Monday, May 30, 2016

Step Up Revolution (2012)


Step Up ဇာတ်ကားတွေထဲက အကြိုက်ဆုံး revolution ကို တင်ပေးလိုက်ပါတယ်။ မီယာမီက The MOB ဆိုတဲ့အဖွဲ့ဟာ လူစည်ကားတဲ့နေရာတွေမှာ အမှတ်တမဲ့ ဖြေဖြေရေးတွေကို ထူးထူးခြားခြားတင်ဆက်ရာကနေ နာမည်တဖြေးဖြေးရလာပါတယ်။  
အမ်မလီဆိုတဲ့ကောင်မလေးတယောက်ဟာ အကပညာရှင်တယောက်ဖြစ်ဖို့ရည်ရွယ်ချက်နဲ့ မီယာမီကိုရောက်လာရာကနေ The MOB ရဲ့ခေါင်းဆာင် ရှောင်နဲ့ဆုံဆည်းခဲ့ပါတယ်။ အမ်မလီရဲ့ အဖေဟာ ရှောင်အလုပ်လုပ်နေတဲ့ ဟိုတယ်ရဲ့ သူဌေးဖြစ်ပြီး မီယာမီမှာ စီးပွားရေးချဲ့ထွင်ဖို့ ကြိုးစားနေတဲ့သူဖြစ်ပါတယ်။
ရှောင်အနေနဲ့ အကပညာမှာ အရည်အချင်းရှိတဲ့ အမ်မလီကို The Mob မှာ ပါဝင်ဖို့စည်းရုံးပြီး အမှတ်မထင် တင်ဆက်မှုတွေကိုဆက်လက်လုပ်ကိုင်နေခဲ့ပါတယ်။ 
နောက်ဆုံးမှာ အမ်မလီပါဝင်နေတဲ့ The MOB နဲ့ သူမရဲ့ အဖေ စီးပွားရေးလုပ်ငန်းရှင်တို့ ထိပ်တိုက်တွေ့ဖို့ အကြောင်းဖန်လာပါတော့တယ်။ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ..

IMDB 6.5 ရထားတဲ့ ဇာတ်ကားဟာ ပြသချိန် 1h:39mins ကြာပါမယ်။ 604 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူနိုင်ပါပြီ။




Download
604 MB
Step Up Revolution (2012)

Sunday, May 29, 2016

Parker (2013)


Parker ဟာ အမေရိကန်စုံထောက်ဝတ္ထုရေးဆရာကြီး Richard Stark ခေါ် Donald E. Westlakeရဲ့ဇာတ်ကောင်ကို မှီငြမ်းအသက်သွင်းပြီး Alexander McLanughlin က ဇာတ်ညွှန်းရေးကာ ဒါရိုက်တာ Taylor Hackford ရိုက်ကူးတဲ့ စုံထောက်ဇာတ်ကြမ်းကားဖြစ်ပါတယ်......
အဓိကသရုပ်ဆောင်ထားသူတွေက အက်ရှင်မင်းသား Jason Statham, Jennifer Lopez, Micheal Chiklis နဲ့ Nick Nolte တို့ဖြစ်ကြပါတယ်....
ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသားStathamဟာ သူ့စတန့်အားလုံးကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ကြောင်း သိရပါတယ်....
လူဆိုး က သေနတ်နဲ့ပစ်စဉ် အရှိန်ပြင်းစွာမောင်းနှင်နေတဲ့ကားပြတင်းပေါက်ကနေ ဒိုင်ဗင်ထိုးထွက်တဲ့အခန်းဟာ အသက်အန္တရာယ်ရှိပေမဲ့ ဒါရိုက်တာ စိတ်တိုင်း ကျ မဖြစ်မချင်း Jason က ငါးခါ ခြောက်ခါ သရုပ်ဆောင်ပေးခဲ့ပါတယ်.....
ဒါရိုက်တာကြီးHackford ဟာ ‘Parker’ကို သူ့ရဲ့ပထမဆုံး film-noir ဇာတ်ကားဖြစ်အောင် ရိုက်ကူးရလို့ ရင်ခုန်ကြောင်းဖွင့်ပြောပါတယ်။ (film-noirဆိုတာက ၁၉၆၀ပြည့်နှစ်တွေက ခေတ်စားတဲ့ ပြင်သစ်အဖြူ-အမည်းစုံထောက်ဇာတ်ကားတွေဖြစ်ပါတယ်။)
Parker ဟာ ထူးဆန်းတဲ့ဇာတ်ကောင်ဖြစ်ပြီး လူ့ခွစာဆန်သူဖြစ်လို့ ၄င်းကို မိမိစိတ်ဝင်စားတာပါလို့ Hackford က ပြောပါတယ်။ Parkerကို ဝေဖန်ရေးဆရာ တချို့က ချီးမွမ်းပြီး တချို့က ရှုတ်ချခဲ့ပါတယ်... Stathamဟာ Parker ဇာတ်ရုပ်နဲ့ အံကိုက်ဖြစ်ကြောင်း၊ J.Loရဲ့ဇာတ်ကောင် Leslie က တော့ ပရိသတ်ကို ရယ်မောစေကြောင်း တချို့က ပြောပါတယ်...
Donald Westlake ရဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ စာရေးသူအနေနဲ့တော့ Statham ရဲ့ပရိသတ်တွေ ကျေနပ်မှုရစေမယ့် ဖြေဖျော်ရေးအသားပေး လျှို့ဝှက်သည်းဖိုအက်ရှင်ဇာတ်ကားတစ်ကားလို့ပဲ မှတ်ချက်ချချင်ပါတယ်....
ရုပ်ရှင်အညွှန်း - DVD Guide

IMDB 6.2 ရရှိထားအက်ရှင်ဇာတ်ကြမ်းဟာ 1h:58mins ကြာမြင့်ပါတယ်။ 544 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။



Download
544 MB
Parker (2013)


Night at the Museum: Secret of the Tomb (2014)


၂၀၀၆ ကတည်းက စတင်အောင်မြင်ခဲ့တဲ့ အမေရိကန်ဟာသဇာတ်လမ်းရဲ့ တတိယမြောက် ဇာတ်လမ်းတွဲဖြစ်သလို နောက်ဆုံးဇာတ်လမ်းလည်းဖြစ်တဲ့ ဇာတ်ကားသစ်အကြောင်း ပြောပြချင်ပါတယ်။

၁၉၃၈ တုန်းက ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့ဟာ အဖိုးတန်ရှေးဟောင်းပစ္စည်းတစ်ခုကိုရှာဖွေဖို့ အီဂျစ်ဂူသင်္ချိုင်းတစ်ခုကို တူးဖော်ပါတယ်။ ဂူသင်္ချိုင်းထဲကိုကောင်လေးတစ်ယောက် ပြုတ်ကျရာကနေ သူ့ဖခင်နဲ့ အခြားရှေးဟောင်းသုတေသန ပညာရှင်တွေကို လမ်းကြောင်းရှာပေးနိုင်ခဲ့ပြီး ဖာရိုဘုရင်ရဲ့ ကမ္ပည်းထိုးထားတဲ့ရွှေချပ်ပြားကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီနောက်တော့ ရွှေကမ္ပည်းပြားကို နှစ်ပေါင်းများစွာထိန်းသိမ်းထားပါတယ်။

ယနေ့ခေတ် နယူးယောက်မြို့က သဘာဝသမိုင်းပြတိုက်ကြီးမှာ အခမ်းအနားကြီးတစ်ခုလုပ်နေပြီး ဒေါက်တာမက်ပီး တက်ရောက်လာတာကို ပြတိုက်လုံခြုံရေးဖြစ်တဲ့ လာရီဒါလေကတွေ့ပါတယ်။ Night at the Museum အရင်ဇာတ်ကားတွေအတိုင်းပဲ ပြတိုက်က အရုပ်တွေ အသက်ဝင်ပြီး သူတို့အသက်ရှင်စဉ်ကနေခဲ့တဲ့ ပုံစံအတိုင်းနေရင်း ပြတိုက်ထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေပါတယ်။ အီဂျစ်ဂူသင်္ချိုင်းထဲက ရွှေကမ္ပည်းပြားက နယူးယောက်သဘာဝသမိုင်းပြတိုက်ထဲမှာ ထိန်းသိမ်းထားတာဖြစ်ပြီး အဲဒီပစ္စည်း တဖြည်းဖြည်းပျက်စီးလာတာကို ဘယ်သူမှ သတိမထားမိကြပါဘူး။ ကမ္ပည်းပြားကြောင့် အခမ်းအနားက ပရမ်းပတာတွေဖြစ်ပြီး ဧည့်သည်တွေကို တိုက်ခိုက်တာမျိုးတွေဖြစ်ပြီးတဲ့နောက် အရာအားလုံးတည်ငြိမ်သွားပေမယ့် ကမ္ပည်းပြားကြောင့်လို့တော့မသိခဲ့ကြပါဘူး။

တစ်ရက်မှာ လာရီဟာ ပြသနာဖြစ်ရတဲ့အကြောင်းရင်းကို ရှာဖွေရင်း ပထမဆုံး ကမ္ပည်းပြားတွေ့တုန်းကပါသွားတဲ့ ကောင်လေးနဲ့ သူ့အဖေဓာတ်ပုံကို တွေ့ပြီး အဲဒီကောင်လေးဟာ ဆီ ဆဲဖရက်ဒရစ်ဆိုသူ ရွှေကမ္ပည်း ပြားခိုးယူဖို့ကြိုးစားတဲ့ ပြတိုက် လုံခြုံရေးဟောင်းဆိုတာ သိရပါတယ်။
ဆီဆဲဟာ အလုပ်က အနားယူပြီးဖြစ်တာကြောင့် သူနေတဲ့နေရာအထိ လိုက်သွားပြီး ကမ္ပည်းပြားအကြောင်းကို မေးမြန်းရင်း စုံစမ်းဖော်ထုတ်ဖို့ လုပ်ဆောင်ပါတယ်။
လာရီတစ်ယောက် ရွှေကမ္ပည်း ပြားရဲ့ သမိုင်းကြောင်းကို စုံစမ်း ဖော်ထုတ်နိုင်မှာလား။ မှော်ဝင် ကမ္ပည်းပြားကြောင့် ဘယ်လိုအပြောင်းအလဲတွေ ဖြစ်ကုန်မလဲ ဆိုတာ........။
ရုပ်ရှင် အညွှန်း : 7Day Daily

ဒီဟာသဇာတ်လမ်းဟာ IMDB 6.2 ရထားပြီးတော့ ကြည့်ရှုချိန် 1h:38mins ကြာမြင့်ပါတယ်။ 394 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။



Download
394.6 MB
Night at the Museum: Secret of the Tomb (2014)


Sin City: A Dame to Kill For (2014)


Sin City : A Dame to Kill For အမည်ရ Sin City နောက်ဆက်တွဲ ဇာတ်ကားမှာ ဝင်ငွဒေါ်လာ ၂.၆ သန်းသာ ရရှိကာ ဝင်ငွကောင်း အဆင့် ၆ တွင်သာ ရပ်တည်နိုင်ခဲ့ သည်။ Sin City 2 ကို ဒါရိုက်တာ Frank Miller နှင့် Robert Rodriguez တို့က ရိုက်ကူးပေးထား ပြီး၊ ယခင်သရုပ်ဆောင်များဖြစ်ကြ သော Jessica Alba, Rosario Dawson, Mickey Rourke နှင့် Bruce Willis တို့ ပါဝင်သရုပ်ဆောင် ပေးထားကြသည်။

Sin City:A Dame to Kill For ဇာတ်ကားရဲ့ ပိုစတာကို အမေရိကန်ရုပ်ရှင်အဖွဲ့ အစည်း MPAA က ပိတ်ပင်လိုက်ပါတယ်။ ပိုစတာမှာ Eva Green ရဲ့ ကိုယ်ခန္ဓာကောက်ကြောင်းကို အထင်းသားမြင်နေရပြီး သားမြတ်ခေါင်းတစ်ဝိုက်ဟာ အ၀တ်ပါးအောက်မှာ မြင်သာနေတဲ့အတွက် ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီ ဇာတ်ကားဟာ ဈေးကွက်ဆွဲဆောင်မှု စတန့် ထွင်ပြီး ကာမရာဂနှိုးဆွမှုအသားပေးပိုစတာဖြစ်နေတဲ့အတွက် MPAA က ပိတ်ပင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

IMDB 6.5 ရရှိထားတဲ့ အက်ရှင်ကားဟာ 1h:42mins ကြာမြင့်ပါတယ်။ 472 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။



Download
472 MB
Sin City: A Dame to Kill For (2014)


Saturday, May 28, 2016

A Stranger in Paradise (2013)


IMDB 4.7 ရထားတဲ့ဇာတ်ကားလေးပါ။ အောက်ကလင့်ခ်မှာ 379 MB နဲ့ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။



Download
379 MB
A Stranger in Paradise (2013)


Friday, May 27, 2016

The White Haired Witch of Lunar Kingdom (2014)


Fantasy ကားအမျိုးအစားဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ ဖိုက်တင်ခန်းတွေ အချစ်ခန်းတွေ ၊ virtual effects တွေကို ကြည့်ရမှာဖြစ်ပါတယ် ။ မင်းသားနဲ့ အဓိက မင်းသမီး အလှကို အဓိကဖေါ်ပြထားတဲ့ အချစ်၊ အက်ရှင် ဇာတ်လမ်းကောင်းတပုဒ်ပါ။

IMDB 5.2 ရထားတဲ့ ဒီဇာတ်လမ်းဟာ 1h:44mins ကြာမြင့်ပါတယ်။ 661MB နဲ့ အောက်ပါလင့်ခ်တွင် ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။


Download
661 MB
pcloud
Download
661MB
google drive

Thursday, May 26, 2016

Dragon Blade (2015)

