Saturday, April 30, 2016

Catch Me If You Can (2002)


ဒီကားမှာ Titanic မင်းသား Leonard က real life ဇာတ်ကောင် Frank Abagnale Jr. အဖြစ်သရုပ်ဆောင်ထားပါတယ်။
Frank Abagnale Jr. အကြောင်းကိုပြောရရင် သူက သူ့အသက် ၁၉ နှစ်မပြည့်ခင်မှာပဲ ဒေါ်လာ သန်းပေါင်းများစွာ ကို ချက် အတုတွေလုပ်ပြီး ထုတ်ခဲ့သလို၊ ဆရာဝန်၊ ရှေ့နေ၊ ပိုင်းလော့ အဖြစ် ပါ ပီပီပြင်ပြင် ဟန်ဆောင်နိုင်ခဲ့သူပါ။
Frank တို့ မိသားစုက ၁၉၆၃ ခုနှစ်မှာ ငွေကြေးအကြပ်အတည်းကြုံတွေ့ရပြီး ပိုင်ဆိုင်မှုတွေဆုံးရှုံးခဲ့ပါတယ်။ သူတို့နေတဲ့ အိမ်ကြီးကနေ ဖယ်ပေးလိုက်ရပြီးတဲ့နောက်မှာ သူ့ရဲ့အမေကလည်း နောက်ယောက်ျားနဲ့ ဖောက်ပြန်ပြီး လင်မယားကွဲကြပါတယ်။ သူ့အဖေနဲ့အမေ ကွာရှင်းတဲ့နေ့မှာပဲ Frank ကအိမ်ကထွက်ပြေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူ့အသက် ၁၆ နှစ်တောင်မပြည့်သေးပါဘူး။ အိမ်ကထွက်ပြေးပြီးတဲ့ နောက်မှာ သုံးစရာငွေမ၇ှိတော့ လက်ထဲမှာ ပါလာတဲ့ ချက် စာအုပ်ကို အတုလုပ်ပြီး ငွေထုတ်ဖို့ကြိုးစားပါတယ်။ ဒါပေမယ့် သူ့က တခြားဘဏ်တွေမှာ ငွေသွားထုတ်တော့ ဘယ် သူကမှ ထုတ်မပေးပါဘူး။ အဲ့ဒီအချိန်မှာ PanAmerica လေကြောင်းက ပိုင်းလော့ တွေကို ဘဏ်က ငွေအလွယ်တကူ ထုတ်ပေးတာ တွေ့သွားပြီးတဲ့နောက်မှာ သူက PamAm ပိုင်းလော့အဖြစ် အယောင် ဆောင်ပြီး (အယောင်ဆောင်ဖို့ ဘယ်လိုကြိုးစားလည်းဆိုတာ ကိုတော့ ဇာတ်ကားထဲမှာ ပဲ ကြည့်ရှုခံစားတာ ပိုကောင်းပါတယ်။) ချက်လက်မှတ်တွေသာမက Payroll ပေးချက် ( လစာပေးတဲ့ ချက်)
တွေပါ အတုလုပ်ပြီး ငွေထုတ်သလို လေယာဉ်ပျံပါ အခမဲ့ စီးလိုက်ပါသေးတယ်။ (လေကြောင်းက ၀န်ထမ်းတွေဆိုရင် လေယာဉ်အလကားစီးလို့ရပါတယ်။ သူတို့ကို Deadhead လို့ခေါ်ပါတယ်။) ဒါတင်မကသေးပဲ လေယာဉ်မယ်လေးတွေ ကိုလည်း ချိတ်လိုက်ပါသေးတယ်။
အဲ့လိုနေနေရာကနေ သူ့ကိုလိုက်ဖမ်းတဲ့ Carl Hanratty (Tom Hanks, FBI Agent) ရဲ့လက်က နေ လွတ်အောင်ပြေးခဲ့သလို၊ ဆေးရုံတစ်ခုမှာ ဆရာဝန်အဖြစ်နဲ့သာမက၊ Louisiana က ရှေ့နေ စာမေးပွဲကို ဖြေဆို အောင်မြင်ပြီး ရှေ့နေအဖြစ်လည်း လုပ်ခဲ့ပါသေးတယ်။
နာက်ဆုံး Carl က သူ့ကိုဖမ်းမိသွားပြီး ထောင်ဒဏ် ၁၂ နှစ်ကျခံရပါတယ်။ ထောင်ကျနေတုန်းမှာ Carl ကသူ့ကို မကြာခဏလာ တွေ့ပြီး တစ်ခေါက်မှာ Carl က သူ့ကို ချက်လက်မှတ်အတုတစ်ခုထုတ်ပြတော့ Frank က ချက်လက်မှတ်ကို ကြည့်ရုံနဲ့တင် ဘယ်လို လုပ်ထားတယ် ဘယ်သူဖြစ်နိုင်တယ် ဆိုတာ ပါ တန်းပြောနိုင်တော့ သူ့ရဲ့အရည်အချင်းကိုသိသွားပါတယ်။ Carl က သူ့ရဲ့အရာရှိကို Frank ကို ထောင်က လွှတ်ပြီး FBI မှာ အလုပ်ပေးဖို့၊ စည်းရုံးနိုင်ခဲ့သလို Frank ကိုလည်း လူကောင်း သူကောင်းဖြစ်လာအောင် ပြုပြင်နိုင်ခဲ့ပါတယ်။
ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး ဖန်စီကားတစ်ကားဖြစ်ပေမယ့် ပညာရစရာတွေ များသလို ကြည့်လည်းကြည့်သင့်တဲ့ကားပါ။ မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလို သူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ်ထားပုံကလည်း ဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေပါတယ်။ ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက် အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။ဥာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ် လေးကို တာဝန်အရဖမ်းတာတင်မဟုတ်ပဲ လမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကြိုးရှိအောင် အသုံးချ နိုင်ခဲ့တဲ့ Carl Hanratty အဖြစ် Tom Hanks ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့ မရမက ပြန်ခေါ်ထုတ်ပြီး အမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေ ကိုလည်း ဒီကားမှာ ခံစားကြည့်ရှုရမှာပါ။

ဒါရိုက်တာကလည်း နာမည်ကြီး Steven Spielberg ဖြစ်တာရယ် မင်းသားကြီး Tom Hanks ကို မင်းသားချော Leonardo နဲ့ တွဲဖက်သရုပ်ဆောင် ထားတာရယ်ကြောင့် ဒီဇာတ်ကားက ပြောစရာမလိုပဲ နဲ့ ကားကောင်းတစ်ကားဖြစ်မယ်ဆိုတာ သိနိုင်ပါတယ်။
မိသားစုတူတူကြည့်ရှုနိုင်ပါတယ်။ Love Scene သုံးခန်း ပါပေမယ့် no nudity ပါ။ Rated PG-13ပါ။
Sololay (ရုပ်ရှင်မိတ်ဆက်)

IMDB 8.0 ရရှိထားပြီး 2h:21mins ကြာမြင့်ပါမယ်။ မိမိကြိုက်နှစ်သက်ရာ ဖိုင်ဆိုဒ်ကို ဒေါင်းယူ ကြည့်ရှုနိုင်ကြပါပြီ။

အရင် မျက်ရှင် ဆိုဒ်ကဇာတ်လမ်းအဟောင်းတွေကို အခုဆိုဒ်အသစ်မှာ ပြန်တင်နေရတာပါ၊ ကြည့်ပြီးသားတွေလည်းဖြစ်နိုင်ပါတယ်၊ ဇာတ်ကားအသစ်တွေကိုလည်း တင်ပေးသွားမှာဖြစ်ပါတယ်။ မိတ်ဟောင်းမိတ်သစ်များ အားပေးပြီး ဝေမျှပေးကြပါလို့ တောင်းဆိုအပ်ပါတယ်



Download
1 GB
LargeSize
Download
520 MB
StandardSize

The Guillotines (2012)


တရုတ်နိုင်ငံရဲ့ တော်လှန်ရေး သူရဲကောင်းများ၏ တိုင်းပြည့်လုနေကြတဲ့ ဇာတ်ကားတကားပါ Drama အမျိုးအစားထဲမှာပါဝင်ပါတယ်။ Rate 4.7 ရရှိထားတဲ့ တရုပ်သိုင်းကားတစ်ကားပါ
တရုတ်က ဧကရာဇ် ၏ ဝင်းထဲမှာ တစ်ဦး ရေပေါ်ဆီ ရာဇဝတ်မှု - တိုက်ခိုက်နေ ယူနစ် သူတို့၏ရန်သူများ အနိုင်ယူ ဖို့ ပျံသန်း ဓားသိုင်းပညာများ၏လက်စွမ်းများ တိုင်းပြည်အပေါ် မှီခိုနေသော သူများကို
အစိုးရက နှိပ့်စက်ရာကို သူရဲကောင်းများက ပြန်လည်ခုခံတိုက်ခိုက်ကြတာဖြစ်ပါတယ်
ရုပ်ရှင်အညွှန်း - MM-movie HD

1h:52mins ကြာမြင့်ပြီး ၊ 383 MB နဲ့ ဒေါင်းယူ ကြည့်ရှုနိုင်ပါတယ်။

အရင် မျက်ရှင် ဆိုဒ်ကဇာတ်လမ်းအဟောင်းတွေကို အခုဆိုဒ်အသစ်မှာ ပြန်တင်နေရတာပါ၊ ကြည့်ပြီးသားတွေလည်းဖြစ်နိုင်ပါတယ်၊ ဇာတ်ကားအသစ်တွေကိုလည်း တင်ပေးသွားမှာဖြစ်ပါတယ်။ မိတ်ဟောင်းမိတ်သစ်များ အားပေးပြီး ဝေမျှပေးကြပါလို့ တောင်းဆိုအပ်ပါတယ်


