစ်ပါတယ်။ ဖိုင်ဆိုဒ်အသေးကို 451MB နဲ့ ဒေါင်းယူနိုင်ပါပြီ။

ဇာတ်လမ်းအကျဉ်း
Orc တွေနေထိုင်တဲ့ နယ်မြေဟာ ဆိုးရွားစွာပျက်စီးပြီး နေမရဖြစ်လာတဲ့အခါ Orc တွေရဲ့ Shaman ဖြစ်သူ Gul’dan ဟာ မှော်အတတ်နဲ့ portal ကိုဖွင့်ပြီး လူသားတွေနေထိုင်တဲ့ Azeroth Realm ကိုရောက်လာပါတယ်။ အင်မတန်ကြမ်းတမ်းခက်ထန်တဲ့ Black Hand ဆိုတဲ့စစ်သည်ရဲ့ အကူအညီနဲ့ Gul’dan ဟာ Horde လို့ခေါ်တဲ့ စစ်တပ်ကြီးကိုဖွဲ့စည်းပြီး Azeroth ကိုကျူးကျော်ဖို့လုပ်ပါတယ်။ လူတွေရဲ့ ဘုရင် Llane, စစ်သည်တော်ကြီး Anduin Lothar နဲ့ မှော်ဆရာကြီး Medivh တို့ပူးပေါင်းပြီး Horde တို့ရန်ကို ကာကွယ်ဖို့လုပ်ပါတယ်။ စစ်ပွဲတွေဖြစ်လာရင်းနဲ့မှ နှစ်ဖက်စလုံးဟာ လက်ရှိပြဿနာကို စစ်နဲ့ပဲဖြေရှင်းဖို့ ဟုတ်မဟုတ် မေးခွန်းထုတ်ဖို့ဖြစ်လာပါတော့တယ်။

အင်မတန်မှ အောင်မြင်ကျော်ကြားတဲ့ Blizzard ရဲ့ Warcraft ဂိမ်းတွေကိုအခြေခံပြီး ရုပ်ရှင်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါရိုက်တာ Duncan Jones ရိုက်ကူးပြီး Travis Fimmel, Ben Foster, Dominic Cooper စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ Atlas Entertainment, Legendary Pictures နဲ့ Blizzard Entertainment တို့က ထုတ်လုပ်ပါတယ်။ ကြာမြင့်ချိန် ၁၂၃ မိနစ် (၂ နာရီကျော်) ဖြစ်ပြီး PG-13 အဆင့်ရှိပါတယ်။ Warcraft ရုပ်ရှင်ကို ပြင်သစ်မှာ initial release လုပ်ခဲ့ပြီး အခုအချိန်မှာတော့ IMDB 8.1 နဲ့ Rotten Tomatoes 29% ရထားပါတယ်။

ရုပ်ရှင်အညွှန်း - ဓာတ်ရှင်


Warcraft: The Beginning (2016) 900 MB Large File

Download
900 MB
Warcraft: The Beginning (2016)


Warcraft: The Beginning (2016) 451 MB Small File

Download
451 MB
Warcraft: The Beginning (2016)


2 comments:

  1. SRT တင်​​ပေးပါလား။ရောင်း​ပေးပါလား။

    ReplyDelete
  2. Srt ချင်​လဲမလား

    ReplyDelete