ဒီကားကတော့ Jackie Chan ရဲ့ Action/Adventure ဇာတ်ကားဖြစ်ပြီး၊ Jackie Chan နဲ့ အတူ John Cusack (2012, 1408) နဲ့ Adrien Brody ( The Pianist, King Kong) မင်းသားနှစ်ဦးတို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်ကားမှာ Jackie Chan က Silk Road Protection Squad လို့ခေါ်တဲ့ Silk Route/Silk Road ရဲ့ လုံခြုံရေးကို တာဝန်ယူထားတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ Silk Route ဆိုတာ ရှေးရှေးတုန်းက အာရှတိုက် အရှေ့ဘက်ကနေ အိန္ဒိယ၊ ပါရှား နဲ့ ဥရောပတိုက် မြေထဲပင်လယ်ထဲ အထိ ကုန်ကူးသန်းသွားလာတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ ဇာတ်လမ်းစစချင်းမှာ Jackie Chan တို့က အဲ့ဒီလမ်းကြောင်းပေါ်မှာ ဟန်လူမျိုးတွေနဲ့ အိန္ဒိယလူမျိုးတွေ တိုက်ပွဲမဖြစ်အောင် ဟန့်တားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် သူတို့အဖွဲ့ထဲက တစ်ယောက်က အကျင့်ပျက်ချစားတဲ့အတွက်ကြောင့် သူတို့တစ်ဖွဲ့လုံးကို ရာထူးချပြီး အပြစ်ဒဏ်ပေးတဲ့အနေနဲ့ Goose Gate ခံတပ်တံတိုင်းပျက်ကို ပြန်တည်ဆောက်ရေးအတွက် ၀ိုင်းကူဖို့စေလွှတ်ခံရခဲ့ပါတယ်။ သူတို့ရောက်ပြီး မကြာမီမှာပဲ Roman တပ်ဖွဲ့တစ်ခုရဲ့ ၀ိုင်းရံတာကိုခံရပြီး၊ Huo An (Jackie Chan) နဲ့ Lucius (John Cusack) တို့ နှစ်ယောက် Dual ချနေကြတုန်းမှာ သဲမုန်တိုင်းဝင်လာလို့ Jackie Chan က John Cusack ကို လက်နှက်ချဖို့ ပြောပြီး လက်နှက်ချရင် ခံတပ်ထဲမှာ ခိုလှုံခွင့်ပေးမယ်လို့ဆိုပါတယ်။

ဒီနေရာမှာ နောက်ပိုင်းမှာမှ John Cusack က ကလေးလေးတစ်ယောက်နဲ့ ထွက်ပြေးလာတာဖြစ်ပြီး ကလေးလေးရဲ့ အကိုဖြစ်သူ Tiberius (Adrien Brody) က Roman ကောင်စစ်ဝန် ဖြစ်ပြီး သူ့အဖေသူ ပြန်သတ်ပြီး သူ့ညီသူလည်း သတ်ဖို့ လုပ်နေတာကြောင့် Lucius က ကောင်လေးကို ခေါ်ပြီးထွက်ပြေးလာတာဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ အရမ်းကြီးမကောင်းလှပေမယ့် စိတ်ဝင်စားဖို့ကောင်းပါတယ်။ မင်းသားသုံးယောက်လုံးက တကယ်အရည်အချင်းရှိတဲ့ သူတွေဖြစ်ပေမယ့် ထူးထူးခြားခြား သရုပ်ဆောင်မကောင်းလှပါဘူး။ အထူးသဖြင့် Adrien Brody ဆိုရင် Oscar ဆုရမင်းသားဖြစ်ပေမယ့် ဒီကားမှာ သရုပ်ဆောင် က သာမန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီကားထဲက Fight Scene တွေကတော့ သေချာ (choreography) ဇာတ်တိုက်ထားတာဖြစ်ပြီး ကြည့်လို့ကောင်းပါတယ်။ Jackie Chan vs John Cusack နဲ့ Jackie Chan vs Adrien Brody တစ်ခန်းစီပါပြီး ကြည့်လို့ကောင်းပါတယ်။ ကွန်ဖူးကား မဟုတ်ပေမယ့် Jackie Chan ပရိတ်သတ်တွေကြိုက်ကြမှာဖြစ်ပါတယ်။

အပျင်းပြေကြည့်လို့ကောင်းပြီး သွေးထွက်သံယိုတွေပါလို့ Rated R ဖြစ်လို့ ကလေးတွေ မကြည့်သင့်ပါဘူး။ ဇာတ်လမ်း အစတစ်ခန်း မှာ သရုပ်ဆောင်တစ်ဦးကို အနောက်ဖက်ကနေ ၀တ်စလစ်တွေ့ရပေမယ့် ခဏပဲဖြစ်ပါတယ်။ Jackie Chan ရဲ့ထုံးစံအတိုင်း ဟာသဆန်ဆန်လေးတွေပါပေမယ့် ဇာတ်လမ်းက အက်ရှင် ဒရမ်မာကား သဘောဖြစ်ပါတယ်။ မိသားစု တူတူကြည့်နိုင်ပါတယ်။

ရုပ်ရှင်အညွှန်း-#Sololay (ရုပ်ရှင်မိတ်ဆက်)

IMDB 6.1 ရတဲ့ဇတ်ကားဟာ 2h:7mins ကြာမြင့်ပါတယ်။ 480 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ




Download
480 MB
pcloud


Download
480 MB
google drive

Enemy at the Gates (2001)


တကယ့်ဖြစ်ရပ်မှန်တွေကို နောက်ခံထားပြီး ဇာတ်အိမ်ဖွဲ့ ထားတဲ့အတွက် ကြည့်ရတာ သိပ် ကို အသက်ဝင်ပါတယ်။ အဲဒီလို ပလူပျံနေတဲ့ စစ်ကားတွေထဲမှာ ကျည်ဆန်ကို ပေါပေါများများ အကတ်လိုက် ဆွဲတဲ့သူထက် တစ် တောင့်ဆိုတစ်တောင့် ပစ်မှတ်တိ ကျတဲ့ ဇာတ်လိုက်တွေကို ပိုကြိုက် တယ်။ ခဏခဏ ပြန်ကြည့်မိတဲ့ ‘‘The Enemy at the Gate’’ဆိုတဲ့ ရုပ်ရှင်ထဲက ရုရှားစစ်သားလေးအထူးသဖြင့် လက်ဖြောင့်သေ နတ်သမားလေးလို ရှားပါးလှတဲ့ ကျည်ဆန်ကို ကျည် ငါးတောင့်၊ ရန်သူ ငါးယောက် ပစ်ချနိုင်တဲ့ စွမ်းဆောင်နိုင်မှုမျိုးကိုကြိုက်နှစ်သက်မိပါတယ်။

ဇာတ်လမ်း အကျဉ်းလေး နည်းနည်း အမြည်းကျွေးပါရစေ။ ရုရှားနိုင်ငံကြီးကို နာဇီဂျာမနီတွေ သိမ်းပိုက်ထားတဲ့ ကာလ၊ စတာလင်ဂရက်၊ လီနင်ဂရက်လို အင်မတန် အနုပညာလက်ရာမြောက်တဲ့ မြို့ကြီးတွေကို ဟစ်တလာရဲ့ နာဇီတပ်တွေ စိမ်ပြေနပြေ ဖျက်ဆီးနေတဲ့ စစ်ပွဲကာလ။ စစ်တို့ရဲ့သဘာဝ နိုင်နိုင်ရှုံးရှုံး ပြည်သူတွေကတော့ မြေစာပင် ဖြစ်ရစမြဲပါပဲ။

စစ်ပွဲမှာ မရှုမလှ ရှုံးနေတဲ့ ရုရှားစစ်ဗိုလ်ချုပ်တွေဟာ အရပ် သားတွေကိုပါ အတင်းအဓမ္မစစ် မြေပြင် ပို့ပါတော့တယ်။ အလုပ် သမား၊ လယ်သမား၊ ကျောင်း သားတွေပါမကျန် ရထားတွဲတွေ ထဲ အလုံပိတ်ထည့်ပြီး ရှေ့တန်း ကို ပို့ပါတယ်။ အင်အားပြတဲ့သ ဘောပေါ့။ ထွက်ပြေးတဲ့သူတွေ ကို ပစ်သတ်တာလည်း ရိုက်ပြပါ တယ်။ ဘုမသိ ဘမသိ ပြည်သူ တွေခမျာ သေမှာသိသိနဲ့ သတ် ကွင်းထဲ သွားကြရတယ်။ လူတွေ ကများ။ ပေးစရာလက်နက်ကမရှိ။ အဲဒီတော့ လူနှစ်ယောက်မှာ တစ် ယောက်ကို သေနတ်ပေးတယ်။ ကျန်တစ်ယောက်ကို ကျည်ဆန် ငါးတောင့်ပေးတယ်။ လူနှစ် ယောက်ပေါင်း ငါးချက်ပဲ ခံပစ်ခွင့် ရတယ်။ ကျည်ကုန်ရင်တော့ ကံစီ မံရာအတိုင်းပေါ့။

ဇာတ်လိုက်ကောင်လေးက ကျည်ဆန်ငါးတောင့် ခွဲတမ်းရ တယ်။ ပစ်စရာ သေနတ်မရှိဘူး။ ဒါပေမဲ့ သူက ငယ်ငယ်လေးက တည်းက အဘိုးနဲ့ အမဲပစ်ထွက်ရ သူမို့ သေနတ်ပစ်လက်ဖြောင့်ပြီး သား။ အခုလည်း နာဇီတွေရဲ့ အဆက်မပြတ် အတွဲလိုက်ပစ်နေ တဲ့ ကျည်တွေကို ရှောင်ရင်း တိမ်းရင်း လူသေကောင်တွေ တောင်လို ပုံနေတဲ့ မြို့လယ်ကောင် ပန်းခြံ အပျက်ကြီးထဲ ရောက်သွားတယ်။ လူသေတွေကြားထဲ သေဟန်ဆောင်ပုန်းနေရတယ်။ သေနတ်လည်း လက်ထဲရသွားပြီ။ မျက်စိရှေ့ ကျည်တစ်ပြေးလောက်ရှိတဲ့ အဆောက်အအုံကြီးထဲကို ဂျာမန် စစ်ဗိုလ်ချုပ်က အစောင့်အ ရှောက်တွေနဲ့ ရေဆင်းချိုးလာ တယ်။ အကွက်ပဲ။ လူသေအ လောင်းဆီက ယူထားတဲ့ ရိုင်ဖယ်နဲ့ သူ့လက်ထဲက ကျည်ဆန် ငါး တောင့် တစ်တောင့်မှ အလေလွင့်မခံဘဲ အသုံးချလိုက်တယ်။

ဂျာမန်ဗိုလ်ချုပ်တစ်ကောင်၊ သူ့သက်တော်စောင့်။ လုံခြုံရေး နှစ်ဦး၊ ယာဉ်မောင်းတစ်ဦး၊ ကျည်ငါးတောင့်၊ နာဇီဖက်ဆစ် ငါးယောက် ဇာတ်ကားတစ်ကားလုံးမှာ ကျွန်မအကြိုက်ဆုံးအခန်း။ ကျည်တစ်တောင့် လူတစ်ယောက်။ အရင်အချိန် အသက်လုပြေးခဲ့ရပေမယ့် အခုပစ်ခွင့်ရချိန်မှာ အကျိုးရှိရှိ အသုံးချလိုက်နိုင်တယ်။ ကိုယ့်အတွက်ရလာတဲ့ အခွင့်အရေး။ နောက်တစ်ခါ မသေချာတဲ့ အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ခဲ့တယ်။
ရုပ်ရှင်အညွှန်း
ဂျေလှသင် (7days daily) 

 IMDB 7.6 အထိရထားတဲ့ Enemy at the Gates ဟာစနိုက်ပါဇာတ်လမ်းတွေထဲ့က ကြည့်ရတာ အရသာအရှိဆုံး ဇာတ်လမ်းပါ။ 2h:11mins ကြာမြင့်ပြီး 578 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။




Download
578 MB
Enemy at the Gates (2001)

Ronal the Barbarian (2011)


ယောက်ျားတွေသာမက မိန်းမတွေပါ ဗလကြီးကြီး လူကောင်ကြီးကြီးတွေနေကြတဲ့ ဘာဘာရီယန်ရွာမှာ ရော်နယ်ဆိုတဲ့ လူဗလံလေးယောက်လည်းရှိနေတာဟာ တရွာလုံးရဲ့လှောင်စရာလေးဖြစ်လို့နေပါတယ်။ တရက်မှာသူတို့ရွာလေးကို နတ်ဆိုးကြီးဗိုကာဇာကတိုက်ခိုက်ပြီး ရွာသားတွေကို ပြန်ပေးဆွဲခေါ်ဆောင်သွားပါတော့တယ်။ အဲ့ဒါနဲ့ ရော်နယ်လည်း သူ့ရွာသားတွေကိုကယ်ဖို့ဆုံးဖြတ်လိုက်ပြီး လူဗလံလေးအနေနဲ့ ဘယ်လိုတွေစွန့်စားမလဲဆိုတာကိုတော့...

IMDB 6.7 ရထားတဲ့ ကာတွန်းဟာသကားလေးဟာ 1h:29mins ကြာမြင့်ပါတယ်။ 633 MB နဲ့ အောက်ကလင့်ခ်မှာ လွပ်လပ်စွား ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။



Download
633 MB
Ronal the Barbarian (2011)


Wednesday, May 25, 2016

Lagaan: Once Upon a Time in India (2001)



Aamir Khan ဟာ 2001 ခုနှစ်မှာ Production Company တစ်ခုကိုတည်ထောင်ခဲ့ပြီး အဲ့ဒီ Company နာမည်ကတော့ Aamir Khan Production ပဲဖြစ်ပါတယ်။ သူ Company စထောင်ပြီးခြင်းပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကတော့ Lagaan ဆိုတဲ့ကားပဲဖြစ်ပါတယ်။ အဲ့ဒီကားမှာသူဟာခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ပါဝင်ခဲ့ပါတယ်။ အဲဒီဇာတ်ကားဟာ India တစ်နိုင်ငံလုံးမှာ သိသိသာသာ နာမည်ကြီးကျော်ကြားခဲ့ပြီး ထင်ထားတာထက်ပိုမိုအောင်မြင်လာပြီး အကယ်ဒမီပေါင်း 74 ခုအထိရရှိခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းမှာ- မိုးခေါင်ရေရှားလို့ ဗြိတိသျှ အစိုးရကို ဆက်ကြေးမပေးနိုင်တော့တဲ့အခြေအနေကစပြီး ရွာတရွာမှ စိတ်ဓါတ်ပြင်းပြတဲ့လူငယ်လေးဦးဆောင်တဲ့ ခရစ်ကတ် အသင်းနဲ့ ဗြိတိသျှဘက်မှ ကပ္ပတိန် ဦးဆောင်တဲ့ ခရစ်ကတ်အသင်းတို့ လောင်းကြေးပွဲတပွဲဖြစ်ခဲ့ပါတယ်။ နိုင်လျှင် အခွန်ရှောင်ခွင့် သုံးနှစ်ခံစားရမှာဖြစ်ပြီး ရှုံးလျှင် သုံးဆ အခွန်ဆောင်ရမည်ဟု သတ်မှတ်ထားသောလောင်းကြေးမှာ ခရစ်ကက် လုံးဝမကစားတတ်သော ရွာသားများအတွက် ဘဝနှင့်ရင်းရသောပြိုင်ပွဲဖြစ်လာပေသည်။ သေလျှင်မြေကြီး ရှင်လျှင်ရွှေထီးဟုခံယူထားသောလူငယ်လေးအတွက် သူ့ရွာကို ဘယ်လိုစည်းရုံးပြီး ဘယ်လိုလေ့ကျင့်မလဲ၊ အခက်အခဲပေါင်း သောင်းခြောက်ထောင်ကို ဘယ်လို ကျော်လွှားမလဲဆိုတာကိုတော့.....

