Saturday, December 31, 2016

Gothika (2003)

စိတ္တဇဆးရုံမှာ အလုပ်လုပ်နေတဲ့ ဒေါက်တာ မရန်ဒါဟာ မိုးရွာတဲ့ညတညက ထူးဆန်းမှုတခုကြုံခဲ့ပြီး သူသတိပြည်လည်လာတဲ့အချိန်မှာ သူအလုပ်လုပ်တဲ့ ဆေးရုံမှာ လူနာအဖြစ်ပြန်လည်ရောက်ရှိနေပါတယ်။ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုရောက်လာလဲဆိုတာကို သူကိုယ်တိုင်မမှတ်မိပဲဖြစ်နေပါတော့တယ်...

သဲထိတ်ရင်ဖိုဇာတ်ကားကောင်းတလက်ဖြစ်ပြီး နာမည်ကြီးတွေဖြစ်တဲ့ Halle Berry, Penélope Cruz နဲ့ Iron Man မင်းသား Robert Downey Jr. တို့ပါဝင်သရုပ်ဆောင်ထားပြီးတော့ ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းအဆုံးအထိ ဆွဲခေါ်သွားမယ့်ဇာတ်လမ်းပါ။

[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Horror, Mystery, Thriller
[FILE SIZE]:……………………….:[ 900 MB
[RESOLUTION]:………………….:[ 720 x 480
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 38mins

 Gothika
(2003) on IMDb

Download
900 MB
Gothika (2003)

Friday, December 30, 2016

Anwar (2010)


အာနဝါရဲ့မသားစုဟာ အကြမ်းဖက်သမားတွေရဲ့ ဖေါက်ခွဲမှုတခုမှာ အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ အဲ့ဒီအဖြစ်အပျက်နောက်ပိုင်းမှာ အာနဝါဟာ ဘယ်သူ့ကိုမှ အားမကိုးပဲ နောက်ကွယ်ကကြိုးကိုင်သူနဲ့ အမှန်တရားကိုရှာဖွေပါတော့တယ်။ အဲ့ဒီအဖြစ်အပျက်နဲ့ပါတ်သတ်သူတွေကို သက်ညှာမှုမပေးတော့ပဲ သတ်ပစ်ပါတော့တယ်။

[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Action
[FILE SIZE]:……………………….:[ 954 MB
[RESOLUTION]:………………….:[ 720 x 380
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 54mins

 Anwar
(2010) on IMDb

Download
954 MB
Anwar (2010)

Tuesday, December 27, 2016

Ranbanka (2015)



သာယာတဲ့မိသားစုတစုဖြစ်တဲ့ အင်ဂျင်နီယာ ရာအူးတို့ မိသားစုဟာ ဘာသာရေးယဉ်ကျေးမှုထွန်းကားတဲ့ မတုရာနယ်ကို တာဝန်အရ ပြောင်းရွှေ့လာပါတယ်။ အဲ့ဒီနယ်မှာ အစ်ကိုဖြစ်တဲ့ တရားစီရင်ရေးလူကြီးမျက်နှာနဲ့ ရမ်းချင်တိုင်းရမ်းနေတဲ့ ရာဟဗ်ဆိုတဲ့ လူဆိုးကို လူတွေက ကြောက်ရွံ့ရပါတယ်။ ရာအူးရဲ့ ဇနီးချောလေး ပရီယာကိုမြင်မြင်ချင်း တက်မက်သွားတဲ့ ရာဟဗ်ဟာ ရာအူးနဲ့ ထိပ်တိုက်တွေ့ဖို့ ဖြစ်လာပါတယ်။ မိသားစုတစုလုံးကို ဘယ်လိုတွေအန္ဒရာယ်ပေးပြီး အေးဆေးတဲ့ သာမာန်အင်ဂျင်နီယာ ရာအူးအနေနဲ့ ဘယ်လိုကြောင့်ဒေါသတွေ ပေါက်ကွဲသွားမလဲဆိုတာကိုတော့....

