Wednesday, September 14, 2016

The Other Side of the Door (2016)


ဇာတ်လမ်းလေးက India မှာကားမတော်တဆဖြစ်ရပ်တစ်ခုဖြစ်သွားပြီး အမေလုပ်သူ Maria က မောင်နှမနှစ်ယောက်ထဲက သမီးကိုသာကယ်ခဲ့တဲ့အတွက်ကြောင့် သားဖြစ်သူ Oliver သေဆုံးခဲ့ရပါတယ်။ Oliver သေသွားတာကို မကယ်လိုက်ရတဲ့ သူ့ ဆုံးဖြတ်ချက်ကို နောင်တတွေထွေးပွေ့ပြီးနေလာခဲ့ပါတယ်။ သေဆုံးသွားတဲ့ သားဖြစ်သူ Oliver ကိုပြန်တွေ့ချင်ပြီး နောက်ဆုံးနှုတ်ဆက်ချင်နေတဲ့ Maria ဟာ အိမ်ဖော်ရဲ့ အကြံဥာဏ်ကိုရယူပြီး ရှေးဟောင်းကျောင်းကြီးတစ်ကျောင်းမှာရှိတဲ့ Living နဲ့ Dead ကိုခြားနားထားတဲ့ တံခါးတစ်ချပ်ကို စည်းကမ်းဖောက်ပြီး သွားဖွင့်လိုက်တဲ့အခါမှာတော့ Life နဲ့ Death အကြားမှာရှိတဲ့ ထိန်းချုပ်မှုတွေပျက်ပြားသွားပြီး ထူးခြားဆန်းပြားတဲ့ ဖြစ်ရပ်ပေါင်းများစွာကိုတွေ့ကြုံလာရပါတယ်။

The Other Side of the Door ကို Trailer ကြည့်ရတာတော့ ကြောက်ဖို့ကောင်းတာအသေချာပါပဲ။ နိုင်ငံတကာ Rating များအရ IMDB မှာ 5.3/10 အဖြစ်ရှိနေပြီး RottenTomatoes မှာတော့ Tomatometer က 46% ရပါတယ်။ တစ်ချို့ လူတွေပြောတာဖတ်ရတာတော့ ကြောက်ဖို့ကောင်းတဲ့သရဲကားတစ်ကားဖြစ်တာကြောင့် သရဲကားကြိုက်သူတွေအတွက် Rating တွေကိုမေ့ထားပြီးသွားကြည့်သင့်တယ်လို့ လဲဆိုထားကြပါတယ်။ ဒါကြောင့် သရဲကားတွေကြိုက်တတ်တဲ့ ပိတ်သတ်တွေ ၊ သရဲကားမကြည့်ရတာကြာပြီဖြစ်တဲ့ ပိတ်သတ်တွေဆိုရင်တော့ ကြည့်လို့ကောင်းမယ့်ဇာတ်ကားတစ်ကားဖြစ်လာနိုင်ပါတယ်။

ရုပ်ရှင်အညွှန်း - ဓါတ်ရှင်

Download
1 GB
The Other Side of the Door (2016)  

No comments:

Post a Comment