IMDB 8.2 အထိရထားတဲ့ bollywood ဇာတ်ကားကောင်းဟာ 3h:44mins အထိကြာမြင့်တဲ့အတွက် ဇာတ်လမ်းတော်တော်ရှည်တယ်လို့ပြောလို့ရမှာပါ။ 1GB ဖြင့် ဒေါင်းလုပ်ယူနိုင်ကြပါပြီ



Download
1 GB
Lagaan: Once Upon a Time in India (2001)


Happy End (1999)


ယောက်ျားအလုပ်လက်မဲ့ဖြစ်သွားပြီးနောက်ပိုင်းမှာ မိန်းမဖြစ်သူဟာ အိမ်ထောင်အတွက်အဓိက ဝင်ငွေရှာတဲ့ အိမ်ထောင်ဦးစီးလိုဖြစ်လာပါတယ်၊ အေးစက်စက်ဖြစ်နေတဲ့ အိမ်ထောင်ကနေ ထွက်ပေါက်အဖြစ် မိန်းမဖြစ်သူမှာ တိတ်တိတ်ပုန်းချစ်သူတယောက်ရှိနေပြန်ပါတယ်၊ ယောက်ျားနဲ့ လပိုင်းအရွယ်သားလေးတို့ အိမမှာထားခဲ့ပြီး အလုပ်သွားတိုင်း သူ့ချစ်သူကောင်လေးနဲ့ပုံမှန်တွေ့ဖြစ်နေပါတော့တယ်။ 
ယောက်ျားဖြစ်တဲ့သူက သူ့မိန်းမဖေါက်ပြန်တာကို သိမှာလား သိရင်ကော ဘယ်လိုဆုံးဖြတ်မှာလဲဆိုတာကိုတော့...

စားတန်းထိုးကို encode ပြန်လုပ်တဲ့နေရာမှာ လိုအပ်ချက်တွေရှိနေပါတယ်။ နားလည်ခွင့်လွှတ်ပြီး ကြည့်ရှုပေးပါလို.. 

IMDB 7.1 အထိရထားတဲ့ ကိုရီးယားအိမ်ထောင်ရေးဇာတ်လမ်းဟာ ကလေးတွေအတွက်နဲ့ မိသားစုတွေ အတူတူကြည့်ဖို့မသင့်တော်ပါဘူး။ ဖိုင်ဆိုဒ်သိပ်မကြီးအောင်လို့ 444 MB နဲ့ တင်ပေးထားပါတယ်။



Download
444 MB
Happy End (1999)


Tuesday, May 24, 2016

Memories of the Sword (2015)


ကိုရီးယားအလယ်ခောတ်အချိန်အခါက ၊ သိုင်းပညာတော်တဲ့ မိန်းခလေးတဦးဟာ ပျော်ပျော်ရွှင်ရွှင်ပဲ နေတိုင်ပါတယ်။ တရက် ဓါးရည်ပြိုင်ပွဲတပွဲမှာ ပါဝင်ယှဉ်ပြိုင်ရာကနေ လူငယ်လေးတဦးကို တွေရှိမိပြီး တချိန်ထဲမှာပဲ ဂေါ်ယိုမင်းဆက်ဖြစ်ပြီး သြဇာကြီးမားတဲ့ ပြိုင်ပွဲကြည့်ရှုသူတဦးနဲ့လည်းရင်းနှီခဲ့ပါတယ်။

နောက်ထပ်သူမသိရှိလာတာတခုက သူမအမေ သစ္စာဖေါက်ခံရမှုနဲ့ အသတ်ခံရမှုပဲဖြစ်ပါတယ်။ သူ့အနေနဲ့ မဖြစ်မနေကလဲ့စားချေဖို့လိုအပ်လာတဲ့အခါ ဘယ်သူတွေက ကူညီပြီး ဘယ်သူက ရန်သူဖြစ်မလဲဆိုတာကို ဒေါင်းကြည့်ကြပါဦးစို့

နာမည်ကြီး ကိုရီးယားမင်းသား လီဗျောင်ဟွန်း ပါဝင်ပြီး မင်းသားမင်းသမီးချောချောလေးတွေပါဝင်တဲ့ Memories of the Sword မှာ ဓါးခုတ်ခန်း အက်ရှင်ခန်းတွေကို လှလှပပ တော်တော်များတွေ့ရမှာဖြစ်ပြီး ဒရမ်မာခန်းတွေဟာလည်း ကိုရီးယားပရိသတ်အကြိုက်ဖြစ်မှာပါ။

IMDB 6.2 ရရှိထားတဲ့ ကိုရီးယားကားဟာ 2h ကြာမြင့်ပါလိမ့်မယ်။ 552MB နဲ့ Flim2mm ပရိသတ်တွေ ဒေါင်းလို့အဆင်ပြေအောင် တင်ပေးထားပါတယ်



Download
552 MB
Memories of the Sword (2015)

Monday, May 23, 2016

Plum Blossom (2000)


ဒီဇာတ်လမ်းကို မြန်မာနိုင်ငံက ကိုရီးရားပရိသတ်တွေ တော်တော်များများသိပါတယ်။

ဆယ်ကျော်သက်ကောင်လေးတွေအနေနဲ့ သူတို့ရဲဟိုမုန်းဓါတ်ကို တည်ငြိမ်အောင်ထိမ်းဖို့ဆိုတာ သိပ်တော့မလွယ်ကူပါဘူး။ အထက်တန်းကျောင်းသားဖြစ်တဲ့ ဂျယို နဲ့ သူ့ရဲ့အတန်းဖေါ်ဖြစ်တဲ့ ဟာရာနဲ့အတူ လူပျိုရည်အပျိုရည်ဘဝကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ပြီး မကြာခဏဆိုသလို အချစ်နယ်ကျွံကြပါတယ်။ နောက်ပိုင်း ဂျယိုဟာ ဟာရာကို လျစ်လျူရှုပြီးနောက်ပိုင် ခံစားချက်တွေကြီးမားလာတဲ့ ဟာရာဟာ မိမိကိုယ်မိမိ သေကြောင်းကြံစည်ခဲ့ပါတယ်။ ဟာရာသေဆုံးပြီးနောက်ပိုင်မှာ ဂျယိုဟာ အချစ်မပါတဲ့ ကာမကိစ္စတွေမှာပဲ ဘဝကိုနှစ်မြှုပ်ထားပါတော့တယ်။ နောက်ဆုံး ချစ်စရာကောင်းတဲ့ နာစ့်မလေးတဦးနေ့တွေ့တဲ့အခါမှတော့..
ဂျယိုရဲ့ သူငယ်ချင်းကလည်း သူ့အတန်းမှာ စာသင်တဲ့ဆရာမကို မဖုံးနိုင်မဖိနိုင်ကြိုက်နေရာကနေ ဆရာမကဘယ်လိုတုန့်ပြန်မလည်းဆိုတာကိုလည်း... 
ကဲအမြည်းဖတ်ပြီးပြီဆိုရင်တော့ ဒီဇာတ်ကားဟာ လူတိုင်းကြည့်ဖို့မသင့်ပါဘူးဆိုတာသိသာနေပါပြီ။ ဒါကြောင့်ကြည့်သင့်တဲ့သူပဲ 470MB နဲ့ ဒေါင်းပြီးကြည့်ကြပါလို့ ...

ဒီဇာတ်လမ်းနဲ့အတူ Erotic  ဆိုတဲ့ ကဏ္ဍ ကို ထပ်မံဖြည့်ဆည်းလိုက်ပါကြောင်း..


Download
470 MB
Plum Blossom (2000)


Ghajini (2008)


Singhania Group of Industries ရဲ့ပိုင်ရှင် Sanjay Singhania(Aimar Khan) ဟာ စိတ်သဘောထားပြည့်ဝပြီး အလွန်ချမ်းသာတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။
ပြီးတော့ သူ့မှာ ချောမောလှပတဲ့ ရုပ်ရှင်မင်းသမီး Kalpana ဆိုတဲ့ချစ်သူတစ်ယောက်လည်း ရှိပါတယ်။ တစ်နေ့မှာတော့ Ghajini လို့ခေါ်တဲ့လူတစ်ယောက်ကြောင့် ဘ၀ပျက်ခဲ့ရပါတယ်။
အဲဒီလူဟာ သူ့ချစ်သူကိုသတ်ခဲ့သလို သူကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့ပြီး ၂ နှစ်လောက် သေလုမြောပါးဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ သေမင်းကိုအံတုနိုင်ခဲ့ပြီး အသက်ဆက် ရှင်နိုင်ခဲ့ပါတယ်။
သူ့ရဲ့ဦးနှောက်ကတော့ ဒဏ်ရာကြောင့် အကောင်းပကတိပြန်မဖြစ်ပဲ မှတ်ဥာဏ်ပျောက်ဆုံးတဲ့ရောဂါကို ခံစားခံရပါတယ်။ ဒါကြောင့် သူဟာ မှတ်စုရေးခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ ကိုယ်ပေါ်မှာ ဆေးမှင်ကြောင်ထိုးရင်းနဲ့ သူဘာလုပ်ခဲ့တယ်ဆိုတာကို မှတ်သားထားရတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ သူဟာ အဲဒီအထောက်အထားတွေကို ပြန်အသုံးချပြီး Ghajini လို့ခေါ်တဲ့သူကို လက်စားချေဖို့ ကြိုးစားခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာ ၇.၁ မီလီယံအသုံးပြုပြီး ရိုက်ကူးထားတာဖြစ်သလို ပြန်ရတာကလည်း ၃၀ မီလီယံဖြစ်တာကြောင့် အလွန်အောင်မြင်တဲ့ကားလို့ဆိုရမှာပါ။
3 Idiots မတိုင်ခင် Aimar Khan ဇာတ်ကားတွေထဲမှာ အအောင်မြင်ဆုံးလို့ ဆိုရမယ်လို့ ညွှန်းထားပါတယ်။
ပါတယ်။
(ရုပ်ရှင်အညွှန်းကို Ko Nyi Nyi Kyaw Myint မှရေးသားပေးထားပါသည်။)

IMDb rating (7.3/10) ထိရရှိထားပြီ 3h:3mins ကြာမြင့်တဲ့ ဒီဇာတ်လမ်းကို 846 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။




Download
846 MB
Ghajini (2008)


Zhongkui: Snow Girl and the Dark Crystal (2015)


အင်အားကြီးမားတဲ့ သဘာဝလွန်အစွမ်းတွေကို လက်ဆင့်ကမ်းရယူနိုင်တဲ့ လူငယ်လေးတဦးရှိခဲ့ပါတယ်။ အဲ့ဒီသူရဲကောင်းနာမည်က Zhongkui ဖြစ်ပြီး ကောင်းကင်၊ မြေကြီး၊ ငရဲ လောကတွေကြားမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြားမှာ မဖြစ်မနေပါဝင်ရပါတော့တယ်။  Snow Girl လိုခေါ်တဲ့ ခပ်ချောချောကောင်မလေး နဲ့ ကမ္ဘာ လောကကလူတွေကို ကယ်တင်ဖို့အတွက် သူ့ကိုယ်ပိုင်အစွမ်းတွေနဲ့ ဘယ်လိုတိုက်ပွဲတွေဝင်ဦးမလဲဆိုတာ ဒေါင်းကြည့်ကြပါဦးစို့

IMDB 5.3 ရရှိထားတဲ့ တရုတ်ဇာတ်ကားဟာ 1h:58mins ကြာမြင့်ပါတယ်။ 541 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။



Download
541 MB
Zhongkui: Snow Girl and the Dark Crystal (2015)




Saturday, May 21, 2016

Gods of Egypt (2016)




