Tuesday, July 5, 2016

Kill the Messenger (2014)


ဒီနေ့အတွက်တော့ ဇာတ်လမ်းဟောင်းတွေထဲက ကားကောင်းတစ်ကားနဲ့ ရွေးချယ်မိတ်ဆက်ချင်ပါတယ်။ ၂၀၁၄ ထဲမှာ ထွက်ခဲ့တဲ့ ဒီကားက ဒီမှာရုံမတင်ခဲ့ပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ Kill The Messenger ဆိုတဲ့ ဒီကားက အမေရိကန်အစိုးရရဲ့ မူးယစ်ဆေးဝါးပြဿနာမှာ ပါဝင်ပတ်သက်နေမှုကို မီးမောင်းထိုးဖော်ထုတ်တဲ့ သတင်းထောက်တစ်ယောက်ရဲ့ အကြောင်းဖြစ်ပါတယ်။

ဂယ်ရီဝဘ်ဆိုတဲ့ သတင်းထောက်က မူးယစ်ဆေးဝါးနဲ့ ပတ် သက်တဲ့ အကြောင်းအရာတွေကို တစိုက်မတ်မတ် ရေးသားခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အမေရိကာားမှာရှိတဲ့ မူးယစ်ရာဇာတွေနဲ့ သူတို့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ၊ ဈေးကွက်တွေကိုပါ နှံ့နှံ့စပ်စပ်သိရှိထားသူလည်းဖြစ်ပါတယ်။ တစ်ရက်တော့ မူးယစ်ဆေးမှုနဲ့ တရားစွဲဆိုခံထားရတဲ့ လူဆိုးတစ်ဦးရဲ့ အမျိုးသမီးက သူ့ကိုစိတ်ဝင်စားစရာကောင်းတဲ့ အစိုးရလျှို့ဝှက်ချက်ဖိုင်တစ်ခုနဲ့ ချဉ်းကပ်လာပါတယ်။ အဲဒီဖိုင်မှာ အစိုးရရဲ့ရှေ့နေနဲ့ အခြားသော အရာရှိတွေ မူးယစ်ဆေးရောင်းဝယ်ရေးတွေနဲ့ ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတွေ ဖြစ်ပါတယ်။

ဒီအချက်အလက်တွေကိုရခဲ့တဲ့ ဂယ်ရီဝဘ်က ဒီဖြစ်ရပ်နောက် က အစိုးရရဲ့ အရှုပ်တော်ပုံတွေကို သိရဖို့ရသမျှ သတင်းအစအန တွေနောက်လိုက်ပါတော့တယ်။ နိုင်ငံတစ်ဝန်းက မူးယစ်ဆေး ရောင်းဝယ်တဲ့ ဈေးကွက်တွေ၊ အကျဉ်းကျခံရတဲ့ မူးယစ်ရာဇာ တွေကိုကင်းသိုလှောင်တဲ့ နေရာတွေကို လိုက်ပြီး စုံစမ်းပြီးတဲ့အခါ မှာတော့ ဒီဖြစ်ရပ်တစ်ခုလုံးမှာ CIA က အဓိကဖြန့်ဖြူးရောင်းချခဲ့ သူဆိုတာ သိလိုက်ရပါတယ်။

ဒီသတင်းကို သူလုပ်နေတဲ့ San Jose Mercury ဆိုတဲ့ မထင် မရှားသတင်းစာလေးမှာ ဖော်ပြပြီးတဲ့ နောက်မှာတော့အစိုးရ အဖွဲ့နဲ့ ပြည်သူတွေကြားမှာ အုတ်အော်သောင်းတင်းဖြစ်သွားပါတော့တယ်။ ဒါ့အပြင် အမေရိကမှာရှိတဲ့ အဖွဲ့အစည်းတွေကလည်း ဒီဖြစ်ရပ်ကို အမြန်ဖော်ထုတ်အရေးယူဖို့ဖိအားပေးမှုတွေ ဖြစ်လာပါတယ်။ CIA လိုအဖွဲ့မျိုးကို သတင်းဖော်ထုတ်ရေးသားတဲ့ ဂယ်ရီဝဘ်အတွက်လည်း ဖိအားတွေ၊ ခြိမ်းခြောက်မှုတွေ ဖြစ်လာပါတယ်။ ဒီဇာတ်ကားက တကယ့်ဖြစ်ရပ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ နောက်ဆက်တွဲ ဇာတ်လမ်းကိုတော့ ကိုယ်တိုင်ခံစားကြည့်ပါဦး။

ရုပ်ရှင်အညွှန်း - 7Daily

IMDB 7.0 ရထားတဲ့ဇာတ်ကားဟာ 1h:52mins ကြာမြင့်ပါတယ်။ 516MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။




Download
516819 MB
Kill the Messenger (2014)


No comments:

Post a Comment