Saturday, July 2, 2016

Luck (2009)


ဆရာကြီး မူဆာဖါဟာ အခက်အခဲဆုံးပြိုင်ပွဲတွေကို ယှဉ်ပြိုင်ပြီး ကံအကောင်းဆုံး ဘုရင်ဘွဲ့ကိုရရှိထားသူပါ။ လောင်းကြေးပိုက်ဆံတွေနဲ့ ဘောစိဖြစ်နေတဲ့ မူဆာဖါဟာ တကမ္ဘာလုံး လောင်းကြေးတွေနဲ့ ကံအကောင်းသူ ပြိုင်ပွဲကို ကျဉ်းပဖို့ ကံကောင်းတဲ့သူတွေ ရှာဖွေစုဆောင်းရေးကို လုပ်ဆောင်ပါတော့တယ်။ 

အဖေသေပြီး မိသားစုငွေရေးကြေးရေးအခက်အခဲဖြစ်နေတဲ့ ရာမ်ဆိုတဲ့ကောင်လေးတယောက်ဟာ ပိုက်ဆံအရေးတကြီးလိုအပ်နေပါတယ်။ မူဆာဖါရဲ့တပည့် သာမာန်းက ရာမ်ကိုစည်းရုံးသိမ်းသွင်းပြီး ကံကောင်းမကောင်းစမ်းသပ်ပါတော့တယ်။ ငယ်ငယ်ကတည်းက သေကံမရောက်သက်မပျောက်ခဲ့တဲ့ ရာမ်ဟာ သာမာန်ရဲ့ စမ်းသပ်မှုတွေကို အကုန်အောင်မြင်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ မူဆာဖါကျင်းကြီးမှူးကျင်းပတဲ့ ကမ္ဘာ့ကံအကောင်းဆုံးသူတွေစုပြီး ပြိုင်ကြတဲ့ ကံအကောင်းဆုံးလူ ပြိုင်ပွဲကို ရာမ်အနေနဲ့ ပါဝင်ယှဉ်ပြိုင်ပါတော့တယ်။ ပြိုင်ပွဲဝင်ထဲက နာတာရှာဆိုတဲ့   ကောင်မလေးချောချောလေး (တကယ်လန်းတာနော်)ကိုလည်း ဖွန်ကြောင်ရင်းနဲ့ ရာမ်အနေနဲ့ ပြိုင်ပွဲနောက်ဆုံးအထိဘယ်လိုယှဉ်ပြိုင်မလဲဆိုတာကိုတော့...

IMDB 4.7 ရထားတဲ့ဇာတ်ကားဟာ 2h:21min ကြာမြင့်ပါတယ်။ 1 GB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ကြပါပြီ။



Download
1 GB
Luck (2009)

No comments:

Post a Comment