God of Egypt က Box Office မှာလည်း Deadpool ဇာတ်ကားရဲ့နောက်နံပါတ်နှစ်နေရာမှာ ရပ်တည်နေ တာပါ။ ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင်တွေကတော့ Nikolaj Costerx Waldau, Brenton Thwatesc Chadwick Boseman, Elodie Yung, Courtney Eaton, Rufus Sewell, Gerard Butler နှင့် Geoffrey Rush တို့ ဖြစ်ပါတယ်။ ရှေးဟောင်းအီဂျစ်နတ်ဘုရားတွေရဲ့အကြောင်းကို ရုပ်ရှင်အထူးပြုလုပ်ချက်တွေဝေဝေဆာဆာနှင့် ပရိသတ် ကြီးအကြိုက်တွေ့ဦးမည့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ . . . .
နတ်ဘုရားတွေနှင့်လူတွေဟာ အတူရောနှောနေထိုင်လျက်ရှိကြပြီး သူတို့ ဟာ မြင့်မားသည့်အရပ်အမောင်း၊ ရွှေရောင် သွေးနှင့်တိရိစ္ဆာန်ပုံပြောင်းနိုင်သည့် အရည်အချင်းတွေရှိပါတယ်။ ဒီငြိမ်းချမ်းနေသည့်ကာလမှာ Osiris ဘုရင်ကြီးကသူရဲ့ သားံHorus ကိုနန်းမွေပေးပါတယ်။ ဒါပေမယ့် ဘိသိတ်ပွဲအခန်းအနားမှာ Osiris ကိုမနာလိုဖြစ်နေသည့်သူ့ရဲ့ညီ Set ကသတ်ကာ ထီးနန်းကိုလုပါတယ်။ သူအုပ်စိုးစဉ်ကာလမှာ သေဆုံးသွားသူတွေဟာ နောက်ဘဝကိုကူးဖို့အတွက် တန်ဖိုးကြီးကြီးပေးရမှာဖြစ်တယ်လို့ကြေညာလိုက်ပါတယ်။ ဒီလိုနှင့် Set ကို Horus ကစိန်ခေါ်တိုက်ခိုက်ခဲ့ပေမယ့် ရှုံးနိမ့်သွားခဲ့ကာ Set က Horus ကိုသတ်ဖို့လုပ်ခဲ့ပေမယ့် Horus ရဲ့ချစ်သူ Hathor ကတောင်းပန်တာကြောင့် Horus ရဲ့စွမ်းအားတွေရဲ့အရင်းအမြစ်ဖြစ်သည့် မျက်လုံးနှစ်လုံးကိုဖောက်ထုတ်ကာသဲကန္တာရထဲသို့ မောင်းထုတ်ထားလိုက် ပါတယ်။သူတို့နှစ်ဦးတိုက်ခိုက်နေစဉ်မှာ သာမန်လူသားလယ်သမားတစ်ဦးဖြစ်သည့် Bek နှင့် သူ့ ရဲ့ ချစ်သူ Zaya တို့ဟာလည်း လူချင်းကွဲသွားခဲ့ရပါတော့တယ်။ တစ်နှစ်လောက်ကြာပြီးနောက်မှာတော့ Set က Hathor ကိုလက်ထပ် ထားခဲ့ပြီး သူ့ ရဲ့ အဖေ နေနတ်ဘုရား Ra အတွက်အထိမ်းအမှတ်ကျောက်တိုင်ကြီး တည်ဆောက်နေခဲ့တာပါ။ Bek က သူရဲ့ ချစ်သူ Zaya ကိုဒီဆောက်လုပ်ရေး အလုပ်သမတစ်ဦးအဖြစ်တွေ့ရှိခဲ့ကာ Set ကိုပြန်လည်နှိမ်နှင်းနိုင်ဖို Horus တစ်ယောက်တည်းကသာစွမ်းဆောင်နိုင်လိမ့်မည်ဟုယုံ ကြည်တာကြောင့် Horus ရဲ့မျက်လုံးကို ပြန်လည်ခိုးယူခဲ့ပါ တယ်။မျက်လုံးခိုးယူပြီးနောက် Bek နှင့် Zaya တို့ ပြန်လည်ထွက်ပြေးခဲ့ရာမှာ Zaya တစ်ယောက်ဒဏ်ရာအကြီး အကျယ်ရကာသေဆုံးသွားရပါတော့တယ်။ Bek ဟာ Horus ရှိသည့် နေရာသို့  သွားကာ Horus ရဲ့  မျက်လုံးကို ပြန်ပေးမည်ဖြစ်ကြောင်းနှင့် အလဲအလှယ်အနေနှင့်သူ့ရဲ့ ချစ်သူ Zaya ကိုပြန်လည်အသက်ရှင် အောင်လုပ်ပေးရမည် လို့ဆိုရာမှာတော့ . . .

ရုပ်ရှင်အညွှန်း-Find Myanmar.com

IMDB 5.6 ရရှိထားပြီး 2h:7mins ကြာပါတယ်။ 935 MB နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းနိုင်ပါပြီ။







Download
935 MB
Gods of Egypt (2016)

Tarzan (2013)


လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၇၀ ကျော်က ကမ္ဘာကြီးပေါ်မှာ ဒိုင်နိုဆောတွေ ကြီးစိုးခဲ့ပါတယ်။ အဲဒီကမ္ဘာလောကကြီးကို အဆုံးသတ်သွားစေမယ့် ဥက္ကာခဲကြီးတစ်ခုဟာ အာဖရိက တောနက်ကြီး တစ်ခုထဲကို ပြုကျပြီး ရေခဲတစ်ခေတ် စတင်စေခဲ့ပါတယ်။ အဲဒီဥက္ကာခဲကြီးမှာ ထူးခြားတဲ့ စွမ်းအင်တွေ ပါနေပြီး မြောက်များလှတဲ့ သက်ရှိတွေ အညွန့်တုံးသွားခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ၂၀ ရာစု နှောင်းပိုင်းကာလမှာ John Greystoke ဟာ စွမ်းအင်ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဒဏ္ဍာရီထဲက ဥက္ကာခဲကြီးကို လာရောက်ရှာဖွေပါတယ်။ ဒါပေမယ့် သံလိုက်လှိုင်းတွေ နှောင့်ယှက်မှုကြောင့် တောနက်ထဲကို ၀င်ရောက်ရှာဖွေနိုင်ခြင်း မရှိပဲ နယူးယောက်ကို ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့သူငယ်ချင်း James Porter ကတော့ သဘာဝတောနက်ကြီးမှာပဲ ပျော်မွေ့နေပြီး မပြန်ဖြစ်ခဲ့ပါဘူး။ John Greystoke ဟာ မိသားစုနဲ့အတူ နယူးယောက်ကို ပြန်ဖို့ ကြိုးစားရင်း အဲဒီဥက္ကာခဲကြီးကို ရှာဖွေတွေ့ရှိသွားပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ရဟတ်ယာဉ်ဟာ တောနက်ကြီးထဲ ပျက်ကျသွားပြီး သားဖြစ်တဲ့ John Junior လေးပဲ အသက်ရှင်ကျန်ခဲ့ပါတယ်။

မိသားစုမရှိတော့တဲ့ မျောက်ဝံကြီး Tublat ဟာ တခြားမျောက်ဝံအုပ်စုတစ်ခုရဲ့ ခေါင်းဆောင် Kerchak ကို အနိုင်တိုက်ခိုက်ပြီး မျောက်ဝံအုပ်စုကို ထိန်းချုပ်လိုက်ပါတယ်။ Kerchak ရဲ့ အဖော် Kala ဟာ Tublat ရဲ့ ရန်စမှုကို တုံ့ပြန်နေတုန်း သူ့ရဲ့ သားငယ်ဟာ ချောက်ထဲကျပြီး သေဆုံးသွားခဲ့ပါတယ်။ Kala ဟာ ရဟတ်ယာဉ်ပျက်ကျတုန်းက အသက်ရှင်နေခဲ့တဲ့ John Junior လေး တာဇံကို သားအရင်းလိုပဲ မွေးမြူထားခဲ့ပါတယ်။
တာဇံဟာ မျောက်တွေနဲ့ ကျားသစ်တွေရဲ့ စွမ်းရည်ကို အတုယူရင်း ကြီးထွားလာခဲ့ပါတယ်။ ဆယ်ကျော်သက် တာဇံဟာ တောနက်ထဲမှာ နေရင်း James Porter ဆီ အလည်လာတဲ့ Jane ကို တွေ့သွားပါတယ်။ မတော်တဆ မြွေကိုက်ခံရတဲ့ Jane ကို ကူညီရင်း တာဇံဟာ Jane ကို စွဲလမ်းသွားပါတယ်။ ဒါပေမယ့် Jane ဟာ မြို့ကို ပြန်သွားပြီး တာဇံအတွက် ပုဝါလေး ထားရစ်ခဲ့ပါတယ်။
လူတွေနဲ့ တွေ့လိုက်ရပြီး နောက်မှာတော့ တာဇံဟာ သူ့မိဘတွေ ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့ နေရာကို ပြန်သွားခဲ့ပါတယ်။ လူစိတ်အနည်းငယ် ပြန်ဝင်လာပေမယ့် အတိတ်ဆိုးကို မမှတ်မိချင်တဲ့ တာဇံဟာ တောထဲမှာပဲ ကြီးပြင်းလာခဲ့ပါတယ်။ နှစ်တွေ ကြာခဲ့ပြီးနောက်မှာတော့ Jane ဟာ Greystone ကုမ္ပဏီရဲ့ အထောက်အပံ့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဖို့ ပြန်လာခဲ့ပါတယ်။ ဒါပေမယ့် Greystone ကုမ္ပဏီရဲ့ CEO အသစ် Clayton ဟာ ဒီဒေသမှာ John Greystone တွေ့ခဲ့တယ်လို့ ယူဆရတဲ့ ဥက္ကာခဲကို လာရောက်ရှာဖွေဖို့ ရည်ရွယ်ထားတာပါ။

တာဇံရဲ့ မိသားစု သေဆုံးခဲ့ရတဲ့ ရဟတ်ယာဉ်ပေါ်ကို မျောက်ဝံကြီး Tublat က လာရောက်မွှေနှောက်ပါတယ်။ မွှေနှောက်ရင်း ရဟတ်ယာဉ်ရဲ့ အချက်ပြ ဆက်သွယ်ရေးစက်က အလုပ်လုပ်သွားတာကြောင့် Clayton ဟာ ရဟတ်ယာဉ် ပျက်ကျရာ နေရာကို သိသွားပါတယ်။ တာဇံဟာ ဒီအန္တရာယ်ရှိတဲ့ Clayton ကို ဘယ်လို ခုခံမလဲ။ မကောင်းတဲ့ စွမ်းအားတွေ ရှိနေတယ်လို့ ယူဆရတဲ့ ဥက္ကာခဲကို လူတွေ မရောက်အောင် ဘယ်လို ကာကွယ်မလဲ။ Jane ကိုရော အန္တရာယ်ကင်းအောင် ဘယ်လို စောင့်ရှောက်မလဲ။ Tublat နဲ့ ရန်ကြွေးကိုရော ဘယ်လို ရှင်းမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြပါ။
ဂျာမန်ဒါရိုက်တာ Reinhard Klooss ရိုက်ကူးပြီး 3D ကာတွန်းအဖြစ် အသက်သွင်းထားတဲ့ Tarzan ဇာတ်ကားဟာ Edgar Rice Burroughs ရေးသားတဲ့ Tarzan of the Apes ၀တ္ထုကို အခြေခံထားတာ ဖြစ်ပါတယ်။ တာဇံအဖြစ် Kellan Lutz က အသံသရုပ်ဆောင်ထားပြီး Spencer Locke ၊ Joe Cappelletti ၊ Mark Deklin နဲ့ Jaime Ray Newman တို့ ပါဝင်သရုပ်ထားကြပါတယ်။ IMDb မှာ Rating 4.6 ပဲ ရရှိထားပြီး Rotten Tomatoes မှာ Tomatometer 20% ပဲ ရရှိထားပါတယ်။
ရုပ်ရှင်အညွှန်း -mmmovieguide.com

IMDB 4.6 ရတဲ့ တောဇံဇာတ်လမ်းဟာ 1h: 34mins ကြာမြင့်ပါတယ်။ 581 MB နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းနိုင်ပါပြီး။



Download
581 MB
Tarzan (2013)

Starred Up (2013)


အင်္ဂလန်နိုင်ငံက အဲရစ်လပ်ဖ် ဆိုတဲ့ ၁၉ နှစ်သားကောင်လေးရဲ့ ရမ်းကားမှုတွေဟာ ဆိုးသွမ်းလွန်းလို့ လူကြီးအကျဉ်းထောင်ကိုပို့ခြင်းခံရပါတယ်။ ထောင်ထဲမှာတော့ သူ၅နှစ်သားကတည်းကခွဲခွါသွားတဲ့ သူ့အဖေ နဗီးနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ အဲ့ဒီမှာ သူ့အဖေက ဆရာတဆူဖြစ်နေပါပြီ။ သူ့ရဲ့ အကြမ်းဖက်တတ်လွန်းတဲ့ ညဉ်ဆိုး ထောင်ပိုင်ရဲတွေရဲ့ ပြန်လည်အကြမ်းဖက်မှုကိုပြန်လည်ခံရပါတယ်။ အဲ့ဒီနောက်မှာ ထောင်တွင်း အကြမ်းဖက်စိတ်ကုထုံးပညာရှင် အိုလစ်ဖ်ကသူ့ကို ပိုမိုယဉ်ပါးလာအောင်ကြိုးစားဖို့ သူတို့ရဲ့ ဆွေးနွေးပွဲ အဖွဲ့ထဲကိုပါဝင်ဖို့စည်းရုံးပါတော့တယ်၊ အဲရစ်ရဲ့ အဖေ နဗီးကလည်း သူ့ကိုပိုမိုကောင်းမွန်စေချင်တဲ့ စိတ်ဆန္ဒရှိပေမယ့် စရိုက်ဆန်တဲ့ သူ့ရဲ့အပြုအမူတွေကြောင့် သားအဖနှစ်ယောက်ကလည်း နွေးထွေးတဲ့ဆက်ဆံမှုမျိုးမရှိပါဘူ။ အဲ့ရစ် အနေနဲ့  အိုလစ်ဖ်ကျေးဇူးနဲ့ ပိုမိုယဉ်ပါးလာမလား၊ သူ့အဖေကြောင့်ပဲ ပိုဆိုးသွမ်းသွားမလားဆိုတာကို ဒေါင်းကြည့်ကြပါဦးစို့။

၂၀၁၃ ရဲ့ အကောင်းဆုံးတက်သစ်စ ဗြိတိသျှဆုကို Starred Up အမည်ရ ဇာတ်ကားဇာတ်ညွှန်းရေးသားသူ မျက်နှာသစ်စာရေးဆရာ Jonathan Asser ဆွတ်ခူးရရှိခဲ့သည်။ Starred Up စ သည် အရွယ်မရောက်သေးသော ဆိုးသွမ်းလူငယ်များအား လူ ကြီးထောင်တွင် ထားရှိရာမှ ဖြစ် ပေါ်ခဲ့ရသည့်အကျိုးဆက်တို့ကို ရေးဖွဲ့ပြထားခြင်းဖြစ်သည်။ Asser သည် ယူကေအကျဉ်းထောင်တွင် စိတ်ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်စဉ် ရာဇဝတ်ဂိုဏ်းသားများ နှင့် ထိတွေ့ဆက်ဆံခဲ့ ဖူးသူဖြစ် သည်။ အသက် ၄၉ နှစ်အရွယ်တွင် တက်သစ်စဆုလက်ခံရရှိသည့်အတွက် အံ့သြဝမ်းသာရကြောင်း Asser က ကျေးဇူးတင်စကားပြန်ကြားစဉ်ထည့် သွင်းဖော်ပြခဲ့သလို ယူကေအကျဉ်းထောင်များအတွက် ရင်လေးမိကြောင်းလည်း ထုတ်ဖော်ပြောကြား သွားခဲ့သေးသည်။

