Sunday, July 31, 2016

The Last King (2016)


1026 ခုနှစ်လောက်က နော်ဝေးနိုင်ငံကို အခြေပြုထားတဲ့ ဇာတ်လမ်းပါ။ ရှင်ဘုရင်နတ်ရွာစံတော့ ဘုရင်ဆီမှာ တိတ်တိတ်ပုန်း လသားအရွယ်သားလေးတယောက်ကျန်ပါတယ်။ တိုင်းပြည်အာဏာသိမ်းမယ့်သူတွေက လသားအရွယ် ဘုရင်လောင်းကို လိုက်သတ်ဖိုပကြိုးစားတဲ့အခါ သူရဲကောင်းနှစ်ယောက်က ကလေးကို ကွယ်ပေးရပါတယ်။ ဒီကိစ္စဟာ တိုင်းပြည်ရဲ့ သမိုင်းကြောင်း အပြောင်းအလဲကြီးတခုဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့...

IMDB 6.2 ရနေတဲ့ဇာတ်ကားဟာ ပြသချိန် 1h:39mins ကြာမြင့်ပါတယ်။ 415 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Download
415 MB
The Last King (2016)

Saturday, July 30, 2016

Beasts of No Nation (2015)



ဇာတ်ကားကောင်းတကား တင်ပေးလိုက်ပါတယ်။ အာဇရိကအနောက်ပိုင်းရှိ နိုင်ငံတနိုင်ငံမှ တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန် အားဂူဆိုသော ကောင်လေးမှ မိသားစုနှင့် ကွဲကွာပြီး ကြေးစားလက်နက်ကိုင်အဖွဲ့တခုမှာ ကလေးစစ်သားအဖြစ်ရောက်ရှိခဲ့ပြီး အရွယ်နှင့်မလိုက်အောင် အနိဌာရုံတွေကို ကြုံ့တွေ့ရသော ဇာတ်လမ်းဖြစ်ပါတယ်။ အစိုးရစစ်တပ်က သူ့အဖေနှင့် အစ်ကိုကို သူရှိုဟုစွပ်စွဲကာ သတ်ဖြတ်ခဲ့ကာ သူတယောက်တည်း ကိုယ်လွတ်ရုံးခဲ့ရတဲ့ ကောင်းလေးအတွက် အသက်ရှင်သန်ရေးအတွက် သူပုန်အဖွဲ့သို ရောက်ရှိခဲ့ရပြီး ....

Netflix ကုမ္ပဏီက ပြသဖြန့်ချိမည့် ရုပ်ရှင်ဖြစ်သည့် “Beasts of No Nation” ဖြစ်ကာ ဗြိတိသျှ ရုပ်ရှင်မင်းသား Idris Elba ပါဝင်သရုပ်ဆောင်ထားသည်။ ဒါရိုက်တာ Cary Fukunaga က ရိုက်ကူးဖန်တီးထားသော ဇာတ်ကားဖြစ်သည်။ အနောက်အာဖရိက မှ ကောင်လေးတစ်ဦးသည် သူ၏ မိသားစုဝင်များ သေဆုံးသွားခဲ့ပြီးနောက် ကလေးစစ်သားအဖြစ်ဖြင့် ကြေးစားတပ်ဖွဲ့တစ်ခုထဲ သွတ်သွင်းခံခဲ့ရပုံကို ရိုက်ကူးထားသော ဇာတ်ကား ဖြစ်သည်။ စာရေးဆရာ Uzodinma Iweala ၏ “Beasts of No Nation” ဝတ္ထုကို အခြေခံ ရိုက်ကူးထားခြင်း ဖြစ်သည်။

IMDB 7.8 ထိရထားတဲ့ ဇာတ်ကားဟာ 2h:17mins ကြာမြင့်ပါတယ်။ 619 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Download
619 MB
Beasts of No Nation (2015)

Friday, July 29, 2016

Mermaid (2016)


လူရှုပ်လူပွေစီးပွားရေးလုပ်ငန်းရှင် လျူရွှမ်ဟာ သဘာဝအပန်းဖြေကမ်းခြေ စီမံကိန်းတစ်ခုလုပ်ဖို့ အစိမ်းရောင်ပင် လယ်ကွေ့နေရာကို ၀ယ်ယူခဲ့ပါတယ်။ အပန်းဖြေဧရိယာထဲမှာရေနေသတ္တ၀ါတွေရဲ့ အန္တရာယ်ရှင်းအောင်လို့ ဆိုနာနည်းပညာသုံးပြီး ဖယ်ရှားခဲ့ပါတယ်။

တကယ်တော့အစိမ်းရောင် ပင်လယ်ကွေ့ဟာ ရေသူထီးတွေ၊ ရေသူမတွေရဲ့ ကျင်လည်ကျက်စားတဲ့နေရာဖြစ်ပြီး ဆိုနာကြောင့် သေဆုံးတာတွေ၊ နာမကျန်းဖြစ်တာတွေကြုံခဲ့ကြပါတယ်။ မသေဘဲကျန်ခဲ့တဲ့ ရေသူထီး၊ ရေသူမ အဖွဲ့ဟာ သင်္ဘောပျက်ကြီးတစ်ခုထဲမှာ ပုန်းနေကြပြီး သူတို့ကိုဒုက္ခပေးတဲ့ လျူရွှမ်ကို လုပ်ကြံဖို့ ကြံစည်ခဲ့ကြပြီး ရှန်းဆိုတဲ့ ချောမောလှပတဲ့ရေသူမလေးကို ရွှမ်ဆီကို စေလွှတ်ခဲ့ပါတယ်။

ဒီလိုနဲ့ ရှန်းဟာ လူယောင် ဖန်ဆင်းပြီး ကချေသည်တစ် ယောက်ပုံစံနဲ့ ရွှမ်ကိုချည်းကမ်ခဲ့ပါတယ်။ ရွှမ်ကတော့ ရှန်းကို မိန်းမရွှင်တစ်ယောက်လို့ ထင်ခဲ့ပြီး သူ့ရဲ့စီးပွားဖက်တွေမနာလိုအောင် ခပ်ချောချောမိန်းကလေးရှန်းကို တွဲဖို့လုပ်ခဲ့ပါတယ်။

ရှန်းဟာရိုးသားပြီး ဟာသဉာဏ်ရွှင်တဲ့ မိန်းကလေးမို့ ရွှမ် သဘောကျခဲ့ပြီး သူတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက်ရွှမ်ဟာ သူချစ်တဲ့ မိန်းကလေးဟာ ရေသူမလေးဖြစ်နေတာကို သိသွားခဲ့ပြီး သူရဲ့ဆိုနာစီမံကိန်းကြောင့် ရေသတ္တ၀ါတွေ ဒုက္ခတွေ့တယ်ဆိုတာပါသိသွားကာ ဆိုနာနည်းပညာကို ဆက်မသုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရေသတ္တ၀ါတွေက သူတို့ကို ဒုက္ခပေးတဲ့ ရွှမ်ကိုအလွတ်ပေးပါ့ မလား၊ ဘ၀ချင်းမတူတဲ့ ရှန်းနဲ့ရွှမ်တို့ရဲ့ အချစ်ဇာတ်လမ်းကကော ဘယ်လိုဇာတ်သိမ်းမှာလဲဆိုတာ ကြည့်လိုက်ပါဦးနော်။ ဒီဇာတ်ကားမှာ လျူရွှမ်အဖြစ် ဒန်ချောင်၊ ရှန်းအဖြစ် လင်းယွမ်တို့က ခေါင်းဆောင် ပါဝင်ထားကြတာပါ။

ရုပ်ရှင်အညွှန်း - 7day Daily

IMDB 6.4 ရရှတဲ့ ဟာသဇာတ်ကားဟာ 1h:34mins  ကြာမြင့်ပါတယ်။ 596 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
596 MB
Mermaid (2016)

Marauders (2016)


အက်ရှင်မင်းသားကြီး Bruce Willis ရဲ့ 2016 အက်ရှင်ဇာတ်ကြမ်းကို တင်ပေးလိုက်ပါတယ်။
ဇာတ်လမ်း အကျဉ်းလေးကတော့ ဘဏ်တခုကို ဓါးပြတိုက်မှုတစ်ခုကနေစတင်ထားပြီး
ဓါးပြမှုမှာ ကျန်ရှိခဲ့တဲ့ သဲလွန်စတွေအကုန်လုံးက ဘဏ်ပိုင်ရှင်နဲ့ သူ့ရဲ့ ပါတနာဖောက်သည်ကို ညွှန်ပြနေမှုကြောင့် FBI က မသင်္ကာဘဲ လိုက်လံစုံစမ်းရာမှ ဘယ်လို အရှုပ်တော်ပုံတွေ   ပေါ်ပေါက်လာလေမလဲ ဆိုတာကိုတော့ ပရိတ်သတ်ကြီးကဘဲ ကြည့်ရှူလိုက်ကြပါတော့ခင်ဗျာ။

IMDB 5.4 ရရှိနေဆဲ အက်ရှင်ဇာတ်ကြမ်းဟာ 1h:47mins ကြာမြင့်ပါတယ်။ 482 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Download
482 MB
Snitch (2013)

Allegiant (2016)


Insurgent အဖြစ်အပျက်ကြောင့် တံတိုင်းပြင်ပက ကိစ္စတွေလူတွေသိရှိသွားကြတဲ့အခါ Tris နဲ့ Four တို့အဖွဲ့ဟာ Chicago မြို့ကိုစွန့်ခွာပြီး တံတိုင်းပြင်ပကို ထွက်လာကြပါတယ်။ အဲ့အပြင်ရောက်တော့ Chicago မြို့ကို လူတွေထည့်ပြီး နှစ်ရာပေါင်းများစွာ စမ်းသပ်နေခဲ့တဲ့ အရမ်းကိုတိုးတက်ပြောင်းလဲနေတဲ့ လူတွေကိုတွေ့ရှိခဲ့ရင်းနဲ့မှ ဖုံးကွယ်ထားတာတွေ လိမ်ညာနေတာတွေ ဖြစ်လာ သိလာကြရတယ်။ အဲအပြင် Chicago မှာလည်း တိုက်ပွဲတွေဖြစ်ပျက်နေတဲ့အတွက် Tris ဟာ စွန့်စားပြီး အလွန်ခက်ခဲ့တဲ့ ရွေးချယ်စရာတွေ ကြုံတွေ့လာရပါတယ်။

ရုပ်ရှင်အညွှန်း - ဓါတ်ရှင်

IMDB 5.8 ရရှိနေတဲ့ဇာတ်ကားဟာ 2h:00mins ကြာမြင့်ပါတယ်။ 574 MB နဲ့ အောက်ပါလင့်ခ်မှာ   ဒေါင်းယူနိုင်ပါပြီ။

Download
574 MB
Allegiant (2016)

Foxcatcher (2014)



Mark Schultz နဲ့ Dave Schultz တို့ဟာ 1984 အိုလံပစ်ပွဲတော်မှာ နှစ်ယောက်စလုံး   ရွှေတံဆိပ်ဆုရထားတဲ့ ရှားရှားပါးပါး ညီအစ်ကိုပါ။ သူတို့ ညီအစ်ကို နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အရင်းနီးဆုံး တိုင်ပင်ဖော်တိုင်ပင်ဖက်လို ချစ်ကြတယ်။ ငယ်ငယ်တုန်းက မိဘနှစ်ပါးစလုံး ဆုံးပါးသွားခဲ့လို့ တစ်မြို့ကနေ တစ်မြို့ပြောင်းရွေ့နေထိုင်ပြီး တစ်ယောက်ကို တစ်ယောက်စောင့်ရှောက်ခဲ့တယ်။ နှစ်ယောက်စလုံး လေလွင့်ပျက်စီးမသွားဘဲ အားကစားမှာ ထူးချွန်ခဲ့ပြီး ထူးထူးခြားခြား အိုလံပစ်မှာ ရွှေရတဲ့ပထမဆုံးစုံတွဲညီအစ်ကိုဖြစ်ခဲ့တယ်။

အစ်ကို Dave မှာချစ်ရတဲ့ဇနီး Nancy နဲ့ကလေးနှစ်ယောက်နဲ့ ပျော်စရာကောင်းတဲ့မိသားစုလေး ရှိတယ်။ ညီ Mark ကတစ်ယောက်တည်းသမား အခန်းအိုလေးထဲမှာနေထိုင်တယ်။ အိုလံပစ်ရွှေတံဆိပ် ချန်ပီယံတွေဆိုပေမဲ့ ရွှေဖြစ်နေတဲ့ တစ်ခြားသော အားကစားတွေနဲ့ အကွာကြီးကွာပါတယ်။ သူတို့ကစားတဲ့ အသင်းဖြစ်တဲ့ အမေရိကန် နပန်းအဖွဲ့ ကအဖွဲ့သားတွေကိုလစာငွေမပေးပါဘူး။အလုပ်မရှိ လို့ဝင်ငွေမရှိတဲ့ Mark တစ်ယောက် .. တစ်နေ့.... John Du Pont ဆိုတဲ့ မီလျံနာ တစ်ယောက်ရဲ့ ဖိတ်ခေါ်ချက်နဲ့ ထူးခြားကြီးကျယ်တဲ့ သူအိမ်ကို ရောက်သွားခဲ့တယ်။ ရှေးရိုးအစဉ်အလာကြီးမားပြီး အမေရိကန်ရဲ့ အချမ်းသာဆုံး မိသားစုထဲမှာပါဝင်တဲ့ (အဲဒီအချိန်တုန်းက အမေရိကန်စစ်တပ်ရဲ့အကြီးမားဆုံး တင်သွင်းတဲ့လက်နက်စက်ရုံ အပါအ၀င် အခြားသောလုပ်ငန်းတွေကို ပိုင်ဆိုင်တဲ့) မိသားစုအမွေဆက်ခံသူ John Du Pont ဟာ နပန်းအားကစားကို ထူးထူးခြားခြား စိတ်ဝင်စားသူဖြစ်ပြီး Mark ကိုနောက်လာမယ့် အိုလံပစ်မှာ ရွှေတံဆိပ်ဆုအရယူပေးဖို့နဲ့ သူ့ရဲ့ Foxcatcher အသင်းမှာ ကစားဖို့ Mark တောင်းသလောက် အမြင့်မားဆုံး ကြေးနဲ့ကမ်းလှမ်းခဲ့တယ်။

သူ့အစ်ကို Dave ကိုပါ Foxcatcher ကိုလာဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ မိသားစုနဲ့ အခြေကျနေတဲ့ Dave ကငြင်းဆိုခဲ့ပါတယ်။ Mark က Foxcatcher Farm ဆိုတဲ့ Du Pont မိသားစုပိုင် အိမ်ရာဝင်းထဲက အိမ်ကို ပြောင်းရွေ့နေထိုင်ခဲ့ပြီး အိုလံပစ်ပြိုင်ပွဲအတွက် ပြင်ဆင်ခဲ့တယ်။ Du Pont ရဲ့အားပေးမှုနဲ့ ရင်းနှီးချစ်ခင်မှုတွေကြောင့် Mark က Du Pont ကို သူငယ်ချင်းအရင်းတစ်ယောာက်လို ယုံကြည်အားကိုးခဲ့တယ်။ Du Pont ကမြောက်စားခဲ့သလို Mark ကလည်း ကြိုးစားခဲ့တာတွေကြောင့်   အောင်မြင်မှုတွေ ဆက်တိုက်ရခဲ့တယ်။ ဒါပေမဲ့ အချိန်တွေကြာလာတော့မှ Du Pont ဆိုတာ ဘယ်လိုပုံမျိုးလဲဆိုတာ တဖြည်းဖြည်း ပိုပီပြင်လာခဲ့တယ်။ သူ့ရဲ့ထူးခြားတဲ့ အပြုအမူတွေ၊ အထက်စီးဆန်တဲ့ အာဏာရှင် ပုံစံတွေနဲ့ ပိုက်ဆံနဲ့ဘာမဆို ကိုင်ပေါက်ချင်တဲ့ သူစိတ်တွေကို Mark တစ်ယောက် သိလိုက်တဲ့အချိန်ကစပြီး သူတို့ရဲ့ဆက်ဆံရေးအက်ကြောင်းစတင်ခဲ့တယ်။