မွေးနေ့ အမှတ်တရအနေနဲ့ တောင်းဆိုနေကြတဲ့ hindi ဇာတ်လမ်းတပုဒ် တင်ပေးလိုက်ပါပြီ။ Have Fun...

r@bp!G

[FORMAT]:………………………….:[ 720p HDRip MP4
[GENRE]:………………………… .:[  Action
[FILE SIZE]:……………………….:[ 380 MB
[RESOLUTION]:………………….:[ 720 x 304
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 38mins
[Translate By]:……………………..:[ r@bp!G

 Ranbanka
(2015) on IMDb

Download
380 MB
Pcloud
Download
380 MB
Openload

Saturday, December 24, 2016

Armour of God (1986)


ဂျက်ကီချန်းဇာတ်ကား AOG ကို မောင်ဦးမှ ထပ်မံဘာသာပြန်တင်ဆက်လိုက်ပါတယ်။ ဂျက်ကီချန်းကားြ့ဖစ်တဲ့အတွက်ကြောင့် စွန့်စားခန်းနဲ့ ဟာသတွေကို မပျင်းမရိကြည့်ရမှာ ဖြစ်တဲ့အတွက် ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Comedy, Action, Adventure
[FILE SIZE]:……………………….:[ 720 MB
[RESOLUTION]:………………….:[ 1280 x 720
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 28mins
[iMDB RATING]:……………………..:[ 7.1/10


 Armour of God
(1986) on IMDb

Download
720 MB
Pcloud
Watch Online
720 MB
Open Load

Download
720 MB
Google Drive


Wednesday, December 14, 2016

Project A 2 (1987)


ကလေးလူကြီးအကုန်လုံးကြိုက်တဲ့ ဂျက်ကီချန်းကားကောင်းတလက်ဖြစ်တဲ့ Project A 2 မှာ ဂျက်ကီချန်း ကိုယ်တိုင် ဒါရိုက်တာလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ ကြည့်လို့ကောင်းနေဆဲ IMDB rating များတဲ့ဇာတ်ကားတကားပါ။ ဒီဇာတ်ကားကို ဂျက်ကီချန်းခရေဇီ မောင်ဦး မှ ဒုတိယအကြိမ်မြောက်ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ 

ဇာတ်လမ်းအကျဉ်းကတော့ စစ်ဘက်က ဆာဂျင်မာယူလုံ (ဂျက်ကီချန်း)ဟာ  စိုင်းဝမ်မြို့လေးမှာ ရဲအုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိသွားချိန်မှာတော ဒီမြို့လေးအတွက် ဖြေရှင်းပေးရမယ့်ပြသနာတွေ မနည်းမနောရှိနေပါတယ်။ အဆိုးဆုံးကတော့ မြို့ခံလူဆိုးဂိုဏ်ဖြစ်ပြီး သူတို့နဲ့ပါတ်သတ်နေတာကတော့ လာဘ်စားနေတဲ့ ရဲတွေဖြစ်လို့နေပါတယ်။  ပင်လယ်ဓါးပြဟောင်းတွေ ၊ မန်ချူးအစိုးရဆန့်ကျင်ရေး လှုပ်ရှားသူတွေနဲ့လည်း နည်းအမျိုးမျိုးနဲ့ပါတ်သတ်ရပြီး မာယူလံအနေနဲ့ နောက်ဆုံး ဒုစရိုက်တွေကို ဘယ်လိုဖြေရှင်းသွားလဲဆိုတာကိုတော့....

ဂျက်ကီးချန်းထုံးစံအတိုင်း ဖိုက်တင်ခန်းတွေကို ရယ်ရယ်မောမောကြည့်ရမယ့်ဇာတ်ကားကောင်းဖြစ်ပြီး translator ဖြစ်တဲ့ မောင်ဦးကိုလည်း ဂျက်ကီချန်းဇာတ်ကားတွေ ထပ်မံတောင်းဆိုနိုင်ပါကြောင်း....

