Sunday, August 28, 2016

Airlift (2016)


ဒီနေ့အတွက်တော့ အိန္ဒိယ ဇာတ်ကားကောင်းတွေထဲက မ ဖော်ပြရသေးဘဲ ကျန်နေတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ အက်ရှင်ဇာတ် ကားကောင်းတွေအပြင် ဟာသ တွေ၊ ဒရာမာဇာတ်လမ်းကောင်း တွေနဲ့ ပြည်တွင်းပရိသတ်သိတဲ့ ဘောလိဝုဒ်မင်းသား အရှေးကူ မားရဲ့ ဇာတ်ကားကောင်းတစ် ကားဖြစ်ပါတယ်။

ဒီဇာတ်ကားက ၁၉၉၀ က ကူဝိတ်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ စစ် ပွဲအတွင်း အဲဒီနိုင်ငံမှာ ရောက်ရှိ နေတဲ့ အိန္ဒိယနိုင်ငံသားတွေရဲ့ အ ကြောင်း ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံသားတစ်ဦးဖြစ်တဲ့ ရန်ဂျစ်က ကူဝိတ်မှာ မိသားစုနဲ့ အခြေချနေတဲ့ စီးပွားရေးသမား တစ်ယောက်ဖြစ်ပါတယ်။ သူ့လိုပဲ ကူဝိတ်နိုင်ငံမှာ ရောက်နေတဲ့ အိန္ဒိယနိုင်ငံသားအရေအတွက် သိန်းချီရှိပါတယ်။

ဆက်ဒမ်ဟူစိန် အုပ်စိုးချိန်ကာလ အီရတ်နိုင်ငံက ကူဝိတ်ကို ကျူးကျော်တိုက်ခိုက်တဲ့အချိန်မှာ ကူဝိတ်နိုင်ငံသားတွေအပြင် အဲဒီနိုင်ငံမှာရှိတဲ့ အိန္ဒိယနိုင်ငံသား အမြောက်အမြား ဖမ်းဆီးသတ်ဖြတ်ခံရပါတယ်။

ကူဝိတ်မှာရှိတဲ့ လူ ချမ်းသာတွေရဲ့ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို အီရတ် စစ်သားတွေက ဖျက်ဆီးပစ်ရုံမက အသက်ကိုပါ ရန်ရှာတာတွေ အထိ ရှိပါတယ်။

ဒီပြဿနာတွေကြားထဲမှာ ရန်ဂျစ်တို့မိသားစုလည်း ရန်မူခံရပြီး ရန်ဂျစ်က သူ့မိသားစုဘေး ကင်းကင်းနဲ့ အမိမြေကို ပြန်ဖို့ကြိုး စားနေတုန်းမှာပဲထောင်ပေါင်းများစွာရှိတဲ့ တခြားသောအိန္ဒိယနိုင်ငံသားတွေကိုပါ ကူညီကယ်တင်ဖို့ ဖြစ်လာပါတယ်။ အိန္ဒိယမှာရှိတဲ့ သံရုံးတစ်ဖွဲ့လုံးကကူဝိတ်ကို စွန့်ခွာဖို့ ကြိုးစားနေတုန်းမှာပဲ ရန်ဂျစ်က အိန္ဒိယနိုင်ငံသားတွေ ဘေးကင်းကင်းနဲ့ အိမ်ပြန်ခွင့်ရဖို့ ကြိုးပမ်းတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
 ရုပ်ရှင်အညွှန်း - 7DayDaily

Download
1 GB
LargeSize
Download
473 MB
StandardSize

4 comments:

  1. link တွေ ဖျက်ဖျက်နေတယ် ဆ၇ာသမားေ၇ စေတနာေ၇ှ့ထားပြီး ပြန်ကြည့်ပေးပါဦး

    ReplyDelete
  2. link ပျက်တာမဟုတ်ဘူးဗျ၊ ကြည့်တဲ့သူများတာ၊ ကိုယ့်ဆီမှာ pcloud account ရှိရင် ဒေါင်းလို့ရတယ်။

    ReplyDelete
  3. ဆရာသမား​ရေ pcloud accountရှိလည်း ​ဒေါင်းမရဘူး

    ReplyDelete
  4. pcloud အကောင့်က အခု ၁၀၀ လောက်၇ှိတယ် ဒီဇာတ်ကားတွေ ဒေါင်းလာတာ ၅ နစ်လောက် ၇ှိပြီ

    ReplyDelete