သူငယ်ချင်းကောင်းလို့ ထင်မှတ်ထားခဲ့တဲ့ Mark တစ်ယောက်လည်းအမှားကြီးမှားခဲ့တယ်။ အိုလံပစ်ပြိုင်ပွဲနီးကပ်လာချိန်မှာ မထင်မှတ်ဘဲ Foxcatcher ကို Dave နည်းပြအနေနဲ့ပြောင်းရွှေ့လာချိန်မှာတော့ Mark နဲ့ Dupont တို့ သဘောထားမတိုက်ဆိုင်မှုက   ရေချိန်အမြင့်ဆုံးရောက်နေခဲ့တယ်။ Dave က နည်းပြကောင်းပီသစွာ၊ အစ်ကိုတစ်ယောက် ပီသစွာနဲ့ Mark နဲ့ Du Pont တို့ကြားထဲ အဆင်ပြေပြေနေထိုင်စေခဲ့တယ်။

ဒါပေမဲ့လည်း ဇာတ်လမ်းက တကယ့်အဖြစ်အပျက်ကို အခြေခံထားပါတယ်။ Mark, Dave, John Du Pont တို့ဟာ တကယ့်ဘ၀ထဲက လူသားတွေဖြစ်ပြီး အဲဒါတွေကို အခြေခံရိုက်ကူးထားတာမို့လို့ သာမာန် ရုပ်ရှင်ကားတွေလို Drama တွေနဲ့ ရှုပ်ထွေးမနေပါဘူး။ ရိုးရှင်းတဲ့ လူ့သဘာဝလေးတွေနဲ့ လူ့စိတ်ဆန်းကြယ်မှုတွေကို ပြသထားပါတယ်။ အပြင် ကအဖြစ်အပျက် တွေဟာရုပ်ရှင် ဇာတ်ကားတွေထက် အဆပေါင်းများစွာ ဆန်းကြယ်တတ်တယ်ဆိုပြီး ပြောစမှတ်ရှိကြတယ်။
Du Pont ဆိုတာ ငယ်စဉ်ကတည်းက ထူးဆန်းတဲ့ စိတ်သဘောထားရှိတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ အမေရဲ့လွှမ်းမို့းမှုအောက်မှာ ကြီးပြင်းလာခဲ့ပါတယ်။ ငယ်စဉ်က သူ့ဟာ အဖော်အပေါင်းတွေနဲ့   နေထိုင်လေ့မရှိပါဘူး။ အလွန်ခင်မင်ရတဲ့ တစ်ယောက်တည်းသော သူငယ်ချင်းတစ်ယောက်ရှိခဲ့တယ်။ ဒါပေမဲ့ သူ့ကို သူငယ်ချင်းလုပ်ဖို့ အတွက် အဲဒီကောင်လေးကို သူ့အမေက ငွေပေးပြီး ခိုင်းစေခဲ့တယ်ဆိုတာ နောက်မှသူသိလိုက်ရတယ်။ အဲဒီကနေ စပြီးသူ့စိတ်ထဲမှာစွဲသွားတာက ငွေဟာ ဘာမဆို ၀ယ်လို့ရတယ်ဆိုတာပဲ။ ငယ်စဉ်ကနပန်းကစားကို ၀ါသနာပါခဲ့ပေမဲ့ သူ့အမေ သဘောမတူတာကြောင့် ကစားခွင့်မရခဲ့တဲ့သူဟာ အမွေဆက်ခံပြီးနောက်ပိုင်း သူ့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ပါတယ်။ နပန်းကစားသမားတစ်ယောက် မဖြစ်ခဲ့လို့ နပန်းအသင်းတစ်သင်းလုံးဝယ်၊ နပန်းအားကစားကို ငွေကြေးထောက်ပံ့ပေးရုံသာမကဘဲနောက်ပိုင်း နပန်းပညာနားမလည်ဘဲ နပန်းနည်းပြလုပ်၊ သူဟာ နပန်းသမားတွေရဲ့ရှေ့ဆောင် ပညာရှင်ကြီးဆိုပြီးတော့ Du Pont ဟာ ငွေနဲ့အရာအားလုံးကို သိမ်းပိုက်ပါတယ်။ တခါတလေ သူ့လုပ်ဆောင်ချက်တွေက သနားစရာကောင်းပြီး တခါတလေ ရွံမုန်းစရာ တခါတလေ ဒေါသထွက်စရာကောင်းလှပါတယ်။
Dave က မိသားစုကို အလွန်ချစ်ခင်တတ်တဲ့လူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့လက်ဖမိုးပေါ်မှာ KIDS ဆိုတာ တကယ့်လက်တွေ့က Dave ရဲ့လက်မှာလည်း အဲဒီလို ရေးထားပါတယ်။ သူ့ကလေးတွေကိုေ ကျာင်းကြိုဖို့မေ့နေမှာစိုးလို့ ထိုးထားတားပါ။

အဲဒီရုပ်ရှင် ဟာ Mark ရဲ့ကိုယ်တိုင်ရေး Autobiography ကိုရိုက်ကူးထားတာဖြစ်ပါတယ်။လက်တွေ့နဲ့ အနည်းငယ်ကွဲလွဲမှုရှိပေမဲ့ လူ့သဘာဝကို ရိုးရိုးရှင်းရှင်းသရုပ်ဖော်ထားလို့ Rating   ကောင်းတဲ့ကားတစ်ကားဖြစ်ပါတယ်။ Academy မှာ Steve Carrell နဲ့ Mark Ruffaloတို့နှစ်ယောက် စလုံး Nominee ပါဝင်ခဲ့ပါတယ်။ ခါတိုင်း Date Night တို့မှာတုန်းက ဟာသ ဇာတ်ရုပ်မှာ သရုပ်ဆောင်ထားလို့ သူ့မြင်တာနဲ့ ဟာသကားမှန်းသိနေပြီဆိုတဲ့ အစဉ်အလာကို ချိုးဖောက်ပြီးတော့ လုံးဝကွဲပြားအောင်သရုပ်ဆောင်ထားပါတယ်။ Mark Ruffalo ရဲ့သရုပ်ဆောင်မှုကိုတော့အကြိုက်ဆုံးပါ။ မိသားစုကို အလေးထားတဲ့ အဖေတစ်ယောက်ပုံစံ ဇနီးကို နားလည်တဲ့ ယောကျာ်းပုံစံ ညီကို ချစ်ခင်ရင်းနှီး ပြီးစဉ်းစားပေးတဲ့ အစ်ကို တစ်ယောက်ပုံစံကို အပီပြင်ဆုံးလုပ်ဆောင်သွားပါတယ်။
Mark ကအခုဆိုရင် 1988 အိုလံပစ်ပွဲတော်နောက်ပိုင်း နပန်းအားကစားကနေ အငြိမ်းစားယူခဲ့ပြီး တက္ကသိုလ်နပန်းနည်းပြတစ်ယောက်ဖြစ်နေပါပြီ။
Facebook page https://www.facebook.com/MarkSchultzy?fref=ts
Du Pont ဟာပြီးခဲ့တဲ့ 2010 ကအသက် 77 နှစ်နဲ့ထောင်ထဲမှာ ကွယ်လွန်ခဲ့ပါတယ်။
ဒီ Youtube clip လေးက Dupont နဲ့ Dave တို့ ရဲ့ရုပ်ရှင်ထဲက ရိုက်ခဲ့တဲ့ Documentary ဖြစ်လောက်တယ်။ https://www.youtube.com/watch?v=D4WOqUkJmFQ

ကြေကွဲဖွယ် အဆုံးသတ်နဲ့အဆုံးသတ်ခဲ့ရပေမဲ့ Dave Schultz ဟာ အမေရိကန်နပန်းသမိုင်းရဲ့ Hall of fame မှာမှတ်တမ်းဝင်ခဲ့ပါတယ်။

ရုပ်ရှင်အညွှန်း - Movie Locos

IMDB-7.0 ရရှိနေတဲ့ အားကစား ဒရမ်မာဇာတ်လမ်းကောင်းဟာ 2h:14mins ကြာမြင့်ပါတယ်။ 583 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Download
583 MB
Foxcatcher (2014)

Thursday, July 28, 2016

Kung Fu Jungle (2014)


Hahou Mo ဟာ သိုင်းပညာသင်ကြားပြသပေးနေတဲ့ ဆရာတစ်ယောက်ဖြစ်ပြီိး လူတစ်ယောက်ကို မတော်တဆသတ်လိုက်မိတဲ့အတွက်ကြောင့် ထောင်ကျနေသူတစ်ယောက်ပါ။ တစ်ရက်တော့ ထောင်ထဲမှာ TV ကြည့်နေတုန်း လူတစ်ယောက်သတ်ခံလိုက်ရတဲ့သတင်းကို ကြားလိုက်မိပါတော့တယ်။ သူဟာ ထိုလူသတ်မှုအကြောင်းကို သိပြီး ထိုအမှုကို စုံစမ်းနေတဲ့ စုံထောက် Luk Yuen-Sum ကို သူ ကူညီပေးမယ်လို့ ဆိုလိုက်ပါတယ်။ kung fu jungle 1 Fung Yu-Sau ဟာ သိုင်းပညာကို ကျွမ်းကျင်စွာ တတ်မြောက်တတ်သူတစ်ယောက်ဖြစ်ပြီး သိုင်းပညာရှင်တွေထဲမှာမှ နံပါတ် ၁ ဖြစ်ချင်နေသူဖြစ်ပြီး သူ့ရဲ့ စိတ်ရူးကြောင့် တခြားသိုင်းပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားသူတွေကို ယှဉ်ပြိုင်ပြီး ရက်စက်စွာ သတ်ဖြတ်နေပါတော့တယ်။ Hahou Mo နဲ့ စုံထောက် Luk Yuen-Sum တို့ဟာ လူသတ်သမားကို ရှာဖွေနေသော်လည်း မဖမ်းဆီးနိုင်သးဘူးဖြစ်နေပါတော့တယ်။ ထိုအတော်အတွင်း Hahou Mo မှာ ဇာတိမြေကို ပြန်ရောက်သွားပြီး ထိုမှတစ်ဆင့် လူသတ်သမား Fung Yu-Sau အကြောင်း အနည်းငယ်စုံစမ်းမိပါတော့တယ်။ kung fu jungle 2 Fung Yu-Sau ရဲ့ အိမ်ကို စုံထောက် Luk Yuen-Sum တို့ဝင်ရောက်ရှာဖွေရာမှတစ်ဆင့် ထိုနေ့ဟာ Fung Yu-Sau ရဲ့ ဇနီးဆုံးတာ နှစ်ပတ်လည်နေ့ဖြစ်မှန်း ရိပ်မိပြီး စောင့်ဖမ်းဖို့ ကြံစည်ပါတော့တယ်။ တကယ်တမ်းလက်တွေ့မှာတော့ Fung Yu-Sau ရဲ့ သိုင်းပညာကျွမ်းကျင်မှုနဲ့ အတူ Hahou Mo ရဲ့ မသင်္ကာဖွယ် အပြုအမှုတစ်ချို့ကြောင့် အလွဲလွဲချော်ချော်ဖြစ်ကာ စုံထောက် Luk Yuen-Sum တို့ အဖွဲ့ပဲ ဒဏ်ရာအများအပြားရကာ ကျန်ရစ်ခဲ့ပါတော့တယ်။ တကယ်တော့ Fung Yu-Sau နဲ့ Hahou Mo ဟာ ထိုလူသတ်မှုဖြစ်ရက်တွေမတိုင်ခင်က တစ်ခေါက်တွေ့ဆုံထားဖူးခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ လျို့ဝှက်ချက်က ဘာဖြစ်မလည်း . . . . . kung fu jungle 3 အက်ရှင်သိုင်းကား ကြိုက်နှစ်သက်တဲ့သူတွေ အကြိုက်တွေ့မယ့် ဇာတ်ကားလေးဖြစ်ပြီး အထူးသဖြင့် ဖိုက်တင်ခန်းတွေက ပိုပြီး ရန်ခုန်စိတ်လှုပ်ရှားဖွယ် ပေးစွမ်းနိုင်မှာပါ။ တချို့အခန်းတွေတော့ အနည်းငယ်ရက်စက်တယ်လို့ထင်ရပြီး အခန်းအများစုကတော့ ကြည့်လို့အဆင်ပြေမှာပါ။ ဒါရိုက်တာ Teddy Chan က အကောင်းဆုံး ရိုက်ကူးတင်ဆက်ထားပြီး Ip Man ရုပ်ရှင်ဇာတ်ကားမှ Donnie Yen, Charlie Yeung, Baoqiang Wang တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ရုပ်ရှင်အညွှန်း - MM Movie Guide 

IMDB 6.5 ရထားတဲ့ ဇာတ်ကားဟာ 1h:40mins ကြာမြင့်ပါတယ်။ 454 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူနိုင်ပါပြီ။

Download
454 MB
Kung Fu Jungle (2014)

Te3n (2016)


ဒီဇာတ်ကားတော့ Amitabh Bachchan ရဲ့
၂၀၁၆ ထွက်ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်..။
ဇာတ်လမ်းကတော့ ပြန်ပေးဆွဲခံရတဲ့ ၈ နှစ်အရွယ်မြေးမလေးအတွက် ၈ နှစ်တိုင်တိုင်
ပူဆွေးသောကရောက်နေတဲ့ ဂျွန် ဟာ တနေ့မှာတော့ မိဘမဲ့ ဂေဟာက ကလေးမလေးတယောက်ရဲ့
ဦးထုပ်ကနေ တဆင့် ပြန်ပေးသမားကိုခြေရာခံမိတယ်..။
အဲဒီ အချိန်မှာပဲ နောက်ထက် ၈ နှစ်အရွယ်ကလေးတယောက် ပြန်ပေးဆွဲခံရပြန်တယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ လွန်ခဲ့တဲ့ ၈ နှစ်ကပြန်ပေးမှုနဲ့ တူညီနေတာပါပဲ....
ဇာတ်လမ်းမှာ ဂျွန်ဟာ သူတယောက်တည်းပြန်ပေးသမားကို ခြေရာခံမိဖို့ ဘယ်လောက်ရုန်းကန်ခဲ့ပြီး..။
ရဲ တွေကရော ဒီပြန်ပေးအမှုနဲ့ ပတ်သတ်ပြီး ဂျွန် ရဲ့ဖော်ထုတ်မှုကို လက်ခံရဲ့လား...။
နောက်ဆုံး ဒီပြန်ပေး ၂ မှုလုံးကိုဖော်ထုတ်နိုင်ရဲ့လားဆိုတာ စိတ်ဝင်စားစရာကောင်းကောင်းနဲ့ ရှုစားရမှာပါ။
ဘောလီဝုဒ် ဇာတ်ကားတွေမှာထူးထူးခြားခြားဇာတ်ကားလည်းဖြစ်ပါတယ် မကြည့်ရသေးဘူးဆိုရင် ကြည့်ဖြစ်အောင်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ....