IMDB 7.4 အထိရရှိထားတဲ့ ထောင်တွင်းအကြမ်းဖက် ဇာတ်ကားကောင်းဟာ 1h: 46mins ကြာမြင့်ပါတယ်။ 487 MB နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းနိုင်ပါပြီး။



Download
487 MB
Starred Up (2013)


Thursday, May 19, 2016

Captain America: Civil War (2016)



စူပါဟီးရိုးများကြားမှ သူသေကိုယ်သေတိုက်ပွဲ 
Captain America: Civil War ရုပ်ရှင်

ဒါရိုက်တာ - အန်တိုနီရူဆို၊ ဂျိုးလ်ရူဆို
ဇာတ်ညွှန်း - ခရစ်တိုဖာမက်ကပ်စ်၊ စတီဖန်မက်ဖီးလီး
သရုပ်ဆောင် - ခရစ္စအီဗန်၊ ရောဘတ်ဒေါင်းနင်းဂျူနီယာ၊ စကားလက်ဂျိုဟန်ဆန်
ပြသချိန် - ၁၄၆ မိနစ်
နိုင်ငံ - အမေရိကန်

ယခုသီတင်းပတ်မှစတင်ကာ ကမ္ဘာတစ်ဝန်းနှင့် မြန်မာ နိုင်ငံရှိရုပ်ရှင်ရုံများတွင် ရုံတင်ပြသသည့် အက်ရှင်၊ စွန့်စားခန်း၊ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သည်။ Avenger တို့၏လုပ်ငန်းများတွင် နိုင်ငံရေးအရ ဝင်ရောက် စွက်ဖက်မှုများပါဝင်လာသည့်အခါ ရှေးယခင်ကတည်းကမဟာမိတ် ဖြစ်ခဲ့ကြသော ကပ္ပတိန်အမေရိက (Captain America) နှင့် သံလူသား (Iron Man) တို့ကြား အကွဲအပြဲဇာတ်လမ်းဖြစ် ပေါ် လာခဲ့တော့ သည်။ ပြဿနာ၏အစမှာ စူပါဟီးရိုးများ ၏စစ်ဆင်ရေးများတွင် ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူသေဆုံး မှုများရှိလာသည့်အတွက် ယင်းလုပ်ရပ်များကိုကြောက်ရွံ့ ကြသော လူများစွာအတွက် အစိုးရသည် စူပါ ဟီးရိုးများ၏ စစ်ဆင်ရေး များကို ကန့်သတ်မည့်ဥပဒေတစ်ရပ်ကိုထုတ် ပြန်ရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါရလဒ်ကြောင့် Avenger အဖွဲ့အတွင်း အကွဲအပြဲများဖြစ်ပေါ်လာတော့သည်။ Captain America က စူပါဟီး ရိုးများသည် အစိုးရ စွက်ဖက်မှုမရှိဘဲ လွတ်လပ်စွာ လှုပ်ရှားခွင့်ရှိ သင့်သည်ဟုယူဆပြီး Iron Man က ၎င်းတို့ အပေါ် ထိန်းချုပ်မှုလို အပ်သည်ဟု သုံးသပ် သည်။

ထိုသဘော ထားကွဲလွဲမှုမှစတင်ကာ အဖွဲ့နှစ်ခြမ်းကွဲရန် လမ်းစဖြစ်လာ တော့သည်။ ထိုတင်းမာမှုများကြားတွင် ဘလက်ဝီဒိုနှင့် ဟော့အိုင်းတို့မှာလည်း သူတို့ရပ်တည်ရမည့်အဖွဲ့ကို ရွေးချယ် ရန် ဖြစ်လာတော့သည်။ Iron Man အဖွဲ့တွင် Iron Man နှင့်အတူ ဘလက်ပန်သာ၊ ဗီးရှင်း၊ ဘလက်ဝီဒို၊ ဝေါလ်မက် ရှင်းနှင့် ပင့်ကူလူသားတို့ပါဝင်ပြီး Captain America အဖွဲ့ တွင် Captain America နှင့်အတူ ဘွတ်ကီဘာနက်စ်၊ ဖယ်လ်ကွန်၊ ရှယွန်ကာတာ၊ စကားလက်ဝှခ်ျ၊ ဟော့ခ်အိုင်း နှင့် Ant Man တို့ ပါဝင်ကြသည်။ Marvel ကာတွန်းမှ စူပါ ဟီးရိုးအချင်းချင်းတိုက်ခိုက်ကြသော စစ်ပွဲများကို အခြေခံ ထားသည့် ယခုရုပ်ရှင်တွင် မင်းသားသောနှင့် လူစိမ်းကြီး ဟုခ်တို့မှလွဲပြီး ကျန်စူပါးဟီးရိုးများပါ ဝင်လာသည်ကိုတွေ့ ရသည်။ ပရိသတ်အချစ်တော် ပင့်ကူလူသားပြန်လည်ပါဝင် လာသည့်ဇာတ်ကားကောင်းဖြစ်သည်။
ရုပ်ရှင်အညွှန်း - ရန်ကုန်တိုင်းမ်

IMDB 8.4 ရရှိထားပြီး ပြသချိန် 2h:27mins ကြာမြင့်ပါတယ်။ Flim2mm ရဲ့ Admin  R!B ကဘာသာပြန်ပေးထားပါတယ်။ 946 MB နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းနိုင်ပါပြီ။



Download
946 MB
Captain America: Civil War (2016)

Wednesday, May 18, 2016

G.I. Joe: Retaliation (2013)


 2013 ခုနှစ်ထဲမှာပဲ ရုံတင်ပြသထားတဲ့ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်.. ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာတော့ ပြောဖို့တောင်လိုမယ်မထင်တော့ပါဘူး
IMDB5.8 ရရှိထားပြီး ပြသချိန် 1h:50 mins ကြာမြင့်ပါတယ်။ 967MB နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းနိုင်ပါပြီ။
အရင် မျက်ရှင် ဆိုဒ်ကဇာတ်လမ်းအဟောင်းတွေကို အခုဆိုဒ်အသစ်မှာ ပြန်တင်နေရတာပါ၊ ကြည့်ပြီးသားတွေလည်းဖြစ်နိုင်ပါတယ်၊ ဇာတ်ကားအသစ်တွေကိုလည်း တင်ပေးသွားမှာဖြစ်ပါတယ်။ မိတ်ဟောင်းမိတ်သစ်များ အားပေးပြီး ဝေမျှပေးကြပါလို့ တောင်းဆိုအပ်ပါတယ်


Download
967 MB
G.I. Joe: Retaliation (2013)



Jupiter Ascending (2015)


လူသားတွေကို နတ်ဘုရားတွေကအုပ်စိုးတဲ့အနာဂါတ်ကာလမှာဖြစ်ပါတယ်။ Jupiter Jones ဟာကံမကောင်းတဲ့ ရုရှားပြောင်းရွှေ့အခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး အလုပ်အကိုင်အဖြစ် အိမ်သာတွေကိုသန့်ရှင်းရေးလုပ်ပြီး အသက်မွေးပါတယ်။ သူမဟာ ဂြိုလ်တစ်လုံးကနေတစ်လုံးကူးပြောင်းနေတဲ့ စစ်သည်တော် Caine နဲ့တွေ့ပါတယ်။ Caine ဟာ Jupiter ကိုလုပ်ကြံသတ်ဖြတ်ဖို့ရည်ရွယ်ချက်နဲ့ စကြဝဠာရဲ့ဘုရင်က လွှတ်လိုက်တဲ့သူဖြစ်ပါတယ်။ Jupiter ကိုမွေးဖွားခဲ့တဲ့ညက နက္ခတ်တာရာတွေဟာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အဖြစ်အပျက်တစ်ခုကိုဟောကိန်းထုတ်နေခဲ့ပြီး သူမရဲ့ DNA က သူမကိုစကြာဝဠာရဲ့ နောက်ခေါင်းဆောင်တစ်ယောက်အဖြစ် သတ်မှတ်ပေးနိုင်ကြောင်း Caine က Jupiter ကိုပြောပါတယ်။

Jupiter Ascending ဟာ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Wachowskis ကရိုက်ကူးထားတာပါ။ သရုပ်ဆောင်တွေအဖြစ် Mila Kunis, Channing Tatun, Sean Bean, Eddie Redmayne, Douglas Booth တို့ပါဝင်ထားပါတယ်။
ရုပ်ရှင်အညွှန်း - Trend Myanmar

IMDB 5.4 ရရှိထားပြီး 2h:7mins ကြာပါတယ်။ 587 MB နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းနိုင်ပါပြီ။



Download
587 MB
Jupiter Ascending (2015)


Tuesday, May 17, 2016

The Wolf of Wall Street (2013)


ဒီကားကို တင်ပေးသင့်မတင်ပေးသင့် စဉ်းစားနေတာနဲ့ ကြာသွားတာပါ။ ဒီကား Martin Scorsese ရဲ့ကား ဖြစ်တဲ့အတိုင်း ဆေးချတာတွေ၊ ကိုယ်လုံးတီးတွေ၊ sex တွေ အများအပြားပါပါတယ်။ ပြောလို့ပြောတာမဟုတ်ပါဘူး မြန်မာပြည်မှာသာ ရုံတင်မယ်ဆိုရင် ရုပ်ရှင်ကား က ၁နာရီခွဲလောက်ပဲ ကြာပါလိမ့်မယ်။ ဒါကြောင့် မိသားစုတူတူ မကြည့်သင့်သလို၊ မိန်းကလေးတွေ လည်း သတိထားကြည့်သင့်ပါတယ်။ စုံတွဲတွေတူတူ မကြည့်သင့်ပဲ၊ အရွယ်ရောက်ပြီးသူ များသာ ပညာရအောင် ကြည့်သင့်ပါတယ်။

သတိပေးပြီးပြီဆိုတော့ ဇာတ်လမ်းကို ပြောရရင်၊ Jordan Belfort (Leonardo DiCaprio) က အသက် ၂၂ နှစ်မှာ Stock Broker အဖြစ်နဲ့ Wall Street မှာ အလုပ်လာလုပ်ပါတယ်။ Wall Street ကိုမသိတဲ့သူတွေ အတွက်က ကတော့ Wall Street ဆိုတာ New York က Stock Exchange ကုမ္ပဏီတွေ ရှိပါတယ်။ Stock Broker ဆိုတာ Public လုပ်ထားတဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို လူတွေ ရင်းနှီးမြုပ်နှံအောင် ရောင်းချပေးရတဲ့ ရှယ်ယာ ပွဲစားဖြစ်ပါတယ်။ အဲ့လိုရောင်းရရင် ရာခိုင်နှုန်းတစ်ခု အနေနဲ့ ကော်မရှင်စားရပါတယ်။Stock Broker တွေရဲ့အဓိက အလုပ်က သူ့တို့ရဲ့ Client တွေ မြတ်မြတ် ရှုံးရှုံး ဆက်ပြီး ရင်းနှီးနေမြုပ်နှံနေအောင်၊ မြတ်ပြီဆိုပြီး ရှယ်ယာ တွေ အကုန် ရောင်းပြီးထွက်သွားရင် နောက် ထပ်မ၀ယ်ဝယ်အောင် ဆွယ်ရပါတယ်။ ဒါမှလည်း ကော်မရှင် မပြတ်ရနေမှာဖြစ်ပါတယ်။

Jordan Belfort က ဒီပညာတွေအကုန်တတ်ပြီး လိုင်စင်ရသွားတဲ့နေ့မှာပဲ Black Monday (October 19, 1987) လို့လူသိများတဲ့နေ့၊ Stock Market တစ်ခုလုံး ပြိုလဲတဲ့နေဖြစ်နေပါတယ်။ ဒါကြောင့် သူ့အလုပ်လည်းပြုတ်ပြီး၊ ကြံရာမရတဲ့အဆုံး ကုမ္ပဏီအသေးတွေရဲ့ရှယ်ယာေ၇ာင်းတဲ့ Stock center တစ်ခုမှာအလုပ်လုပ်မိသွားပါတယ်။ ဒါပေမယ့်အဲ့ဒီမှာ သူသိလိုက်တာက Penny Stock လို့ခေါ်တဲ့ ကုမ္ပဏီအသေးတွေရဲ့ရှယ်ယာက ၅၀% အထိ ကော်မရှင် ရတယ်ဆိုတာပါပဲ။ အဲ့ဒီကနေစလို့ သူက သူ့ Client တွေကို ကုမ္ပဏီ အသေးတွေရဲ့ ရှယ်ယာကို အဓိကရောင်းလာပြီး၊ ကိုယ်ပိုင်ကုမ္ပဏီထောင် မဟုတ်တဲ့နည်းလမ်းတွေသုံးလာပါတယ်။

ဇာတ်လမ်းကတော့ သူ့ရဲ့ဘ၀ကိုအဓိကပြထားသလို၊ မဟုတ်တာလုပ်ပုံ၊ ဆေးသုံး၊ မိန်းမလိုက်စား၊ ညစ်တီးညစ်ပတ် တွေလုပ် တာတွေအကုန်ပြထားပါတယ်။ ဒါကြောင့်ပဲ ပထမမိန်းမနဲ့ ကွဲ၊ နောက်မိန်းမက မော်ဒယ်ဖြစ်ပြီး ကလေးနှစ်ယောက်ရတာတောင် အချိုးမပြောင်း၊ နောက်ဆုံးမှာထောင်ကျ၊ အဖမ်းခံရပြီးမှ၊ လူကောင်းပြန်ဖြစ်သွားတာကို သရုပ်ဖော်ထားတာပါ။

