Thursday, July 28, 2016

Kung Fu Jungle (2014)


Hahou Mo ဟာ သိုင်းပညာသင်ကြားပြသပေးနေတဲ့ ဆရာတစ်ယောက်ဖြစ်ပြီိး လူတစ်ယောက်ကို မတော်တဆသတ်လိုက်မိတဲ့အတွက်ကြောင့် ထောင်ကျနေသူတစ်ယောက်ပါ။ တစ်ရက်တော့ ထောင်ထဲမှာ TV ကြည့်နေတုန်း လူတစ်ယောက်သတ်ခံလိုက်ရတဲ့သတင်းကို ကြားလိုက်မိပါတော့တယ်။ သူဟာ ထိုလူသတ်မှုအကြောင်းကို သိပြီး ထိုအမှုကို စုံစမ်းနေတဲ့ စုံထောက် Luk Yuen-Sum ကို သူ ကူညီပေးမယ်လို့ ဆိုလိုက်ပါတယ်။ kung fu jungle 1 Fung Yu-Sau ဟာ သိုင်းပညာကို ကျွမ်းကျင်စွာ တတ်မြောက်တတ်သူတစ်ယောက်ဖြစ်ပြီး သိုင်းပညာရှင်တွေထဲမှာမှ နံပါတ် ၁ ဖြစ်ချင်နေသူဖြစ်ပြီး သူ့ရဲ့ စိတ်ရူးကြောင့် တခြားသိုင်းပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားသူတွေကို ယှဉ်ပြိုင်ပြီး ရက်စက်စွာ သတ်ဖြတ်နေပါတော့တယ်။ Hahou Mo နဲ့ စုံထောက် Luk Yuen-Sum တို့ဟာ လူသတ်သမားကို ရှာဖွေနေသော်လည်း မဖမ်းဆီးနိုင်သးဘူးဖြစ်နေပါတော့တယ်။ ထိုအတော်အတွင်း Hahou Mo မှာ ဇာတိမြေကို ပြန်ရောက်သွားပြီး ထိုမှတစ်ဆင့် လူသတ်သမား Fung Yu-Sau အကြောင်း အနည်းငယ်စုံစမ်းမိပါတော့တယ်။ kung fu jungle 2 Fung Yu-Sau ရဲ့ အိမ်ကို စုံထောက် Luk Yuen-Sum တို့ဝင်ရောက်ရှာဖွေရာမှတစ်ဆင့် ထိုနေ့ဟာ Fung Yu-Sau ရဲ့ ဇနီးဆုံးတာ နှစ်ပတ်လည်နေ့ဖြစ်မှန်း ရိပ်မိပြီး စောင့်ဖမ်းဖို့ ကြံစည်ပါတော့တယ်။ တကယ်တမ်းလက်တွေ့မှာတော့ Fung Yu-Sau ရဲ့ သိုင်းပညာကျွမ်းကျင်မှုနဲ့ အတူ Hahou Mo ရဲ့ မသင်္ကာဖွယ် အပြုအမှုတစ်ချို့ကြောင့် အလွဲလွဲချော်ချော်ဖြစ်ကာ စုံထောက် Luk Yuen-Sum တို့ အဖွဲ့ပဲ ဒဏ်ရာအများအပြားရကာ ကျန်ရစ်ခဲ့ပါတော့တယ်။ တကယ်တော့ Fung Yu-Sau နဲ့ Hahou Mo ဟာ ထိုလူသတ်မှုဖြစ်ရက်တွေမတိုင်ခင်က တစ်ခေါက်တွေ့ဆုံထားဖူးခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ လျို့ဝှက်ချက်က ဘာဖြစ်မလည်း . . . . . kung fu jungle 3 အက်ရှင်သိုင်းကား ကြိုက်နှစ်သက်တဲ့သူတွေ အကြိုက်တွေ့မယ့် ဇာတ်ကားလေးဖြစ်ပြီး အထူးသဖြင့် ဖိုက်တင်ခန်းတွေက ပိုပြီး ရန်ခုန်စိတ်လှုပ်ရှားဖွယ် ပေးစွမ်းနိုင်မှာပါ။ တချို့အခန်းတွေတော့ အနည်းငယ်ရက်စက်တယ်လို့ထင်ရပြီး အခန်းအများစုကတော့ ကြည့်လို့အဆင်ပြေမှာပါ။ ဒါရိုက်တာ Teddy Chan က အကောင်းဆုံး ရိုက်ကူးတင်ဆက်ထားပြီး Ip Man ရုပ်ရှင်ဇာတ်ကားမှ Donnie Yen, Charlie Yeung, Baoqiang Wang တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ရုပ်ရှင်အညွှန်း - MM Movie Guide 

IMDB 6.5 ရထားတဲ့ ဇာတ်ကားဟာ 1h:40mins ကြာမြင့်ပါတယ်။ 454 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူနိုင်ပါပြီ။

Download
454 MB
Kung Fu Jungle (2014)

No comments:

Post a Comment