Download
383 MB
The Guillotines (2012)

Tuesday, April 26, 2016

London Has Fallen (2016)




မင်းသားကြီး Gerard Butler ရဲ့ဇာတ်ကြမ်းကားပါပဲ၊ Olympus has Fallen ရဲ့ စီးရီးတွဲပါ။
$ 60 million အကုန်အကျခံပြီး ရိုက်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့
အင်္ဂလန်ဝန်ကြီးချုပ် သေဆုံးမှုကနေ အစပြုပါတယ် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များက ဈာပနအခမ်းအနားကို တက်ရောက်ဖို့လာတဲ့အချိန်မှာ အကြမ်းဖက်သမားတွေရဲ့အလစ်ဝင်တိုက်မှုကြောင့် လန်ဒန်တစ်မြို့လုံး ကသောင်းကနင်းဖြစ်ကုန်ပါတယ် အထူးလျှို့ဝှက်စုံထောက် မိုက်ခ်ဘန်းနင်(Gerard Butler) တာဝန်က အမေရိကန်သမ္မတကြီးကို အဲဒီမြို့ထဲကနေ လွတ်မြောက်အောင် လုပ်ဆောင်ပေးဖို့ဖြစ်ပါတယ်

ဒု သမ္မတကြီးအဖြစ် သရုပ်ဆောင်တဲ့ Morgan Freeman ရဲ့ အကြမ်းဖက်မှုတွေများနေတဲ့ ကမ္ဘာကြီးပေါ် သူ့ရဲ့ အမြင်လေးကိုလည်း ဖော်ပြထားပါတယ်

Action ကားကြမ်းကြမ်းကြိုက်သူများအတွက် မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်
Imdb က 6.1 ရရှိထားပြီး 1h:39mins ကြာမြင့်ပါတယ်။ 543 MB နဲ့ ဒေါင်းလို့ရပါကြောင်း...

Flim2mm မှ R!B က ဘာသာပြန်ပေးထားပါတယ်




Download
543 MB
London Has Fallen (2016)


The November Man (2014)


ဂျိမ်းစ်ဘွန်းမင်းသားဟောင်းကြီး Pierce Brosnan ရဲ့ စပိုင်ဇာတ်ကားကောင်းတကားပါ။ စပိုင်လောကမှာ သဘာကြီးတယောက်လို သွေးအေးအေးသရုပ်ဆောင်သွားပါတယ်။ အချင်းချင်းလှည့်ကွက်တွေမျိုးစုံနဲ့ ပါးပါးနပ်နပ်ရှောင်ထွက်ပုံ၊ တဦးအပေါ်တဦး ထိပ်ကွက်သွားပုံတွေကတော့ ဒီဇာတ်လမ်းကြည့်ရတဲ့ အနှစ်တွေပါပဲ။ ဇတ်ကားကောင်းလေးကို ရှုစားကြပါဦး။
IMDB 6.3 ရရှိထားပြီး 1h:48min ကြာမြင့်ပါတယ်၊ 609MB နဲ့ ဒေါင်းလုပ်ရယူနိုင်ပါပြီ။

အရင် မျက်ရှင် ဆိုဒ်ကဇာတ်လမ်းအဟောင်းတွေကို အခုဆိုဒ်အသစ်မှာ ပြန်တင်နေရတာပါ၊ ကြည့်ပြီးသားတွေလည်းဖြစ်နိုင်ပါတယ်၊ ဇာတ်ကားအသစ်တွေကိုလည်း တင်ပေးသွားမှာဖြစ်ပါတယ်။ မိတ်ဟောင်းမိတ်သစ်များ အားပေးပြီး ဝေမျှပေးကြပါလို့ တောင်းဆိုအပ်ပါတယ်။



Download
609 MB
The November Man (2014)

Monday, April 25, 2016

Third Person (2013)


မင်းသားကြီး LIAM NEESON ပါဝင်ထားတဲ့ drama ဇာတ်ကားကောင်းတလက်ပါ။ IMDB 6.4 ရထားပြီး 2h 17min ကြာမြင့်ပါတယ်။ 707 MB နဲ့ download ရယူနိုင်ပါပြီ။




Download
707 MB
Third Person (2013))

Sunday, April 24, 2016

My Girlfriend Is an Agent (2009)


2009 တုန်းကထွက်ခဲ့တဲ့ ကိုရီးယားမှာ အောင်မြင်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ အချစ်၊ အက်ရှင်၊ ဟာသ တွေနဲ့ဖွဲ့စည်းထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ သာမာန်ချစ်သူရည်းစားနှစ်ဦးဟာ ရုရှားဂိုဏ်တခုကိုဖြိုခွင်းဖို့ မတူညီတဲ့ အဖွဲအစည်းတွေကနေ ကြိုးစားနေကြတာပါ၊ တဦးနဲ့တဦးလည်း စုံထောက်တွေဆိုတာကိုမသိကြပါဘူး။ သူတို့ရဲ့စစ်ဆင်ရေးမှာ တလွဲတွေနဲ့ အခက်အခဲတွေကို ဟာသဆန်ဆန် စွန့်စားခန်းကြမ်းကြမ်းတွေနဲ့ ရိုက်ပြထားပါတယ်။
IMDB 6.4 ရရှိထားပြီး ၁နာရီနဲ့ ၅၂မိနစ်ကြာမြင့်ပါတယ်။

အရင် မျက်ရှင် ဆိုဒ်ကဇာတ်လမ်းအဟောင်းတွေကို အခုဆိုဒ်အသစ်မှာ ပြန်တင်နေရတာပါ၊ ကြည့်ပြီးသားတွေလည်းဖြစ်နိုင်ပါတယ်၊ ဇာတ်ကားအသစ်တွေကိုလည်း တင်ပေးသွားမှာဖြစ်ပါတယ်။ မိတ်ဟောင်းမိတ်သစ်များ အားပေးပြီး ဝေမျှပေးကြပါလို့ တောင်းဆိုအပ်ပါတယ်။



Download
1 GB
My Girlfriend Is an Agent (2009)

The Counselor (2013)


ဒီဇာတ်ကားလေးကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒါရိုက်တာ Ridley Scott ရဲ့  Crime, Thrillerအမျိုးအစား ရုပ်ရှင်လေးတစ်ခုပဲဖြစ်ပါတယ်/ ဇာတ်လမ်းလေးရဲ့ အစမှာတော့ The Counselor လို့  လူသိများတဲ့ အမျိုးသားတစ်ယောက်က သူရဲ့  အတူနေချစ်တူ လော်ရာ နဲ့ အိပ်ယာပေါ်မှာ စကားတွေပြောနေကြတာနဲ့  အစပြုထားပါတယ်/ အဲ့ဒီအချိန်မှာပဲ ... မက္ကစီကို နိုင်ငံရဲ့  တစ်နေရာမှာတော့ လူတစ်စုက နယ်စပ်ကို ကျော်ဖြတ်ပြီး ကိုကင်း အရောင်းအ၀ယ်လုပ်ဖို့  အတွက် စီစဉ်နေကြပါတယ်/အခြားတစ်ဖက်မှာတော့ The Counselor ဟာ အမ်စတမ်ဒမ် သို့ သွားရောက်ခဲ့ပြီး လော်ရာ ကို ချစ်ခွင့်ပန်ဖို့ အတွက် လက်ထပ်လက်စွပ်ကို ၀ယ်နိုင်ဖို့  ကြိုးစားပါတော့တယ်/ ဒီလိုနဲ့  နိုက်ကလပ် တစ်ခုကို ရောက်သွားခဲ့ပြီး မူးယစ်ဆေး ကိစ္စတွေပါ ပါဝင်ပတ်သက်လာခဲ့ပါတော့တယ် နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ... ရုပ်ရှင်ထဲတွင် ခံစားကြည့်ရှုနိုင်ပါတယ် ခင်ဗျား
ရုပ်ရှင်အညွှန်း - http://www.mmsubtitles.co






Download
819 MB
The Counselor (2013)

မြန်မာစာတမ်းထိုးဇာတ်လမ်းများကို ပုံမှန်ကြည့်ရှုနိုင်ရန် android phone user များအတွက် apk file တခုဖြစ်ပါသည်။ အောက်ပါလခ့်တွင် ဒေါင်းလုပ်ယူနိုင်ပါသည်။

Flim2mm Android application (APK) Download Here

Thursday, April 21, 2016

The East (2013)


FBI ရဲ့ အေးဂျင့်ဖြစ်သူဆာရာဟာ အဖွဲအစည်းတခုကို စုံစမ်းထောက်လှမ်းဖို့ တာဝန်ပေးခံရပါတယ်။ သူတို့ကိုသူတို့ The East လို့အမည်ပေးထားတဲ့ အဖွဲ့အစည်းဟာ သဘာဝပါတ်ဝန်းကျင်ကိုပျက်စီးအောင်လုပ်နေတဲ့ လူကြီးလူကောင်းတွေကို တရားဥပဒေပြင်ပကနေ ဆုံးမနေတဲ့အဖွဲ့ဖြစ်ပြီး သူတို့ဆီမှာ သူတို့ခံစားခဲ့ရဖူးတဲ့ အတိတ်ဆိုးတွေရှိပါတယ်။ ဆာရာ့အနေနဲပ အဲ့ဒီအဖွဲ့အစည်းထဲကိုစပိုင်လုပ်ဖို့ ဝင်လာပြီးနောက်ပိုင်း၊သူ့ရဲခံယူချက်တွေ၊ ခံစားချက်တွေ ဘယ်လိုပြောင်းလဲသွားပြီး ဘယ်လိုဆက်လုပ်မလဲဆိုတာကို အောက်ပါလင့်ခ့်မှာ ဒေါင်းကြည့်တော်မူကြပါကုန်...