ဒီကားကနေ ပညာယူမယ်ဆိုရင် ယူစရာတွေများပါတယ်။ သူက ငွေနောက် လိုက်၇ုံတင်မကပဲ ပိုက်ဆံချမ်းသာလာတာတောင်မှ ဒီဘ၀ကို မစွန့်လွှတ်နိုင်ပါဘူး။ အပျော်အပါးလိုက်စားတာတွေ၊ ငွေရှာရလွယ်လာတော့ ငွေကိုတန်ဖိုးမထားတာတွေကိုပြထားသလို၊ သူ့ကိုလိုက်တဲ့ FBI အေးဂျင့်က လည်း ပါဝါဘယ်လောက်ရှိရှိ ပိုက်ဆံဘယ်လောက်ချမ်းသာသာ မဟုတ်တာလုပ်တဲ့သူကို အလွတ်မပေးပဲ အမိဖမ်းတာ၊ လာဘ်မစားတာတွေလည်း ပြထားပါတယ်။ ဒါ့အပြင် အသက်၂၂ နှစ် ကြီးပွါးတိုးတက်ချင် စိတ်ရှိတဲ့ လူငယ်တွေ၊ အောင်မြင်မှုရအောင် လုပ်နေတဲ့သူတွေ (မတရားတဲ့နည်းလမ်းနဲ့လုပ်နေတဲ့သူတွေလည်း ရှိပေမယ့်) ကိုတွေ့မြင်ရမှာပါ။

ဇာတ်လမ်းကောင်းတစ်ကားဆိုပေမယ့် မိသားစုတွေ၊ စုံတွဲတွေ၊ ကလေးတွေ၊ ကြည့်ဖို့မသင့်တော်ပါဘူး။ မောင်နှမ၊ မိဘနဲ့သားသမီးတူတူမကြည့်သင့်ပါဘူး။ Rated-R ဖြစ်ပြီး ကလေးတွေဝေးဝေးက ရှောင်ရှားသင့်ပါတယ်။
ရုပ်ရှင်အညွှန်း - #Sololay (ရုပ်ရှင်မိတ်ဆက်)

IMDB 8.2 ထိရထားပြီး ပြသချိန် 3h ရှည်ပါမယ်။ 828 MB နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းနိုင်ပါပြီ



Download
828 MB
The Wolf of Wall Street (2013)


21 & Over (2013)


ဒီတစ်ခါမှာတော့ ဟာသ ဇတ်ကားလေးအဖြစ် 21 and over ဆိုတဲ့ ဇတ်ကားလေးကို တင်ပေးလိုက်ပါတယ်။မင်းသား အဖြစ် Justin Chon ကသရုပ်ဆောင်ထားပီး ဆေးပညာစာမေးပွဲမဖြေမီညမှာ၂၁ နှစ်မြောက် မွေးနေ့ပွဲ ကျင်းပတဲ့ ဟာသကားလေးပါ . သူ့သူငယ်ချင်း ၂ယောက်အဖြစ် (Skylar Astin နှင့် Miles Teller) တို့က သရုပ်ဆောင်ထားပါတယ်။ နောက်နေ့မနက်မှာ လူတွေ့ဖြေရမှာဖြစ်ပါတယ်.. ကဲမူးမူးရူးရူး ဘာတွေဖြစ်ကြမလဲဆိုတာ .... ဘယ်လိုတွေ ဗရုတ်သုတ်ခနိုင်မလဲဆိုတာ ဟာသကားလေးအဖြစ်ကြည့်လိုက်ရအောင်
ရုပ်ရှင်အညွှန်း - Movie Lover

IMDB 5.9 ရရှိထားပြီး 1h:33mins ကြာမြင့်ပါတယ်။  411 MB နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။



Download
411 MB
21 & Over (2013)


Kingsman: The Secret Service (2014)


မထင်မှတ်ပဲနှင့် ၂၀၁၅ ခုနှစ်ရဲ့အောင်မြင်ခဲ့တဲ့ ရုံတင်ဇာတ်ကားဟာ နိုင်ငံတကာမှာ ဒေါ်လာ ၄၀၀ မီလီယံကျော် ဝင်ငွေရရှိခဲ့ပြီး အင်္ဂလိပ်မင်းသား Taron Egerton ကို နာမည်ကျော်စေခဲ့ပြီး နောက်ဆက်တွဲ ဇာတ်လမ်းဆက်ရိုက်ဖို့သေချာစေခဲ့တာဖြစ်ပါတယ်။

အက်စီဆိုတဲ့ ကောင်လေးတယောက်ကို KINGSMAN ဆိုတဲ့ အေဂျင်စီထဲရောက်အောင်စည်းရုံးသိမ်းသွင်းနေတဲ့အချိန်မှာပဲ ဟာရီဟတ်ဆိုတဲ့ သူ့ဖေရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းဟာ ဗက်လက်တိုင်းအဖွဲ့ရဲ့ အမှုကိုလိုက်ရင်း ကံဆိုးမိုးမှောင်ကျခဲ့ရပါတယ်။  ဗက်လင်တိုင်းအဖွဲ့ဆိုတာ ဖုန်းဆင်းမ်းကဒ်တွေကို အခမဲ့ဖြန့်ချီပြီး သုံးစွဲသူတွေကို စိတ်ဖောက်ပြန်ကာ ရန်းပြုချင်စိတ်ရှိအောင် ပြုလုပ်နေတဲ့ ကုပ္မဏိကြီးဖြစ်ပါတယ်။ အဆင့်မြင့်နည်းပညာတွေသုံးထား ရာဇဝတ်အဖွဲ့ကို နောက်ဆုံးပေါ် နည်းပညာတွေသုံးတဲ့ KINGSMAN အေးဂျင့်တွေ အနေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲ၊ တေလေပိုး အက်စီအနေနဲ့ KINGSMAN အေးဂျင့်တယောက်ဖြစ်အောင် ဘာတွေကို ဖြတ်သန်းရမလဲဆိုတာကိုတော့ ဒေါင်းကြည့်ကြပါလို့.....

IMDB 7.8 ထိရထားတဲ့ ဇာတ်ကားကောင်းတခုပါ။ 2h: 9mins ကြာမြင့်ပါလိမ့်မယ်။ 825 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီး။




Download
825 MB
Kingsman: The Secret Service (2014)

3 Days to Kill (2014)



ဒီရုပ်ရှင်ကားမှာ အဓိက ဇာတ်ကောင်များ အဖြစ် Kevin Costner, Amher Heard နှင့် Hailee Steinfield တို့ ပါဝင် သရုပ်ဆောင် ထားကြပါတယ်။
Kevin Costner က CIA အေးဂျင့်ဟောင်းတစ်ယောက်ဖြစ်ပြီး ရောဂါကြောင့် မကြာခင်သေရတော့မယ်လို့
သိထားတာပါ...ဒါပေမယ့် သေဘေးကလွတ်မြောက်နိုင်မယ့် ဆေးတစ်မျိုးကိုရရှိဖို့အတွက်...
သူအရမ်းချစ်တဲ့ သမီးလေးအတွက် ဘယ်လိုတွေရင်ဆိုင်သွားမယ်ဆိုတာ.....။

IMDB 6.2 ရရှိထားပြီး ပြသချိန် 1h:57 mins ကြာမြင့်ပါတယ်။ 386MB နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းနိုင်ပါပြီ။

အရင် မျက်ရှင် ဆိုဒ်ကဇာတ်လမ်းအဟောင်းတွေကို အခုဆိုဒ်အသစ်မှာ ပြန်တင်နေရတာပါ၊ ကြည့်ပြီးသားတွေလည်းဖြစ်နိုင်ပါတယ်၊ ဇာတ်ကားအသစ်တွေကိုလည်း တင်ပေးသွားမှာဖြစ်ပါတယ်။ မိတ်ဟောင်းမိတ်သစ်များ အားပေးပြီး ဝေမျှပေးကြပါလို့ တောင်းဆိုအပ်ပါတယ်





Download
386 MB
3 Days to Kill (2014)





Monday, May 16, 2016

Battleship (2012)



 Erich Hoeber နဲ့ Jon Hoeber တို့ရဲ့ ဇာတ်လမ်းကို The Rundown, The Kingdom နဲ့ Hancock ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Peter Berg က က်ကူးခဲ့ခြင်းဖြစ်ပါတယ်။Battleship ဆိုတဲ့နာမည်က 1931 ခုနှစ်က Milton Bradley Company ကထုတ်တဲ့ ဂိမ်းရဲ့နာမည်ကို ယူထားတာဖြစ်ပါတယ်။ Peter Berg က အခု Battleship ဇာတ်ကားဟာ သာမန်အမြင်မျိုးနဲ့ ဇာတ်လမ်းမဟုတ်ပဲ စ်အောင်ရိုက်ကူးထားတာလို့ဆိုပါတယ်။တ်လမ်းအကျဉ်းကတော့ ပုလဲဆိပ်ကမ်းက ထွက်လာတဲ့ အမေရိကန်ရေတပ်အုပ်စုဟာ အမျိုးအမည်မသိတဲ့ ဂြိုလ်သားတွေနဲ့ တွေ့ပြီးရင်ဆိုင်တိုက်ပွဲဝင်တဲ့အကြောင်းကိုရိုက်ထားတာဖြစ်ပါတယ်။ ဂြိုလ်သားတွေဟာ သူတို့လိုချင်တဲ့ စွမ်းအင်တစ်ခုကိုသမုဒ္ဒရာထဲမှာ တည်ဆောက်ဖို့ကြိုစားနေကြပြီး အမေရိကန်ရပ်တပ်အုပ်စုကိုလည်း အကြောင်းတစ်ခုကြောင့် ဆက်သွယ်ဖို့ကြိုးစားခဲ့ပြီးမှ ကယ်ရင်ဆိုင်တွေ့တဲ့အခါမှာတော့ တစ်ဘက်နဲ့တစ်ဘက်တိုက်ပွဲဖြစ်ကြပါတယ်။ Peter Berg က သာမန်ဇာတ်လမ်းတစ်ခုအမြင်မျိုးနဲ့ရိုက်ထားတာမဟုတ်ဘူးဆိုတာကတော့ လူသားတွေဘက်က အမြင်တစ်ခုတည်းကိုမဟုတ်ပဲ ဂြိုလ်သားတွေရဲ့ အမြင်ဘက်ကိုလည်း ရိုက်ပြထားတာဖြစ်လို့ပါ။ ဒီဇာတ်ကားမှာ Stone Hopper အဖြစ် Alexander Skarsgard, Alex Hopper အဖြစ် Taylor Kitsch နဲ့ Admiral Shane အဖြစ် ၀ါရင့် မင်သားကြီး Liam Neeson တို့ပါဝင်ထားပြီး Samantha အဖြစ် မော်ဒယ်သရုပ်ဆောင် Brooklyn Decker နဲ့ Raikes အဖြစ် နာမည်ကျော် R & B အဆိုတော် Rihanna တို့နဲ့ အားဖြည့်ထားပါတယ်။ Rihanna အနေနဲ့ ပထမဆုံး ပါဝင်ဖူးတဲ့ ရုပ်ရှင်လဲဖြစ်ပါတယ်။ မူလက Alex Hopper ဇာတ်ကောင်နေရာမှာ The Hurt Locker နဲ့နာမည်ကြီးခဲ့တဲ့ Jeremy Renner ကိုရွေးချယ်ခဲ့ပေမဲ့ သူကငြင်းပယ်ခဲ့တာကြောင့် Taylor Kitsch နဲ့အစားထိုးခဲ့ရခြင်းဖြစ်ပါတယ်။ ကုန်ကျစရိတ်ဒေါ်လာ သန်း၂၀၀ နဲ့ ၂၅၀ကြားရှိပြီး သြစတေးလျ ကမ်းခြေမှာရိုက်ဖို့ ပထမ စီစဉ်ခဲ့ပြီးမှ သြစတေးလျအစိုးရနဲ့ အခွန်ကိစ္စညှိနှိုင်းမရတာကြောင့် ဟာဝိုင်အီကျွန်းနားမှာ ရိုက်ကူးခဲ့ပါတယ်။ ထုတ်လုပ်ခဲ့တဲ့ရုပ်ရှင်ကုမ္ပဏီတွေကတော့ Battleship Delta Productions နဲ့ Hasbro တို့ဖြစ်ကြပြီး Universal Picture ကဖြန့်ချိမှာပါ။
 ရုပ်ရှင်အညွှန်း- <Movie Crazies>
IMDB 5.9 ရရှိထားပြီး ပြသချိန် 2h:11 mins ကြာမြင့်ပါတယ်။ 1GB နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းနိုင်ပါပြီ။

အရင် မျက်ရှင် ဆိုဒ်ကဇာတ်လမ်းအဟောင်းတွေကို အခုဆိုဒ်အသစ်မှာ ပြန်တင်နေရတာပါ၊ ကြည့်ပြီးသားတွေလည်းဖြစ်နိုင်ပါတယ်၊ ဇာတ်ကားအသစ်တွေကိုလည်း တင်ပေးသွားမှာဖြစ်ပါတယ်။ မိတ်ဟောင်းမိတ်သစ်များ အားပေးပြီး ဝေမျှပေးကြပါလို့ တောင်းဆိုအပ်ပါတယ်


Download
1GB
Battleship (2012)

Detective K: Secret of the Lost Island (2015)


၁၇၉၅ ခုနှစ် ဂျွန်ဂျိုဘုရင်လက်ထက် နာမည်ကြီးစုံထောက်အမတ်ဟာ ကျွန်းတကျွန်းမှာ အကျယ်ချုပ်ထိမ်းသိမ်းခံနေရပါတယ်။ ကလေးမလေးတယောက်က စုံထောက်ကြီးဆီ ပျောက်သွားတဲ့ သူ့ညီမကို ရှာပေးဖို့ အကူအညီလာတောင်းပါတယ်။ ကလေးမလေးက နေ့တိုင်း ပင်လယ်ကို ဖြတ်ကူးလာပြီး တောင်းဆိုပေမယ့်လည်း သူကကူညီဖို့ ငြင်းဆန်နေဆဲပါပဲ။ တရက်မှာ ကောင်မလေးရုတ်တရတ်ပျောက်သွားပါတော့တယ်။ သံယောဇဉ်ရှိမိတဲ့ စုံထောက်ကြီးနဲ့ သူ့တပည့်ဟာ ထိုကလေးမလေးကို လိုက်ရှာဖို့ အကျယ်ချုပ်ခံ ကျွန်းကနေထွက်ပြေးပါတော့တယ်။  ပြည်သူ့ဝန်ထမ်းတွေ အကျင့်ပျက်ချစားမှုတွေ၊ ငွေအတု ထုတ်လုပ်မှုတွေဟာ ကလေးတွေပျောက်ဆုံးမှုတွေနဲ့ ပါတ်သတ်နေမှန်း သိလာတဲ့အချိန်မှာ ကလေးတွေတဦးပြီးတဦး သေဆုံးနေပါပြီ။ ဆရာတပည့်နှစ်ယောက် ဘယ်လို စုံစမ်းဖေါ်ထုတ်မလဲ၊ ကလေးတွေကိုဘယ်လိုစွန့်စားကယ်တင်မလဲ၊ အကျင့်ပျက်ဝန်ထမ်းတွေကို ဘယ်လိုတိုက်ဖျက်မလဲဆိုတာကိုတော့...........