[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Comedy, Action, Crime
[FILE SIZE]:……………………….:[ 864 MB
[RESOLUTION]:………………….:[ 720x310
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 41mins
[iMDB RATING]:……………………..:[ 7.2/10

 Project A 2
(1987) on IMDb

Download
864 MB
LProject A 2 (1987)

Watch Online
900 MB
တိုက်ရိုက်ကြည့်ရန်

Tuesday, December 13, 2016

A Stranger in Paradise (2013)



နယူးယောက်မြို့ ဘဏ်ရင်းနှီးမြှုပ်နှံမှုအလုပ်မှာ အလုပ်ကောင်းရထားတဲ့ ဂျော့ခ်ျဟာ သူ့ရဲ့သူဋ္ဌေး အထူးအစီအစဉ်အနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ ကလပ်ပိုင်ရှင် သူ့အစ်ကို ပေါလ်ဆီကို အလည်အပါတ်သွားဖြစ်ပါတယ်။ အဲ့ဒီကိုရောက်ပြီးမှပဲ ဘန်ကောက်ကသြဇာကြီးတဲ့ မာဖီးယားဂိုဏ်နဲ့ သူ့ရဲ့သူဋ္ဌေး၊ သူ့အစ်ကိုပေါလ်တို့ဖြစ်တဲ့ ပြသနာတခုမှာ သူကကြားညှပ်ဆိုတာကိုသိပေမယ့် နောက်ကျသွားပါပြီ၊ မာဖီးယားတွေရဲ့လက်က လွတ်အောင်ဘယ်လိုတွေလုပ်ဆောင်မလဲ၊ ရဲတွေနဲ့ဘယ်လိုရှင်းမလဲဆိုတာကိုတော့.....

[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Thriller
[FILE SIZE]:……………………….:[ 810 MB
[RESOLUTION]:………………….:[ 1280x720
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 23mins
[iMDB RATING]:……………………..:[ 4.8/10

Download
810 MB
A Stranger in Paradise

Sunday, December 11, 2016

Fantastic Beasts and Where to Find Them (2016)


လက်ရှိအောင်မြင်နေတဲ့ဇာတ်ကားတကားဖြစ်တဲ့အလျောက် ရုပ်ရှင်ပရိတ်သတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဇာတ်ကားကောင်းတလက်ဖြစ်ပါတယ်။ Flim2mm မှ admin ဖြစ်တဲ့ R!B မှမြန်မာဘာသာပြန်ဆိုထားပြီး cam version ကို တင်ဆက်လိုက်ပါပြီ။ ဒေါင်းသင့်မဒေါင်းသင့် ကြည့်ရှုရန် ScreenShots များတင်ပြပေးလိုက်ရပါတယ်။
r@bp!G

အခုလက်ရှိရုံတင်ပြသနေတဲ့ Fantastic Beasts and Where to Find Them ကတော့ ရုံတင်ပြသပြီးတစ်လခန့်မှာ Global Box Office ဝင်ငွေ $500 million ကျော်ရရှိသွားပြီပဲဖြစ်ပါတယ်။ Harry Potter စာရေးဆရာမဖြစ်တဲ့ J.K. Rowling အတွက် နောက်ထပ်အောင်မြင်မှုမှတ်တိုင်တစ်ခုစိုက်ထူလိုက်နိုင်တယ်ဆိုလဲမမှားပါဘူး။ Fantastic Beasts and Where to Find Them အတွက် Budget $180 million အထိအသုံးပြုခဲ့တာဖြစ်ပြီး အချိန်အတိုင်းအတာကာလတစ်ခုမှာ အခုလိုဝင်ငွေတွေပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်။
.
လက်ရှိဒီတစ်ပတ် Weekend Box Office မှာတော့ No.2 နေရာမှာရပ်တည်နေတဲ့ Fantastic Beasts and Where to Find Them ကို Director David Yates ကရိုက်ကူးထားပြီး Fantastic Beasts ကိုစုစုပေါင်းဇာတ်ကား ငါးကားအထိရိုက်ကူးသွားမယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိတော့ အဆိုပါ 5 ကားလုံးကို Director David Yates ကပဲရိုက်ကူးသွားမယ်လို့သိရပါတယ်။