IMDB 6.9 ရထားပြီး ၊ 1:56 ကြာပါတယ်။  ဒေါင်းလုဒ်ဆိုဒ်က 820MB ပါ။

အရင် မျက်ရှင် ဆိုဒ်ကဇာတ်လမ်းအဟောင်းတွေကို အခုဆိုဒ်အသစ်မှာ ပြန်တင်နေရတာပါ၊ ကြည့်ပြီးသားတွေလည်းဖြစ်နိုင်ပါတယ်၊ ဇာတ်ကားအသစ်တွေကိုလည်း တင်ပေးသွားမှာဖြစ်ပါတယ်။ မိတ်ဟောင်းမိတ်သစ်များ အားပေးပြီး ဝေမျှပေးကြပါလို့ တောင်းဆိုအပ်ပါတယ်။




Download
820.6 MB
The East (2013)

Beauty & the Briefcase (2010)



စာရေးဆရာမ ပေါက်စလေး Lane Daniels ဟာ အလွန်အောင်မြင်တဲ့ မဂ္ဂဇင်းတစ်ခုမှာ လက်စွမ်းပြရေးချင်တဲ့ စာရေးဆရာမလေးပါ။ သူ့သူငယ်ချင်း Joanne ကတော့ ဇက်ရှင်ဓာတ်ပုံဆရာတစ်ဦးဖြစ်ြ့ပီး ကမ္ဘာကျော် Cosmopolitan မဂ္ဂဖင်းရဲ့ အယ်ဒီတာ Kate White နဲ့ ရင်းနှီးပါတယ်။ Joanne ရဲ့ ထောက်ခံပေးမှုကြောင့် Cosmo အတွက် ဆောင်းပါး ရေးပေးဖို့ Lane ကို Kate က ခေါ်လိုက်ပါတယ်။ ဒါပေမယ့် ဖိအားများလှတဲ့ Cosmo အတွက် Lane က အဆင်သင့်မဖြစ်ပါဘူး။ ရေးရမယ့် ဆောင်းပါးအတွက် ဆွေးနွေးရင်းနဲ့ Lane ဟာ သူ့ရဲ့ ပထမဆုံး ဆောင်းပါးအဖြစ် ရေပေါ်ဆီ လူတန်းစားတွေ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားတဲ့ လူတွေထဲက မဟုတ်ပဲ တကယ့်စီးပွားရေး လောကထဲက လူတစ်ယောက်နဲ့ အချစ်ဇာတ်လမ်းအကြောင်း ရေးဖို့ Kate က တာဝန်ပေးပါတယ်။
Lane မှာ သူကြိုက်တဲ့ယောက်ျားတစ်ယောက်ဟာ ဘယ်လိုစံမျိုး ရှိရမလဲဆိုတာ သတ်မှတ်ချက်ရှိပါတယ်။ ဒီအချက်တွေနဲ့ ပြည့်စုံမယ့် ယောက်ျားတစ်ယောက်ကို ရှာဖို့ စီးပွားရေးလောကထဲကို ကိုယ်ယောင်ဖျောက်ဝင်ရမှာပါ။ ဒါကြောင့် သူ့ရဲ့ CV Form မှာ လိမ်ညာဖြည့်သွင်းပြီး အလုပ်သွားလျှောက်တဲ့အခါ ကံကောင်းစွာပဲ ကုမ္ပဏီကြီးတစ်ခုရဲ့ ကော်ပိုရိတ် ဗျူဟာချမှတ်ရေး ဌာနမှာ စီမံလက်ထောက်အဖြစ် အလုပ်ရပါတယ်။ သူ့ရဲ့ MD ကတော့ Tom Rinehart ဆိုတဲ့ အူကြောင်ကြောင် ဒါရိုက်တာတစ်ယောက် ဖြစ်ပါတယ်။ Lane ဟာ အလုပ်ထဲမှာ နားမလည်တဲ့အရာတွေကို ကြိုးစားသင်ယူရင်း တစ်ဖက်ကလည်း သူချိန်းတွေ့လို့ရမယ့်သူတွေကို လိုက်ရှာပါတယ်။ ရုပ်ရည်လည်းရှိပြီး ပျော်ပျော်နေတတ်သလို ကူညီတတ်တဲ့ Lane အတွက် မခက်ခဲလှပေမယ့် ဘယ်သူက စိတ်ဝင်စားစရာ ကောင်းမလဲဆိုတာကိုတော့ သူ့ရဲ့ သတ်မှတ်ချက်တွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါမှာ တစ်ယောက်မှ မတွေ့ရပါဘူး။
တစ်ရက်မှာတော့ Lane ဟာ Liam ဆိုတဲ့ အင်္ဂလိပ် အဆိုတော်တစ်ယောက်နဲ့ ဘားတစ်ခုမှာ တွေ့ဆုံမိပါတယ်။ အဲဒီလိုပဲ အလုပ်ထဲက Seth ဆိုတဲ့ ခပ်ချောချော တစ်ယောက်ကိုလည်း ချိန်းလိုက်ပါတယ်။ Liam ဟာ Lane ရဲ့ သတ်မှတ်ချက်တွေနဲ့ ပြည့်စုံပြီး စွဲဆောင်မှုရှိသလောက် Seth ကတော့ အဲဒီလို မဟုတ်ပါဘူး။ ကံဆိုးစွာပဲ Tom က Lane လိမ်လည်ဖြည့်သွင်းထားတဲ့ CV Form အကြောင်းသိသွားပြီး သူ့ကို အလုပ်ကြိုးစားဖို့ သတိပေးပါတယ်။ ဒါ့အပြင် Lane ရဲ့ အလုပ်ရှင် Kate က သူလိုချင်တဲ့ ဝတ္ထုဟာ အလုပ်ခွင်ထဲက လူဖြစ်ရမယ်လို့ သတိပေးတာကြောင့် Lane ဟာ Liam နဲ့ ဇာတ်လမ်းဖန်တီးလို့ မဖြစ်တော့ပါဘူး။ Lane ရဲ့ ဇာတ်လမ်း မူကြမ်းကို ဖတ်ပြီးတဲ့နောက်မှာ Kate က Seth နဲ့ ဇာတ်လမ်းဖန်တီးဖို့ အကြံပေးပါတယ်။ ဒါကို Lane က Liam နဲ့ ချိန်းတွေ့ပြီး သူ့နာမည်နေရာမှာ Seth ကို အစားထိုး ဇာတ်လမ်းရေးလိုက်ပါတယ်။ အဲဒီညမှာ Lane နဲ့ Joanne တို့ မုန့်ထွက်ဝယ်ကြရင်း Tom နဲ့ တွေ့ပါတယ်။ Joanne က Tom ကို သဘောကျတဲ့အကြောင်း ပြောပေမယ့် Tom မှာ ရည်းစားရှိတာမို့ မဖြစ်နိုင်ဘူးလို့ Lane က ငြင်းလိုက်ပါတယ်။
Kate ရဲ့ အကြံပေးချက်အရ Lane ဟာ Seth နဲ့ ချိန်းတွေ့ပြီး ညစာစားပေမယ့် အရမ်းပျင်းနေခဲ့ပါတယ်။ Lane ရဲ့ ဖက်ရှင်နဲ့ ပတ်သက်တဲ့အမြင်ကြောင့် နောက်လာမယ့် အစည်းအဝေးအတွက် ရုပ်ပုံပြကားချပ်တွေ လုပ်ဖို့ တာဝန်ပေးခံရပါတယ်။ အဲဒီအတွက် Lane ဟာ Tom နဲ့ ဈေးဝယ်ထွက်ရင်း Tom တစ်ယောက် သူ့ကောင်မလေးနဲ့ ပြတ်သွားပြီဆိုတာ သိလိုက်ရပါတယ်။ ဒါ့အပြင် Tom ဟာ အလွန်ပုံတုံးပြီး အလှအပကို နားမလည်သူမှန်း သိသွားပါတယ်။ ဒီအတွက် Lane က Tom ကို ပုံစံတကျ ဖြစ်အောင် ပြင်ဆင်ပေးပါတယ်။ ဒါပေမယ့် ကံဆိုးစွာပဲ Tom က Lane ရေးနေတဲ့ ဝတ္ထုကို တွေ့သွားတဲ့အခါ …Tom ၊ Liam နဲ့ Seth တို့ ၃ ယောက်ကြားမှာ Lane တစ်ယောက် ဘယ်လို ဆက်လက်နေထိုင်မလဲ။ Cosmo အတွက် သူ့ရဲ့ ဆောင်းပါးကရော ဘယ်လို ဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ။မင်းသမီး Hilary Duff ခေါင်းဆောင်ပါဝင်ပြီး Michael McMillian ၊ Matt Dallas ၊ Chris Carmack ၊ Amanda Walsh နဲ့ Jaime Pressly တို့ ခေါင်းဆောင် ပါဝင်ထားပြီး ဒါရိုက်တာ Gil Junger ရိုက်ကူးထားတဲ့ Beauty & the Briefcase ဟာ မိသားစု ဖျော်ဖြေရေး ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ရုပ်ရှင်ကားကြီးအနေနဲ့ ထုတ်လုပ်ခဲ့တာ မဟုတ်ပဲ DVD အနေနဲ့ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို Daniella Brodsky က Diary of a Working Girl ဝတ္ထုအဖြစ် ရေးသားထားပြီး အသက် ၁၂ နှစ်ကနေ ၂၄ နှစ်ကြား အမျိုးသမီး ပရိသတ်တွေက ပိုမိုအားပေးကြပါတယ်။ IMDb မှာ Rating 5.5 ပေးထားပါတယ်။ အိမ်တွင်း မိသားစု အပန်းဖြေ ဇာတ်ကားမျိုးဖြစ်ပြီး ပေါ့ပေါ့ပါးပါးလည်း ရှိတာကြောင့် စိတ်ပြေလက်ပျောက် ကြည့်သင့်တဲ့ ဇာတ်ကားမျိုးပါ။