ရုပ်ရှင်အညွှန်း - ချမ်းငြိမ်း

IMDB 7.4 ရနေတဲ့ ဇာတ်လမ်းဟာ 2h:16mins ကြာမြင့်ပါတယ်။  574 MB နဲ့ အောက်ကလင့်ခ့်မှာ ဒေါင်းယူနိုင်ပါပြီ။
Download
574 MB
Te3n (2016)


Wednesday, July 27, 2016

Minions (2015)


ဒီကားက Despicable Me 1 & 2 နဲ့ လူသိများလာတဲ့ Minions လေးတွေရဲ့ Origin ကို ဇာတ်လမ်းလုပ် ရိုက်ကူးထားတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Despicable Me ထဲက Gru နဲ့မတွေ့ခင် အဖြစ်အပျက်တွေကို ပြထားတာဖြစ်ပါတယ်။ ဇာတ်ကားက ထွေလာထဲမှာ ပါသလိုပဲ minions လေးတွေက လူတွေထက် နှစ်ထောင်ပေါင်းများစွာစောရှိနေတာ ဖြစ်ပြီး၊ ကမ္ဘာဦးအစထဲက သခင်ကောင်းကောင်း ကိုရှာပြီ အလုပ်အကျွေးပြုဖို့ ဖြစ်လာတယ်လို့ ဆိုပါတယ်။ နှစ်သန်းပေါင်းများစွာ ပြောင်းသွားပေမယ့် သူတို့ နဲ့ကိုက်တဲ့ သူကိုရှာမတွေ့သေးပဲဖြစ်နေပြီး၊ Minions လေးတွေက ဦးတည်ရာမဲ့နေပါတယ်။

ဒါကြောင့် Kevin ဆိုတဲ့ Minion လေးက ဦးဆောင်ပြီး သူတို့အတွက်သင့်တော်မယ့် သူတို့ အလုပ်အကျွေးပြုရမယ့် Villain တစ်ယောက်ကို ရှာဖို့ထွက်ခဲ့ပါတယ်။ ဒီလို ထွက်လာရာမှာ Kevin နဲ့အတူ Bob နဲ့ Stuart တို့နှစ်ယောက်က လိုက်လာခဲ့ပြီး ဆရာသခင်ရှာပုံတော်ထွက်ပါတော့တယ်။ ဒီကနေမှ America ကိုရောက်လာပြီး Villain-Con (Villain Convention လို့ခေါ်ပြီး ဗီလိန်တွေ စုံစည်းကြတဲ့နေရာဖြစ်ပါတယ်။) ကို သွားရင်းက နာမည်ကြီး Super Villain ဖြစ်တဲ့ Scarlet Overkill (Sandra Bullock) ရဲ့ တပည့်တွေအဖြစ် အလုပ်ခန့်လိုက်ပြီး England ဘုရင်မကြီးရဲ့ သရဖူကို ခိုးပေးရမယ်လို့ ခိုင်းစေပါတယ်။ ဒီအချိန်မှာ Kevin က သူ့ရဲ့ လက်ကျန် Minions တွေကို England ကိုလာဖို့ ခေါ်လိုက်ပြီး Scarlet က သူတို့ရဲ့ သခင်အဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒါပေမယ့် Scarlet က Minions တွေကို အသုံးချရုံသက်သက်ဖြစ်ပြီး ဒုက္ခပေးဖို့ကြိုးစားတဲ့အခါမှာတော့ Kevin က သူ့ သူငယ်ချင်းတွေကို ကယ်တင်ဖို့ကြိုးစားရတာဖြစ်ပါတယ်။

ဒီကားက Minions တွေကို ကြိုက်တဲ့ပရိတ်သတ်တွေအတွက် သီးသန့်လိုဖြစ်နေပြီး၊ ပရိတ်သတ်တွေက Minions လေးတွေကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကိုကြိုက်မှာပါ။ ဇာတ်လမ်းအရ ဆိုရင်တော့ ဒီကားက ကလေးဆန်ဆန်နဲ့ ချစ်ဖို့ကောင်း ပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားတော့မဟုတ်ပါဘူး။ ရီရတဲ့ ဇာတ်ကား တစ်ကားအဖြစ်ရိုက်ထားပြီး၊ ကလေးတွေနဲ့ မိန်ကလေးတွေကို အဓိက ပစ်မှတ်ထားပြီး ရိုက်ထားတဲ့ကားလို့ပြောလို့ရပါတယ်။

Scarlet Overkill အဖြစ် Sandra Bullock က ဗီလိန်ဇာတ်ရုပ်မှာ ပထမဆုံးအကြိမ် အသံသရုပ်ဆောင်ပေးထားပါတယ်။

ရုပ်ရှင်အညွှန်း - #Sololay(ရုပ်ရှင်မိတ်ဆက်)

IMDB 6.4 ရရှနေဆဲ Animation ကားဟာ ပြသချိန် 1h:31mins ကြာမြင့်ပါတယ်။ 631 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
631 MB
Minions (2015)
 

Godzilla (2014)


ဟောလိဝုဒ်က ဂျပန်တွေရဲ့ Godzilla ဇာတ်လမ်းကို ကောင်းအောင် ရိုက်နိုင်ခဲ့ပါတယ်။ ၁၉၉၈ တုန်းက နာမည်ပျက်ခဲ့တဲ့ Godzilla ဇာတ်ကား နဲ့ဒီကားက တစ်ခြားစီပါပဲ။ လက်ရှိ Godzilla ဇာတ်ကားက ဂျပန် တွေတီထွင်ခဲ့တဲ့ Gojira (Godzilla) ရဲ့ မူလ ဇာတ်လမ်းကို မှီငြမ်းပြီး ရိုက်ကူးခဲ့ပါတယ်။

ဇာတ်လမ်းကတော့ ၁၉၅၄ ကျော်လောက်ကတည်း Castle Bravo Nuclear Bomb Testing လုပ်တာကို ပြခဲ့ပြီး အဲ့ဒီတုန်းက ဗုံးက စမ်းသပ်ဗုံးမဟုတ်ပဲ Godzilla ကို သတ်ဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။

၁၉၉၉ ခုနှစ် မှာတော့ ဖီလစ်ပိုင်မှာ ဂေါ်ဇီလာရုပ်ကြွင်းကိုတွေခဲ့သလို ဥနှစ်လုံးကိုလည်း တွေ့ခဲ့ပါတယ်။ တစ်လုံးကတော့ ဥပေါက်သွားပြီး ထွက်သားပြီးဖြစ်နေတာကို တွေ့ရပါတယ်။ အဲ့ဒီအချိန်မှာ Breaking Bad မင်းသား Bryan Cranston (Joe Brody) နဲ့ သူ့မိန်းမက ဂျပန် Nuclear Plant မှာ အလုပ်လုပ်နေတာဖြစ်ပြီး၊ ရုတ်တရက် ငလျင် လှုပ်ခတ်သွားသလို၊ EMP (Electromagnetic Pulse) ကြောင့် မီးတွေလည်းပျက်သွားခဲ့သလို Power Plant ပြိုကျမှုကြောင့် (Trailer ထဲမှာပါတဲ့) သူ့မိန်းမ လည်း သေသွားခဲ့ပါတယ်။ သူ့မိန်းမသေတဲ့ အခန်းက ရိုက်ထားတာ အရမ်းပီပြင်ပြီး သူကိုယ်တိုင် တံခါးပိတ်လိုက်ရတာဖြစ်လို့လည်း ကြည့်ရတဲ့သူတွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။

Joe က ဒီ Nuclear Plant ပြိုကျတာဟာ သဘာဝဘေးအန္တရာယ်မဟုတ်ဘူးလို့ ခံယူထားပြီး အစိုးရက တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ ယုံကြည်နေပါတယ်။ ၁၅ နှစ်ကြာပြီးမှာတော့ သူ့ရဲ့ သား Aaron Taylor-Johnson (Kick-Ass မင်းသား ဖြစ်ပြီး၊ Avengers:Age of Ultron မှာ Quicksilver အဖြစ်ပါဝင်မှာ ဖြစ်ပါတယ်။) က မိန်းမနဲ့ကလေးနဲ့ ရှိနေသလို စစ်ထပ်ထဲမှာလည်း Bomb Specialist အဖြစ် တာဝန်ထမ်းဆောင်ဖူးပါတယ်။ သူ တာဝန်ပြီးလို့ ပြန်လာတဲ့အချိန်မှာပဲ သူ့အဖေက Japan မှာ ဖမ်းခံနေရလို့ အာမခံနဲ့သွားထုတ်ပေးရာက စပြီး လွန်ခဲ့တဲ့ ၁၅ နှစ်က အဖြစ်အပျက်တွေရဲ့ အဖြစ်မှန်ကို သိခဲ့ရပါတယ်။

Nuclear Power Plant ပြိုကျခဲ့တာက သဘာဝ အတိုင်း ငလျင်မဟုတ်ပဲ MUTO (Massive Unidentified Terrestrial Object) ကြောင့်ပြိုကျခဲ့တာဖြစ်ပါတယ်။ ၁၉၉၉ ဖီလစ်ပိုင်မှာတွေ့တဲ့ MUTO ဥနှစ်ဥထဲက အထီးရဲ့ ဥက အကောင်ပေါက်ပြီး ဂျပန်ကိုေ၇ာက်လာတာဖြစ်ပါတယ်။ MUTO တွေရဲ့ အဓိက အစာက Nuclear Radiation ဖြစ်တာကြောင့် Nuclear Power Plant မှာလာပြီး အသိုက်လုပ်နေနေပါတယ်။ အဲ့ဒီအချိန်ထဲက လူတွေက မသတ်ရဲသလို မသတ် ပဲနဲ့ လေ့လာမှုတွေလုပ်နေခဲ့ကြပါတယ်။ (သတ်လိုက်ရင် သူဆီက Radiation တွေ Nuclear ဗုံးဖောက်သလို ပွင့်ထွက်မှာ စိုးလို့လို့ ရှင်းပြထားပါတယ်။)

MUTO နဲ့ Godzilla တို့က လူတွေထက်နှ်စ်သန်းပေါင်းများစွာစောပြီး ကမ္ဘာကြီးမှာ Radiation တွေ ရှိနေတဲ့ အချိန်ထဲက ရှင်သန်နေတာဖြစ်ပါတယ်။ သူတို့က ဒီ Radiation ကနေ အဟာရဖြစ်ပြီး နေလာရာက တစ်ဖြည်းဖြည်း Radiation နည်းလာတဲ့နောက် ရေအောက်ထဲကို ဆင်းပြီးနေလာ ကြပါတယ်။ ရေအောက် ကြမ်းပြင်က ကမ္ဘာ့ဗဟိုနဲ့ နည်းပြီး Radiation ပိုရလို့ဖြစ်ပါတယ်။ ဖီလစ်ပိုင်မှာတွေ့တဲ့ Godzilla ရုပ်ကြွင်းက MUTO တွေကြောင့် သေတာဖြစ်မယ်လို့လည်း ရှင်းထားပါတယ်။

MUTO အမရဲ့ဥကိုတော့ Nevada, USA ကို သယ်သွားခဲ့ပြီး အဲ့ဒီမှာရှိတဲ့ Nuclear Waste ထားတဲ့ တောင်ကြားထဲမှာ ထားထားပါတယ်။ အမက ဥကနေ အကောင်မပေါက်သေးပဲ အထီးက အရွယ်ရောက်လို့ အချက်ပေးတော့မှ သူက အကောင်ပေါက်လာတာဖြစ်ပါတယ်။ ၁၅ နှစ်ကြာပြီးတဲ့နောက်မှာ Japan က အထီးနဲ့ Nevada က အမတို့ San Francisco မှာ တွေ့ကြပြီး မျိုးပွားဖို့ အစီအစဉ်ဖြစ်ပါတယ်။

ဒါပေမယ့် အထီးက အမကို Signal ထုတ်လွှတ်ပြီး ဆက်သွယ်ရာမှာ ကြားထဲက Godzilla က ကြားသွားပြီး တဖန် နိုးထလာပါတယ်။

အဲ့ဒီကနေ Godzilla နဲ့ MUTO နှစ်ကောင်ရဲ့ တိုက်ပွဲ ကို ပရိတ်သတ်ကြီးရင်သက်ရှုမောဖွယ် ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။ Godzilla က ဒီကားမှာ လူတွေကို ဒုက္ခပေးဖို့မဟုတ်ပဲ "Godzilla came to restore balance to the nature" လို့ပြောထားပါတယ်။ ဆိုလိုတာက ကမ္ဘာကြီးကို ဒုက္ခပေးဖို့ လာတဲ့ ရန်သူတွေကို Godzilla က အမြဲ ရင်ဆိုင်ရပြီး ကမ္ဘာကြီးကို စောင့်လျှောက်နေတာဖြစ်ပါတယ် (Original Japan ကားကြည့်ဖူးသူတွေသိမှာပါ။)

အရင်ကားဟောင်းတွေရဲ့ အရသာမပျက်ပဲ အမြင်ဆန်းနဲ့ ရိုက်ကူးထားနိုင်ပြီး Visual Effect ကောင်းကောင်း နဲ့ ကြည့်ရသလို၊ ဇာတ်လမ်း ဇာတ်သွားလည်း အရမ်းကောင်းပါတယ်။ Fight Scene တွေကလည်း အထူးကောင်းမွန်ပြီး၊ Godzilla ကို တင်ဆက်သွားတာလည်း အရမ်းပီပြင်ပါတယ်။ ဇာတ်လမ်း၊ သရုပ်ဆောင်၊ ဇာတ်ရှိန်အတက်အကျ ဘာမှပြောစရာမရှိသလို၊ Godzilla ရဲ့ အဓိက လက်နှက်ဖြစ်တဲ့ Atomic Ray ကိုလည်း မြင်တွေ့ခံစားရမှာဖြစ်ပြီး၊ ဒီဘက်ခေတ်လူငယ်တွေ၊ ၁၉၅၀ ကျော်က ဂျပန် ကားမကြည့်ဖူးတဲ့လူတွေအတွက် ဒီကားက Godzilla ရဲ့ အနှစ်သာရကို အပြည့်အ၀ ရရှိစေမှာဖြစ်ပါတယ်။ တစ်ခုရှိတာက Godzilla က အရင်တုန်းကနဲ့ ယှဉ်ရင် အနည်းငယ်ဝနေတာကိုတွေ့ရပါတယ်။

အရမ်းကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (No Sex, No Nudity) ပါ။ မိသားစုတူတူ ကြည့်နိုင်ပါတယ်။ ကလေး လူကြီးမရွေးကြည့်သင့်တဲ့ကားဖြစ်ပြီး Rated PG-13 ပါ။

ဒီဇာတ်ကားရဲ့ Opening Weekend မှာ အမေရိကားမှာ ဒေါ်လာ သန်း၉၀ ကျော်ဝင်ငွေရခဲ့ပြီး၊ အခြားနိုင်ငံတွေကနေ သန်း ၁၀၀ ကျော် ရရှိခဲ့တဲ့အထိ အောင်မြင်မှုတွေရခဲ့ပါတယ်။

ရုပ်ရှင်အညွှန်း - #Sololay (ရုပ်ရှင်မိတ်ဆက်)

IMDB 6.5 ရထားတဲ့ SiFi ဇာတ်ကားဟာ 2h:3mins ကြာမြင့်ပါတယ်။ 561MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
561 MB
Godzilla (2014)

Tuesday, July 26, 2016

Focus (2015)


လူလိမ် တစ်ယောက်ဖြစ်တဲ့ နခ်ကီ ( Nicky ) က တညမှာ ကလပ်သွားရင်းနဲ့ အတွေ့အကြုံနုသေးတဲ့ ဂျက်စ် ( Jess ) ရဲ့ ဖျားယောင်းခြင်းကို ခံရပါတယ်။ ဂျက်စ် ရဲ့ အကြံက နခ်ကီနဲ့ အဆင်ပြေနေတုန်း သ၀န်တိုတတ်တဲ့ ဂျက်စ် ရဲ့ ယောကျာ်းရောက်လာ ၊ နခ်ကီ ကိုငွေညှစ် ဖို့ဖြစ်ပေမယ့် နခ်ကီက သူတို့အကြံကို ဦးစွာဖော်ထုတ်လိုက်နိုင်ပြီး ဂျက်စ်ကို သူတို့အလုပ်က အာရုံမထွေပြားဖို့အရေးကြီးကြောင်း သင်ပေးခဲ့ပါတယ်။ နောက်ရက်မှာတော့ ဂျက်စ်က နခ်ကီရှိတဲ့နေရာကို တွေ့အောင်ရှာပြီး သူ့ဆီမှာ တပည့်ခံလိုကြောင်း ပြောပါတယ်။
နခ်ကီက ဂျက်စ်ကို နယူးအော်ရီလန်မြို့ ( New Orleans) ကိုခေါ်သွားပြီး နခ်ကီတို့ အဖွဲ့လိုက်လှုပ်ရှားတဲ့ ခါးပိုက်နှိုက်ခြင်း ၊ လိမ်ခြင်းစတဲ့ အမှုသေးသေးလေးတွေမှာ ပါဝင်စေခဲ့ပါတယ်။ သူမရဲ့ အရည်အချင်းကို ပြသနိုင်ခဲ့တဲ့အတွက် ဂျက်စ်က နခ်ကီရဲ့ အဖွဲ့သားဖြစ်လာခဲ့ပြီး သူတို့ နှစ်ယောက်ကြားမှာလည်း အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ် ။ လူလိမ်အချင်းချင်း ဘယ်တော့မှ သံယောဇဉ်မထားမိဖို့ သူ့အဖေရဲ့ ဆုံးမခဲ့တဲ့စကားကြောင့် နခ်ကီက သူနဲ့ ဂျက်စ်ရဲ့ အချစ်ရေးကို အမြဲစိတ်အနှောင့်အယှက်ဖြစ်မိပါတယ်။

