Thursday, June 9, 2016

X-Men: Apocalypse (2016)


လက်ရှိရုံတင်နေဆဲ X-Men Apocalypse ကို အကြည်လင်ဆုံး Cam Version နဲ့ မြန်မာစာတမ်းထိုး တင်ဆက်ပေးလိုက်ပါပြီ။ ဖိုင်ဆိုင်အကြီး 1GB နဲ့  ဖိုင်ဆိုင်အသေး 529 MB ဆိုပြီး နှစ်ခုတင်ပေးထားပါတယ်။ Flim2mm မှ Admin R!B မှ ကြိုးစားပန်းစား ဘာသာပြန်ဆိုပေးထားပါတယ်။

ဇာတ်လမ်း အကျဉ်းနှင့် အချက်အလက်များကိုတော့ X-Men fans Myanmar Facebook Fan Page မှ ကူးယူဖေါ်ပြလိုက်ပါတယ်။

Marvel comicsမှာပါတဲ့ X-Menဇာတ်ကောင်တွေအပေါ် အခြေခံထားတဲ့ ‪#‎Superhero‬ရုပ်ရှင်ဖြစ်ပါတယ်၊
X-Men: First Class (2011)နဲ့ X-Men: Days Of Future Past (2014)ရဲ့ အဆက်အဖြစ် ရည်ရွယ် ရိုက်ကူးထားတာဖြစ်ပီးတော့ X-Men film seriesရဲ့ ၉ကားမြောက်လည်း ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း ‪#‎Spoilers‬

3600 BC တုန်းက အီဂျစ်ပြည်မှာ ပထမဆုံးနဲ့ အစွမ်းဆုံးဖြစ်တဲ့ En Sabah Nurလို့ခေါ်တဲ့ ‪#‎Apocalypse‬ ကြီးက အုပ်ချုပ်ခဲ့ပါတယ်၊ သူ့ကို လက်အောက်ငယ်သားတချို့က သစ္စာဖောက်ပီးတော့ အရှင်လတ်လတ်ဂူသွင်း မလုပ်ကြံခင်အချိန်ထိပေါ့။ သူ့ရဲ့နောက်လိုက် 4 horsemenကတော့ သူ့ကိုကာကွယ်ရင်းနဲ့ သေခဲ့ပါတယ်။

1983မှာ ပြန်နိုးလာတဲ့အခါမှာတော့ လူသားတွေကို သူ့သြဇာလွှမ်းမိုးမှုက ပျောက်ဆုံးနေပါပီ၊ ဒါကြောင့်မို့ ကမ္ဘာကြီးကို ဖျက်ဆီးပီးတော့ သူ့အင်ပါယာကြီး ပြန်တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အရင်ဆုံး သူ့ရဲ့ နောက်လိုက် တပည့်၎ယောက်ကို စတင်စုစည်းပါတယ်။ ‪#‎Cairo‬ မြို့က ခါးပတ်နှိုက်သမား Ororo Munroe (ရာသီဥတုတွေကို ထိန်းနိုင်တဲ့ Mutant, ‪#‎Storm‬) ရဲ့ အစွမ်းကို #Apocalypse က အဆင့်မြှင့်ပေးပီးတော့ သူ့နောက်လိုက်အဖြစ်နေဖို့ စည်းရုံးခဲ့ပါတယ်။

‪#‎East_Berlin‬ မှာတော့ underground fight clubကို ‪#‎Mystique‬ က စုံစမ်းရင်းနဲ့...
‪#‎Angel‬ နဲ့ ‪#‎Nightcrawler‬ ကို တွေ့ခဲ့ပါတယ်၊ Kurt Wagner (#Nightcrawler)ကို ကယ်ခဲ့ပီးတော့ မှောင်ခိုဈေးသည် ‪#‎Caliban‬ ဆီမှာ အလုပ်လျှောက်ပေးခဲ့ပါတယ် (#Caliban ကို ဘေးကင်းကင်းနဲ့ ‪#‎US‬ ကို ပို့ပေးရမှာ ဖြစ်ပါတယ်။) ဒါပေမယ့် #Mystique က ‪#‎Magneto‬ ရဲ့သတင်းကြားပီးတော့ #Nightcrawler ကို ပြန်ခေါ်သွားပါတယ်။

