Friday, September 9, 2016

Rustom (2016)


ဟောလိဝုဒ်ကားတွေ အကြောင်း ပဲဖော်ပြနေရတာကြာပြီမို့ ဒီနေ့ တော့ ဘောလိဝုဒ်သည်းထိတ်ရင် ဖို မှုခင်းဇာတ်ကားသစ်လေးကို ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါ တယ်။ ဇာတ်လမ်းက ရေတပ်ဗိုလ် မှူးကြီး ကေအမ်နာနာဗာတီနဲ့ စီးပွားရေးလုပ်ငန်းရှင် ပရမ်အဟူ ဂျာတို့ရဲ့ ဖြစ်ရပ်မှန်အကြောင်း အရာတွေကို ရိုက်ကူးတင်ဆက် ထားတာ ဖြစ်ပါတယ်။

၁၉၅၀ ပြည့်နှစ်ကာလက အိန္ဒိယရေတပ်အရာရှိ ရပ်စတမ် ပပါဗရီဟာ စင်သီယာဆိုတဲ့ အမျိုး သမီးနဲ့ လက်ထပ်ခဲ့ပြီး တစ်ရက် မှာတော့ ဇနီးက သူ့သူငယ်ချင်း ဖြစ်တဲ့ ဗီကရမ်မာခီဂျာနဲ့ ဇာတ် လမ်းတွေ ရှုပ်နေတာ သိသွားပြီး ပြဿနာတွေ တက်ပါတော့တယ်။ရေတပ်ခရီးစဉ်ကနေ ရပ်စတမ်စောပြီး အိမ်ပြန်ရောက်တဲ့အခါ စင်သီယာရဲ့ အံဆွဲထဲမှာ ဗီကရမ်ဆီက စာတွေရှာတွေ့ခဲ့တဲ့အ တွက် စင်သီယာကို လိုက်ရှာတဲ့အ ခါ ဗီကရမ်နဲ့ တွဲခုတ်နေတာကိုပါ တွေ့ခဲ့ပါတော့တယ်။ နောက် တော့ ရပ်စတမ်ဟာ စစ်သင်္ဘော ပေါ်က လက်နက်တိုက်ကိုသွားပြီး ပစ္စတိုတစ်လက်ယူကာ ဗီကရမ် ရှိမယ့်နေရာကို လိုက်ရှာကာ ပစ္စ တိုနဲ့ ရှင်းပစ်ခဲ့ပြီးနောက် ရဲဌာနကို သွားပြီး အပြစ်ဝန်ခံခဲ့ပါတယ်။

ရေတပ်အရာရှိ ရပ်စတမ်တစ်ယောက် ဘယ်လိုပြစ်ဒဏ်တွေကျခံရမှာ လဲ။ ဇနီးသည်နဲ့ကော ပြန်ပေါင်း ခွင့်ရပါ့ မလားဆိုတာ ကြည့်လိုက် ပါဦးနော်။

ဒီဇာတ်ကားမှာ သရုပ်ဆောင်ထားသူတွေက ရေတပ်ဗိုလ်မှူး ကြီး ရပ်စတမ်ပါဗရီအဖြစ် အက် ရှေးကူးမား၊ စင်သီယာအဖြစ် အလီနာဒီခရုဇ်၊ ဗီခရမ်အဖြစ် အာ ဂျန်ဘာ့ဂ်ျဝါတို့ပဲ ဖြစ်ပါတယ်။

ရုပ်ရှင်အညွှန်း - 7Day

IMDB 7.3 ရထားတဲ့ ဒီဇာတ်ကားဟာ Cam Version မျှသာဖြစ်ပြီး အကြည်လင်ဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ဇာတ်လမ်းက ၂ နာရီခွဲအထိရှည်တာကြောင့် 950 MB အထိ ရှိပါတယ်။

Download
952 MB
Rustom (2016)

No comments:

Post a Comment