တစ်ရက်မှာတော့ ဘောလုံးပွဲကြီးတစ်ခုမှာ နခ်ကီ နဲ့ ဂျက်စ်တို့ နှစ်ယောက်ပေါင်းပြီး လောင်းကစားသမား လီယူဝမ် ( Liyuan ) ကို ချွတ်ခြုံကျတဲ့အထိ လိမ်ခဲ့နိုင်ပါတယ် ။ ဘောလုံးပွဲကအပြန်မှာ နခ်ကီက ဂျက်စ်ရဲ့ ဝေစုကိုခွဲပေးရင်း သူမကိုလမ်းခွဲခဲ့တဲ့အတွက် ဂျက်စ်အသည်းတွေကွဲခဲ့ရပါတယ်။

နောက် သုံးနှစ်ကြာပြီးတဲ့နောက် နခ်ကီက အာဂျင်တီးနားမြို့တော် ဘွန်နိုစ်အိုင်းရရိစ် ( Buenos Aires) မှာ ပြိုင်ကားမောင်းတဲ့အသင်းပိုင်ရှင် သန်းကြွယ်သူဌေး ဂါရီဂါ (Garriga) ဆီက အလုပ်လက်ခံထားတဲ့အချိန်ဖြစ်ပါတယ်။ ဂါရီဂါက သူ့အသင်း ချန်ပီယံဖြစ်ဖို့အတွက် မက်ခ်အီဝင် ( McEwen) အသင်းကို အနိုင်ရချင်နေသူဖြစ်ပါတယ်။ နခ်ကီရဲ့ အလုပ်ကတော့ ဂါရီဂါအသင်းမှာ စက်ပြင်ဆရာအဖြစ်ဟန်ဆောင်ပြီး ဂါရီဂါကို မကျေနပ်တဲ့အတွက် မက်ခ်အီဝင်အသင်းကို ကူညီဟန်ဆောင်ကာ မက်ခ်အီဝင်အသင်းထံ အရည်အသွေးညံ့တဲ့ ကားပစ္စည်းအတုများကို ရောင်းနိုင်ဖို့ဖြစ်ပါတယ်။ ပြိုင်ပွဲအကြို ဂုဏ်ပြုပွဲပါတီမှာတော့ ဂျက်စ်ကို ဂါရီဂါရဲ့ ရည်းစားအဖြစ်နဲ့ ပြန်တွေ့လိုက်ရတဲ့အခါ နခ်ကီ စိတ်မထိန်းနိုင်ဖြစ်ခဲ့ရပါတယ်။
အဲ့ဒီနောက် နခ်ကီက ဂျက်စ်ကို ပြန်သိမ်းသွင်းဖို့ကြိုးစားရင်း သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကလည်း ပြန်အဆင်ပြေလာခဲ့ပေမယ့် ဂါရီဂါရဲ့ လုံခြုံရေးအရာရှိက သူတို့အပေါ်သံသယ၀င်လာတဲ့အခါ ....
အခုရေးပြခဲ့တဲ့ဇာတ်လမ်းအကျဉ်းက ဇာတ်လမ်းရဲ့ သုံးပုံနှစ်ပုံပဲ ရှိပါသေးတယ်။ အမှောင်လောကမှာ ကျင်လည်တဲ့ နခ်ကီနဲ့ ဂျက်စ်တို့ ဇာတ်သိမ်းမှာ ဘာတွေထပ်ကြုံရမလဲ ဆိုတာ သိချင်ရင်

ဒီဇာတ်ကားမှာ နခ်ကီအဖြစ် အားလုံးသိပြီးဖြစ်တဲ့ လူမည်းမင်းသား ၀ီလ်စမစ် ( WIll Smith ) နဲ့ ဂျက်စ်အဖြစ် The Wolf of Wall Street ဇာတ်ကားမှာ နာအိုမီ အဖြစ် နံမည်ရခဲ့တဲ့ အသက် ၂၅ သာရှိသေးတဲ့ သြစတေးလျမင်းသမီးချော မားဂေါ့ရော်ဘီ ( Margot Robbie) က ပါဝင်သရုပ်ဆောင်ထားပါတယ်။

 အသက် ၁၈ နှစ်အောက်မကြည့်ရသတ်မှတ်ထားတဲ့ Rating R အဆင့်ရှိတဲ့ ဒီဇာတ်ကားက IMDB rating မှာတော့ 6.8 ရရှိထားပါတယ်။ ၀ီလ်စမစ်ရဲ့ ဟာသနှောတဲ့ သရုပ်ဆောင်ဟန်ကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ ဒီဇာတ်လမ်းက ကြည့်ပျော်တဲ့ သာမန်ဇာတ်လမ်းတစ်ပုဒ်လို့ ထင်မြင်မိပါတယ်။ ထူးခြားတာကတော့ အက်မင် ဒီ review ကိုရေးနေချိန် မိနစ်ပိုင်းအတွင်းမှာပဲ ကြည့်ရှုသူပေါင်း တစ်သောင်းခွဲကျော်မှပေးတဲ့ IMBD rating က 6.9 ဖြစ်သွားခဲ့ပါတယ်ဆိုတာလဲ တဆက်ထဲပြောခဲ့ပါရစေ ။

ရုပ်ရှင်အညွှန်း - Ciao! (Movie Guide)

1h:45mins ကြာမြင့်တဲ့ အချစ်ဟာသဇာတ်ကားကို 470 MB နဲ့  အောက်ကလင့်ခ်မှာ   ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။   

Download
470 MB
Focus (2015)

Pooja (2014)



အိန္ဒိယတောင်ပိုင်းမှာ နိုင်ငံရေးလှုပ်ရှားသူတွေ သတ်ဖြတ်လုပ်ကြံခံရနေမှုဟာ ပုံမှန်လိုဖြစ်နေပါတယ်။ ဒါတွေကို ကြိုးကိုင်နေသူကတော့ သန်ဒါဝမ်ဆိုသူဖြစ်နေပါတယ်။ သူကတော့ အစိုးရပိုင်းလူကြီးတွေနဲ့ အဆက်အသွယ်ရှိပြီး လူကြီးပိုင်းတယောက်ဖြစ်နေတဲ့သူဖြစ်ပါတယ်။ လူမိုက်တွေကို အမြောက်အများမွေးထားပြီး အလုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ရှိရင် အသုံးချပါတယ်။ သူ့ရဲ့လုပ်ကြံသတ်ဖြစ်မှုတွေမှာ မထင်မှတ်တဲ့ ကြီးမားတဲ့ အနှောင့်အယှက်တခုရှိပါတယ်။ ငွေတိုးချေးစားတဲ့ ဗာဆူဆိုတဲ့ လူငယ်တယောက်နဲ့ သူ့မိသားစုဖြစ်နေပါတယ်။ ကဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့

ဒါရိုက်တာကတော့ ဘောလီးဝုဒ်မှာ အက်ရှင်ကားတွေကို ဦးစားပေးရိုက်တဲ့ Hari ဖြစ်ပါတယ်။ ကင်မရာရိုက်ချက်တွေကတော့ လန်ထွက်ပဲ။ ဇာတ်လမ်းထဲက ဖိုက်တင်ခန်းတွေဆိုရင်ဗျာ ကြမ်းချက်။ တရုတ်စတီးကြိုးတွေကို သနားတယ်ပြောရမယ်။ ကဲကဲ ဒေါင်းကြည့်ကြပါဦး။

IMDB 5.1 ရထားတဲ့ အက်ရှင်ဇာတ်ကြမ်းဟာ 2h:34mins ကြာမြင့်ပါတယ်။ 717 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ကြပါပြီ။

Download
717 MB
Pooja (2014)



Monday, July 25, 2016

The Dead Lands (2014)


နယူဇီလန်ကျွန်းက ပင်ရင်းလူမျိုးတွေကို အခြေခံထားတဲ့  လူရိုင်းဇာတ်ကားကောင်း တကားတင်ပေးလိုက်ပါတယ်။ ဘိုးဘေးတွေကိုလေးစားပြီး ငြိမ်းချမ်းရေးကို လိုလားတဲ့ မာအိုရီရွားသူကြီးနဲ့ သူ့လူမျိုးစုဟာ အခြားမဟာမိတ်လူမျိုးစုတစုရဲ့ သစ္စာဖောက်ခြင်းကို ခံရပြီး အသက်ခံရပါတယ်။ ဆယ်ကျော်သက်သာရှိသေးတဲ့ ရွာသူကြီးရဲ့သားအနေနဲ့ ပြန်ကလဲ့စားချေဖို့နဲ့ သူ့လူမျိုးဂုဏ်သိက္ခာကို ပြန်လည်ဖေါ်ဆောင်ဖို့ တာဝန်ရှိတဲ့ တဦးတည်းသောသူဖြစ်လာပါတယ်။ ငယ်ရွယ်လွန်းပြီး အတွေ့အကြုံနုတဲ့ သူ့နေနဲ့ တာဝန်ကို ဘယ်လိုထမ်းဆောင်မလဲဆိုတာကိုတော့....

IMDB 6.4 ရထားတဲ့ လူရိုင်းဇာတ်ကားဟာ 1h:47mins ကြာမြင့်ပါတယ်။ 485 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Download
485 MB
The Dead Lands (2014)

Sunday, July 24, 2016

The Heat (2013)


လာကင် လို့ခေါ်တဲ့ ရက်စက်တဲ့မူးယစ်ရာဇာကို ဖမ်းဖို့ FBI ရဲ့ အမျိုးသမီးအထူးအေးဂျင့် အက်ရှ်ဘန်းဟာ ဘော်စတွန်မြို့ကို ရောက်ရှိလာပါတယ်။ ဘော်စတွန်မြို့ ခပ်ကြမ်းကြမ်း ရဲအရာရှိ မူလင်စ်နဲ့ အက်ရ်ဘန်းတို့ တယောက်နဲ့တယောက်မတည့်ပဲ အလုပ်သဘောနဲ့ အတူတူ အမှုလိုက်နေခဲ့ပါတယ်။ အမှုကွင်းဆက်တခုစီကိုလိုက်တိုင်း နှစ်ယောက်သား မညီမညာနဲ့ ဖြစ်နေပြီး အဲ့ဒီပုံစံနဲ့ လာကင်ကို ဘယ်လိုဖမ်းမလဲဆိုတာကိုတော့....

မင်းသမီး ဆန်ဒရာဘူးလော့ခ် နဲ့ SPY ကားထဲက ဟာသမင်းသမီး Melissa McCarty တို့ ဦးဆောင်ပါဝင်ထားတဲ့ ဟာသ အက်ရှင်ဇတ်ကားဟာ IMDB 6.6 ရရှိထားပြီး 1h:57mins ကြာမြင့်ပါတယ်။ 547 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
547 MB
The Heat (2013)

Tom yum goong 2 (2013)


အလုပ်အားရက်တွေဆို ရုပ်ရှင်တွေပိုပြီးတင်ပေးချင်ပေမယ့်လည်း ကားအသစ်တွေမရှိတော့ ကားအဟောင်းတွေပဲ တင်ရတာပေါ့ဗျာ။ မကြည့်ရသေးတဲ့သူတွေရှိရင် ဒေါင်းကြည့်ကြပေါ့။

ရုပ်ရှင်ပိုစတာကိုကြည့်တာနဲ့ ဘယ်သူ့ကားလဲ၊ ဘယ်လောက်ကြမ်းလဲဆိုတာ့ သိကြမှာပါ။ ဇာတ်လမ်းကိုတော့ မပြောပြနိုင်တော့ပါဘူးနော် (ပျင်းလို့)

IMDB  5.3 ရထားတဲ့ ထိုင်းဇာတ်ကြမ်းဟာ 1h:44mins ကြာမြင့်ပါတယ်။ 455 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Download
455 MB
Tom yum goong 2 (2013)

Saturday, July 23, 2016

Sniper: Legacy (2014)


sniper မင်းသာကြီး    ရဲ့ နောက်ဆုံးထွက် sniper ဇာတ်လမ်းဖြစ်ပါတယ်။ ဒီတခါတော့ အချိန်အကြာကြီးဝေးကွာနေခဲ့ရတဲ့ သူ့ရဲသားလည်းပါဝင်ပါတယ်။

တချိန်က စစ်ဆင်ရေးတခုမှာ မှားယွင်းတဲ့ အမိန့်တခုကြောင့် အချင်းချင်းပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး တပ်စုတစုကျသွားပါတယ်။ အဲ့ဒီတပ်စုမှာ မသေပဲကျန်ခဲ့တဲ့ စနိုက်ပါသမားတယောက်ကျန်ရစ်ပါတယ်။ စစ်ဆင်ရေးရဲ့ တာဝန်ရှိသူ စစ်ဘက်ဆိုင်ရာအကြီးအကဲတွေဟာ သူတို့ကို လုပ်ကြံခဲ့တယ်လို့ထင်ပြီး အရာရှိတွေကို တယောက်ပြီးတယောက်လိုက်သတ်ပါတော့တယ်။

ဘရန်ဒန်ဆိုတဲ့ ဆီးရီးယားနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ စနိုက်ပါသမား ဘရန်ဒန်ဟာ လူသတ်သမားကိုရှင်းဖို့ လျှို့ဝှက်တာဝန်ပေးခံရပါတယ်။ ပါးနပ်လွန်းတဲ့ လူသတ်သမားကို အမဲလိုက်ရမှာတော့ ဘရန်ဒန် တင်မကပါဘူး။ သူ့ အထက်လူကြီး ၊ လုပ်ဖေါ်ကိုင်ဖက် အမျိုးသမီး စနိုက်ပါ နဲ့ သေသွားပြီးလို့ အများထင်ထားတဲ့ သူ့အဖေ စနိုက်ပါအိုးဆားဗစ်ကြီးပါ ပါဝင်ရပါတယ်။ ကဲ ဘယ်လိုဇတ်လမ်းမျိုးလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြပါဦးလို့.....