#Apocalypse ကလဲ #Caliban ရဲ့ အစောင့် ‪#‎Psylocke‬ ကို သူ့ရဲ့နောက်လိုက်လုပ်ဖို့ သူမရဲ့အစွမ်းကို တိုးမြှင့်ပီးတော့ စည်းရုံးခဲ့ပါတယ်၊ သူမရဲ့လမ်းပြမှုကြောင့် #Angel နဲ့တွေ့ခဲ့ရပီးတော့ သူ့အတောင်ကိုလဲ သတ္ထုပြောင်းပေးပီးတော့ စည်းရုံးခဲ့ပါတယ်။

Alex Summers (‪#‎Havok‬)က သူ့ညီ Scott Summers (‪#‎Cyclops‬) mutationစပေါ်ပီးတော့ မျက်လုံးထဲကနေ ရောင်ခြည်တွေ ထွက်နေလို့ X-Mansionကို ခေါ်လာခဲ့ပါတယ်၊ Westchester County, ‪#‎New_York‬ မှာ တည်ရှိတာဖြစ်ပီးတော့ Xavier (‪#‎Professor_X‬) နဲ့ Hank McCoy (‪#‎Beast‬)တို့က အစွမ်းကို ဘယ်လိုထိန်းရမလဲဆိုတာ သင်ပေးမှာ ဖြစ်လို့ပါ။ ကျောင်းမှာ Scottက ‪#‎Jean_Grey‬ နဲ့ ဆုံခဲ့ပါတယ်။ Raven (#Mystique)ကလည်း Kurt (#Nightcrawler)ကို ကျောင်းခေါ်လာခဲ့ပါတယ်။

#Apocalypse ရဲ့အစွမ်းတွေက ကမ္ဘာတဝှမ်းကို အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။
ဒါကို သတိထားရိပ်မိသွားတဲ့ #Professor_X နဲ့ #Havok က #Apocalypse ဒဏ္ဍာရီကို သုသေတနလုပ်နေတဲ့ #CIA agent Moira MacTaggertနဲ့ ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။

#Poland မှာတော့ Erik Lehnsherr (#Magneto)က မိန်းမနဲ့ သမီးလေး Ninaနဲ့အတူ ဇာတ်မြှုပ်နေထိုင်နေပါတယ်။ သူရဲ့လုပ်ဖော်ကိုင်ဖက် ၁ယောက်ကို ကယ်ဖို့ သူ့အစွမ်း ထုတ်သုံးလိုက်လို့၊ သူဟာ Mutant ၁ယောက်ဖြစ်ကြောင်း သက်ဆိုင်ရာ အစိုးရကို ထိန်းသိမ်းပေးဖို့ အတိုင်ခံလိုက်ရပါတယ်။
သူ့ကိုလာဖမ်းတဲ့အချိန် သူ့မိသားစုက မတော်တဆ အသတ်ခံလိုက်ရတာကြောင့် သူကလဲ အရာရှိတွေကို ပြန်သတ်ပီးတော့ လက်စားချေခဲ့ပါတယ်။
#Apocalypse က ကြေကွဲနေတဲ့ #Magneto ကို #Auschwitz (#Magneto ပထမဆုံး အစွမ်းပေါ်ခဲ့တဲ့နေရာ) ခေါ်သွားခဲ့ပါတယ်၊#Apocalypse က #Magneto ရဲ့ အစွမ်းကို မြှင့်ပေးခဲ့ပါတယ်၊
#Magneto က စခန်း၁ခုလုံးကို ဖျက်စီးခဲ့ပီးတော့ #Apocalypse နဲ့ ပူးပေါင်းခဲ့ပါတယ်။