ပရိသတ်ချစ်တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ ဟယ်ရီပေါ်တာနဲ့ သူ့ရဲ့ Hogwarts ကျောင်းတော်က သူငယ်ချင်းတွေမပါ ၀င်ပေမယ့် သူမရဲ့မှော်ရုပ်ရှင်ဇာတ်ကားသစ် "Fantastic Beasts and Where to Find Them" ဇာတ်ကားကို ပရိတ်သတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်တယ်လို့ စိတ်လှုပ်ရှားနေတဲ့ J.K. Rowling က ပြောပါတယ်။
ငါးကားထွက်ဖို့ စီစဉ်ထားပြီး ပထမဆုံး စတင်ထွက်ရှိမယ့် ဟယ်ရီပေါ်တာကမ္ဘာမှာ ဇာတ်အိမ်တည်ထားတဲ့ "Fantastic Beasts" ရုပ်ရှင်မှာ ပရိသတ်တွေနဲ့ ရင်းနှီးနေတဲ့ နာမည်တွေပါဝင်နေမယ်လို့တော့ ဗြိတိန်စာရေးဆရာမ က ပြောကြားထားပါတယ်။
သူမက သတင်းစာရှင်းလင်းပွဲမှာ “ကျမတို့လုပ်နိုင်တာကို အကောင်းဆုံးလုပ်ပြီးပါပြီ၊ ကျမအမြဲတမ်း ပြောပြချင်နေခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကို ပြောခွင့်ရပါပြီ၊ ပရိတ်သတ်တွေကလည်း ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
“ဟယ်ရီပေါ်တာဟာ ဒီရုပ်ရှင်ထဲမှာမပါဘူးဆိုတာအမှန်ပါ၊ ဘာကြောင့်လဲဆိုတော့အဲ့ဒီတုန်းက သူဟာမမွေးသေးလို့ပါ၊ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာ အဲ့ဒီမှော်ကမ္ဘာရဲ့အငွေ့အသက်တွေကိုခံစားရမှာ ဖြစ်ပြီး ဇာတ်ကောင်တွေအကြောင်းကိုလည်း ပိုမိုသိရှိရမယ်” လို့သူမကထပ်ပြောခဲ့ပါသေးတယ်။
“Fantastic Beasts and Where to Find Them" ရုပ်ရှင်ဟာ ဟယ်ရီပေါ်တာစာအုပ်ထဲက အဖြစ်အပျက် တွေမဖြစ်ခင် နှစ်၇၀ ကိုဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဇာတ်ကောင်အသစ်တွေနဲ့ သူတို့ရဲ့ မှော်ပညာ စွမ်းရည်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ၁၉၂၆ ခုနှစ်မှာ Newt Scamander ဆိုတဲ့ မှော်တိရစ္ဆာန် ကျွမ်းကျင် ပညာရှင်ဟာ နယူးယောက်မြို့ကို ရောက်လာခဲ့ပြီး သူ့ရဲ့လက်ဆွဲအိတ်ထဲက ထူးဆန်းတဲ့ သတ္တ၀ါတွေ လွတ်သွားတဲ့အကြောင်းကို ရိုက်ထားဖြစ်ပါတယ်။

[FORMAT]:………………………….:[ 720p HDCam MP4
[GENRE]:………………………… .:[ Adventure, Family, Fantasy
[FILE SIZE]:……………………….:[ 572 MB
[RESOLUTION]:………………….:[ 720x320
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 13mins
[iMDB RATING]:……………………..:[ 7.8/10

ScreenShots




Download
572 MB
Fantastic Beasts

Saturday, December 10, 2016

Invictus (2009)


တလောက facebook သုံးတဲ့သူတွေ နယ်ဆင်မင်ဒဲလားနဲ့ မော်ဂန်ဖရီးမန်းဓါတ်ပုံတွေမှာပြီးတင်ကြတာမှတ်မိသေးတယ်။ မှားမယ်ဆိုလည်းမှားလောက်စရာပဲလေ ဒီဇာတ်လမ်းထဲမှာ ဖရီးမန်းက မင်ဒဲလားနေရာမှာ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်သွားတာကိုး၊ ဒီဇာတ်ကားထဲက မော်ရန်ဖရီးမန်းရော မက်ဒေါမွန်ရော အင်္ဂလိပ်စကားကို အာဖရီကန်လေသံအတိုင်းပြောကြတော့ တလောကရုံတင်တဲ့ဇာတ်ကားထဲက အောင်ရဲလင်း တောသံပြောတာကိုလည်း သွားသတိရမိပါသေးတယ်ဗျား...
r@bp!G