IMDB  5.3 ရထားတဲ့ ဇာတ်လမ်းဟာ 1h: 35mins ကြာမြင့်ပါတယ်။ 445MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူကြည့်ရှုခံစားနိုင်ပါပြီ။

Download
445 MB
Sniper: Legacy (2014)

Ugly (2013)


ကားကောင်းလေးတကားပါ။ ကောင်မလေးက သူ့အဖေနဲ့ အပြင်ထွက်လည်နေတုန်း ရုတ်တရတ်ပျောက်ဆုံးသွားပါတယ်။ အဖေနဲ့ အမေနဲ့က ကွဲနေပြီး အမေရဲ့ နောက်အိမ်ထောင်ဖက်ကတော့ မှုခင်းစုံစမ်းရေးမှူကြီးတဦးဖြစ်ပါတယ်။

ကောင်မလေးပျောက်သွားတုန်းက သူ့အဖေနဲ့ အတူ သူ့အဖေသူငယ်ချင်းပါ အတူတူရှိနေပါတယ်။ တဖက်က သူ့အမေကလည်း အရက်စွဲနေတဲ့သူဖြစ်ပြီး ကောင်မလေးကို ဂရုမစိုက်နိုင်ပါဘူး။ ရဲမှူးနဲ့ အိမ်ထောင်ရေးကလည်း အဆင်မပြေတဲ့အချိန် ကောင်မလေးရုတ်တရတ်ပျောက်ဆုံးမှုဟာ ဘယ်သူ့လက်ချက်လဲ ဘယ်သူလုပ်တာလဲဆိုတာ ဇာတ်အိမ်ကောင်းကောင်းနဲ့ တဆင့်ချင်း ဖေါ်ပြသွားတဲ့ ရုပ်ရှင်ကောင်းတလက်ပါ။

ဒီဇာတ်လမ်းကိုကြည့်ရင် လူတွေရဲ့လောဘ၊ အတ္တကြီးမှုတွေကို ကြောက်စရာကောင်းအောင်တွေရမှာပါ။

သရုပ်ဆောင်တွေအားလုံး ပီပြင်ကြပါတယ်။ သဘောအကျဆုံး သရုပ်ဆောင်နှစ်ယောက်ရှိပါတယ်။ ကလေးပျောက်တော့ ပထမဆုံး ရဲစခန်းမှာ တိုင်ချက်ဖွင့်တဲ့အခါ သူငယ်ချင်းနှစ်ယောက်အရစ်ခံရပါတယ်။ အဲ့ဒီအခန်း အရစ်သန်တဲ့စခန်းမှူးကိုကြည့်ကြည့်ပြီး နရင်းရိုက်ချင်စိတ်တွေ ဖြစ်လာအောင် သရုပ်ဆောင်ထားပါတယ်။ ဒုတိယတယောက်ကတော့ အရုပ်မျက်နှာဖုံးရောင်းတဲ့သူရဲ့ အဒေါ်ဆိုသူဖြစ်ပါတယ်။ သူ့ရုပ်ကို သေသေချာချာကြည့်ရင် သရုပ်မဆောင်တတ်သလို၊ ဘာမှမသိတဲ့ အရိုးခံကြီးလိုလို သရုပ်ဆောင်သွားတဲ့ ပုံစံတွေဟာ ပီပြင်တယ်ပြောရမှာပါ။

IMDB 8.2 ရနေဆဲ လျှို့ဝှက်သဲဖို ထောက်လှမ်းရေး ဇာတ်ကားဟာ 2h:8mins ကြာပါမယ်။ အောက်ပါလင့်ခ်မှာ 572 MB နဲ့ ဒေါင်းနိုင်ပါပြီ။

Download
572 MB
Ugly (2013)

Friday, July 22, 2016

Big Hero 6 (2014)


Big Hero 6 က Marvel ရဲ့ Japan Base Superhero Team ဖြစ်ပါတယ်။ ဒီကားကတော့ Disney ကာတွန်းဖြစ်ပြီး Comic Book ကို သိပ်အခြေမခံပဲ ကလေးတွေကြည့်လို့ရအောင် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
Marvel Comic Book ကို Disney က ဘာလို့ ရိုက်ကူးလို့ရတာလည်း လို့ တွေးနေတဲ့သူတွေ အတွက်ကတော့ Marvel ကုမ္ပဏီက Disney ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တာကြောင့် ရိုက်ကူးလို့ရတာဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်းပြောရရင်တော့ Trailer မှာပါခဲ့သလိုပဲ Hiro က အရမ်းဥာဏ်ကောင်းတဲ့ လူငယ်လေးတစ်ဦးဖြစ်ပြီး သူ့အကို Tadashi ကလည်း စက်ရုပ်တီထွင်သူတစ်ဦးဖြစ်ပါတယ်။ Hiro က လမ်းဘေးက Robot fight တွေမှာပဲ အချိန်ဖြုန်းနေလို့ သူ့အကို ဖြစ်သူက သူနဲ့အတူ Lab မှာ လုပ်ဖို့ ခေါ်ခဲ့ရာက အခြား ဇာတ်ကောင်တွေဖြစ်တဲ့ GoGo Tomago (Jamie Chung), Wasabi (Damon Wayans, Jr.), Honey Lemon (Génesis Rodríguez), and Fred (T.J. Miller) နဲ့ Baymax (Scott Adsit) တို့နဲ့တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့်ကံဆိုးစွာနဲ့ University Lab မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး Tadashi က မီးထဲမှာသေဆုံးသွားပါတယ်။
တစ်နေ့မှာတော့ Hiro တီထွင်ထားတဲ့ Micro-Bots တွေကို ခိုသွားတဲ့သူကို အမှတ်မထင်ပဲ တွေ့လိုက်ရပြီး နောက် Baymax ကို Super robot ဖြစ်အောင် Upgrade လုပ်ပြီး ရန်သူကို ရင်ဆိုင်ကြပုံကို စိတ်ဝင်စား စွာ ကြည့်ရှုရမှာပါ။
Disney ရဲ့ Big Hero 6 မှာ စိတ်ဝင်စားစရာ နှစ်ခုသွားတွေ့ပါတယ်။ ပထမတစ်ခုက Wasabi ဆိုတဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။ ကာတွန်းစာအုပ်ထဲမှာ မပါတဲ့ ဇာတ်ကောင်ဖြစ်ပြီး ဒီကားထဲမှာ African American ဇာတ်ကောင် အဖြစ် ပါဝင်ထားပါတယ်။
နောက်တစ်ခုက ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင် ဖြစ်တဲ့ Hiro က Asian American ဇာတ်ကောင် ဖြစ်ပြီး Disney အနေနဲ့ ပထမဆုံး အာရှသား ဇာတ်ကောင်ကို ခေါင်းဆောင်အနေနဲ့ ရိုက်ကူးတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ လူမျိုးပေါင်းစုံနေထိုင်နေတာကြောင့် လူနည်းစုဖြစ်တဲ့ လူမျိုးတွေကို ရုပ်ရှင်တွေမှာ တွေ့ရခဲပါတယ်။ ဒါ့အပြင် Disney ရဲ့ ကာတွန်းအများစုက White Character တွေဖြစ်တာကြောင့် သူတို့အနေနဲ့ လူမျိုးစုံပါအောင် ရိုက်ကူး နိုင်တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။
ဒီကားက ကလေးတွေ အကြိုက်တွေ့စေမယ့် ကာတွန်းကား မျိုးဖြစ်သလို လူကြီးတွေလည်း မပျင်းစေရပါဘူး။ မိသားစုကြည့်လို့ရပါတယ်။

ရုပ်ရှင်အညွှန်း - ရုပ်ရှင်မိတ်ဆက်

IMDB 7.9 အထိရထားတဲ့ animation ကားဟာ 1h:42mins ကြာမြင့်ပါတယ်။  646 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
646 MB
Sniper: Legacy (2014)

Once Upon a Time in Mumbai Dobaara! (2013)


ဘောလီးဝုဒ် မင်းသားကြီး ဂိုဏ်းစတားဇာတ်လမ်းတပုဒ်တင်ပေးလိုက်ပါတယ်။ IMDB 4.9 ရထားတဲ့ဇာတ်ကားဟာ ပြသချိန် 2h:40mins ကြာမြင့်ပါတယ်။  679 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Download
679 MB
Once Upon a Time in Mumbai Dobaara! (2013)

Thursday, July 21, 2016

Gridlocked (2015)


အထူးရဲတပ်ဖွဲ့ခေါင်းဆောင် ဒေးဗစ်ဟန်းဒရစ်နဲ့ သတင်းထောက်ကိုထိုးလို့ ဒဏ်ပေးခံရတဲ့ နာမည်ကြီး ရုပ်ရှင်မင်းသား ဘရိုဒီဝေါ်ကာ တို့အထူးရဲ လေ့ကျင့်ရေးစခန်းကို သွားရောက်နေစဉ်မှာပဲ အဲ့ဒီနေရာမှာထားတဲ့ ငွေလက်မှတ်တွေကိုရှိဖို့ကြိုးစားနေတဲ့ အကြမ်းဖက်အဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ကြတဲ့ ဇာတ်လမ်းပါ။ ကျွန်တော်ရေးသလောက်တော့ မရိုးရှင်းဘူးပေါ့။ လှည့်ကွက်လေးတွေ တွေ့ရဦးမှာ ပါ။

IMDB 5.8 ရထားတဲ့ အက်ရှင် ဇာတ်လမ်းဟာ 1h:50mins ကြာမြင့်ပါတယ်။  513 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
513 MB
Gridlocked (2015)


Wednesday, July 20, 2016

Zero (2016)


2016 ဘောလီးဝုဒ် သဲထိတ်ရင်ဖိုဇာတ်ကားလေးကို တင်ဆက်လိုက်ပါပြီ။ ဘာလာဆိုတဲ့ လူမှုရေး အလုပ်လုပ်ကိုင်နေတဲ့ ကောင်လေးဟာ သူ့ဖခင်သဘောကို ဆန့်ကျင်ပြီး ပရီယာဆိုတဲ့ ကောင်မလေးကို လက်ထပ်လိုက်ပါတယ်။ သူတို့ဘဝပုံမှန်ဖြတ်သန်းနေတုန်းမှာပဲ ပရီယာဆီမှာ မူမမှန်တဲ့ အကျင့်လေးတွေပေါ်လာပါတယ်။
ပရီယာဟာရဲ့ အမေဟာ သူမကို ကိုယ်ဝန်လွယ်ထားစဉ်က စိတ်ကစဥ့်ကလျားဖြစ်နေခဲ့ပြီး သူမကို မွေးဖွားပြီး သေဆုံးခဲ့ပါတယ်။ ပရီယာဟာ သူ့အမေလိုဖြစ်သွားမှာ သိပ်ကြောက်နေပါတယ်။ ဒါပေမယ့်လည်း သူမရဲ့ အမူအကျင့်တွေ စိတ်ထားတွေက တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။ ညညဆို အိမ်မက်ထဲမှာ သူ့ အမေကိုမြင်တယ်၊ စကားပြောတယ်၊ ညဘက်အိပ်ရင်းလမ်းလျှောက်တယ်။ နောက်ပိုင်းမှ ဘာလာက ပရီယာရဲ့ အခြေအနေကို ရိပ်မိသွားပြီး ဘာကြောင်းဖြစ်တာလဲဆိုတာကို သိဖို့ကြိုးစားရာကနေ......

IMDB 6.5 ရထားတဲ့ ဘောလီးဝုဒ် သဲထိတ်ရင်ဖိုဇာတ်ကားဟာ ပြသချိန် 2h:39mins ကြာမြင့်ပါတယ်။  626 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
626 MB
Zero (2016)

Monday, July 18, 2016

'71 (2014)


1971 ခုနှစ်ကိုအခြေခံထားတဲ့ စစ်အက်ရှင်ကားကို ဒီညတင်ပေးလိုက်ပါပြီ ။ မင်းသားကတော့ Jack O'Connell ဖြစ်ပြီး၊ IMDB 7.1 အထိရရှိနေဆဲဇာတ်လမ်းဖြစ်လို့ ဇာတ်လမ်းကောင်းလို့ ညွှန်းလိုက်ပါရစေ။

မြောက်အိုင်ယာလန်နိုင်ငံက ဘဲဖက်မြိုပေါ်မှာဖြစ်တဲ့ လမ်းပေါ်က အထိကရုန်းမှာ ဗြိတိန်စစ်သားငယ်တယောက်ဟာ သူ့တပ်ဖွဲ့နဲ့ကွဲသွားပြီး မငြိမ်းချမ်းတဲ့ နယ်မြေထဲမှာ တယောက်တည်း ကျန်ရစ်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အခက်အခဲတွေကြားထဲကနေ သူ့အိမ်ကိုပြန်မယ်လို့ ဆုံးဖြတ်ခဲ့ပြီး ဘယ်လိုအိမ်ပြန်မှာလဲဆိုတာကိုတော့.....

1h:39 မိနစ်ကြာတဲ့အက်ရှင်ကားကို 458 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
458 MB
'71 (2014)

Sunday, July 17, 2016

1920 London (2016)



ဒီနေ့အတွက်တော့ ချောက်ချားစရာ အိန္ဒိယဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကားက ပြီးခဲ့တဲ့နှစ်တွေတုန်းက လူကြိုက်များခဲ့တဲ့ 1920 ဆိုတဲ့ ဇာတ်ကားရဲ့ ဒုတိယတွဲဖြစ်ပါတယ် ။

ရှီဗန်ဂီဆိုတဲ့ အမျိုးသမီးဟာ သူ့ချစ်သူနဲ့အိမ်ထောင်ကျပြီး မကြာခင်မှာပဲ ယောက်ျားဖြစ်သူ ဗီးယားကဟာ အဖျက်အမှောင့်တစ်ခုကြောင့် ရောဂါဆိုးတစ်ခု စွဲကပ်ခဲ့ပါတယ်။

သူ့ရဲ့ရောဂါဟာရုပ်အင်္ဂါတွေ ပြောင်းလဲပြီး ကြောက်စရာအသွင်ဖြစ်သွားခဲ့လို့ ဆေရုံတင်ပြီးကုသခဲ့ပေမယ့်မပျောက်ကင်းတာကြောင့် နောက်ဆုံးမှာ ပယောဂဆရာတစ်ဦးရဲ့ အကူအညီကိုရယူရပါတယ်။

အဲ့ဒီပယောဂဆရာက ရှီဗန်ဂီရဲ့ ချစ်သူဟောင်းတစ်ယောက်ဖြစ်ပြီး သူ့အကူအညီကို မယူလို့ မဖြစ်တာကြောင့် နောက်ဆုံးမှာ သူကိုယ်တိုင်အကူအညီတောင်းခဲ့တာကြောင့် ချစ်သူဟောင်းဂျေးဟာ သူ့ကိုကူညီဖို့ဖြစ်လာပါ တယ်။

တကယ်တော့ ဂျေးနဲ့ရှီဗန်းဂီးတို့ နှစ်ဦးကြားမှာ ချစ်သူဘ၀က အထင်လွဲစရာ ပြဿနာ ကြီးကြီးမားမားဖြစ်ခဲ့ပြီး လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။

ဂျေးဟာ ချစ်သူဟောင်းရဲ့ ယောက်ျားကို ကူညီဖို့သူကိုယ်တိုင်သွားကြည့်တဲ့အခါမှာတော့ အဲ့ဒီလူမှာ မကောင်းဆိုးရွားတစ်ကောင် ကပ်တွယ်နေပြီး အဲဒီ မကောင်းဆိုးရွားကပ်တွယ်နေတဲ့ ခန္ဓာကိုယ်ဟာ သေလုမြောပါးဖြစ်နေပါတယ်။

ဒီအခြေအနေမှာ ဂျေးက အဲဒီ မကောင်းဆိုးရွားကို ဖယ်ထုတ်ဖို့ သူ့ချစ်သူဟောင်းနဲ့ အတူကြိုးပမ်းတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းက ဒီလောက် တော့ မရိုးစင်းပါဘူး။ ဒီအမျိုးသားကို တွယ်ကပ်နေတဲ့ မကောင်းဆိုးရွားဟာ တစ်စုံတစ်ဦးရဲ့ စေခိုင်းမှုကြောင့်ဖြစ်ပြီး အဲဒီသူကိုတော့ ဇာတ်လမ်းရဲ့တစ်ဝက်လောက်မှာမှသိရတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ နာမည်ကျော် 3 IDIOT ဇာတ်ကားထဲက သူငယ်ချင်းအဖြစ် သရုပ်ဆောင်တဲ့ ရှာရ်မန်းဂျိုရှိက အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။
ရုပ်ရှင်အညွှန်း - 7 Day Daily

မကြာခင်ကမှရုံတင်ထားတဲ့ ဘောလီးဝုဒ်သရဲကားဟာ 2h ကြာမြင့်ပါတယ်။ 754 MB နဲ့ အကြည်တင်ထားပေးပါတယ်။ အောက်မှာ ဒေါင်းယူကြည့်ရှုကြပါကုန်...



Download
754 MB
1920 London (2016)
 

Criminal (2016)


 သေသွားတဲ့လူရဲ့ မှတ်ဥာဏ်ကို အသက်ရှင်နေတဲ့သူဆီကို ထည့်ပေးထားတဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကားကောင်းတလက် ဖြစ်ပါတယ်။ CIA ရဲ့ လျှို့ဝှက်အေးဂျင့်တယောက်ဟာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း သေဆုံးသွားပါတယ်။ သူ့မှာ ဇနီးနဲ့ သမီးတယောက်ကျန်ရှိပါတယ်။ သူ့ရဲ့တာဝန်ကတော့ ကမ္ဘာအရပ်ရပ် ဦးတည်ထားတဲ့ ဒုံးကျည်တွေကို ပစ်ခတ်နိုင်ဖို့ ရေးဆွဲထားတဲ့ ပရိုဂရမ်ကို ဒတ်ရှ်ဆိုတဲ့သူဆီက အကြမ်းဖက်သမားတွေထက်ဦးအောင် ရယူရမှာဖြစ်ပါတယ်။

ဒတ်ရှ်ဘယ်မှာပုန်းနေတယ်၊ ပေးဖို့ပိုက်ဆံတွေဘယ်မှာ သိမ်းထားလဲဆိုတာကို သူတယောက်ပဲ သိပေမယ့် သေဆုံးသွားပြီဖြစ်ပါတယ်။ မျှော်လင့်ချက်မဲ့နေတဲ့ CIA အတွက် ဂျူရီချိုဆိုတဲ့ ကြမ်းတမ်းလှတဲ့ ထောင်ထဲက ရာဇဝတ်ကောင်ဟာ ကောက်ရိုးတမျှင်   ဖြစ်လာပါတယ်။   သေဆုံးသူ အေးဂျင့်ရဲ့ မှတ်ဥာဏ်တွေ ကို ဂျူရီချိုရဲ့ မှတ်ဥာဏ်ထဲကို ထည့်သွင်းပေးပြီး မပြီးဆုံးသေးတဲ့ တာဝန်ကို ဆက်လက်ထမ်းဆောင်ရန်ဖြစ်ပါတယ်။

လူရမ်းကား ဂျူရီချိုအနေနဲ့ တာဝန်ကိုဘယ်လိုဆက်လက်ထမ်းဆောင်မလဲ ၊ ခံစားချက်မဲ့တဲ့ ဂျူရီချိုအနေနဲ့  မှတ်ဥာဏ်ပေါ်မူတည်ပြီး ဇနီးနဲ့ သမီး အပေါ် သံယောဇဉ်တွေဖြစ်သွားနိုင်လား ဆိုတာကိုတော့.....