#Professor_X က #Cerebro သုံးနေတဲ့အချိန်မှာ #Apocalypse က သူ့ရဲ့ စိတ်ထဲကို hackဝင်ခဲ့ပီးတော့ ကမ္ဘာတဝှမ်းက Nuclear လက်နက်တွေအားလုံးကို ကမ္ဘာ့ အပြင်ကို လွှတ်ပစ်ဖို့ အမိန့်ပေးခိုင်းခဲ့ပါတယ်၊ (သူ့ကို အစိုးရက တိုက်ခိုက်ခြင်းမှ ကာကွယ်ဖို့ပါ)
#Apocalypse နဲ့ 4 horsemenက X-Mansionကို ရောက်လာပီးတော့ #Professor_X ကို ဖမ်းခေါ်သွားခဲ့ပါတယ်။သူတို့ကို တာဆီးဖို့အတွက် Alex (#Havok)က စွမ်းအင်နဲ့ ထုတ်ပစ်ခဲ့လို့ အင်ဂျင်ပါဝါ (သေချာမသိ😁)ကို ထိမှန်ပီိးတော့ ပေါက်ကွဲခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ #Speedster ဖြစ်တဲ့ Peter Maximoff (#Quicksilver)ကလည်း သူက #Magneto ရဲ့သားဖြစ်ကြောင်း သိလို့ Xavierက သူ့အဖေကို ကူရှာပေးနိုင်မယ်ဆိုပီးတော့ ပေါက်ကွဲမှု စတင်တော့မယ့် X-Mansionကို ရောက်လာပီးတော့ အကုန်လုံးကို ကယ်ခဲ့ပါတယ်၊ ဒါပေမယ့် Alex (#Havok)က ပေါက်ကွဲမှုနဲ့ အနီးဆုံးဖြစ်လို့ သေပီလို့ယူဆရပါတယ် :'(
ပီးတော့လဲ #Quicksilver ရောက်ကတည်းက သူ့တို့မတွေ့လိုက်ရပါဘူး။
မကြာခင်မှာပဲ ဗိုလ်ကြီး William Strykerရောက်လာပီးတော့ #Beast, #Mystique, #Quicksilver, #Moira တို့ကို မေးမြန်း စစ်ဆေးဖို့ #Alkali lake (ထင်တာပဲ😁)ကို ဖမ်းခေါ်သွားခဲ့ပါတယ်။ #Cyclops, #Jean, #Nightcrawler တို့က နောက်ယောင်ခံလိုက်ပီးတော့ ပြန်ကယ်ခဲ့တဲ့အပြင် Strykerရဲ့ ထိန်းချုပ်ခြင်း ခံထားရပီး၊ brainwash လုပ်ခံထားရတဲ့ Weapon X (#Wolverine)ကို သူ့ရဲ့ မှတ်ဉာဏ်တချို့ ပြန်ရအောင် လုပ်ပေးခဲ့ပါတယ်။

#Apocalypse ကြီး ကောင်းချီးပေးထားတဲ့ အစွမ်းကြောင့် 😁
#Magneto က ကမ္ဘာ့ သံလိုက်ဝင်ရိုးကို သုံးပီးတော့ ကမ္ဘာတဝှမ်းက အဆောက်အဦးတွေကို ဖျက်ဆီးနေပါတယ်၊ #Apocalypse ရဲ့ အစီအစဉ်က သူ့ရဲ့အသိစိတ်ကို #Professor_X ရဲ့ ခန္တာကိုယ်ထဲကို ပြောင်းမှာပါ၊ (#Professor_X ရဲ့အစွမ်းလိုချင်လို့ပါ) ပီးရင် #Professor_X ရဲ့ စိတ်စွမ်းအား telepathyကို သုံးပီးတော့ ၁ကမ္ဘာလုံးက #Mutants တွေကို သူ့ရဲ့စစ်တပ်မှာ စုဆောင်း အုပ်ချုပ်မှာပါ။
Xavierက #Apocalypse မသိအောင် Jeanဆီကို "#Cairo မှာ သူ့ကိုလာကယ်ဖို့နဲ့၊ #Apocalypse နဲ့ သူတပည့်တွေကို လာချဖို့" လျို့ဝှက် ပြောကြားခဲ့ပါတယ်၊ Jeanတို့အဖွဲ့က Xavierကို အချိန်မှီ ကယ်နိုင်ခဲ့ပေမယ့် သူ့ဆံပင်ကိုတော့ ဆုံးရှူံးခဲ့ရပါတယ် (ဂတုံးဖြစ်သွားတာ😁)
4 horsemen ၁ယောက်ဖြစ်တဲ့ #Angel က ရှူံးနိမ့်ခဲ့ရပီးတော့ သူတို့ အကြီးစား battleဆိုင်ချိန်မှာ မပါခဲ့ရပါဘူး၊ Erik (#Mageto)နဲ့ Ororo (#Storm)တို့က သူ့တို့ယုံကြည်ချက်အတိုင်း #Apocalypse လက်အောက်နေထွက်ပီးတော့ X-Menတွေဘက်က ကူချပေးခဲ့ကြပါတယ်၊ Xavierကလည်း #Apocalypse နဲ့ စိတ်ထဲက #Astral_plane မှာ ပြိုင်ချနေပါတယ်၊ မနိုင်တော့တဲ့အဆုံးမှာတော့ Xavierက စစ်ကူအနေနဲ့ #Jean ကို ထိန်းချုပ်ထားတဲ့ သူမရဲ့ #Phoenix အစွမ်းကို ထုတ်သုံးဖို့ စိတ်တံခါးဖွင့်ပေးခဲ့ပါတယ်၊ #Apocalypse ပြာကျ ဖျက်ဆီးခံလိုက်ရပါတယ်။ #Psylocke ကတော့ X-Menကို ပြိုင်မချတော့ပဲ ရှောင်ထွက်သွားခဲ့ပါတယ်။

