Monday, August 22, 2016

Senior : Run Phee (2015)


ဒီဇာတ်ကားနဲ့ ပါတ်သတ်လို့ ပထမဆုံးညွှန်းချင်တာကတော့ မင်းသမီးလေးပါပဲ။ Jannine Weigel ကို YouTube မှာ ကာဗာသီချင်းတဲ့ ဂျာမန်-ထိုင်းကပြားမလေးအဖြစ်သိခဲ့ပါတယ်။ Cover Song အများအပြားကိုလည်း သူ့ရဲ့ YouTube Channel မှာ ကြည့်ရှုနိုင်ပါတယ်။ ငယ်ငယ်ချောချော ၊ အသံကောင်းကောင်း ကောင်မလေးဆိုတော့ လူစိတ်ဝင်စားမှုတော်တော်များခဲ့ပါတယ်။ 2015 မှာတော့ ရုပ်ရှင် နှစ်ကား ရိုက်ပါတယ်။ ယခုတင်ထားတဲ့ Senior ဆိုတဲ့ဇာတ်ကားဟာ သူမရဲ့ ဒုတိယမြောက်ဇာတ်လမ်းပဲ ဖြစ်ပြီး ယခုမှ အသက် ၁၆နှစ်ပဲရှိပါသေးတယ်။ ကျွန်တော်ပထမဆုံး ကြည့်ဖူးတဲ့ သူ့ရဲ့ CoverSong ဖြစ်တဲ့ Titanium ကို အရင်ကြည့်လိုက်ရင် ဒီဇာတ်ကားကို ကြည့်ချင်စိတ်တွေ ပိုလာပါလိမ့်မယ်။ မင်းသားကိုတော့ စိတ်ကိုမဝင်စားလို့ မညွှန်းတော့ပါဘူး.. :P


ဇာတ်လမ်းအကျဉ်းကိုပြောရင် မင်းသမီးလေးဟာ အထက်တန်းကျောင်းသူတယောက်ဖြစ်ပြီး မိန်းခလေးကျောင်းမှာ ကျောင်းအိပ်ကျောင်းစားဖြစ်ပါတယ်။ သူမဟာ ငယ်ငယ်တုန်းက ကားမတော်တဆဖြစ်ခဲ့ပြီးနောက်ပိုင်း ဝိညာဉ်တွေမမြင်ရပေမယ့် အနဲ့အာရုံရှိသူဖြစ်ပါတယ်။ တရက်မှာ အဲ့ဒီကျောင်းက ဝိညာဉ်ကောင်းလေးတယောက်ပေါ်လာပြီး သူ့ကိုဆက်သွယ် အကူအညီတောင်းပါတော့တယ်။ သူတောင်းတဲ့အကူအညီကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀တုန်းက ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုကို စုံစမ်းပေးဖို့ပါပဲ။ နုနုနယ်နယ်ကောင်းမလေးတယောက်အနေနဲ့ ဝိညာဉ်ကောင်လေးကို ဘယ်လိုကူညီမလဲဆိုတာကိုတော့....

IMDB 6.4 အထိရထားတဲ့ ထိုင်းဇာတ်မြူးသရဲကားဟာ 1h:44mins ကြာမြင့်ပါတယ်။ မိမိနှစ်သက်ရာ ဖိုင်ကို ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။

Download
777 MB
LargeSize
Download
389 MB
StandardSize

2 comments:

  1. F2အဖွဲ့ ကိုကျေးဇူးတင်ပါသည်..ဆက်လက်အားပေးနေပါတယ်...

    ReplyDelete
  2. Great post I must say and thanks for the information. Education is definitely a sticky subject. However, is still among the leading topics of our time. I appreciate your post and look forward to more.  Click Here

    ReplyDelete