နာမည်ကြီး အက်ရှင်မင်းသားကြီး ရဲ့ ဇာတ်ကြမ်းကားသစ်ဟာ IMDB 6.3 ရထားတဲ့ ဇတ်ကားရရှိထားပြီး 1h:53mins ကြာမြင့်ပါတယ်။  508 MB နဲ့ အောက်ကလင့်ခ်မှာ   ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
508 MB
Criminal (2016)

Saturday, July 16, 2016

Roar (2014)

တောထဲမှာကျားဖြူကိုက်လို့ဆုံးပါးသွားတဲ့ ဓါတ်ပုံဆရာအစ်ကိုအတွက် ညီဖြစ်သူက လက်စားချေဖို့ အဖွဲ့လိုက် တောထဲကို စွန့်စားသွားရောက်တဲ့အခါမှာတော့. ..

IMDB 5.8 ရထားတဲ့ ဘောလီးဝုဒ်တောတွင်း စွန့်စားဇာတ်လမ်းဟာ2h: 3mins  ကြာမြင့်ပါတယ်။ 582 MB နဲ့အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။


Download
582 MB
Roar (2014)

Friday, July 15, 2016

All Is Well (2015)

အင်ဒရ် ဆိုတဲ့ အဆိုတော်တယောက်ဟာ သူ့အဖေနဲ့ပြသနာတက်ပြီး အိမ်ဖေါ်ကဆင်းသွားပါတယ်။ ထိုင်းနိုင်ငံမှာ တေးရေးအဆိုတော်အဖြစ်နဲ့ လုပ်ကိုင်နေရင်း သူအဖေက အိမ်ရောင်းပြီး ပိုက်ဆံခွဲယူမယ်ဆိုလို့ အိန္ဒိယကို ပြန်သွားပါတယ်။ သူ့ကိုတဖက်သက်ကြိုက်နေတဲ့ နစ်မီဆိုတဲ့ ကောင်မလေးကလည်း အိန္ဒိယကို အခြားသူတယောက်နဲ့ အိမ်ထောင်ပြုဖို့ ပြန်သွားရင်းနဲ့ အင်ဒရ်အိမ်အထိပါလာပါတယ်။
တကယ်တမ်း အင်ဒရ် အိမ်ကိုရောက်တော့ အိမ်ရောင်းပြီး ပိုက်ဆံခွဲယူဖို့မဟုတ်ပဲ သူ့အဖေယူထားတဲ့ အကြွေးတွေအတွက် လူဆိုးဂိုဏ်းက အိမ်နဲ့ခြံသိမ်းဖို့အတွက်ဖြစ်နေပါတော့တယ်။ အဲ့ဒီမှာ အင်ဒရ်၊ သူ့အဖေ၊ နစ်မီ တို့ဟာ စိတ်ရောဂါရနေတဲ့ သူ့အမေကို ခေါ်ပြီး လူဆိုးတွေလက်က ထွက်ပြေးကြပါတော့တယ်။
နောက်ဆုံး အိမ်သိမ်းမယ့်ကိစ္စကို ဘယ်လိုဖြေရှင်းမှာလဲ၊ လုံးဝမတည့်တဲ့ သူတို့သားအဖချင်း ကရော ပြန်အဆင်ပြေမှာလား၊ စိတ်ရောဂါဖြစ်နေတဲ့သူ့အမေကရော ပြန်ကျန်းမာနိုင်မှာလား၊  နစ်မီကရော သူကြိုက်နေတဲ့ အင်ဒရ်ကို လက်လွှတ်ပြီး အခြားသူနဲ့ လက်ထပ်ဖြစ်သွားမလား ဆိုတာကိုတော့....

ဇာတ်လမ်းကောင်းလေးတပုဒ်ပါပဲ။ အထူးအဖြင့် အဖေနဲ့သားကြားက မေတ္တာနဲ့ နားလည်မှုလွဲတဲ့ကိုစ္စတွေကို ထင်ရှားအောင်ပြသထားပါတယ်။ ဟာသကားဆိုတဲ့ အတွက်ကြောင့် ပေါ့ပေါ့ပါးပါးလေးပဲ တင်ဆက်ထားပါတယ်။ ဒါပေမယ့် တချို့ အခန်းတွေကတော့ အရမ်းပေါလွန်းလို့ မကြိုက်ပါဘူး။ အထူးအဖြင့်လူဆိုးတွေပေါ့။ အကြိုဆုံးစာသားကတော့ နောက်ဆုံး အင်ဒရ်အဖေက သူ့ကိုပြောတဲ့ " မိဘတွေက ဘုရားဖူးသွားချင်တယ်ပြောရင်၊ သားသမီးတွေက လက်မှတ်ဝယ်ပေးပြီး လွှတ်လိုက်တယ်၊ မင်းကတော့ မိဘတွေကို သယ်ပိုးတဲ့အပြင် သူတို့ကိုခေါ်ပြီး ရှောက်လည်ပေးတယ်။ မင်းလုပ်ပေးတာက ဘုရားဖူးပို့ပေးတာထက်ပိုမြင့်မြတ်ပါတယ်" ဆိုတဲ့စကားပဲဖြစ်ပါတယ်။ ကွက်တိထိသွားတာကိုး...

 2h: 6mins ရှည်ပြီး 653 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
655 MB
All Is Well (2015)

The Purge: Anarchy (2014)



မနက်ဖြန်အလုပ်ပိတ်ပြီဟုတ်၊ သဲထိတ်ရင်ဖိုဇာတ်ကားကောင်းလေး တင်ပေးလိုက်ပါတယ်။

နှစ်စဉ် အမေရိကန်ပြည်ထောင်စုက ဆေးရုံ၊ မီးသတ်ဌာနနဲ့ ရဲစခန်းတွေကို ၁၂ နာရီကြာ ပိတ်တဲ့ ညမှာဖြစ်ပါတယ်။ ရာဇ၀တ်မှုတွေကို တရားဝင်ကျူးလွန်ခွင့်ရတဲ့ ညမှာ လင်မယားနှစ်ယောက်ဟာ သူတို့ကလေးတွေရှိရာအိမ်ကိုကားမောင်းပြီးပြန်လာတာဖြစ်ပြီး ကားက လောင်စာပြတ်သွားတဲ့အခါ ဆိုင်ကယ်စီး မျက်နှာဖုံးဝတ်လူဆိုးတွေ ရန်ကနေ ရှောင်ပြေးရတာဖြစ်ပါတယ်။ အဲဒီ့အချိန်မှာပဲ သူ့သားကို သတ်တဲ့သူကို ကလဲ့စားလိုက်ခြေလိုတဲ့စိတ်နဲ့လမ်းပေါ်ထွက်လာတဲ့ လူတစ်ယောက်၊ အိမ်ဖျက်ဆီးခံရလို့ထွက်ပြေးလာတဲ့ သားအမိနှစ်ယောက်နဲ့တွေ့ဆုံကြပြီး Los Angeles က မင်းမဲ့ဇရိုက်ညမှာ သူတို့ငါးရောက်ရှင်သန်ကျန်ရစ်ဖို့အတွက် ရုန်းကန်ရတာဖြစ်ပါတယ်။

The Purge: Anarchy ဟာအမေရိကန် စွန့်စားခန်း/ထိပ်လန့်သည်းဖိုဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာက James DeMonaco ဖြစ်ပြီး ၂၀၁၃ ခုနှစ် The Purge ရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Frank Grillo, Zach Gilford, Kiele Sanchez, Michael K. Williams, Carmen Ejogo နဲ့ Billy Parker တို့ဖြစ်ပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့ထွက်ဖို့စီစဉ်ထားပါတယ်။
 ရုပ်ရှင်အညွှန်း - Trend Myanmar

IMDB 6.5 ရထားတဲ့ သဲထိတ်ရင်ဖိုဇာတ်ကားဟာ 1h:43mins ကြာမြင့်ပါတယ်။ 475.3 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
475 MB
The Purge: Anarchy (2014)

Thursday, July 14, 2016

24 (2016)


Time Travel နဲ့ ပက်​သက်​ပြီး စိတ်​ဝင်​စားတဲ့ သူငယ်​ချင်း​တွေ အတွက်​ IMBd rating 8.5 အထိ​တောင်​ ရရှိဲထားတဲ့ Science Fiction အမျိုးအစား India movie ​လေးနဲ့ မိတ်​ဆက်​​ပေးချင်​ပါတယ်

ဒီ 24 ဆိုတဲ့ ကား​လေးကို ဒါရိုက်​တာ Vikram Kumar က ရိုက်​ကူးခဲ့ပြီး Suriya က သုံးကိုယ်​ခွဲ သရုပ်​​ဆောင်​ထားတာဖြစ်​ပါတယ်

ဒီရုပ်​ရှင်​​လေး က 2009 ခုနှစ်​ကတည်းက ရိုက်​ဖို့ စီစဉ်​ထားတာဖြစ်​​ပေမယ့်​ အ​ကြောင်းအမျိုးမျိုး​ကြောင့်​ ပျက်​ခဲ့ပြီး 2014 ခုနှစ်​မှ ရိုက်​ကူးနိုင်​ခဲ့ပြီး 2016 May လ 6 ရက်​​နေ့က ထွက်​ရှိခဲ့တာ ဖြစ်​ပါတယ်

ဒီကား​လေးထဲမှာ သိပ္ပံပညရှင်​ Dr. Sethuraman အဖြစ်​ Suriya က သရုပ်​​ဆောင်​ထားပြီး၊ သူသည်​ ၁၉၉၀ ဇန်​န၀ါရီ မှာ အများဆုံး ၂၄နာရီစာ ​ခေတ်​ ​ရှေ့​နောက်​ပြန်​သွားလို့ရတဲ့ နာရီ တလုံးကို တီထွင်​ခဲ့တယ်​။

အဲ့ မှာ သူ့ရဲ့ အမွှာ ညီအကို က သူ့ရဲ့ နာရီကို ခိုးဖို့ ကြိုးစား ရာက​နေ သူ့ရဲ့ နာရီ ​ကော အခိုးခံခဲ့ရလား၊ သူ့ရဲ့ နာရီက​ကော ဘယ်​လို အချိန်​ကို ​ရှေ့​နောက်​ ပြန်​ချိန်​လို့ရလဲ ဆိုတာကို​တော့ ဇာတ်​လမ်း​လေးထဲမှာ ဆက်​လက်​ခံစား​ပေးပါ​နော်
 ရုပ်ရှင်အညွှန်း - Updated New Movie Tube

 IMDB-8.5 ရရှိနေတဲ့ ဘောလီးဝုဒ်ဇာတ်ကားဟာ 2h:44mins ကြာမြင့်ပါတယ်။ 772 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
772 MB
24 (2016)

Hype Nation 3D (2014)


ဇာတ်လမ်းကတော့ သီချင်းနဲ့ အကကို အခြေခံထားတဲ့ လူငယ်ဇာတ်လမ်းဖြစ်ပါတယ်။ စကားလုံးကြမ်းကြမ်းတမ်းတမ်းတွေ တချိန်လုံး ကြားနေရမှာဖြစ်ပါတယ်။ ဇာတ်ကားထဲက B-Boy ဖြစ်တဲ့ မင်းသား Jae Bum ရဲ့ဘဝပုံစံနဲ့ ဒီဇာတ်ကားဟာ အင်မတန်လိုက်ဖက်တယ်လို့ပြောလို့ရပါတယ်။

Jae Bum ကိုတော်တော်များများသိကြမှာပါ။
Jae Bum ဟာ တတိယ မျိုးဆက် US နိုင်ငံသား ကိုရီးယာ လူမျိုး (အဖိုး US နိုင်ငံသား မှဆင်းသက် လာသူ) ဖြစ်ပါတယ်။ ၄င်းဟာ Edmonds, Washington, USA တွင်မွေးဖွား ကြီးပြင်း ခဲ့ပါတယ်။ ကိုးရီးယား JYP Entertainment က USA မှာပြုလုပ် တဲ့ လူရွေးပွဲ မှာအောင်မြင် ခဲ့ပြီး ၄နှစ် trainining ဆင်းပြီးနောက် 2PM အဆိုအဖွဲ့ ရဲ့ခေါင်းဆောင် အဖြစ် ကျော်ကြား လာခဲ့ ပါတယ်။ US နိုင်ငံသား တတိယ မျိုးဆက် Jae Bum ရဲ့ တတွေး အမြင်နဲ့ ကိုးရီးယား စစ်စစ် တို့ရဲ့ တတွေး အမြင် တွေဟာ အတော် ကွာခြား တဲ့အတွက် ရောက်စမှာ ၁၉ နှစ်သား Jaebeom ဟာ တော်တော် ကသိ ကအောက် ဖြစ်ခဲ့ ရပါတယ်။
သူ့ရဲ့ ခံစားချက် တွေကို သူငယ်ချင်း တသိုက်သာ ဖတ်နိုင်တဲ့ Myspace ထဲမှာ 2005 က ရေးသား ခဲ့ပါတယ်။ ထိုရေးသား ချက်တွေကို September 4, 2009 မှာ သူငယ်ချင်း တစ်ယောက်မှ သစ္စာ ဖေါက်ပြီး internet ထဲမှာ ဖေါ်ထုတ် ခဲ့ပါတယ်။
ကိုးရီးယား လူမျိုး တွေဟာ သူတို့ အကြောင်း မကောင်း ပြောရင် အတော် စိတ်နု ကြပါတယ် (ကျွန်တော့ တစ်ဦးတည်း အမြင်ပါ)။ အများက ကျီးကန်း တွေလို ဝိုင်းအာ ကြတော့ Jae Bum လည်း မခံနိုင် တော့ပဲ 2009 September လမှာ 2PM အဖွဲ့က နှုတ်ထွက်ပြီး US ပြန်သွား ပါတယ်။

ကိုးရီးယား နဲ့ တစ်ကမ္ဘာ လုံးမှာပါ ရှိနေတဲ့ များပြား လှတဲ့ Jae Bum ရဲ့ ပရိသတ် ဟာ JYP Entertainment agency ကို မကြေမနပ် ဖြစ်ပြီး ဝိုင်အပြစ် တင်ကြ ပါတယ်။ Jae Bum မပါ တော့တဲ့ 2PM အဖွဲ့ ဟာလည်း တော်တော် နာမည် ကျသွားပါတယ်။ US ပြန်ရောက် ပြီး နောက်မှာ Jaebeom ဟာ သူ့ရဲ့ အနုပညာ လှုပ်ရှား မှုတွေကို မပြတ် လုပ်ခဲ့ ပါတယ်။ Jae Bum ရဲ့ အနုပညာ လှုပ်ရှားမှု သတင်း တွေဟာ media တွေမှာရော youtube ထဲမှာပါ မပြတ် ပါခဲ့ ပါတယ်။ ဒီဇာတ်ကားကိုရိုက်ဖို့အတွက် ကိုရီးယားကို ပထမဆုံးပြန်လာဖြစ်ပါတယ်.....

