Saturday, December 10, 2016

Invictus (2009)


တလောက facebook သုံးတဲ့သူတွေ နယ်ဆင်မင်ဒဲလားနဲ့ မော်ဂန်ဖရီးမန်းဓါတ်ပုံတွေမှာပြီးတင်ကြတာမှတ်မိသေးတယ်။ မှားမယ်ဆိုလည်းမှားလောက်စရာပဲလေ ဒီဇာတ်လမ်းထဲမှာ ဖရီးမန်းက မင်ဒဲလားနေရာမှာ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်သွားတာကိုး၊ ဒီဇာတ်ကားထဲက မော်ရန်ဖရီးမန်းရော မက်ဒေါမွန်ရော အင်္ဂလိပ်စကားကို အာဖရီကန်လေသံအတိုင်းပြောကြတော့ တလောကရုံတင်တဲ့ဇာတ်ကားထဲက အောင်ရဲလင်း တောသံပြောတာကိုလည်း သွားသတိရမိပါသေးတယ်ဗျား...
r@bp!G

Invictus ဇာတ်ကားဟာ ၂၀၁၀ပြည့်နှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရခဲ့တဲ့ တောင်အာဖရိကနို င်ငံကို ဂုဏ်ပြုပြီး ထွက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။ တောင်အာဖရိက သမ္မတဟောင်း နဲလ်ဆင်မင်ဒဲလားရဲ့ သမ္မတဖြစ်ပြီးစအချိန် နိုင်ငံအတွက် ကြိုးပမ်း လုပ်ဆောင်ခဲ့တာတွေကို အသားပေး ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ မင်ဒဲလား ထောင်ကနေလွတ်ပြီး တောင်အာဖရိကသမ္မတစတင်တာဝန်ယူစဉ်က နိုင်ငံတိုးတက်ဖို့နဲ့ လူဖြူလူမဲပြသနာတွေကို ဖြေရှင်းဖို့ အားကစားကိုမြှင့်တင်ပြီး ကောင်းကောင်းအသုံးချသွားပုံကို ရိုက်ကူးထားပါတယ်။မင်ဒဲ လားရဲ့စိတ်ဓာတ်၊ နိုင်ငံရေးနဲ့အားကစား ရောယှက်မှု စတာတွေကို ဖော်ပြခဲ့ပါတယ်။ မင်ဒဲလားအနေနဲ့ မဖြစ်နိုင်ဘူးလို့ဝေဖန်မှု တွေရှိနေတဲ့ ကြားက၁၉၉၅ခုနှစ် အချိန်မှာ ကမ္ဘာ့ဖလား ရပ်ဘီ ဘောလုံးပြိုင်ပွဲကိုတောင် အာဖရိကမှာ အိမ်ရှင်အဖြစ်ကျင်းပနိုင်ခဲ့ပြီး တောင်အာဖရိကရပ်ဘီအသင်းကို ကမ္ဘာ့ချန်ပီယံဖြစ်အောင် စိတ်ဓာတ်ခွန်အားပေးနိုင် ခဲ့ပါ တယ်။

လူဖြူ၊ လူမည်း ခွဲခြားမှု ပြဿနာ၊ မှုခင်းပေါ်များမှု စတဲ့အရာတွေကို သမ္မတဖြစ်လာပြီးချိန်မှာပဲ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီလိုရင် ဆိုင်လာရချိန်မှာ မင်ဒဲလားကို အားဖြစ်စေခဲ့တာ ကတော့ အင်္ဂလိပ်ကဗျာဆရာ William Ernest Henley (၁၈၄၉-၁၉၀၃) ရေးသားထားခဲ့တဲ့ Invictus ကဗျာပဲဖြစ်ပါတယ်။ (ဒီကဗျာကို ဦးညိုမြက ဘာသာပြန်ပြီး သခင်အောင်ဆန်း အယ်ဒီတာလုပ်ခဲ့တဲ့ အိုးဝေမဂ္ဂဇင်း ၁၉၃၆ ခုနှစ် ထုတ်၊ အတွဲ၁ အမှတ် ၆ ၊ ခေါင်းကြီးပိုင်းမှာ အနိုင်မခံဆိုပြီး ဖော်ပြခဲ့ဖူးပါတယ်)
မင်ဒဲ လားအနေနဲ့သမ္မတဖြစ်လာစအချိန်မှာ Invictus ကဗျာကို စိတ်စွမ်းအားအဖြစ် အသုံးပြုခဲ့ပြီး
အခြားသူတွေကိုလည်း ကဗျာရဲ့အနှစ်သာရကို အသုံးချဖို့ တိုက်တွန်းခဲ့ပါတယ်။

ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။ အနိုင်မခံရှုံးမပေးတဲ့စိတ်ဓါတ်ကိုပေးသနားလို့
ငါသာလျှင်ငါ့ဝိညာဉ်ရဲ့ အရှင်သခင်ဖြစ်တယ်


ဒီဇာတ်ကားကို ဒါရိုက်တာ Clint Eastwood က ရိုက် ကူးခဲ့ပြီး မင်ဒဲလားနေရာမှာ Morgan Freeman နဲ့ ရပ်ဘီးအသင်းရဲ့ အသင်းခေါင်းဆောင်နေရာမှာ  Matt Damon တို့က ပါဝင်သရုပ် ဆောင်ထားခဲ့ပါတယ်။
ဖိအားများအောက်မှ ထိုးထွက်လာသော ယုံကြည်မှုနှင့် စွမ်းဆောင်နိုင်မှုကို ဖော်ပြခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။

ရုပ်ရှင်အညွှန်း - Now! Not Yet

[FORMAT]:………………………….:[ 720p SD MP4
[GENRE]:………………………… .:[ Biography, Drama, History, Sport
[FILE SIZE]:……………………….:[ 865 MB
[RESOLUTION]:………………….:[ 640x326
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 14mins
[iMDB RATING]:……………………..:[ 7.4/10


Download
865 MB
Invictus (2009)

No comments:

Post a Comment