Mr.Bean နဲ့ Johnny English လိုမျိုး တလွဲတွေအမြဲဖြစ်နေတဲ့ ကိုရီးယား စုံထောက်ဇာတ်လမ်းဖြစ်ပါတယ်။ မင်းသမီးချောလေး Lee Yeon-hee ပါဝင်တဲ့အတွက်ကြောင့် ပိုပြီးတော့ ပြည့်စုံသွားမှာပါ။ ဟာသခန်းတွေ နဲ့ အက်ရှင်ခန်းတွေ အစုံပါတာကြောင့် မိသားစုကြည့်ရှုနိုင်တဲ့ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးပါ။

IMDB 6.4 ရရှိထားပြီး 2h:4mins ကြာမြင့်ပါတယ်။ 575 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းလုပ်ယူ ကြည့်ရှုခံစားနိုင်ပါပြီ...



Download
575 MB
Detective K: Secret of the Lost Island (2015)


Sunday, May 15, 2016

Rough Cut (2008)


သရုပ်ဆောင်ဖြစ်ချင်နေတဲ့ ဂိုဏ်းစတားတယောက် နဲ့ သရုပ်ဆောင်ရာမှာ အထိုးအကြိတ်ကြမ်းတဲ့ မင်းသားတို့ ထိပ်တိုက်တွေ့ကြသောအခါ...
 IMDB 7.2 အထိရထားတဲ့ ကိုရီးယား အက်ရှင် ဒရမ်မာကားပါ။ ကိုရီးယားပရိတ်တွေ အကြိုက်ဇာတ်လမ်းလေးဖြစ်မှာပါ။ ပြသချိန် 1h:53mins ကြာမြင့်ပါတယ်။  509 MB နဲ့ အောက်ပါလင့်ခ့်မှာ ဒေါင်းနိုင်ပါပြီ။


Download
509 MB
Rough Cut (2008))


Child 44 (2015)


Leo Demidov [Tom Hardy] က ၁၉၅၀ ဆိုဗီယက်ရုရှားတွေရဲ့လျှို့ဝှက်အေးဂျင့်တစ်ယောက်။
သူ့မိန်းမ Raisa (Noomi Rapace) ကို နိုင်ငံတော်သစ္စာဖောက်အဖြစ် ထုတ်ဖော်ပြောခိုင်းလို့ငြင်းဆန်တဲ့အခါအရာအားလုံးဆုံးရှူံးသွားပါတယ်။ ကြောက်ရွံစရာကောင်းတဲ့ရှေ့တန်းစခန်းကိုပြည်နှင်ဒဏ်ပေးခံခဲ့ရတယ်။ Leo and Raisa ကဗိုလ်ချုပ် Mikhail Nesterov (Gary Oldman)နဲ့ပေါင်းခဲ့ပြီး ကလေးငယ်တွေကိုသတ်တဲ့ကွင်းဆက်လူသတ်သမားကိုဖမ်းဖို့လုပ်ခဲ့တယ်။ Leo ရဲ့ပြိုင်ဘက်စိတ်ဝေဒနာရှင်လူသတ်သမား Vasili (Joel Kinnaman) ရဲ့ခြိမ်းခြောက်မှုတွေကြုံလာတဲ့အခါမှာတော့ Leo ဘယ်လိုတုံ့ပြန်မလဲ ဘယ်လိုဆက်ဖြစ်မလဲဒေါင်းကြည့်လိုက်ကြပါ။

IMDB 6.4 ရရှိထားပြီး ၊ ပြသချိန် 2h:17mins ကြာမြင့်ပါတယ်။ 631 MB နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းနိုင်ပါပြီ။



Download
631 MB
Child 44 (2015)



Saturday, May 14, 2016

Baby (2015)


အိန္ဒိယနိုင်ငံကို တိုက်ခိုက်ဖို့ဖြစ်လာတဲ့ အခြေနေကို ရအောင် ဟန့်တားရတဲ့ ကမ္ဘာနဲ့ချီလှုပ်ရှားနေတဲ့ BABY ဆိုတဲ့ လျှို့ဝှက် အေ့ဂျင့်ရဲ့ လှုပ်ရှားမှု၊ တိုက်ခိုက်မှုတွေကို အသားပေးထားတဲ့ဇတ်လမ်းပါ။ ဇာတ်အိမ် ခိုင်မာပြီး ပီပြင်တဲ့ ဇာတ်ကြမ်းတခုပါ။ 

IMDB 8.1 ထိရထားတာဆိုတော့ အင်မတန်ပီပြင်ကောင်းမွန်တဲ့ Bollywood ဇာတ်လမ်းကောင်းတပုဒ်ဆိုတာ အသိပေးပါရစေ။ 2h:39 mins ကြာမြင့်ပါမယ်။ 729 MB နဲ့ ဒေါင်းလို့ လွယ်အောင် အောက်ကလင့်ခ်မှာ တင်ပေးထားပါတယ်။



Download
729 MB
Baby (2015)


Beyond the Reach (2014)


ကော်ပရေးရှင်းက သူဌေးတယောက်ဟာ သဲဂန္တရထဲမှာ အမဲလိုက်ထွက်တော့ လူငယ် ဆင်းရဲသားလေတဦးကို လမ်းပြအဖြစ်ငှားပါတယ်။ အကောင်းစားပစ္စည်းတွေပဲသုံးတဲ့ သူဌေးဟာ အမဲလိုက်ရာမှာ အတွ့အကြုံရှိပြီး သေနတ်ပစ်လက်ဖြောင့်သူဖြစ်ပါတယ်။ သူလက်ဖြောင့်လွန်းလို့ပဲ မတော်တဆ လူတဦးကိုပစ်သတ်မိတဲ့အခါ သူလူသတ်တာကိုဖုံးကွယ်ဖို့ လူငယ်လေးကို စတေးပါတော့တယ်။ ကောင်းလေးကို အဝတ်အစားမပါပဲ သဲဂန္တရထဲမှာ ပြေးစေပါတယ်။ ကောင်းလေးအနေနဲ့ သူ့ အသက်ကိုဘယ်လိုလုရမလဲ၊ သူဌေးကြီးကလဲ သူ့ကိစ္စကိုဘယ်လိုဖြေရှင်းမှာလဲဆိုတာ..

မင်းသားကြီး မိုက်ကယ်ဒေါက်ကလပ် ပါဝင်ထားပြီး ကြည့်ရင်းနဲ့ ဇာတ်လမ်းလေးအတိုင်းမြောသွားနိုင်တဲ့ ဇာတ်လမ်းမျိုးပါ ။ ဒီဇာတ်လမ်းထဲမှာ အကြိုက်ဆုံးက မိုက်ကယ်ဒေါက်ကလပ်စီးတဲ့ အင်မတန်မှ ခန့်ညားထယ်ဝါတဲ့ Mercedes-Benz G63 AMG 6x6 ကား အမျိုးအစားဖြစ်ပါတယ်။ နောက်ထပ်အကြိုက်ဆုံးက လောက်လေးခွ ဖြစ်ပါတယ်။

IMDB 5.5 ရရှိထားပြီး ပြသချိန် 1h: 31 mins ကြာမြင့်ပါတယ်။ 422 MB နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းနိုင်ပါပြီ။


Download
422 MB
Beyond the Reach (2014)

Friday, May 13, 2016

shankar's i (2015)


ချစ်သူနှစ်ဦးရဲ့ ခိုင်မြဲမှုသင်္ကေတမှာရုပ်ရည်က အဓိကကျနေပါသလား။
သင်သာဆိုလျှင်ကောရုပ်ရည်ပျက်ယွင်းသွားတဲ့ချစ်သူကို ပစ်ခွာမသွားဘဲ အချစ်စစ် ကိုဖော်ကျူးနိုင်မလား မိတ်ဆွေ။
ဒီဇာတ်ကားမှာတော့ အချစ်စစ် ကိုဖွဲ့ဆိုပြထားပြီး IMDB 7.8 /10 ရထားတဲ့အတွက်လည်း
ဇာတ်ကားကောင်းအနေနဲ့ရော အချစ်ရဲ့အဓိပ္ပါယ်ကို ပြောပြပေးစွမ်းမယ့် ဇာတ်ကားကောင်းလေးအဖြစ်ရော
သတ်မှတ်ထားမိပါတယ်။

(ဇာတ်လမ်းအကျဉ်း)
ဇာတ်လမ်းအစမှာတော့ သတို့သမီးကို ရုပ်ဆိုးဆိုး ခါးကုန်းကုန်း ရွတ်တွနေတဲ့သူတစ်ဦးက ဖမ်းခေါ်သွားခဲ့ခြင်းမျိုးနဲ့ အစပြုထားပါတယ်။
တကယ်တမ်းတော့ ဖမ်းယူသွားခဲ့သူဟာ သာမန်သူမဟုတ်ခဲ့ပါဘူး။ သူဟာ တမဲလ်မန်ဒု ကာယဗလမောင်ဆုရရှိထားတဲ့ လင်ဂီချန် ဆိုသူပါ။ကောင်မလေးကလည်း ဒိုင်ယာဆိုတဲ့ မော်ဒယ်လ်ချောလေးတစ်ဦးဖြစ်ပါတယ်။
အတိတ်မှာဖြင့် လင်ဂီချန်ဟာ မစ္စတာ တမဲလ်မန်ဒု ကာယဗလမောင်ဆုရရှိခဲ့ပြီး MR.INDIA ဆိုတဲ့ကာယဗလမောင်ဆုကိုပါ ယှဉ်ပြိုင်ရယူရန် ရည်မှန်းထားခဲ့တဲ့သူပါ။
အချစ်ရေးမှာလည်း သူဟာ ဒိုင်ယာ ဆိုတဲ့မော်ဒယ်မလေးကို စွဲလမ်းမိပြီး ရုပ်မြင်သံကြားဖန်သားပြင်မှ
တိတ်တခိုး ချစ်ခင်နေမိခဲ့တာပါ။တစ်နေ့မှာတော့ လင်ဂီချန်ဟာ ဒိုင်ယာ ရှိနေတဲ့ရိုက်ကွင်းနေရာဆီလာရောက်ပြီး ဒိုင်ယာကိုတောင် လာမိတ်ဆက်ခဲ့ပါတယ်။တစ်ဖက်မှာလည်း ဒိုင်ယာဟာ ချောမောလှတဲ့မိန်းကလေးဖြစ်တာကြောင့် ဂျွန် ဆိုတဲ့ မင်းသားကလည်း ချစ်ရေးဆိုခဲ့ပါသေးတယ်။ ဒိုင်ယာကတော့ ငြင်းပယ်လိုက်ပါတယ်။ဒါကြောင့်ဂျွန်ဟာ ဒိုင်ယာနဲ့ပတ်သက်တဲ့ ရှုတင် အားလုံးကိုဖျက်ပြီး ဒိုင်ယာကို ကလဲ့စားချေလိုက်ပါတယ်။ အဲ့ဒီနောက် ဒိုင်ယာရဲ့ရှုတင်တွေနည်းပါးလာပြီး ဒိုင်ယာဟာ လင်ဂီချန်နဲ့ သရုပ်ဆောင်ရန် အကြံရခဲ့ပါတယ်။
လင်ဂီချန်အနေနဲ့လည်း ၀မ်းပန်းတသာလက်ခံပြီး ဒိုင်ယာနဲ့အတူ သရုပ်ဆောင်ခဲ့ကြတယ်။ သို့သော် အချစ်ရေးဘက်တွင်လည်း မ၀ံ့ရဲသော လင်ဂီချန်အတွက်တော့ သရုပ်ဆောင်မှုတွေကလည်း မပီပြင်ခဲ့ပါဘူး။
ဒါကြောင့် ဒါရိုက်တာရဲ့အကြံပေးချက်အရ ဒိုင်ယာဟာ လင်ဂီချန်ကို ချစ်သူအယောင်ဆောင်တွဲခဲ့ပြီး
သရုပ်ဆောင်ပီပြင်စေခဲ့ပါတယ်။ သို့သော် ဤကဲ့သို့ ချစ်သူအယောင်ဆောင်ထားခြင်းအား
လင်ဂီချန်သိခဲ့လေသောအခါ ----။
ဘာတွေဆက်ဖြစ်လာမလဲ။ ချစ်တတ်လွန်းသူအတွက် အပေးဆပ်ခံနှလုံးသားကိုဖဲ့ကျိုးခံရခြင်းက နာကျည်းမှုတွေများ သန္ဓေတည်စေခဲ့မလားဆိုတာ ၀မ်းနည်းဖွယ် ကြည့်ရှုရဦးမှာပါ။လင်ဂီချန် အတွက် ပေးဆပ်မှုတွေက ၀မ်းနည်းမှုဖြစ်ခဲ့သလို မနာလို ရန်သူတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

လင်ဂီချန် ဟာ ဗလမောင်ပြိုင်ပွဲတုန်းက ရာဗီးဆိုတဲ့သူနဲ့ ပြဿနာဖြစ်ခဲ့ဖူးပါသေးတယ်။ ရာဗီးကတော့ အခဲမကြေနိုင်ဘဲ အငြိုးထားခဲ့ရာမှ (သူကဲ့သို့ လင်ဂီချန် အားဖယ်ရှားလိုသူ)မင်းသားဂျွန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံမှုကတော့ လင်ဂီချန် အတွက်အကြီးမားဆုံးသော အန္တရာယ်ကြီး ဖြစ်စေခဲ့ပါတယ်။အဲဒီနောက် လင်ဂီချန်ရဲ့နေ့ရက်တွေဟာ ဘယ်လိုများဖြစ်ပေါ်စေခဲ့မလဲဆိုတာလည်း ရင်မောဖွယ် ကြည့်ရှုရမှာပါ။ဒီဇာတ်ကားမှာတော့ နောက်ကျောဓားထိုးတတ်တဲ့ မိတ်ဆွေအတုအယောင်တွေကို ဖယ်ရှားသင့်ကြောင်း အသိပေးခဲ့အပြင် ချစ်ခြင်းမေတ္တာ သစ္စာတရားတွေနဲ့ လူ့နှလုံးသားအကြောင်းလည်း ဖွင့်လှစ်ပြပေးခဲ့တယ်။