RaNia အဆို အဖွဲ့မှ အဆိုတော် T-ae မှ မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင်ထားပါတယ်။

IMDB 5.1 ရထားတဲ့ ဇာတ်ကားဟာ 1h:24mins ကြာမြင့်ပါတယ်။ 393 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
393 MB
Hype Nation 3D (2014)

Vendetta (2015)



ကဲ ရုပ်​ရှင်​ချစ်​သူ​တွေ အတွက်​ စိတ်​ဝင်​စား စရာ ဇာတ်​ကား​လေးတစ်​ကား လာပါပြီဗျာ။ Big Show ဆို မသိတဲ့ လူ ​တော်​​တော်​ နည်း ပါတယ်​။ ငယ်​ငယ်​ တုန်းတည်းက ရင်းနှီးပြီးသား နပန်း သမား ကြီးပါ။ The Rockတို့ကို အားကျလို့ ထင်​ပါရဲ့။ သူလည်းရုပ်​ရှင်​ဘက်​ကို ​ခြေ ချ လာပါတယ်​။ ဇာတ်​ကားကလည်း သရုပ်​​ဆောင်​​တွေကို ကြည့်​ရုံ နဲ့ ကြမ်းမယ့်​ ဇာတ်​ကားဆိုတာ သိသာ​နေပါတယ်​။ သူတတ်​နိုင်တဲ့ အတိုင်းအတာ​တွေထက်​ ​ကျော်​လွန်​ပြီး လုပ်​ရပ​စေ လက်​စား​ချေခွင့်​သာရမယ်​ဆိုရင်​ ဘယ်​အရာ​ကြောင့်​မှ ​နောက်​မဆုတ်​ဘူး ဆိုတဲ့ ​ထောက်​လှမ်း​ရေးအရာရှိ တစ်​​ယောက်​ ရဲ့ ဇာတ်​လမ်းပါ။ ဇနီးဖြစ်​သူ ကို ရာဇဝတ်​သား တစ်​​ယောက်​က သတ်​လိုက်​ပြီး​နောက်​ပိုင်းမှာ သူဟာ ရည်​ရွယ်​ချက်​ ရှိရှိနဲ့ ပြစ်​မှုတစ်​ခု ကျူးလွန်​ပြီး ​ထောင်​ထဲကို ဝင်​လိုက်​ပါတယ်​။ ရည်​ရွယ်​ချက်​က တစ်​ခုတည်း။ ​သူ့မိန်းမကို သတ်​ခဲ့သူကို ​ထောင်​ထဲကငရဲခန်းဆီ အရှင်​လတ်​လတ်​ ပို့​ပေးဖို့ပါ။ ထင်​ထားသ​လောက်​ မရိုးရှင်းတဲ့လူ့​လောက ကြီးမှာ သူဟာ ​ထောင်​တွင်းက ဒုစရိုက်​ညွန့်​​ပေါင်းအဖွဲ့​ကြီးရဲ့ အနံ့ကို ရသွားပြီး သူ့ရဲ့ပစ်​မှတ်​​တွေ များပြားလာပါတယ်​။ လက်​စား​ချေမှု ရယ်​ ဒုစရိုက်​အဖွဲ့ကြီးကို ဖြိုခွင်းဖို့ရယ်​။ ထို ​ထောက်​လှမ်း​ရေးအရာရှိ​လေး တတ်​နိုင်​ပါ့မလား ဘယ်​လို စီစဉ်​မလဲ ဆိုတာ စိတ်​ဝင်​စားဖို့​ကောင်းသလို အက်​ရှင်​ကားပီပီ အထိုးအကြိတ်​ ​အတိုက်​အခိုက်​​တွေနဲ့ ကြည့်​ရှု​သူ​တွေကို အားရ​စေမှာပါ။

ရုပ်ရှင်အညွှန်း - CM

IMDB 4.8 ရထားတဲ့အက်ရှင်ကားဟာ 1h:30mins ကြာမြင့်ပါတယ်။ အောက်ပါလင့်ခ်မှာ 394 MB နဲ့ ဒေါင်းနိုင်ပါပြီ။

Download
394 MB
Vendetta (2015)

Tuesday, July 12, 2016

Snitch (2013)


John Matthews(The Rock) သည် သူသားဖြစ်သူဟာ သူမလုပ်သော အပြစ်တခုအတွက်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ကျဖို့အပြစ်ပေးခံရပါတယ်။သူ့သား အပြစ် မဲ့ကြောင်းကို ရှင်းဖို့အတွက် John ဟာ အန္တာရယ် ကြားမှာ Undercover လုပ် အသက်နဲ့ရင်းပြီး သူ့သားအတွက် စွန့်လွတ် ရုန်းကန် ရတော့မယ်အခြေနေမှာဖြစ်ပါတယ်။

The Rock ဟာ ၂၀၀၄ ခုနှစ် က The Rundown ဆိုတဲ့ Action ဇာတ်ကားနဲ့ နာမည်ရလာသူဖြစ်ပြီး Hollywood မှာ နေရာရတဲ့ မင်းသားတယောက်ဖြစ်ပါတယ်။

IMDB 6.5 ရထားတဲ့အက်ရှင်ဇာတ်ကားဟာ 1h:52mins ကြာမြင့်ပါတယ်။ 515 MB နဲ့ အောက်ကလင့်မှာ ဒေါင်းနိုင်ပါပြီ။



Download
515 MB
Snitch (2013)

Monday, July 11, 2016

Left Behind (2014)


မင်းသားကြီး Nicolas Cage ရဲ့ 2014 တုန်းကထွက်တဲ့ အက်ရှင်ကားဖြစ်ပြီး New York Times ရဲ့ အရောင်းရ ဆုံး ဝတ္ထု တစ်ခု ဖြစ်ခဲ့တဲ့ Left Behind(Series) စာအုပ်ကို ပြန်လည် ရိုက်ကူး ထားသော ရုပ်ရှင်ဖြစ်ပါတယ်။ Action-Thriller Movie အမျိုးအစားဖြစ်ပါတယ်။ ကမ္ဘာ ကြီးရဲ့  နောက်ဆုံး အချိန်၊အားလုံး ပျက်စီး သွားပြီးနောက် အသက်ရှင်ကျန်ခဲ့တဲ့ လူတစ်စုအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ လူသား တွေဟာ အစအန လိုက်ရှာလို့မရအောင် ပျောက်သွားကျပြီး သူတို့ ရဲ့ အဝတ်အစား တွေ နဲ့ အသုံးအဆောင်တွေသာ ကျန်ခဲ့ ပြီး ကမာ တစ်ခုလုံး မှာ တိုက်ခိုက်မှု တွေ ဖျက်စီး မှု တွေ ဆက်တိုက် ဖြစ်ပေါ် နေတဲ့ အချိန် စြဖ်ပါတယ်။ ယဉ်တွေ အချင်းချင်း တိုက်ခတ်မိပြီး မီးလောင်မှုတွေ ဖြစ်ပွားကာ ၊ နေရာတိုင်းမှာ အရေး ပေါ်အခြေအနေ ဖြစ်သည် အထိ တိုက်ခိုက်ခံနေရပါတယ်။ ဒီ အခြေအနေ ကို ဖြေရှင်းပေးနိုင်မယ့် သူ၊ အဖြေထုတ်ပေးနိုင်မယ့် သူ တစ်ယောက်မှ မရှိနေပါဘူး။ ထိုအချိန်မှာပဲ ကမ္ဘာ ကြီးတစ်ခုလုံး လုံးဝ အမှောင်ကျ သွားခဲ့ပါတယ်။
ထိုအချိန်မှာပဲ Pilot တစ်ဦးဖြစ်တဲ့ Ray Steele နဲ့ သူရဲ့မိသားစု က အသက်ရှင် ကျန်ရစ်ပြီး ၊ သူက တော့ လေယာဉ်ပေါ်မှာ သူ့ ခရီးသည်တွေနဲ့ အတူ ပိတ်မိနေခဲ့ပါတယ်။ သူဟာ သူ့ လေယာဉ်ပေါ်ပါလာတဲ့ ခရီး သည်တွေ ကို များစွာသော အခက်အခဲတွေကြားက ဘယ်လိုကြိုးစားခဲ့ ရတယ်ဆို တာကို တွေ့ရမှာဖြစ်ပါတယ်။
သူ လေယာဉ်ပေါ်မှာ သက်စွန့် စံ ဖျား အသက်ရှင်ဖို့ ကြိုးစားနေရချိန်မှာ မြေပြင်ပေါ်မှာ ကျန်ခဲ့တဲ့ သူ့ သမီးက ထူးဆန်းတဲ့ လူတွေ ပျောက်ဆုံးမှုမှာပါသွားတဲ့ သူ့ အမေနဲ့ သူ့မောင်လေးကို ပြန်တွေ့ဖို့ အပြင်အထန် လိုက်ရှာ နေခဲ့ ရပါတယ်။
ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

ရုပ်ရှင်အညွှန်း - Movie Update HD

1h:50mins ကြာမြင့်တဲ့ဇာတ်ကားကို 490 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုခံစား နိုင်ပါပြီ။



Download
490 MB
Left Behind (2014)


Mission: Impossible - Rogue Nation (2015)


ဒီဇာတ်ကားဟာ Mission Impossible ရဲ့ ပဉ္စမမြောက်ဇာတ်လမ်း ဖြစ်ပါတယ်။ စတုတ္ထမြောက်ဇာတ်လမ်းဖြစ်တဲ့ Ghost Protocol နဲ့လည်း အနည်းငယ် ဆက်စပ်နေပါတယ်။ Ghost Protocol မှာတုန်းက ဇာတ်သိမ်းပိုင်းမှာ နောက်ထွက်မယ့်ဇာတ်ကားအတွက် သဲလွန်စပေးခဲ့ပါတယ်။ အကြမ်းဖက်မှုတွေကို ကမ္ဘာတစ်ဝှမ်း နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး လှုပ်ရှားနေတဲ့ Syndicate ဆိုတဲ့ အဖွဲ့တစ်ခု ရှိပါတယ်လို့။ Syndicate ဆိုတာ နိုင်ငံတကာအကြမ်းဖက်ဂိုဏ်းဆိုပါတော့။ ဒါပေမယ့် ဘယ်သူမှတော့ အတိအကျမပြောပြနိုင်ဘူး၊ သက်သေမပြနိုင်ကြဘူး။ ဒီဇာတ်ကားမှာ မင်းသားဖြစ်သူ တွမ်ခရုစ် (အီသန်ဟန့်ခ်) က Syndicate ရှိကြောင်း သက်သေပြဖို့ ကြိုးစားရတာ ဖြစ်ပါတယ်။

Ghost Protocol မှာတုန်းက IMF (Impossible Mission Force) အဖွဲ့က ရုရှားနိုင်ငံကိုသွားပြီး မော်စကိုမြို့က ခရင်မလင်နန်းတော်ကြီးကို ဖျက်ဆီးလိုက်မိတာ မှတ်မိကြမှာပါ။ တစ်ခါ စစ်ဆင်ရေးကို အချိန်မှီမဆောင်ရွက်နိုင်တဲ့အတွက် နျူထိပ်ဖူးတပ်ဒုံးကျည်ဟာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က အဆောက်အဦတစ်ခုရဲ့ ခေါင်မိုးကို ပွတ်တိုက်မိပြီး ရေထဲကျ ပေါက်ကွဲသွားတာ သတိရကြမှာပါ။ အဲဒိအဖြစ်အပျက်တွေကြောင့် တစ်ကမ္ဘာလုံးက မျက်ခုံးလှုပ်ကုန်ပြီး ပြည်သူတွေလည်း ထိတ်လန့်ကုန်ပါတယ်။ ဒါ့ကြောင့် ဒီ Rogue Nation ဇာတ်ကားမှာတော့ IMF ကို CIA က သူ့လက်အောက်ခံအဖြစ် သိမ်းသွင်းချင်နေပါတယ်။

IMF ကို ဖျက်သိမ်းလိုက်ပြီး တွမ်ခရုစ်ရဲ့ အပေါင်းအပါတို့အုပ်စုလည်း CIA မှာ လှုပ်မရဖြစ်နေတဲ့အချိန် တွမ်ခရုစ် (အီသန်) ကိုတော့ စီအိုင်အေက မဖမ်းမိသေးပါဘူး။ အီသန်ဟာ အစွမ်းထက်တဲ့ စပိုင်တစ်ယောက်ဖြစ်လို့ CIA က ကမ္ဘာအနှံ့ကွန်ရက်ဖြန့်ပြီး အီသန်ကို လိုက်ဖမ်းပါတော့တယ်။ ဒီအချိန်မှာ အီသန်ဟာ IMF ရဲ့ နောက်ထပ် စစ်ဆင်ရေး (mission) ဟာ ဘာလဲသိရအောင် သတင်းသွားယူတဲ့အချိန်မှာပဲ ထောင်ချောက်ထဲဝင်မိပြီး အဖမ်းခံလိုက်ရပါတော့တယ်။ ဒါပေမယ့် CIA က ဖမ်းမိသွားတာ မဟုတ်ပါဘူး။ Syndicate က ထောင်ဖမ်းသွားတာပါ။

Syndicate ရဲ့ ထောင်ချောက်ဆင်ဖမ်းဆီးခြင်းကို အီသန်တစ်ယောက်ခံလိုက်ရပေမယ့် ဗြိတိသျှထောက်လှမ်းရေး၊ MI6 အေးဂျင့်တစ်ယောက်အကူအညီကြောင့် Syndicate အဖွဲ့ဆီကနေ လွတ်မြောက်လာပါတယ်။ အဲဒိနောက် အီသန်ဟာ CIA လက်က လွတ်အောင်ပြေးရင်း တစ်ဖက်ကလည်း Syndicate အဖွဲ့ကို လက်ရဖမ်းမိနိုင်ဖို့ တစ်ကိုယ်တော်ကြိုးစားရပါတော့တယ်။ Syndicate ဆိုတာ တကယ်ရှိမှန်း သက်သေပြနိုင်မှ IMF ကို ပြန်လည်ဖွဲ့စည်းခွင့်ရမှာပါ။ နောက်ခြောက်လအကြာမှာတော့ အီသန်ဟာ သူတစ်ယောက်တည်း မစွမ်းဆောင်နိုင်မှန်း သဘောပေါက်လာပြီး သူ့ရဲ့ သူငယ်ချင်း အပေါင်းအပါ IMF အဖွဲ့သားဟောင်းတွေနဲ့ ပြန်လည်ချိတ်ဆက်ကာ Syndicate ဆိုတာ တကယ်ရှိကြောင်း လက်ဆုပ်လက်ကိုင်နဲ့ သက်သေပြဖို့ ကြိုးစားပါတော့တယ်။

ဒီဇာတ်ကားမှာ နာမည်အကြီးဆုံး ဇာတ်ဝင်ခန်းကတော့ မင်းသားတွမ်ခရုစ် လေယာဉ်ဘေးပေါက်ကိုကိုင်ပြီး ခိုစီးပြတဲ့အခန်းပါ။ အဲဒိလေယာဉ်ဟာ Airbus A400M အမျိုးအစားဖြစ်ပြီး ဒီအခန်းကို မည်သည့်ရုပ်ရှင်အထူးပြုလုပ်ချက် (special effect) မှ မသုံးထားပါ။ တွမ်ခရုစ်ဟာ ရိုက်သမျှဇာတ်ကားတိုင်းမှာ လူစားမထိုးဘဲ ရိုက်တာဖြစ်သလို ဒီဇာတ်ကားမှာလည်း ဇာတ်ဝင်ခန်းတိုင်းကို သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပါတယ်။ လေယာဉ်ခိုစီးပြတဲ့အခန်းကိုလည်း သူကိုယ်တိုင် သရုပ်ဆောင်ထားပါတယ်။ အင်တာဗျူးတစ်ခုမှာ တွမ်ခရုစ်ကို ဘာလို့ ဒီလောက် အန္တရာယ်များတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကူးရတာလဲလို့ မေးမြန်းတဲ့အခါ တွမ်ခရုစ်က သူဟာ လေယာဉ်မောင်းလိုင်စင်ရထားတဲ့သူတစ်ယောက်ဖြစ်တာမို့ လေယာဉ်အတွင်းခန်းမှာ ထိုင်မောင်းတဲ့အရသာကို ခံစားဖူးပါတယ်။ လေယာဉ်အပြင်ဘက်မှာ တောင်ပံပေါ်မှာ ခိုလိုက်ရတဲ့ အရသာကိုလည်း ခံစားချင်လို့ပါတဲ့။