Hollinaz
 




Download
867.5 MB
Beauty & the Briefcase (2010)

Tuesday, April 19, 2016

The Last Stand (2013)



နာမည်ကျော် အာနိုး ပါဝင်သရုပ်ဆောင်ထားတဲ့ The last stand ဆိုတဲ့ ရုပ်ရှင်ဟာ မြန်မာစာကားပုံဖြစ်တဲ့ နွားပျိုသန်လှ၊ နွားအိုပေါင်ကျိုး ဆိုတာကို အခြေပြုထားတဲ့ပုံပါပဲ
 ထောင်ဖေါက်ပြေးပြီး Mexico နယ်ထဲကို ပြန်ဝင်ဖို့ကြိုးစားတဲ့ လူဆိုးကို မရမကပြန်လည်ဖမ်းဆီးခဲ့တဲ့ နယ်စပ်ကရဲအုပ်ကြီးအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်..

IMDB 6.4 ဖြစ်ပြီး ကြာချိန်က ၁နာရီနဲ့ ၄၇ မိနစ်ဖြစ်ပါတယ်။



Download
751 MB
The Last Stand (2013)

Tuesday, April 12, 2016

Commitment (2013)




Myung Hoon ဟာ မြောက်ကိုရီးယား သူလျှိုဟောင်းတစ်ယောက်ရဲ့ သားဖြစ်ပြီး စန္ဒယားပညာရှင် တစ်ဦးဖြစ်ဖို့ စိတ်ကူးယဉ်နေသူပါ။ ဒါပေမယ့် တောင်ကိုရီးယားမှာ သူ့ဖခင် သေဆုံးသွားပြီး နောက်ပိုင်း သူ့ညီမ Hye In အလုပ်ကြမ်းစခန်းကို ရောက်သွားခဲ့ပါတယ်။ သူ့ဖခင်ရဲ့ အထက်အရာရှိ ကာနယ် Moon Sang Chul က Myung Hoon အတွက် အလုပ်တစ်ခု သယ်ဆောင်လာပါတယ်။ အကယ်၍ အဲဒီအလုပ် အောင်မြင်ခဲ့ရင် သူရော သူ့ညီမပါ လွတ်မြောက်မှာ ဖြစ်ပါတယ်။ အဲဒီအလုပ်ကတော့ သူ့အဖေရဲ့ မပြီးသေးတဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်ဖို့ပါပဲ။ သူ့ညီမကိုပါ လွှတ်ပေးမယ်ဆိုတာကြောင့် Myung Hoon က ဒီအလုပ်ကို လက်ခံလိုက်ပြီး ၂ နှစ်တိုင်တိုင် အပြင်းအထန် လေ့ကျင့်ပေးပါတယ်။
Myung Hoon ဟာ မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတစ်ဦး အသွင်နဲ့ တောင်ကိုရီးယားမှာ အခြေချပါတယ်။ မြောက်ကိုရီးယား သူလျှိုအဖွဲ့အစည်းထဲက လင်မယားနှစ်ယောက်အိမ်မှာ မွေးစားသားအနေနဲ့ လာရောက်နေထိုင်ပါတယ်။ သူ့ရဲ့တာဝန်က "ခုနစ်စင်ကြယ်" (Big Dipper) လို့ နာမည်ဝှက်ပေးထားတဲ့ မြောက်ကိုရီးယားရဲ့ သူလျှိုတစ်ယောက်ကို ပြန်လည် ဖြိုခွင်းရမှာပါ။ မွေးစားလင်မယားက သူ့ကို ကျောင်းထားပေးတာမို့ အထက်တန်းကျောင်းမှာ တက်ရပါတယ်။ ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ ကျောင်းသူလေး Hye In ကို သူ့ညီမနဲ့ နာမည်တူနေတာမို့ ကူညီရင်း သံယောဇဉ်ဖြစ်မိပါတယ်။ Hye In ဟာ အကပညာရှင် ဖြစ်ဖို့ စိတ်ကူးယဉ်နေသူလေးပါ။
ဒါပေမယ့် အခြေအနေဟာ Myung Hoon ကို ကျဉ်းထဲကြပ်ထဲ ရောက်အောင် တွန်းပို့ပေးလိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ သေဆုံးပြီး ကင်ဂျုံအွန် အာဏာရလာတဲ့အခါမှာ Moon Sang Chul ဟာ သူ့ကို သစ္စာဖောက်ပါတော့တယ်။ တောင်ကိုရီးယားရဲ့ ထောက်လှမ်းရေးတွေကလည်း သူ့ကို စတင်ထောက်လှမ်းမိနေပါပြီ။ သူဘာဆက်လုပ်မလဲ။ သူ့ညီမကို ဘယ်လို ကယ်တင်မလဲ။ သူ့ညီမနဲ့ နာမည်တူတဲ့ သူ့ရဲ့ နံရိုးတစ်ချောင်းကိုရော ဘယ်လိုကာကွယ်ပေးမလဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြပါ။
Big Bang အဖွဲ့က အဆိုတော် Choi Seung Hyun (T.O.P) ခေါင်းဆောင်ပါဝင်ပြီး Han Ye Ri ၊ Kim Yoo Jung ၊ Yoon Je Moon ၊ Jo Sung Ha နဲ့ မင်းသားကြီး Jung Ho Bin တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Commitment ဇာတ်ကားဟာ အက်ရှင်ဒရမ်မာ ဇာတ်ကြမ်းတစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Park Hong Soo ရိုက်ကူးပြီး ကိုရီးယားစစ်ပွဲရဲ့ တတိယမျိုးဆက်တွေ ဘုမသိဘမသိနဲ့ ဓားစာခံဖြစ်ရပုံအကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Rotten Tomatoes မှာ Tomatometer 40% ပဲ ရရှိထားပေမယ့် IMDb မှာတော့ Rating 6.7 ရရှိထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။
ကိုရီးယားကားတွေရဲ့ ထုံးစံအတိုင်း အကြမ်းနဲ့ အလွမ်းကို ရောသမမွှေထားပြီး မတူညီတဲ့ ပတ်ဝန်းကျင်တွေကို သမမျှတအောင် ထည့်သွင်းရိုက်ကူးထားတာ တွေ့ရပါတယ်။ နူးညံ့တဲ့ စန္ဒယားသမား ကျောင်းသားတစ်ယောက်ရဲ့ ခံစားချက်ကို လူသတ်သမားတစ်ယောက်ရဲ့ သွင်ပြင်နဲ့ ရောသမမွှေထားပြီး သိမ်မွေ့တဲ့ အချစ်ဇာတ်လမ်းနဲ့ ပေါင်းစပ်တန်ဆာဆင်ထားပါတယ်။ အက်ရှင်ကားတွေ ကြိုက်တဲ့ ပရိသတ်တွေ ကြည့်သင့်တဲ့ ဇာတ်ကားပါပဲ။
Hollinaz
 အရင် မျက်ရှင် ဆိုဒ်ကဇာတ်လမ်းအဟောင်းတွေကို အခုဆိုဒ်အသစ်မှာ ပြန်တင်နေရတာပါ၊ ကြည့်ပြီးသားတွေလည်းဖြစ်နိုင်ပါတယ်၊ ဇာတ်ကားအသစ်တွေကိုလည်း တင်ပေးသွားမှာဖြစ်ပါတယ်။ မိတ်ဟောင်းမိတ်သစ်များ အားပေးပြီး ဝေမျှပေးကြပါလို့ တောင်းဆိုအပ်ပါတယ်။








Download
659 MB
Commitment (2013))

Sunday, April 10, 2016

2 Guns (2013)



ဒီဇာတ်ကားလေးက အက်ရှင်ကားကောင်းလေးတစ်ကားပါ။ ထွက်ထားတာတော့ကြာပါပြီ။ ဒါပေမဲ့ မကြည့်ရသေးတဲ့ မိတ်ဆွေတွေအတွက် တင်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကို သူငယ်ချင်းနှစ်ယောက် ပိုက်ဆံတွေကို အတူတူခိုးပြီးတော့နားလည်မှုလွဲပြီး ပိုက်ဆံတွေကို တစ်ယောာက်တည်းအပိုင်သိမ်းချင်ကြကာ လုပ်ကြံ သတ်ဖြတ်ကြတယ်။ အဲ့ဒီအချိန်မှာ သူတို့ထင်ထားသလိုမဟုတ်ပဲ သူတို့လိုပဲ ပိုက်ဆံတွေကို မသမာသူတွေက သူတို့ဆီကနေကြားဖြတ်လှုယူကြတယ်။
အရင် မျက်ရှင် ဆိုဒ်ကဇာတ်လမ်းအဟောင်းတွေကို အခုဆိုဒ်အသစ်မှာ ပြန်တင်နေရတာပါ၊ ကြည့်ပြီးသားတွေလည်းဖြစ်နိုင်ပါတယ်၊ ဇာတ်ကားအသစ်တွေကိုလည်း တင်ပေးသွားမှာဖြစ်ပါတယ်။ မိတ်ဟောင်းမိတ်သစ်များ အားပေးပြီး ဝေမျှပေးကြပါလို့ တောင်းဆိုအပ်ပါတယ်။