ကျွန်တော့်အတွက်တော့ ဒီဇာတ်ကားလေးမှာ မထင်မှတ်ရခဲ့တဲ့ မြှုပ်ကွက်တစ်စုံက ရင်ဘတ်အရှိုက်ကို
ထိမှန်စေခဲ့ပါတယ်။ အတိတ်နဲ့ပစ္စုပ္ပန်ကို တစ်လှည့်စီပြသပေးရင်း စိတ်ကိုနှိုးဆွစေခဲ့တယ်။မိတ်ကပ်ပညာအလွန်ကောင်းမွန်ပြီး ဇာတ်အိမ်ဖွဲ့ပုံခိုင်မာလွန်းတာကြောင့်တသသကျန်ရစ်စေမယ့်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ထို့အပြင် လင်ဂီချန် တစ်ယောက်ရဲ့နေ့စွဲရက်တွေက ခါးကုန်းကုန်းနဲ့ ရွတ်တွသူတစ်ဦးဖြစ်အောင်
မည်သို့များပြောင်းလဲစေခဲ့တာလဲ။

ဒိုင်ယာ နဲ့ လင်ဂီချန်တို့ရဲ့ အချစ်ရေးကရော မည်သို့ရှေ့ဆက်ကြမလဲ။ လင်ဂီချန်အတွက်တော့ မမြင်နိုင်တဲ့အန္တရာယ် မည်သူတွေက ဇာတ်လမ်းရဲ့အဓိက ရန်သူဖြစ်လာစေခဲ့မလဲ။
လင်ဂီချန်ရဲ့ လှည့်ကွက်ဆန် တုံ့ပြန်လက်စားချေမှုကရော ဘယ်လိုမျိုးလဲ ဆိုတာ စိတ်လှုပ်ရှားစွာ မြင်တွေ့ရဦးမှာပါ။ ဒါ့ပြင် လင်ဂီချန် အတွက် ကံကြမ္မာက တဖန်ပြန်လည် မျက်နှာသာပေးဦးမလား။
အရင်လို အခြေအနေ ပြန်ကောင်းလာခဲ့မလားဆိုတာကတော့ ဇာတ်ကားလေးကြည့်ရင်း ခန့်မှန်းကြည့်ရှုလိုက်ကြစို့နော်။
ရုပ်ရှင်အညွှန်း - Myanmar Subtitle Movies Facebook Fan Page




Download
784 MB
shankar's i (2015)

Thursday, May 12, 2016

Jackass 3D (2010)


Jackass 1,2 ကြည့်ပြီးသားသူတွေ ဘာကားလဲဆိုတာ ခန့်မှန်းလို့ရမှာပါ။ မိုက်ရူးရဲအလုပ်အလုပ်တွေကို မကြောက်မရွံ့လုပ်ပြီးတကမ္ဘာလုံးကို ဗီဒီယိုဖြန့်ချီတဲ့အဖွဲ့ပါ။ တကယ့်ကို ဗရုတ်သုတ်ခ အဖွဲ့ပါ။ အသားအနာခံပြီးလုပ်တဲ့ စတန့်အကွက်တွေပါသလို၊ အော်ဂလီဆန်စရာ အကွက်တွေလည်းတွေ့ရမှာပါ။ တချို့အခန်းတွေဆို လုံးဝကို ဆင်ဆာမဖြတ်ထားပါဘူး။ ရယ်တာကတော့ တောက်ရှောက်ရယ်နေရတာပါပဲ။ တချို့အခန်းတွေမကြည့်ရဲ့ရင်တော့ ကျော်ကြည့်လိုက်ပါလို့ အကြံပေးပါရစေ။

IMDB 7.1 အထိရထားပါတယ်။ 1h: 34mins ကြာမြင့်ပြီး 624 MB နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းနိုင်ပါပြီ။




Download
642 MB
Jackass 3D (2010)


Kick (2014)


ဒီကားလေးက bollywood မင်းသား ဆလက်မန်ခမ်း ပါဝင်ထားတဲ့ဇာတ်ကားကောင်းလေးပါဇာတ်လမ်းအကျဉ်းမှာတော့ရိုင်နာဆိုတဲ့ မင်းသမီးဟာ သူမအဖေ၏ စကားအရလူတစ်ဦးနဲ့သွားရောက်ဖို့အကြောင်းဖန်လာပါတယ်ထိုသူသည်ရဲအရာရှိတစ်ဦးဖြစ်၍ နာမည်ကျော် လူဆိုးဖမ်းအရာရှိတစ်ဦးလည်းဖြစ်သည် ရှိုင်နာ နဲ့ ထိုရဲအရာရှိတွေ့ဆုံပြီး လက်ထပ်ဖို့ ကိစ္စဆွေးနွေးရမည်ဖြစ်သော်လည်း အတိတ်ဇာတ်လမ်းကိုသာ ပြောဖြစ်ခဲ့ကြသည်ရိုင်နာ၏ အတိတ်မှာတော့ မေ့မရခဲ့တဲ့ချစ်သူ ရှိခဲ့ကြောင်း ပြောပြခဲ့သည်။
သူ၏ အမည်မှာဒေးဗစ်ဆင်းဂ် ဖြစ်သည်။
သူသည် လူအများအား စနောက်သန်သူဖြစ်၍ ကူညီတတ်သူလည်းဖြစ်သည်။ တစ်နေ့မှာ သူမ၏အဖေနှင့် တွေ့ပြီးအပြန် သူမက အလုပ်လုပ်ရန်တိုက်တွန်းလေသည်။ ထိုအခါ ပျော်စရာဘ၀နှင့် လူတို့အပြုံးသာလိုလားသော သူတစ်ပါးအားအောက်မကျို့သော ဒေးဗစ်ဆင်းဂ်တို့စကားအနည်းငယ်များပြီး ဒေဗစ်ဆင်းဂ်မှာ
ရှိုင်နာနှင့် အဆက်အသွယ်မရှိတော့ပေ။အရာရှိမှာလည်း သူ့ဘ၀တွင်မေ့မရတဲ့ လူတစ်ဦးရှိကြောင်း၊ထိုသူသည် ဒီးဗဲလ်သူခိုးတစ်ဦးဖြစ်၍ထိုသူသည် ကြိုတင်အသိပေးပြီးမှခိုးယူသူဖြစ်ကြောင်း၊မျက်နှာဖုံးတစ်ခုအားကာဗာယူ ခိုးသူတစ်ဦးလည်းဖြစ်၍ ထိုသူအားလည်းမမြင်ဖူးကြောင်းမည်သို့ပင်ဆိုစေထိုသူအား ဖမ်းမိရန်မိမိမှာ တာဂန်အပြည့်ရှိကြောင်းရိုင်နာအားပြောပြခဲ့လေသည်။သူတို့နှစ်ဦး အိမ်ပြန်လမ်းလျှောက်ခရီး တွင်
လူတစ်ဦးက သူသိလိုသော လိပ်စာအားရှိုင်နာအား လာမေးရာထိုသူသည် ဒေးဗစ်ဆင်းဂ် ဖြစ်သော်လည်း
ရှိုင်နာအား မသိသလိုတကယ်ပင် အတိတ်ပင်မေ့နေသလောဟန်ဆောင် နေသလောရှိုင်နာ၏ အိမ်တွင် နေ၍ မည်သို့အကွက်ရွေ့ မည်သို့ခိုးယူခြင်းလုပ်မည်ကိုလည်းကောင်းရဲအရာရှိအားပင် ပခုံးဖက်၍ မိမိဒီးဗဲလ် အမည်ဝှက်ဖြင့် သူခိုးတစ်ဦးမှန်းမသိအောင်ပိပိရိရိနေတတ်ခဲ့သည်ထို့နောက် ဒေးဗစ်ဆင်းဂ် ခေါ် ဒီးဗဲလ် သည်မည်သို့သာအကြာင်းကြောင့် ခိုးယူခဲ့ခြင်းဖြစ်ကြာင်းအောက်မကျို့တတ်သော ဒေးဗစ်ဆင်းဂ်တစ်ယောက်
မည်သို့သောအခြေအနေတို့နှင့် ရင်ဆိုင်ခဲ့ရ၍သူခိုးဖြစ်ခဲ့ရကြောင်းကိုလည်းရင်သပ်ရှုမောဖွယ် စောင့်ကြည့်ရမှာပါထို့အပြင် ရဲအရာရှိ ကလည်း ဒေးဗစ်ဆင်းဂ် ခေါ်ဒီးဗဲလ်အား မည်သို့ကြိုးစား ဖမ်းဆီးမည်ကိုလည်းစိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါရဲအရာရှိ ကပင် ဖမ်းမိမလားဒီးဗဲလ်ကပင် လွတ်မြောက်မလားဒီးဗဲလ်ဆိုသူမှာလည်းသာမန်သူခိုးမဟုတ်ပဲမည်သို့သောသူဖြစ်မည်ကိုလည်း စိတ်လှုပ်ရှားစွာ ကြည့်ရမှာပါဒီကားလေးဟာ သတွေနဲ့ပြည့်သလိုလူလူချင်း မည်သို့ကိုယ်ချင်းစာရမည်ကိုလည်းညွှန်းဆိုထားပါတယ်အချစ်အလွမ်းတွေနဲ့ ကြည်နူးရသလိုအကြမ်း အတမ်းတွေနဲ့ ဖလန်းဖလန်းထကစ်ကွက်ကလည်းအစုံမို့လက်မလွှတ်သင့်တဲ့ကားကောင်းလေးတစ်ခုပေါ့
ရုပ်ရှင်အညွှန်း_Tear Cry

IMDB 5.5 ရရှိထားပြီး 2h:26mins ကြာမြင့်ပါတယ်။ 944 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

944.9 MB
Kick (2014)


Magic Mike XXL (2015)


လွန်ခဲ့တဲ့ သုံးနှစ်တုန်းက သူ့ရဲ့အကလောကမှာ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ မိုက် တယောက် အခုလည်း ကျန်တဲ့သူငယ်ချင်းတွေနဲ့ ခရီးထွက်ရင်း အဲ့ဒီလောကမှာ ပြန်ဖျော်ဖြေခဲ့ပါတယ်။ အားပေးမှုဘယ်လောက်ရသလဲဆို....

အကဆိုတာကရိုးရိုးအကတော့မဟုတ်ပါဘူး၊ sexy dance လိုပြောရမှာပေါ့။ ယောင်္ကျားတွေက မိန်းမတွေကို ကလပ်ထဲမှာ ကပြရတာပါ။ male entertainer ပေါ့။

အကမှာနာမည်ကြီးတဲ့ မင်းသား Channing Tatum ဦးဆောင်သရုပ်ဆောင်ထားတဲ့ အကဇာတ်မြူးပါ။ မိသားစုကြည့်ဖို့တော့ မသင့်တ်ာပါဘူး။ ကကွက်တွေက သဲထိတ်ရင်ဖိုစရာတွေနဲ့ ပြည့်နေလို့ပါ။

IMDB 5.7 ရရှိထားပြီး 1h: 55mins ကြာမြင့်ပါမယ်။ 530 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။



Download
530 MB
Magic Mike XXL (2015)


Tuesday, May 10, 2016

Azumi(1,2)

Azumi (2003)
 


၁၉ ရာစုနှစ်၊ ဂျပန်နိုင်ငံမှာ အာဇုမိလို့ခေါ်တဲ့ ဆယ်ကျော်သက်ကောင်မလေးတယောက် နဲ့ တခြားမိဘမဲ့ လူသတ်တမားတွေဟာ တာဝန်တခုကို ထမ်းဆောင်ရပါတော့မယ်၊ အဲ့ဒါကတော့ နတ်ဆိုးလို အင်အားကြီးတဲ့ ရန်သူကြီးသုံးဦးကို အပြတ်ခေမှုန်းရေးပါပဲ၊ အာဇုမိအနေနဲ့ တာဝန်ကို ဘယ်လိုထမ်းဆောင်မလဲဆိုတာနဲ့ နှလုံးသားရေးရားကိစ္စတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဒေါင်းကြည့်ကြပါဦး။

IMDB 6.9 ရရှိထားတဲ့ ဂျပန်ဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်နေနဲ့ မင်းသမီးချောလေး Aya Ueto ပါဝင်သရုပ်ဆောင်ထားပြီး အက်ရှင်ခန်းများများကြည့်ရပါလိမ့်မယ်၊ Azumi 1+2 တပြိုင်တည်းတင်ပေးထားပါတယ်။ 
ဆိုဒ်အသေးနဲ့ 400 MB လောက်နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းနိုင်ကြပါပြီ

 အရင် မျက်ရှင် ဆိုဒ်ကဇာတ်လမ်းအဟောင်းတွေကို အခုဆိုဒ်အသစ်မှာ ပြန်တင်နေရတာပါ၊ ကြည့်ပြီးသားတွေလည်းဖြစ်နိုင်ပါတယ်၊ ဇာတ်ကားအသစ်တွေကိုလည်း တင်ပေးသွားမှာဖြစ်ပါတယ်။ မိတ်ဟောင်းမိတ်သစ်များ အားပေးပြီး ဝေမျှပေးကြပါလို့ တောင်းဆိုအပ်ပါတယ်




Download
424MB
Azumi (2003)


____________________________________________

Azumi 2: Death or Love (2005)
 

အပိုင်း ၂ ကလည်း ပထမကားလို စစ်ပွဲမဖြစ်အောင် တားဆီးဖို့ အာဇုမိနဲ့ နာဂါရာတို့ တာဝန်ယူရပါတယ်။

IMDB 6.9 ရရှိထားတဲ့ ဂျပန်ဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်နေနဲ့ မင်းသမီးချောလေး Aya Ueto ပါဝင်သရုပ်ဆောင်ထားပြီး အက်ရှင်ခန်းများများကြည့်ရပါလိမ့်မယ်၊ Azumi 1+2 တပြိုင်တည်းတင်ပေးထားပါတယ်။ 
ဆိုဒ်အသေး  300 MB လောက်နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းနိုင်ကြပါပြီ



Download
330MB
Azumi 2: Death or Love (2005)