Invictus ဇာတ်ကားဟာ ၂၀၁၀ပြည့်နှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရခဲ့တဲ့ တောင်အာဖရိကနို င်ငံကို ဂုဏ်ပြုပြီး ထွက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။ တောင်အာဖရိက သမ္မတဟောင်း နဲလ်ဆင်မင်ဒဲလားရဲ့ သမ္မတဖြစ်ပြီးစအချိန် နိုင်ငံအတွက် ကြိုးပမ်း လုပ်ဆောင်ခဲ့တာတွေကို အသားပေး ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ မင်ဒဲလား ထောင်ကနေလွတ်ပြီး တောင်အာဖရိကသမ္မတစတင်တာဝန်ယူစဉ်က နိုင်ငံတိုးတက်ဖို့နဲ့ လူဖြူလူမဲပြသနာတွေကို ဖြေရှင်းဖို့ အားကစားကိုမြှင့်တင်ပြီး ကောင်းကောင်းအသုံးချသွားပုံကို ရိုက်ကူးထားပါတယ်။မင်ဒဲ လားရဲ့စိတ်ဓာတ်၊ နိုင်ငံရေးနဲ့အားကစား ရောယှက်မှု စတာတွေကို ဖော်ပြခဲ့ပါတယ်။ မင်ဒဲလားအနေနဲ့ မဖြစ်နိုင်ဘူးလို့ဝေဖန်မှု တွေရှိနေတဲ့ ကြားက၁၉၉၅ခုနှစ် အချိန်မှာ ကမ္ဘာ့ဖလား ရပ်ဘီ ဘောလုံးပြိုင်ပွဲကိုတောင် အာဖရိကမှာ အိမ်ရှင်အဖြစ်ကျင်းပနိုင်ခဲ့ပြီး တောင်အာဖရိကရပ်ဘီအသင်းကို ကမ္ဘာ့ချန်ပီယံဖြစ်အောင် စိတ်ဓာတ်ခွန်အားပေးနိုင် ခဲ့ပါ တယ်။

လူဖြူ၊ လူမည်း ခွဲခြားမှု ပြဿနာ၊ မှုခင်းပေါ်များမှု စတဲ့အရာတွေကို သမ္မတဖြစ်လာပြီးချိန်မှာပဲ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီလိုရင် ဆိုင်လာရချိန်မှာ မင်ဒဲလားကို အားဖြစ်စေခဲ့တာ ကတော့ အင်္ဂလိပ်ကဗျာဆရာ William Ernest Henley (၁၈၄၉-၁၉၀၃) ရေးသားထားခဲ့တဲ့ Invictus ကဗျာပဲဖြစ်ပါတယ်။ (ဒီကဗျာကို ဦးညိုမြက ဘာသာပြန်ပြီး သခင်အောင်ဆန်း အယ်ဒီတာလုပ်ခဲ့တဲ့ အိုးဝေမဂ္ဂဇင်း ၁၉၃၆ ခုနှစ် ထုတ်၊ အတွဲ၁ အမှတ် ၆ ၊ ခေါင်းကြီးပိုင်းမှာ အနိုင်မခံဆိုပြီး ဖော်ပြခဲ့ဖူးပါတယ်)
မင်ဒဲ လားအနေနဲ့သမ္မတဖြစ်လာစအချိန်မှာ Invictus ကဗျာကို စိတ်စွမ်းအားအဖြစ် အသုံးပြုခဲ့ပြီး
အခြားသူတွေကိုလည်း ကဗျာရဲ့အနှစ်သာရကို အသုံးချဖို့ တိုက်တွန်းခဲ့ပါတယ်။

ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။ အနိုင်မခံရှုံးမပေးတဲ့စိတ်ဓါတ်ကိုပေးသနားလို့
ငါသာလျှင်ငါ့ဝိညာဉ်ရဲ့ အရှင်သခင်ဖြစ်တယ်


ဒီဇာတ်ကားကို ဒါရိုက်တာ Clint Eastwood က ရိုက် ကူးခဲ့ပြီး မင်ဒဲလားနေရာမှာ Morgan Freeman နဲ့ ရပ်ဘီးအသင်းရဲ့ အသင်းခေါင်းဆောင်နေရာမှာ  Matt Damon တို့က ပါဝင်သရုပ် ဆောင်ထားခဲ့ပါတယ်။
ဖိအားများအောက်မှ ထိုးထွက်လာသော ယုံကြည်မှုနှင့် စွမ်းဆောင်နိုင်မှုကို ဖော်ပြခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။

ရုပ်ရှင်အညွှန်း - Now! Not Yet

[FORMAT]:………………………….:[ 720p SD MP4
[GENRE]:………………………… .:[ Biography, Drama, History, Sport
[FILE SIZE]:……………………….:[ 865 MB
[RESOLUTION]:………………….:[ 640x326
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 14mins
[iMDB RATING]:……………………..:[ 7.4/10


Download
865 MB
Invictus (2009)

Friday, December 9, 2016

Flipped (2010)


IMDB 7.7 ထိရရှိနေဆဲ အချစ်ဟာသဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဟာသကားဆိုတာက တဟီဟီးရယ်နေရတဲ့ ဟာသမဟုတ်ပဲ သဘောကျလို့ ပြုံးမိရုံဖြစ်စေမှာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုကြည့်နေရင်းနဲ့ ကိုယ့်ရဲ့ဆယ်ကျော်သက်ဘဝကိုတောင်ပြန်မြင်ယောင်နေမိလို့ ရင်ထဲစွဲတဲ့ဇာတ်ကားလေးတလက်လို့ပြောပါရစေ။ ရိုးရှင်းတဲ့လူနေမှုဘဝ၊မိသားစု၊ပတ်ဝန်းကျင်ကို အခြေခံထားတဲ့ ရိုးရှင်းတဲ့ဇာတ်အိမ်လေးနဲ့တည်ဆောက်ထားပေမယ့် တင်ပြပုံနဲ့ သရုပ်ဆောင်ချက်တွေကောင်းတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းတလက်အဖြစ် ရပ်တည်နေနိုင်တာဖြစ်ပါတယ်။ ဒီလိုဇာတ်လမ်းမျိုးကို မြန်မာကားတွေ ကိုရီးယားကားတွေမှာ မကြာခဏကြည့်ဖူးပေမယ့် တင်ပြပုံနဲ့ အိုင်ဒီယာကသူတို့ထက်ဘယ်လိုသာသွားလဲဆိုတာကိုတော့......
r@bp!G

အမေရိကန် ဒါရိုက်တာ ရော့ဒ်ရိုင်နာက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရော့ဒ်ရိုင်နာအနေနဲ့ ရှေ့မှာ Stand by Me (1986) နဲ့ The Bucket List (2007) ရိုက်ကူးခဲ့သူပါ။ အဲဒီ ဇာတ်ကား နှစ်ကားစလုံး အနှစ်သာရပြည့်ဝပြီး ကောင်းမွန်တဲ့ဇာတ်ကားတွေအ ဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Flipped ဇာတ်ကားက မပြသခင်ကတည်းက နာမည်ကျော်နေတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ၂၀၁၀ပြည့်နှစ်ထဲမှာ ထွက်ရှိမယ့် အကောင်းဆုံးသော ဇာတ်ကားတွေထဲက ဇာတ်ကားတစ်ကား ဖြစ်လာလိမ့်မယ်လို့ ရုပ်ရှင်အကဲ ဖြတ်တွေက ကြိုတင်ဟောကိန်း ထုတ်ခဲ့ပါတယ်။