Download
475 MB
2 Guns (2013)

127 Hours (2010)



Aron Ralston ကိုတော့ သိကြမှာပါ။ ကိုယ့်ရဲ့ လက်ကို ကိုယ်တိုင် ဖြတ်ပြီး သေမင်းဆီက ထွက်ပြေး ခဲ့သူပါ။ Intel က mechanical engineer တစ်ယောက် ဖြစ်တဲ့ Aron ကအားကစားကို ၀ါသနာ ပါသူတစ်ယောက် ဖြစ်ပြီး အထူးသဖြင့် တောင်တက်တာကို နှစ်ခြိုက်ပါတယ်။ ၂၀၀၃ခုနှစ် ဧပြီလ ၂၆ရက်မှာ Utah ပြည်နယ်က Blue John Canyon ဘက်ကို တောင်တက်ဖို့ တစ်ယောက်တည်း ထွက်လာခဲ့ ပါတယ်။ ဒီခရီးစဉ် အကြောင်းကို ဘယ်သူကိုမှ မပြောခဲ့ ပါဘူး။ ဖြစ်ချင်တော့ ပြန်အဆင်းမှာ သူကုတ်တွယ် ထားတဲ့ ကျောက်တုံးက ပြုတ်ကျပြီး သူ့ရဲ့ညာဘက် လက်ကို ဖိကြိတ်သလို ဖြစ်ပြီး လက်ကို ညှပ်ထား လိုက်ပါတယ်။ ငါးရက် တိုင်တိုင် အဲ့နေရာ လေးမှာ နေပြီး ကျောက်တုံးကို ဖယ်ဖို့ ကြိုးစားပေမယ့် အရာမထင် တဲ့အခါ သူက ကိုယ့်လက်ကို ကိုယ်ဖြတ်ပြီး ရုန်းထွက်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ သူ့မှာ ပစ္စည်း ကိရိယာ ကြီးကြီးမားမား မပါဘဲ သူ့အဒေါ်ရဲ့ လက်ဆောင် စွယ်စုံသုံး မောင်းချ ဓားလေး တစ်ချောင်းပဲ ပါပါတယ်။ ဒီဓားလေးက ဘယ်နည်းနဲ့မှ သူ့အရိုးကို ပြတ်အောင် မဖြတ်နိုင် ပါဘူး။ သူ့ကို ညှပ်ထားတဲ့ ကျောက်တုံး၊ ဓားကို သုံးပြီး လက်တစ်ချောင်းလုံးကို ရအောင် ဖြတ်ခဲ့ပြီး အသက်ရှင် ခဲ့ပါတယ်။ သူ့အကြောင်းကို Danny Boyle က 127 Hours ဆိုပြီး ရုပ်ရှင် ရိုက်ခဲ့ ပါတယ်။

အရင် မျက်ရှင် ဆိုဒ်ကဇာတ်လမ်းအဟောင်းတွေကို အခုဆိုဒ်အသစ်မှာ ပြန်တင်နေရတာပါ၊ ကြည့်ပြီးသားတွေလည်းဖြစ်နိုင်ပါတယ်၊ ဇာတ်ကားအသစ်တွေကိုလည်း တင်ပေးသွားမှာဖြစ်ပါတယ်။ မိတ်ဟောင်းမိတ်သစ်များ အားပေးပြီး ဝေမျှပေးကြပါလို့ တောင်းဆိုအပ်ပါတယ်။



Download
772 MB
127 Hours (2010)

Tai Chi Hero (2012)


ဟိုနေ့ကတငိပေးထားတဲ့ Tai Chi Zero ရဲ့ အဆက်ပါ၊ imdb 6.2 ရထားတဲ့ ဖိုက်တင်ဇာတ်လမ်းပါ။




DOWNLOAD MOVIE
845 MB
TAI CHI Hero (2012)

Saturday, April 9, 2016

The Monkey King (2014)


ဒီဇာတ်ကားကတော့ မျောက်မင်းစွန်းဝုခုံးရဲ့ ကြမ်းကြမ်းရမ်းရမ်း ဖိုက်တင်ခန်းတွေကို အသားပေးဖေါ်ပြထားတာပါ။ ဒါကြောင့် ပါဝါအပြင်းစားတွေကိုလည်း တွေရမှာဖြစ်ပါတယ်။ နတ်ပြည်ကို တက်မွှေသွားတဲ့ စွန်းဝုခုံး ဘာဖြစ်လို့အဲ့လိုလုပ်တာလဲ ၊ ဘယ်လိုတွေတိုက်ခိုက်သလဲဆိုတာသိရဖို့ ဒေါင်းကြည့်ကြပါဗျို့။

နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Donnie Yen, Yun-Fat Chow တို့ပါဝင်ရိုက်ကူးထားတဲ့အတွက် ပေါ့သေးသေးဇာတ်ကားတော့မဟုတ်ပါဘူး၊ The Monkey King 2 ကိုတော့ မကြာမီတင်ပေးပါဦးမည်။

အရင် မျက်ရှင် ဆိုဒ်ကဇာတ်လမ်းအဟောင်းတွေကို အခုဆိုဒ်အသစ်မှာ ပြန်တင်နေရတာပါ၊ ကြည့်ပြီးသားတွေလည်းဖြစ်နိုင်ပါတယ်၊ ဇာတ်ကားအသစ်တွေကိုလည်း တင်ပေးသွားမှာဖြစ်ပါတယ်။ မိတ်ဟောင်းမိတ်သစ်များ အားပေးပြီး ဝေမျှပေးကြပါလို့ တောင်းဆိုအပ်ပါတယ်။



Download Movie
1 GB
The Monkey King (2014).MP4

Friday, April 8, 2016

The Last Tycoon (2012)



978 MB
The Last Tycoon.MP4

American Heist (2014)



