Friday, July 1, 2016

Holiday (2014)


အလုပ်တွေနားကြတဲ့ အားလပ်ရက်မှာ Holiday ဆိုတဲ့ အိန္ဒိယ အချစ်အက်ရှင်ဇာတ်ကြမ်းကို တင်ပေးလိုက်ပါတယ်။ ဗီရတ်ဆိုတဲ့စစ်သားတယောက်ဟာ အားလပ်ရက်အဖြစ် အိမ်ကိုအလည်ပြန်ရင်းနဲ့ သူ့အိမ်က မိန်းမပေးစားဖို့ ဆိုက်ဘာဆိုတဲ့ကောင်မလေးတယောက်နဲ့ စပ်ပေးပါတယ်။ အဲ့ဒီမှာ သူတို့နှစ်ယောက် ကြိုက်သလိုလို မကြိုက်ကြသလိုလိုနဲ့ အီစီကလီတွေဖြစ်နေကြတုန်းမှာ ဗီရတ်အနေနဲ့ အရေးကြီးတဲ့ ကိစ္စကြီးတခုနဲ့ ပါတ်သတ်ရပါတော့တယ်။ တရက်မျာ ကလေးတွေစီးလာတဲ့ကားကို ဗုံးခွဲတဲ့ အကြမ်းဖက်သမားကို ဖမ်းမိရာကနေ အဲ့ဒီအကြမ်းဖက်သမားကနေတဆင့် တခြားသောအကြမ်းဖက်သမားတွေကို ဗီရတ်နဲ့ သူ့သူငယ်ချင်းစစ်သားတွေက အသေပစ်သတ်ခဲ့ပါတယ်။ တကယ်တမ်းတော့ ဗီရတ်ဟာ ရိုးရိုးစစ်သားမဟုတ်ပဲ အစိုးရရဲ့ ထောက်လှမ်းရေး အေဂျင်စီတယောက်ဖြစ်ပါတယ်။ သူတို့ပစ်သတ်ခဲ့တဲ့ သူတဦးဟာ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ရဲ့ အစ်ကိုဖြစ်နေပါတယ်။ အင်မတန်ပါးနပ်တဲ့ အကြမ်းဖက်ခေါင်းဆောင်ဟာ လက်စားချေဖို့ ဗီရတ်ကိုရှာဖွေပါတော့တယ်။ ထက်မြက်ပြီးတိုက်ရည်ခိုက်ရည်တော်တဲ့ ဗီရတ်အနေနဲလည်း ခေါင်းဆောင်ဖို့ဖမ်းဖို့ အကွက်ဆင်ထားတာကြောင့် ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့......

IMDB 7.5 ရထားတဲ့ ဇာတ်ကားဟာ 2h:50mins ကြာမြင့်ပါတယ်။ ကွာလတီကောင်းကောင်းနဲ့ ကြည့်ဖို့အတွက် 1GB နဲ့ တင်ပေးလိုက်ပါပြီ။




Download
1 GB
Holiday (2014)

No comments:

Post a Comment