Tuesday, June 14, 2016

Water for Elephants (2011)


မိဘတွေ ကွယ်လွန် သွားပြီး နောက်ပိုင်း နေစရာမရှိ စားစရာမရှိ ဘဝ ရောက်နေတဲ့ Jacob တစ်ယောက် ကံကောင်းပြီ circus အဖွဲ့ တစ်ခုမှာ အလုပ် ရခဲ့ပါတယ်။ Circus အဖွဲ့ရဲ့ ပိုင်ရှင် August ဟာ circus ထဲမှာ ရှိတဲ့ သူ့ရဲ့ အလုပ်သမား တွေကို အကြောင်းပြချက် မရှိပဲနဲ့ ဆူပူ ကြိမ်းမောင်း ရိုက်နှက် တတ်ပါတယ်။

August မှာ လှပ ကျော့ရှင်းတဲ့ Marlena ဆိုတဲ့ ဇနီးချော တစ်ယောက် ရှိပါတယ်။ Marlena ဆိုတာ circus အဖွဲ့ထဲမှာတော့ နာမည်ကြီး စူပါ တစ်ယောက်ပါ။ Jacob ဟာ circus ထဲမွာ Marlena နဲ့ အနေ နီးခဲ့ပြီး မထင်မှတ်ပဲ Marlena နဲ့ သံယောဇဉ် ဖြစ် ချစ်ကြိုက် မိပါတယ်။

Circus ပိုင်ရှင်ဖြစ်တဲ့ August ဟာ သူ့ရဲ့ ဇနီးချောနဲ့ Jacob တို့ရဲ့ ဇာတ်လမ်းကို သိသွားပြီး Jacob ကို သတ်ဖို့ ကြိုးစားခဲ့ ပေမယ့် ပါတ်ဝန်းကျင်မှာ လူတွေ များနေလို့ Jacob တစ်ယောက် သက်သာရာ ရပြီး ထွက်ပြေး တိမ်းရှောင် ခွင့်ရ ခဲ့ပါတယ်။ Jacob တစ်ယောက် လွတ်ရာကို ထွက်ပြေး တိမ်းရှောင် ခွင့် ရခဲ့ ပေမယ့်လဲ အချစ်ကြီးတဲ့ အတွက် Circus ထဲကို ဘယ်သူမှ မသိအောင် ပြန်လာပြီး Marlena ကို ရအောင် ခေါ်ထုတ်သွားပါတယ်။

August တစ်ယောက် နဂိုထဲက Jacob ကို သတ်ချင်နေ ပေမယ့် အခွင့်အရေး မပေးလို့ မသတ် ခဲ့ရပေမယ့် ဒီတစ်ကြိမ်မှာတော့ အလွတ်မပေးတော့ ပါဘူး။ August ကိုယ်တိုင် အပါ အဝင် August ရဲ့ တပည့်တွေနဲ့ပါ Jacob ရော Marlena ကိုပါ သတ်ဖို့ ကြိုးစားရင်း…

ဒါရိုက်တာ Francis Lawrence က best seller စာအုပ် တစ်အုပ် ဖြစ်တဲ့ Water For Elephants ကို 120 မိနစ် အရှည် ရှိတဲ့ Drama Romance ဇာတ်ကား အဖြစ် ရိုက်ကူးထားပြီး Reese Witherspoon, Robert Pattinson နဲ့ Christoph Waltz တို့က အဓိက ပါဝင် သရုပ်ဆောင် ထားပါတယ်။
ရုပ်ရှင်အညွှန်း - Movie Review

IMDB 6.9 ရရှိထားတဲ့ဇာတ်လမ်းဟာ 2h ကြာမြင့်ပါတယ်။ 530 MB နဲ့အောက်ကလင့်ခ်မှာ ဒေါင်းယူနိုင်ပါပြီ။



Download
530 MB
Water for Elephants (2011)


No comments:

Post a Comment