ရာဇဝတ်မှု တွေကို ဘဝအခြေမလှတဲ့ ညီအစ်ကို နှစ်ယောက်ဇာတ်အိမ်နဲ့ ရောထွေးယှက်လိမ်ထားတဲ့ ဒီဇာတ်ကားဟာ အရမ်းကြီး စွဲငြိဖွယ်မဖြစ်စေပေမယ့် Adrien Brody ရဲ့ သရုပ်ဆောင်ချက်တွေက ဇာတ်ကို အစအဆုံး ဆွဲခေါ်စေခဲ့တာပါ။ harrison's flowers | the pianist | Houdini ရုပ်သံဇာတ်လမ်းတွဲ|ခု အော်စကာဆုတွေ အများကြီးရသွားတဲ့
The Grand Budapest Hotel
ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တဲ Adrien brody ဟာ သူရဲ့ သရုပ်ဆောင်ပုံဘယ်လောက်ကောင်းသလဲဆိုတာတော့ ပြောဖို့မလိုတော့လောက်အောင် သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေက သက်သေပြခဲ့ပြီးသားပါ။ဒီဇာတ်ကားမှာလည်း Frankieအဖြစ် Hayden Christensen (jumper movie |star wars movies|outcast movie|)တွေနဲ့ နာမည်ရထားတဲ့ မင်းသားရဲ့  အစ်ကိုအဖြစ် ရင်ထဲအထိရောက်သွားလောက်အောင် သရုပ်ပြသွားပါတယ်။Jumper မင်းသားချော Hayden Christensen ကလည်း သူ့ရဲ့ ညီjames အဖြစ်ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့သလို rapperကြီး akonကလည်းလူဆိုးလူမိုက်ကြီးအဖြစ်ဒီဇာတ်ကားမှာ သရုပ်ဆောင်ပေးထားပါတယ်။
frankieက သတ္တိသိပ်မရှိတဲ့ လူဆိုးတစ်ယောက်ဖြစ်ပြီးတော့ လူသတ်မှု တစ်ခုဖြစ်ပြီး ထောင်ကျသွားပါတယ်။ထောင်ကထွက်လာချိန်မှာ ထုံးစံအတိုင်းပဲ သူရဲ့ အပေါင်းအဖော်တွေကလာကြိုပြီး အရင် လူမိုက်ဘုံထဲ ပြန်ရောက်သွားတော့တယ်။
ညီဖြစ်သူ james က အစ်ကိုနဲ့မတူပဲ ကားဝပ်ရှော့မှာ အလုပ်သမားတစ်ယောက်အဖြစ်ဘဝကို ရုန်းကန်နေရသူပါ။
အဲဒီအချိန်မှာပဲ သူ့အစ်ကို frankieက james နေတဲ့ တိုက်ခန်းဆီပြန်ရောက်လာပါတယ်။jamesက လူဆိုးလူမိုက်တစ်ယောက်ကို လက်မခံနိုင်ကြောင်း ပြောပြီး နှင်ထုတ်ပါတယ်။
frankieက မျက်နှာငယ်လေးနဲ့ အစ်ကို မမိုက်တော့ပါဘူး။ ပြီးတော့ထောင်ထဲကနေဗုဒ္ဓတရားတော်တွေသင်ယူလာလို့ လိမ္မာနေပါပြီစသဖြင့် ။ တောင်းပန်ရှာတော့ jamesက နှင်မထုတ်တော့ပါဘူး။သူတို့မှာပြေးကြည့်မှ ညီအစ်ကို နှစ်ယောက်တည်းရှိကြတာပါ။
အစ်ကိုဖြစ်တဲ့frankieက ညီကို အရမ်းချစ်ပါတယ်။ဒါပေမယ့်သူတို့ငယ်ဘဝက မကောင်းခဲ့ပါဘူး။အဖေဖြစ်သူ ထွက်သွားချိန်မှာ မိခင်ကလည်း ယောကျာ်းတစ်ယောက်ပြီးတစ်ယောက်နဲ့ ဖောက်ပြန်နေခဲ့တော့ အစ်ကိုfrankie ဒုစရိုက်နယ်ပယ်ထဲရောက်ခဲ့တာမဆန်းပါဘူး။frankieက သူခိုးတစ်ယောက်ဖြစ်ပြီး နောက်တော့ ညီjamesပါ ပါလာကာ သူတို့ ထောင်တောင်ကျခဲ့ရပါတယ်။
အဲဒီလို အတိတ်ဆိုးတွေကြောင့်ညီက အစ်ကို့ကို လက်မခံချင်ပါဘူး။အစ်ကိုကလည်း လူမိုက်သာဖြစ်နေပေမယ့် သတ္တိလည်း သိပ်ရှိတာမဟုတ်ပါဘူး။ဂျစ်ပစီဒီဇိုင်းနဲ့ ကြွစောင်းကြွစောင်းလမ်းလျှောက်ပြီး ဂိုဏ်းထဲမှာတော့ ရေမြွေသာသာပါ။
james တစ်ယောက် ကိုယ်ပိုင်ဝပ်ရှော့လေးဖွင့်ချင်လို့ ဘဏ်သွားပြီး ပိုက်ဆံချေးပေမယ့် အဆင်မပြေခဲ့ပါဘူး။
သူက Emily( Jordana Brewster)ဆိုတဲ့ ရဲလုပ်ငန်းမှာ အော်ပရေတာလုပ်တဲ့ ကောင်မလေးရဲ့ ကားကို ပြင်ပေးရာကနေ အဲဒီကောင်မလေးနဲ့သံယောဇဉ်ငြိတွယ်နေကြပါတယ်။
frakieက ဂိုဏ်းထဲမှာ သူ့ဆရာတွေဖြစ်တဲ့ sugar (akon)တို့ကို ညီjames တော်ကြောင်းရဲရင့်ကြောင်းတွေကို အရမ်းကြွားလုံးထုတ်တတ်တော့ လူမိုက်တွေက jamesကို ကားမောင်းခေါ်သွားရကာနေ လူသတ်မှု တစ်ခုမှာ jamesပါသွားခဲ့ပြန်ပါတော့တယ်။
jamesရုန်းထွက်ဖို့ကြိုးစားပေမယ့် လူမိုက်တွေက မပါရင် သူ့ကောင်မလေး emilyကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ပါတယ်။
james က frankieကို သူနဲ့ အဝေးကို လိုက်ခဲ့ဖို့ခေါ်တယ်။frankieမလိုက်တော့ပါဘူး။frankieကဘိန်းစွဲနေပါပြီ။
သူ့ဘဝတစ်ခုလုံး အဲဒီနွံထဲမှာ နစ်မြု ပ်နေပါပြီ။ညီကိုလည်း သူကို မထားခဲ့ဖို့တောင်းပန်ရှာတယ်။
frankie ခေါင်းဆောင်ဖြစ်သူက ဘဏ်မှာဓါးမြတိုက်ဖို့ အစီအစဉ်ဆွဲနေတာပါ။jamesက ကားမောင်းရမှာဖြစ်ပြီး frankieတို့က ဘဏ်ထဲဝင်ဓါးမြတိုက်ရမှာဖြစ်ပါတယ်။
သူတို့ အစီအစဉ်အတိုင်း မိုးတွေတစ်ဖွဲဖွဲရွာနေချိန်မှာ မြို့ ထဲကကားတွေကို နေရာတစ်ခုစီ မိုင်းခွဲ ရဲတွေကို အာရုံပြောင်းပြီး ဘဏ်ကို ဝင်စီးကြပါတော့တယ်။
အစီအစဉ်က အစတွင်ချောမွေ့နေသော်လည်း အပြင်ကလမ်းလျှောက်လာတဲ့ကောင်မလေးတစ်ယောက်က ကားထဲမှာရှိတဲ့မျက်နှာဖုံးနဲ့frankie တို့ကို မြင်လိုက်ချိန်မှာတော့။
ဘာတွေဆက်ဖြစ်မလဲ သူတို့ညီအစ်ကိုနှစ်ယောက် ဘယ်လိုစခန်းဆက်သွားမလဲစတဲ့။
သံယောဇဉ်နဲ့  ဘဝတိုက်ပွဲတွေကို ရိုးရိုးရှင်းရှင်း ရိုက်ပြထားတဲ့ ဒီဇာတ်ကားကို ကြည့်သူတိုင်း နှစ်ခြို က်ကြမှာမလွဲပါဟုပြောရင်း။ခေတ္တနားပါ့ရစေဗျား။
ရုပ်ရှင်ချစ်သယ်ရင်းများ ကျန်းမာချမ်းသာကြပါစေ။
nyilinn eain

ရုပ်ရှင်အညွှန်း - ရုပ်ရှင်အကြောင်းပြောရအောင်



Download
657.5 MB
American Heist.MP4

Journey to the West (2013)


ငယ်ငယ်ကကြည့်ဖူးတဲ့ တီဗီဇာတ်လမ်းတွဲ journey to the west ဘယ်လိုဖြစ်လာလဲဆိုတာကို ရှုထောင့်တမျိုးနဲ့ပြန်ရိုက်ကူးထားတာပါ။ မိစ္စာတွေကို နှိမ်နှင်းတဲ့ သူတွေ နဲ့ မိစ္စာတွေ တွေ့ဆုံပုံ၊ တိုက်ခိုက်ပုံ၊ ပေါင်းစည်းကြပုံတွေကို ဟာသနှောပြီး ပေါ့ပေါ့လေးရိုက်ကူးထားတာပါ။
IMDB ကတော့ 6.8 အထိရထားပါတယ်၊ ထိုင်ဝမ်မင်းသမီးရှုကြည် ဦးဆောင်ပါဝင်ထားပါတယ်။
ဒါရိုက်တာကတော့ Shaolin Soccer တို့ Kungfu Hostel တို့ကို ရိုက်ကူးတဲ့ steven chow ဖြစ်တဲ့အတွက်ကြောင့် လုံးဝပျင်းစရာမကောင်းတဲ့ ဇာတ်လမ်းတပုဒ်ဆိုတာသိနိုင်ပါတယ်။

အရင် မျက်ရှင် ဆိုဒ်ကဇာတ်လမ်းအဟောင်းတွေကို အခုဆိုဒ်အသစ်မှာ ပြန်တင်နေရတာပါ၊ ကြည့်ပြီးသားတွေလည်းဖြစ်နိုင်ပါတယ်၊ ဇာတ်ကားအသစ်တွေကိုလည်း တင်ပေးသွားမှာဖြစ်ပါတယ်။ မိတ်ဟောင်းမိတ်သစ်များ အားပေးပြီး ဝေမျှပေးကြပါလို့ တောင်းဆိုအပ်ပါတယ်။



1 GB
 Journey to the West (2013).MP4

Thursday, April 7, 2016

Unfinished Business (2015)


ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ဟာသကားတကားပါ။ အလုပ်ကြိုးစားတဲ့အသေးစားစီးပွားရေးလုပ်ငန်းရှင်တဦးဟာ သူ့အဖေါ်နှစ်ယောက်နဲ့အတူ စီးပွားရေးလုပ်ငန်းအတွက် တိုးတက်ရာတိုးတက်ကြောင်း ဥရောပကို ခရီးထွက်ခဲ့ပါတယ်။ သူတို့မျှော်လင့်ထားတာတွေရော မမျှော်လင့်တာတွေရော ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ရယ်မောရင်း ကြည့်ရှုခံစားနိုင်ပါတယ်။
IMDb Rating မှာတော့ 5.3 ရ ရှိထားပြီး ကြာချိန်က တစ်နာရီခွဲရှိပါတယ်။





Download Movie
346 MB
Unfinished Business (2015).MP4

Now You See Me (2013)