နေ့စဉ် ဖြစ်ပျက်နေတဲ့ ဘဝတွေထဲက သာမန် အကြောင်းအရာတွေကို စွဲမက်ဖွယ်ဖြစ်အောင် ဖန်တီးပြတတ်တာက ဒါရိုက်တာ ရော့ဒ်ရိုင်နာရဲ့ အရည်အသွေးတစ်ရပ် ဖြစ်ပါတယ် Flipped ဇာတ်လမ်းကလည်း ရိုးစင်းတဲ့ အကြောင်းအရာတစ်ခုကိုပဲ အခြေခံခဲ့တာပါ။ ဒီဇာတ်လမ်းကို စတင် အသက်သွင်းခဲ့သူက စာရေးဆရာမ ဝမ်ဒယ်လင် ဗန်ဒရာနန်ဖြစ်ပါတယ်။ ကလေးစာပေ အထူးပြု စာရေးဆရာမ တစ်ဦးအနေနဲ့ နာမည်ကျော်ပါတယ်။ သူက ဒီရုပ်ရှင်ဖြစ် လာမယ့် Flipped ဝတ္ထုကို ၂၀ဝ၁ခုနှစ်တုန်းက ရေးသား ထုတ်ဝေခဲ့ပါတယ်။ ဆယ်ကျော်သက်တွေရဲ့ စိတ်ပြောင်းလဲမှုဖြစ်စဉ်ကို ပတ်ဝန်းကျင်၊ ဗီဇရိုက်ခတ်မှုများနဲ့ ချိန်ထိုးပြဆိုခဲ့တဲ့ သာမန် ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

သာမန်ဘဝတွေထဲက အလှတရား ကို ရှာဖွေတတ်တဲ့ ဒါရိုက်တာ ရော့ဒ်ရိုင်နာ ကြောင့် Flipped ဝတ္ထုက ရုပ်ရှင်ဖြစ်လာခဲ့ ပါတယ်။ ဒီဇာတ်လမ်းမှာ ဂျူလီယာနာနဲ့ ဘရုစ် ဆိုတဲ့ ကလေးနှစ်ယောက်ရဲ့ စိတ်ခံစားမှုကို အသားပေး ဖော်ပြခဲ့ပါတယ်။ အသက်ခြောက်နှစ် အရွယ်ကတည်းက သူတို့နှစ်ဦး စတင် သိကျွမ်းခဲ့ပါတယ်။ အိမ်နီးနားချင်းတွေ လည်း ဖြစ်ကြပါတယ်။ စတွေ့စဉ်ကတည်းက ဂျူလီယာနာက ဘရုစ်ကို စိတ်ဝင်စားခဲ့ပါ တယ်။ ဘရုစ်ကတော့ ဂျူလီယာနာကို စ တွေ့ကတည်းက စိတ်မဝင်စားခဲ့ပါဘူး။

ကလေးနှစ်ယောက်ရဲ့ နောက်ခံစကား ပြောတွေနဲ့ ဇာတ်ကားကို ဖန်တီးခဲ့ပါတယ်။ အဖြစ်အပျက် တစ်ခုတည်း အပေါ်မှာပဲ မတူ ညီတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြခဲ့ပါတယ်။ စိတ်ခံစားမှု၊ ထင်မြင်ယူဆချက်တွေရဲ့ နောက်ခံ အခင်းအကျင်းကိုလည်း ပြသပါတယ်။ ဘရုစ်က အရာရာကို အပေါ်ယံ တွေးတတ်တယ်။ ဂျူလီယာနာကကိစ္စရပ်တိုင်းကို အဓိပ္ပါယ်ရှိရှိ လေးနက်စွာ တွေးတော တတ်ပါတယ်။ ကလေးတွေရဲ့ စိတ်ကို ပတ်ဝန်းကျင်နဲ့ ဗီဇက ဘယ်လောက်အထိ ရိုက်ခတ်စေတယ်ဆိုတာကို ဒီဇာတ်ကားမှာ ပြသခဲ့ပါတယ်။

ရုပ်ရှင်အညွှန်း - Now! Not Yet

[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Comedy, Drama, Romance
[FILE SIZE]:……………………….:[ 727 MB
[RESOLUTION]:………………….:[ 720x480
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 30mins
[iMDB RATING]:……………………..:[ 7.7/10