တိုက်ပွဲအပီးမှာတော့ Xavierက Moiraကို X-Men: First Class (2011) 1962sတုန်းက သူမရဲ့ မှတ်ဉာဏ်တွေကို ပြန်ဖော်ပေးခဲ့ပါတယ်၊ #Magneto နဲ့ #Jean က ကျောင်းကို ပြန်ဆောက်ပေးခဲ့ကြပါတယ်၊
Xavierက Erik (#Magneto)ကို ကျောင်းမှာ နေပီးတော့ စာသင်ခိုင်းပေမယ့် ငြင်းခဲ့ပါတယ်၊
#Beast နဲ့ #Mystique က #Cyclops, #Jean, #Storm, #Nightcrawler, #Quicksilver ဆ
တို့ကို #Danger_Room လေ့ကျင့်ရေးခန်းမှာ 1973sက Sentinelsလိုပုံစံ စက်ရုပ်တွေနဲ့ လေ့ကျင့်ခိုင်းရင်းနဲ့ ဇာတ်လမ်းအဆုံးသတ်ထားပါတယ်။

ဒါပေမယ့် စာတန်းထိုးအပီးမှာ after-credits-sceneပါ,ပါသေးတယ်၊
ဖယိုဖရဲဖြစ်နေတဲ့ Strykerရဲ့ Weapon X စခန်းကို လူတချို့ရောက်လာပါတယ်၊ Mutants သုတေသနခန်းက ဓာတ်မှန်နဲ့ Weapon X (#Wolverine)ရဲ့ သွေးနမူနာကို လာယူတာပါ၊
("Essex Corporation" ကိုယ်စားပြု လာယူတာပါ)
သူ့သေတ္တာမှာ "Essex Corporation"လို့ ရေးထားပါတယ်။
+++++++++++++++++++++++++++

ဒီဇာတ်ကားအတွက် #Budget $234 millionကို သုံးစွဲထားပါတယ်၊
ပြသချိန်က 144 minutes (2hrs 24mins) ကြာမြင့်မှာ ဖြစ်ပီးတော့

X-Men (2000), X2: X-Men United (2003), X-Men: First Class (2011), X-Men: Days of Future Past (2014) တို့ရဲ့ #Director Bryan Singerကပဲ ရိုက်ကူးထားတာ ဖြစ်ပါတယ်၊

ဒီကားမှာ ပါဝင်မယ့် သရုပ်ဆောင်တွေကတော့ -
James McAvoy (#Professor X)
Michael Fassbender (#Magneto)
Jennifer Lawrence (#Mystique)
Oscar Isaac (#Apocalypse)
Nicholas Hoult (#Beast)
Rose Byrne (#CIA agent Moira Mactaggert)
Tye Sheridan (#Cyclops)
Sophie Turner (#Jean_Grey)
Olivia Munn (#Psylocke)
Lucas Till (#Havok)
Evan Peters (#Quicksilver)
Kodi Smit-McPhee (#Nightcrawler)
Alexandra Shipp (#Storm)
Ben Hardy (#Angel/ #Archangel)
Lana Condor (#Jubilee)
Josh Helman (#William_Stryker)
Tómas Lemarquis (#Caliban)
တို့ ဖြစ်ပီးတော့...

Hugh Jackman (#Wolverine)ကလည်း ပါဝင်ထားပါတယ်၊

ခရက်ဒစ် - X-Men fans Myanmar Fan Page




X-Men: Apocalypse (2016) 1 GB Large File

Download
1 GB
X-Men: Apocalypse (2016)


X-Men: Apocalypse (2016) 529 MB Small File

Download
529 MB
X-Men: Apocalypse (2016)

No comments:

Post a Comment