J. Daniel Atlas , Henley Reeves , Jack Wilder , and Merritt McKinney တို့ဟာ ထူးဆန်းတဲ့ Tarot ကတ်ဒ်တွေရဲ့ လမ်းညွှန်မှု က တစ်ဆင့် ဆုံစည်းမိသွားကြတဲ့ မျက်လှည့်စရာလေးယောက်ဖြစ်ပါတယ် ။
နောက်တစ်နှစ်အကြာမှာတော့ သူတို့ လေးယောက်ဟာ The Four Horsemen ဆိုပြီး Las Vegas မှာ မျက်လှည့်ပွဲ တစ်ခု ပြသခဲ့ကြပါတယ် ။ မျက်လှည့်ပွဲရဲ့ နောက်ဆုံးမှာတော့ ပရိသတ်တစ်ယောက်ကို စင်ပေါ်ကို တက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ။ ပြကွက်ကတော့ ပရိသတ်ကို လေပြွန်တစ်ခုထဲကို ထည့်လိုက်ပြီး Paris က ဘဏ်တစ်ခုဆီကို ရောက်သွားစေပါတယ် ။ အဲ့ဒီ့နောက်မှာတော့ အဲ့ဒီဘဏ်က ပိုက်ဆံတွေကို Las Vegas က ပြပွဲဆီ ပြန်သယ်လာပြီးပရိသတ်တွေထဲကို ကျဲချလိုက်ပါတော့တယ် ။
ဒီကိစ္စကို သိရှိသွားတဲ့ FBI စုံထောက် Dylan Rhodes နဲ့ အင်တာပို Agent Alma Dray တို့ဟာ သူတို့ လေးယောက်ကို လာရောက်ဖမ်းဆီး ပြီး စစ်ဆေးပါတော့တယ် ။ ဒါပေမယ့် မှော်ပညာ လို့အကြောင်းပြရုံမှ တပါး ခိုင်လုံတဲ့ သက်သေအထောက်အထားတစ်ခုမှ မရှိတဲ့ အတွက် သူတို့ လေးယောက်ကို ပြန်ပြီး လွှတ်ပေးလိုက်ရပါတော့တယ် ။
အဲ့ဒီ့အချိန်မှာပဲ Rhodes ဟာ Thaddeus Bradley လို့ ခေါ်တဲ့ မျက်လှည့် ဆရာဟောင်း တစ်ယောက်နဲ့ ဆုံမိပါတော့တယ် ။ Thaddeus Bradley ဟာ မျက်လှည့်ဆရာတွေ ပြသတဲ့ မျက်လှည့်ပြကွက်တွေရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြီး အသက်မွေးဝမ်းကြောင်းပြနေသူပါ ။
အဲ့ဒီ့နောက်မှာတော့ Rhodes , Dray နဲ့ Bradley တို့ဟာ The Four Horsemen ရဲ့ ဒုတိယ ပွဲဖြစ်တဲ့ New Orlens က ပွဲကိုသွားပြီး ကြည့်ရှုကြပါတော့တယ် ။ အဲ့ဒီပွဲမှာလည်း ထုံးစံအတိုင်း နောက်ဆုံး ပြကွက်အနေနဲ့ Tressler ဘဏ်က ငွေတွေကို ဖောက်ထွင်းပြီး ပရိသတ်တွေဆီကို ကြဲချလိုက်ပြန်ပါတယ် ။
ပြပွဲအပြီးမှာ Rhodes ဟာ The Four Horsemen အဖွဲ့ဝင်တွေအားလုံးကို Tressler ဘဏ်ဖောက်ထွင်းမှု နဲ့ ဖမ်းဆီးလိုက်ပါတယ် ။ ဒါပေမယ့်လည်း The Four Horsemen လေးယောက်လုံး လွတ်မြောက်သွားပါတယ် ။နောက်ဆုံးမှာတော့ The Four Horsemen ရဲ့ နောက်ကွယ်မှာ The Eye ဆိုတဲ့ လျှို့ဝှက် မှော်ဂိုဏ်း တစ်ခု ရှိနေတယ်ဆိုတာကို ရှာဖွေတွေ့ရှိသွားပါတယ် ။
ဒီလိုနဲ့ The Four Horsemen ရဲ့ နောက်ဆုံး ပြပွဲဖြစ်တဲ့ New York ပွဲ ရောက်ရှိလာပါတယ် ။
Rhodes , Dray နဲ့ Bradley တို့ကလည်း The Four Horsemen ကို ဖမ်းဆီးဖို့ အသင့်ဖြစ်နေပါပြီ ။
ကဲ The Four Horsemen အဖမ်းခံရမှာလား?
အဖမ်းမခံဘဲ လွတ်သွားဦးမှာလား ?
ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ခုပါ ။

ရုပ်ရှင်အညွှန်း - Movie Relaz

အရင် မျက်ရှင် ဆိုဒ်ကဇာတ်လမ်းအဟောင်းတွေကို အခုဆိုဒ်အသစ်မှာ ပြန်တင်နေရတာပါ၊ ကြည့်ပြီးသားတွေလည်းဖြစ်နိုင်ပါတယ်၊ ဇာတ်ကားအသစ်တွေကိုလည်း တင်ပေးသွားမှာဖြစ်ပါတယ်။ မိတ်ဟောင်းမိတ်သစ်များ အားပေးပြီး ဝေမျှပေးကြပါလို့ တောင်းဆိုအပ်ပါတယ်။


Download Movie
1GB
NowYouSeeMe(2013).MP4

Tai Chi Zero (2012)


Yang ဟာ Chen ဆိုတဲ့ရွာကို ထိုက်ကျိသိုင်းပညာရဲ့ လျို့ ၀ှက်နက်နဲမှုတွေ သင်လိုတာကြောင့် ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့သူတို့ရွာသားတွေဟာ အပြင်လူတွေကို (ရွာသားမဟုတ်သူများ) သင်ပေးလေ့မရှိပါဘူး...

သို့ပေမဲ့ yang ဟာ သူတို့ရဲ့ အကြီးမားဆုံးသော မျှော်လင့်ချက်ဖြစ်သော ရွာကိုဖြတ်သန်းကာ မီးရထားလမ်း ဖောက်လုပ်မည့်လူးများကို တိုက်ခိုက်ကယ်တင်မည့်သူဖြစ်လာတဲ့အခါ....

တရုတ်နာမည်ကြီး မင်းသမီး Shu Qi ပါဝင်သော Tai Chi Zero 2012

ရုပ်ရှင်အညွှန်း - Movie Lover




Download Movie
1.07GB
Tai Chi Zero (2012).MP4

Wednesday, April 6, 2016

Rurouni Kenshin (2012)


မင်းတုန်းမင်းနဲ့ ခေတ်ပြိုင်ဘုရင်ဖြစ်တဲ့ ဂျပန်ဘုရင် မီဂျီဟာ ဂျပန်ပြည်ကို တစ်ခေတ်ပြောင်းစေခဲ့သူပါ။ သူ့လက်ထက်မှာ အနောက်နိုင်ငံတော်တော်များများကို ပညာတော်သင်တွေ လွှတ်ပါတယ်။ ရာနဲ့ချီပြီး လွှတ်ပါတယ်။ မင်းတုန်းမင်းလည်း ပညာတော်သင် လွှတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာဘုရင် စေလွှတ်ခဲ့တာဟာ စက်မှုပညာသင်ဖို့အတွက်သာ ဖြစ်ပါတယ်။

ဂျပန်ဘုရင် မီဂျီ စေလွှတ်ခဲ့တဲ့ ပညာတော်သင်တွေဟာ အစုံပါပဲ။ အနောက်တိုင်းသားတွေ ဘယ်လိုဝတ်တယ်၊ ဘယ်လိုစားတယ်၊ ဘယ်လိုနေထိုင်ကြတယ်ဆိုတာက အစပြုလို့ စက်မှုပညာ၊ လက်မှုပညာပါမကျန် သင်ခိုင်းပါတယ်။ အနောက်တိုင်းဆေးပညာကိုပါ လေ့လာခိုင်းပါတယ်။ ကုန်ကုန်ပြောရရင် အနောက်တိုင်းသားတွေ အိမ်သာတက်တာကိုပါ လေ့လာခိုင်းတယ်။ သူတို့ဘယ်လိုအိမ်သာတက်တယ်ဆိုတာ ပုံဆွဲပြီးတော့ ပြန်ယူလာရတယ်။ ဘုရင်ကို ပြန်ပြရတယ်။ ဂျပန်တွေက အဲသလို မီးကုန်ယမ်းကုန် အတတ်စုံ ပညာကုန် သင်တာပါ။

ဂျပန်ဘုရင် မီဂျီဟာ ဂျပန်တို့ရဲ့ ရိုးရာအစဉ်အလာကို တစ်ခေတ်ပြောင်းစေပြီး ကမ္ဘာကို ရင်ဘောင်တန်းနိုင်အောင် ကြိုးစားခဲ့သူပါ။ အပြောင်းအလဲလုပ်တဲ့သူတွေ ခံစားလေ့ရှိကြတဲ့ဒုက္ခကတော့ မပြောင်းလဲချင်သူတွေရဲ့ တိုက်ခိုက်မှုပါပဲ။ ဒါ့ကြောင့် မပြောင်းလဲချင်သူ ဆာမူရိုင်းတို့နဲ့ ပြောင်းလဲချင်သူ ဂျပန်ဘုရင်မီဂျီတို့ ထိပ်တိုက်တွေ့ကြပါတယ်။ ဒီအကြောင်းကို The Last Samurai ဆိုတဲ့ မင်းသား Tom Cruise ဇာတ်ကားမှာလည်း ကျွန်တော်တို့ တွေ့ခဲ့ပြီးသွားပါပြီ။