Download
727 MB
Flipped (2010)

One for the Money (2012)


စတက်ဖန်နီ ပလမ် ဆိုတဲ့ အမျိုးသမီးတယောက်ဟာ အလုပ်လက်မဲ့ဖြစ်နေတဲ့အခြေအနေမှာ အရေးပေါ်အလုပ်လုပ်ရတော့မယ့်အခြေအနေဖြစ်နေပါပြီ။ သူ့အစ်ကိုဝမ်းကွဲဆီမှာ အလုပ်လုပ်ဖို့ကြိုးစားပါတော့တယ်။ ဝရမ်းထုတ်ထားတဲ့လူတွေကို လိုက်ဖမ်းရတဲ့အလုပ်ပါ။ သူပထမဆုံးလုပ်ရမယ့်အလုပ်ကတော့ လူသတ်မှုတခုအတွက် ထွက်ပြေးနေတဲ့ ရဲအရာရှိဟောင်းကို လိုက်ဖမ်းရမှာဖြစ်ပါတယ်။ သူဖမ်းရမယ့်သူကတော့ တခြားသူမဟုတ်ပါဘူး။ လူငယ်ဘဝတုန်းက ရည်းစားဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းဟောင်းလေးပါပဲ။ ဘယ်လိုဆက်သွားမလဲဆိုတာကိုတော့....
မြန်မာစာတန်းထိုးဇာတ်ကားများ ဘလော့မှ ပြန်လည်ကူးယူ တင်ပြခြင်းဖြစ်ပါသည်။

[FORMAT]:………………………….:[ 1280p HDRip MP4
[GENRE]:………………………… .:[ Action, Comedy, Crime
[FILE SIZE]:……………………….:[ 647 MB
[RESOLUTION]:………………………:[ 1280x536
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 31mins
[iMDB RATING]:……………………..:[ 5.3/10

Download
647 MB
One for the Money (2012)

Wednesday, December 7, 2016

The Ghost Writer (2010)

 

ဂျိမ်းစဘွန်းမင်းသားဟောင်း   ပါဝင်သရုပ်ဆောင်ထားတဲ့ IMDB 7.2 အထိရထားတဲ့ Ghost Writer ဆိုတဲ့ဇာတ်ကားကောင်းလေးတကားတင်ပေးလိုက်ပြီ။

[FORMAT]:………………………….:[ 1280p DVDRip MP4
[GENRE]:………………………… .:[ Mystery, Thriller
[FILE SIZE]:……………………….:[ HD- 900 MB , SD- 227 MB
[RESOLUTION]:………………………:[ 1280x720
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 08min
[iMDB RATING]:……………………..:[ 7.2/10

Download
900 MB
Large File
Download
227 MB
Small File

Thursday, December 1, 2016

Armour of God 2: Operation Condor (1991)


ညီငယ် မောင်ဦး ဘာသာပြန်ထားတဲ့ ဂျက်ကီချန်း ဇာတ်ကားဟောင်းတကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဂျက်ကီ့အနေနဲ့ မိန်းမချောသုံးယောက်နဲ့အတူတူ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတွေရဲ့ ရွှေတွေကို သဲဂန္တရရထဲမှာ  ရှာပုံတော်ဖွင့်ရတဲ့ဇာတ်ကားပါ။ ဂျက်ကီချန်းကားတို့ရဲ့ထုံးစံအတိုင်း အက်ရှင်ခန်းကောင်းကောင်းလေးတွေကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသနှောပြီး မိသားစုအတူတူ ကြည့်လို့ရမှာပါ။

[FORMAT]:………………………….:[ 1280p HDRip MP4
[GENRE]:………………………… .: [ Action, Adventure, Comedy
[FILE SIZE]:……………………….:[ 868 MB
[RESOLUTION]:………………………:[ 1280x536
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 20min
[iMDB RATING]:……………………..:[ 7.2/10

Download
868 MB
Pcloud

Download
868 MB
Google Drive