Battle of Toba-Fushimi (တိုဘာ-ဖူရှီမီ တိုက်ပွဲ) ဟာ ဂျပန်တို့ရဲ့ ခေတ်ပြောင်းတော်လှန်ရေးကို အခြေခိုင်စေခဲ့တဲ့ တိုက်ပွဲပါ။ အဲဒိပွဲမှာ ဂျပန်အင်ပါယာတပ်မတော်ကြီး အနိုင်ရပြီး shogunate တွေ ရှူံးသွားပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းအစဟာ ဒီတိုက်ပွဲပါပဲ။ ဒီတိုက်ပွဲမှာ Hitokiri Battōsai (သွေးဆာလွန်းတဲ့ လူသတ်သမား) လည်း ပါဝင်တိုက်ခိုက်ပါတယ်။ သူတို့ နိုင်ပြီ၊ တိုင်းပြည်ကြီးတော့ ဆူပူမှုတွေမရှိတော့ဘူး၊ ငြိမ်းချမ်းသွားပြီဆိုတာ သိလိုက်ရတဲ့နောက် Battosai တစ်ယောက်လည်း စစ်မြေပြင်ကနေ တစ်ယောက်တည်း ထွက်ခွာသွားပါတယ်။ သူ့ရဲ့ လက်စွဲတော် ဓားကို မြေမှာစိုက်ခဲ့ပါတယ်။ ဆာမူရိုင်းကမ္ဘာဟာ သူနဲ့ သက်ဆိုင်ခြင်း မရှိတော့ပါဘူး။

ဆယ်စုနှစ်တစ်ခုကြာတဲ့အခါ Battosai တစ်ယောက် ပြန်ပေါ်လာပါတယ်။ မြို့မှာ လူသတ်မှုတွေ ခဏခဏဖြစ်ပါတယ်။ သတ်ပြီးသွားရင် အလောင်းပေါ်မှာ Battosai လို့ ရေးထားတဲ့ စာရွက် ထားထားသွားပါတယ်။ လူတွေက သွေးဆာလွန်းတဲ့ လူသတ်သမား Battosai ကို အကြောက်ကြီး ကြောက်လန့်နေကြပါပြီ။

တကယ်တော့ လူသတ်တာဟာ Battosai မဟုတ်ပါဘူး။ သူနဲ့ ရန်ငြှိုးရှိခဲ့တဲ့ တစ်ခြားသူတွေက သူ့ကို အပုတ်ချချင်လို့ လုပ်နေတာပါ။ သူတို့က ဘာလို့ ဒီလိုလုပ်ကြသလဲ၊ ဒီကိစ္စကို Battosai တစ်ယောက် ဘယ်လိုဝင်ရှင်းသလဲဆိုတာ ကြည့်ကြည့်ကြပါဦး။

ဒီဇာတ်ကားဟာ ခေတ်ပြောင်းတော်လှန်ရေးကာလကို အခြေခံထားတာဖြစ်တဲ့အတွက် ခေတ်ပြောင်းစနစ်ပြောင်းမှာ ဘာတွေဖြစ်တတ်တယ်ဆိုတာ လေ့လာရမှာပါ။ နောက်ပြီး ခေတ်တစ်ခေတ်ပြောင်းတိုင်း သူဌေးကြီးတွေ အသစ်ပေါ်လာတာကိုလည်း တွေ့ကြရပါမယ်။ အနောက်တိုင်းယဉ်ကျေးမှုကို စတင်ကျင့်သုံးတဲ့နောက် ဆာမူရိုင်းတွေရဲ့ဘဝ ဘယ်လိုအနှိမ်ခံခဲ့ရတယ်ဆိုတာလည်း မြင်ကြရမှာပါ။

ကီမိုနိုဝတ်စုံဝတ်ပြီး Sakabatō ဓားကြီးကို ကိုင်လို့ မာန်ပါတဲ့ တိုက်ကွက်တွေဟာ တရုတ်သိုင်းကားတွေနဲ့ မတူတဲ့ ရသတစ်ခုကို ပေးနိုင်မှာပါ။ ဂျပန်ဆာမူရိုင်းကားတွေဆို မလွတ်တမ်း ကြည့်တတ်တဲ့ ကျွန်တော့်တွက် ဒီဇာတ်ကားကလည်း အကြိုက်ဆုံးဇာတ်ကားတစ်ကားပါပဲ။ နာမည်ကြီး ဂျပန် manga series ဖြစ်တဲ့ Rurouni Kenshin ကို ပြန်ရိုက်ထားတဲ့ နာမည်တူ Rurouni Kenshin るろうに剣心 ဒီဇာတ်ကားကို Warner Bros က ဖြန့်ချိပေးထားပါတယ်။ ဒီလောက်ဆိုရင် ဒီဇာတ်ကား ဘယ်လောက်ကောင်းတယ်ဆိုတာ ခန့်မှန်းလို့ရလောက်ပါပြီ။ ကျွန်တော်ကတော့ ဒီတစ်ခါနဲ့ဆို ပြန်ကြည့်တာ သုံးခါရှိနေပါပြီ။

ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်နာမည် Rurouni ဆိုတာက Ronin ဆိုတဲ့စကားလုံးကို ဆင့်ပွားတီထွင်ထားတာပါ။ 47 Ronin ကြည့်ဖူးသူများ Ronin ရဲ့ အဓိပ္ပာယ်ကို သိပါလိမ့်မယ်။

ရုပ်ရှင်အညွှန်း - Movie Locos



Download
1.5GB
rurouni kenshin.MP4

The Crossing 1 (2014)


ဒီဇာတ်ကားက ၁၉၄၉ တုန်းက ခရီးသည် ၁၅၀၀ ကျော် သေဆုံးခဲ့ရတဲ့ တိုင်ပင်းဆိုတဲ့ သင်္ဘောနစ်မြုပ်ခဲ့မှုကို အခြေခံရိုက်ကူးထားတာမို့ တရုတ်တိုင်တန်းနစ်ကားလို့တောင် ပြောလို့ရပါတယ်။
ဇာတ်လမ်းအစမှာ ၁၉၄၀ ပြည့်နှစ်များဆီက ဂျပန်နဲ့ စစ်ဖြစ်နေတဲ့ တရုတ်နိုင်ငံ မြင်ကွင်းတွေနဲ့ အတူ တပ်မတော် အရာရှိ လေ့ယိဖန်ဟာ ကြယ်နှစ်ပွင့်ရပြီး ရာထူးတိုးသွားခဲ့ပါတယ်။
ဂျပန်-တရုတ်စစ်ပွဲတွေအပြီးမှာတော့ တရုတ်နိုင်ငံဟာ စစ်တပ်နဲ့ ကွန်မြူနစ်တွေ တိုက်ကြခိုက်ကြတဲ့ ပြည်တွင်းစစ် ထပ်ကြုံခဲ့ရာ သေကျေဒဏ်ရာရရှိမှုတွေလည်း များပြားခဲ့ပြီး မိသားစုတွေလည်း ကွဲကွာကုန်ကြပါတယ်။
ဒေသ ၂၂ က စစ်ဆေးရုံမှာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကလာတဲ့ ယုကျန်ဆိုတဲ့ အမျိုးသမီးဟာ လုပ်အားပေးနေရင်း စစ် အတွင်းရောက်နေတဲ့ ခင်ပွန်းဖြစ်သူကို ရှာဖွေနေခဲ့ပါတယ်။ တစ် ရက်မှာတော့ အရာရှိ ယိဖန်ဟာ မြို့ထဲတစ်နေရာကိုသွားရင်း ဘဏ် လုပ်ငန်းရှင်ရဲ့သမီး ကျိုးယွမ်ဖန် ဆိုတဲ့ မိန်းကလေးကို မြင်မြင်ချင်း စိတ်ဝင်စားသွားခဲ့ပါတယ်။ အလျင်အမြန် ပိုးပန်းပြီးတဲ့နောက် သူတို့နှစ်ယောက် လက်ထပ်ဖြစ်ခဲ့ပါတယ်။
စစ်ကြောင့် ဒဏ်ရာရသူတွေကို ထိုင်ဝမ်ကို ပို့ဆောင်တာမို့ ယုကျန်တစ်ယောက် ထိုင်ဝမ် သွားဖို့ သင်္ဘောလက်မှတ် မတတ်နိုင်တဲ့ အခြေနေ ဖြစ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရင်သွေးလွယ်ထားပြီဖြစ်တဲ့ ယွမ်ဖန်ဟာ ရှေ့တန်းသွားရမယ့် သူ့ခင်ပွန်း ယိဖန်ကိုထားခဲ့ပြီး သူ့မိသားစုတွေနဲ့ ထိုင်ဝမ်မှာ ဘေးလွတ်ရာ ပြောင်းနေဖို့လုပ်ခဲ့ပါတယ်။
ထောင်နဲ့ချီတဲ့ ခရီးသည်တွေ တင်ဆောင်လာတဲ့ သင်္ဘောကြီးနစ်မြုပ်ခဲ့ရာမှ မိသားစုတွေ သေကွဲရှင်ကွဲကွဲကွာပြီးနောက်မှာ အပြောင်းအလဲ ဖြစ်ကုန်တဲ့ အခြေအနေတွေကို ဘယ်လိုပုံဖော်ပြသွားမလဲဆိုတာ ကိုယ်တိုင်ကြည့်လိုက်ကြပါဦး။ လူပေါင်းများစွာ သေကျေရတဲ့ စစ်ပွဲမြင်ကွင်းတွေ၊ စစ်အတွင်း လူမှုဘ၀တွေ၊ချစ်မေတ္တာအကြောင်းအရာတွေကို ရသစုံကြည့်ရမှာမို့ ပရိသတ်တွေ အကြိုက်တွေ့ကြဦးမယ်ထင်ပါတယ်။
ဒါရိုက်တာ ဂျွန်ဝူးက နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ ကျန်ဇီယီ၊ တာကဲရှိခါနဲရှိယို၊ ဆောင်းဟေကို၊ ဟွမ်ရှောင်မင်၊ တုံးသာ့ဝေ၊ မာဆ မိနာဂါဆာဝါတို့နဲ့ ပုံဖော်ထားတာ ဖြစ်ပါတယ်။
dialy7.com