ဇာတ်ဝင်ခန်းရိုက်ကူးချိန်မှာ လေယာဉ်ဟာ အမြင့်ပေ ၅၀၀၀ မှာ ပျံသန်းနေတာဖြစ်ပါတယ်။ အဲဒိအခန်း ရိုက်ကူးဖို့အတွက် လေယာဉ်ဘယ်တောင်ပံပေါ်မှာ ကင်မရာကို လေဒဏ်ခံနိုင်တဲ့ ဖရိန်နဲ့ ခိုင်အောင် ပြုလုပ်ခဲ့ရပါတယ်။ ရိုက်ကူးချိန်မှာ တွမ်ခရုစ်ရဲ့ မျက်လုံးဟာ ပွင့်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လေတိုက်နှုန်းအင်မတန်ပြင်းထန်ပြီး လေထဲက အမှုန်တွေကလည်း မျက်လုံးကို ခိုက်မိနိုင်ပါတယ်။ အဲဒါတွေက ကာကွယ်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ မျက်ကပ်မှန်တစ်ခုကို ဖန်တီးခဲ့ရပါတယ်။ လေယာဉ်ခိုစီးတဲ့အခါ တွမ်ခရုစ် မျက်လုံးပွင့်နေနိုင်တာ ဒါကြောင့်ပါ။

ဒီဇာတ်ကားရိုက်ကူးချိန်မှာ တွမ်ခရုစ်ဟာ ဒဏ်ရာ ခြောက်ကြိမ်ရခဲ့ပါတယ်။ နောက်ထပ် ပြောပြချင်တာလေးကတော့ ဇာတ်ကားထဲမှာ လူကောင်းမှန်သမျှဟာ BMW ကားကိုသာ စီးကြပြီး လူဆိုးမှန်သမျှဟာ Audi ဒါမှမဟုတ် Mercedes ကိုသာ စီးကြတာကို တွေ့ရမှာပါ။

အဆုံးသတ် မှာလိုက်ချင်တာကတော့ ဇာတ်ကားထဲက ပြဇာတ်စင်ကို သေသေချာချာ ကြည့်ခဲ့ကြပါ။ သြစတြီးယားနိုင်ငံရဲ့ အဓိကစီးပွားရေးဟာ ခရီးသွားလုပ်ငန်းဖြစ်ပြီး အဓိကဆွဲဆောင်မှုက သံစုံတီးဝိုင်းတွေ၊ အော်ပရာပြဇာတ်တွေပါပဲ။ ဒီဇာတ်ကားမှာ သြစတြီးယားရဲ့ အော်ပရာပြဇာတ်တစ်ခုကို မြည်းစမ်းရမှာ ဖြစ်ပါတယ်။ စင်ဖွဲ့စည်းတည်ဆောက်ပုံ၊ ပရိသတ်စင် စတာတွေကို လေ့လာကြပါ။ စင်တည်ဆောက်ပုံတင်မဟုတ် အသံပိုင်းဆိုင်ရာတွေ၊ အပြင်အဆင်တွေ၊ စတူရီယိုက ပုံတူပစ္စည်းတွေကိုလည်း လေ့လာကြည့်ပါ။ မြန်မာပြည်က နိုင်ငံတော်အဆင့် အမျိုးသားပြဇာတ်ရုံနဲ့ နှိုင်းယှဉ်ကြည့်ပါ။ တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့တွေလည်း သူတို့ကို မှီလာနိုင်ကောင်းပါရဲ့ဗျာ...။

ရုပ်ရှင်အညွှန်း - Movie Locos

IMDB 7.4 ရထားတဲ့နာမည်ကြီး အက်ရှင်ဇာတ်ကားဟာ 2h:11mins ကြာမြင့်ပါတယ်။ 606 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။



Download
606 MB
Mission: Impossible - Rogue Nation (2015)

Zanjeer (2013)


လက်သံပြောင်လှတဲ့ ရဲအရာရှိဗီဂျေဟာ သူ့ရဲ့လက်သံပြောင်မှုကြောင့်ပဲ မွန်ဘိုင်းကို ပြောင်းရွှေ့ခြင်းခံရပါတယ်။ မွန်ဘိုင်းက နာမည်ကြီးမာဖီးယားဂိုဏ်း နဲ့ လက်သံပြောင်တဲ့ ရဲအရာရှိတို့ ထိပ်တိုက်တွေ့ကြသောအခါ...

ခပ်ကြမ်းကြမ်းတိုက်ကွက်တွေနဲ့ ဘောလီးဝုဒ်ဇာတ်ကားဟာ 2h:17mins ကြာမြင့်ပြီးတော့ 394.3 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီခင်ဗျာ..။




Download
394 MB
Zanjeer (2013)


The Departed (2006)



တော်တော်များများတော့ ကြည့်ဖူးမယ်ထင်ရဲ့။ The Departed (2006) (Rating 8.5/10) ဆိုတဲ့ကားးပါ။
မူရင်းက ဟောင်ကောင်ရုပ်ရှင် ၂ ကားတွဲ Infernal Affair (2002) (Rating 8.1/10) ဆိုတာပါ။

ဒါကို ဟောလိဝုဒ်က တစ်ကားထဲဖြစ်အောင် သူတို့ နိုင်ငံနဲ့ ကိုက်ညီအောင် ညှိပြီး ရိုက်ယူထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။အရှေ့တိုင်း ဆန် တယ် လို့ ခံစားရတဲ့ ဟောလိဝုဒ် ကား တိုင်း ကြိုက်မိတာမို့ …
ပြီးတော့ ပါဝင်တဲ့ မင်းသား ၂ ယောက်လုံးအပြင် ဇာတ်ရံတွေကိုလည်း နာမည်ကြီး မင်းသားကြီးတွေချည်း သုံးထားတာက လည်း ဒီ ရုပ်ရှင်ရဲ့ ဆွဲဆောင်မှု တစ်ခုပါ။

သာမာန်အားဖြင့် ရုပ် လက်ခဏာ အရ Matt Damon ကို အကောင်း Dicaprio ကို အဆိုး ထားရမှာ ဖြစ်ပေမဲ့ ဒီ ရုပ်ရှင်မှာတော့ ပြေါင်းပြန် ပြန်ထားတာမို့ ထူးဆန်းမှု တစ်ခုပေါ့။ ကြည့်ရင်းနဲ့ သူတို့ မူလ ရုပ်ပျောက်ပြီး Matt ကို အမြင်ကပ် Dicaprio ကို သနားလာအောင် သရုပ်ဆောင်နိုင်တာမို့ စီစဉ်သူရော သရုပ်ဆောင်တွေပါ မှော်အောင်တယ်လို့ ခံစားရပါတယ်။

ဇာတ်လမ်း သဘော အရ …

Jack Nicolson က ဒေသ တစ်ခု က Gangster ပါ။ ရပ်ကွက်ထဲက ဆိုးတဲ့ စရိုက်ရှိတဲ့ ကောင်လေးတွေ၊ သူ့ကို အထင်ကြီးတဲ့ ကောင်လေးတွေ၊ သူ့စကား နားထောင်မဲ့ ကလေးတွေကို ပေးကမ်းကျွေးမွေးထားတဲ့ သူတစ်ယောက်ပေါ့။
သူ့ လက်တံရှည်တာမို့ သူ့ ဒုစရိုက်မှုတိုင်း သက်သေမရှိပဲ သူ လွတ်နေလို့ ရဲ တွေ က အမှားစောင့်ကြည့်ရုံပဲ ကြည့်နိုင်တာပါ။ဒီ ကြားထဲမှာမှ ရပ်ကွက်ထဲမှာ ဦးလေး နဲ့ နေတဲ့ ကလေးလေးကို ငယ်ကတည်း စ စည်းရုံး ကျောင်းထား၊ ကျောင်းပြီး တဲ့ အချိန်မှာ ရဲ တပ်ဖွဲ့ထဲကို ပို့ပါတယ်။ အဲဒီ ကောင်လေးက Matt Damon ပါ။

တချိန်တည်းမှာပဲ တခြါးနေရာက မိသားစု မှာ ဒုစရိုက် နာမည်ပျက်တွေ ပြည့်နေတဲ့ ကောင်လေးတစ်ယောက်ကလည်း မိသားစု ကို စိတ်ကုန်ပြီး ရဲတပ်ဖွဲ့ထဲကို ဝင်ပါတယ်။ Dicaprio ပါ။ တပ်ဖွဲ့မတူပေမဲ့ ထူးချွန်တာ တူတာမို့ အထူးတပ်ဖွဲ့က အင်တာဗျူးပြီး ခေါ်တဲ့ အခါမှာ Gangster Jack Nicolson ရဲ့ မွေးစားသားက အမဲစက် ရက်ကော့မရှိပဲ လူကြီးကြိုက် နဲ့ ရာထူး တစ်နေရာရသွားပါတယ်။

Dicaprio ကတော့ မိသားစု အမဲစက်နဲ့ လူကြီး မျက်စိစူးပြီး Undercover ရဲ အနေနဲ့ ပဲ နေရမယ် လို့ ကမ်းလှမ်းခံရပါတယ်။

Martin Sheen ၊ Mark Wahlberg (နောက်ဆုံး Transformer ကားရဲ့ မင်းသား) ၊ Alec Baldwin တို့က အထက်လူကြီးတွေပေါ့။ Undercover ရဲ Dicaprio ရဲ့ ကိုယ်ရေးမှတ်တမ်းက Martin Sheen နဲ့ Mark Wahlberg တို့ပဲ သိထား ကိုင်ထားခွင့်ရှိတာဖြစ်ပါတယ်။

Matt Damon က သူ့ မွေးစား အဖေ ကို စောင့်ကြည့်ဖမ်းဆီးရမဲ့ အထူးတပ်ဖွဲ့ထဲ ရာထူးတွေ တိုးတိုးလာချိန် တစ်ဖက်မှာ လည်း Dicaprio က လူဆိုး ခေါင်းဆောင် Jack Nicolson နားမှာ နေရာ တစ်ခု ရသူဖြစ်လာပါတယ်။ သူလျှို ၂ ယောက် ဟိုဘက် ဒီ ဘက် သီတင်း အပြန်အလှန် ပေးနိုင်မှုတွေ ရဲတပ်ဖွဲ့ နဲ့ လူ ဆိုးဂိုဏ်း ကြား ညာဏ်ကစားမှုတွေကို တဖြေးဖြေးချင်းရိုက်ပြသွားတာပါ။
ရုပ်ရှင်အညွှန်း - မမချွိ (mandalaygazette.com)

IMDB 8.5 ထိတောင်ရထားတဲ့ ဇာတ်ကားဟာ 2h:31mins ကြာမြင့်ပါတယ်။ 682 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။



Download
682 MB
The Departed (2006)



Thursday, July 7, 2016

Helios (2015)


DC8' လို့ခေါ်တဲ့အလွယ်တကူသယ်ယူနိုင်တဲ့ nulear စက်တစ်လုံး တောင်ကိုရီးယားကနေ အခိုးခံလိုက်ရပါတယ်။ခိုးယူသွားသူက ဒုစရိုက်သမား ချန်ချင်းဆိုသူနဲ့၎င်းရဲ့အပေါင်းအပါတစ်ယောက်ဖြစ်ပါတယ်။ယင်းလက်နက်ကို ဟောင်ကောင်မှာ လက်လွှဲယူမယ့်သတင်းရထားတဲ့အတွက် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့မှ Lee ဆိုသူက စစ်ဆင်ရေးအဖွဲ့တစ်ခု ဖွဲ့လိုက်ပါတယ်။ထိုအဖွဲ့မှာပါဝင်သူတွေကတော့ ရဲအရာရှိ ဖန်၊အကြံပေးအနေဖြင့် ရူပဗေဒပရော်ဖက်ဆာ ရွှီ နဲ့ တောင်ကိုရီးယားမှ လက်နက်ကျွမ်းကျင်ပညာရှင်တွေဖြစ်တဲ့ ချွိုင်နဲ့ ပေါ့ တို့ပါဝင်ပါတယ်။ Lee ဦးဆောင်တဲ့ပညာရှင်တွေပါဝင်တဲ့ ထိုစစ်ဆင်ရေးအဖွဲ့ဟာ ဘယ်လိုပင်ကြိုးစားအားထုတ်ပေမယ့်လည်း နောက်ကွယ်ကနေ ညွှန်ကြားနေတဲ့ ဒုစရိုက်ခေါင်းဆောင် Helios က Lee တို့ထက် ခြေတစ်လှမ်းသာနေတဲ့အခါမှာတော့...

(ဟောင်ကောင်နဲ့တောင်ကိုရီးယား ပူးပေါင်းရိုက်ကူးထားတဲ့ အက်ရှင်ကားဖြစ်သလို ပါဝင်ထားတဲ့ မင်းသားမင်းသမီးတွေကလည်း တကယ့်နာမည်ကြီးတွေပဲမို့ လက်မလွတ်စေဖို့ သတင်းကောင်းပါး တင်ဆက်လိုက်ပါတယ် )

ရုပ်ရှင်အညွှန်း - SKYNET ASIAN MOVIES

IMDB 5.5 ရထားတဲ့ဇာတ်ကားဟာ 1h:58mins ကြာမြင့်ပါတယ်။ 547 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။




Download
547 MB
Helios (2015)


Badmaa$h Company (2010)


တက္ကသိုလ်အတူအောင်ခဲ့တဲ့ သူငယ်ချင်းလေးယောက်ဟာ စီးပွားအတူလုပ်ဖို့ စတင်ပါတော့တယ်။ သူတို့ရဲ့ လုပ်ပုံလုပ်နည်းတွေဟာ ရှေးရိုးအစဉ်အလာတွေကို ချိုးဖျက်ပြီး ကိုယ်ပိုင်ပုံစံမျိုးနဲ့ လုပ်ကိုင်တဲ့အခါမှာ အောင်မြင်မှုတွေရှိသလို အတိုက်အခိုက်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ဟာသ၊ အချစ် စတဲ့ရသမျိုးကို ခံစားရမှာပါ။ အပြည့်အစုံကိုတော့ ဆက်လက်ရှုစားကြပါလို့

ဇာတ်ကားထဲ့က မင်းသမီး Anushka ဟာ မေလ ၁ရက်နေ့ ၁၉၈၈ မှာ မွေးဖွားပြီး သူမရဲ. ပထမဆုံးဇာတ်ကားက မင်းသားကြီး ရှရွတ်ခန်းနဲ့ Rab Ne Bana Di Jodi (2008) ဇာတ်ကားပါ ။ ဒါ့အပြင်သူမဟာ Badmaash Company, Band Baaja Baraat, Ladies vs Ricky Bhal, Jab Tak Hai Jaan, and Patiala House. ဇာတ်ကားတွေမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ထားပါသေးတယ်။ ဒါ့အပြင် နာမည်ကျော် PK မှာလည်း ပါဝင်သရုပ်ဆောင်ထားသူပါ။

IMDB 6.0 ရထားတဲ့ ဘောလီးဝုဒ်ဇာတ်ကားဟာ 2h:22mins ကြာမြင့်ပါတယ်။ 655 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။




Download
655 MB
Badmaa$h Company (2010)

Wednesday, July 6, 2016

Manny (2014)


ဒီဇာတ်ကားလေးကတော့ ထွေထွေထူးထူး ညွှန်းစရာ မလိုတော့ဘဲ အောင်မြင်သူတစ်ဦး၏ ဘ၀ကောက်ကြောင်းကိုသာ ပရိသတ်ဆီ ထိုးကျွေးလိုက်တဲ့ ဇာတ်ကားမျိုးပါ။ IMDB 7.3/10 အထိရရှိထားတာကြောင့်လည်း ရိုက်ကူးတင်ဆက်ပုံမျိုးက ပရိသတ်အကြိုက်တွေ့မိမှာပါ။
ဖိလစ်ပိုင်နိုင်ငံရဲ့ Nation's Fist လို့ လူသိများလာခဲ့တဲ့ ပက်ကွီနိုဟာဖြင့် လက်ဝှေ့အတတ်ပညာ၌ ထူးချွန်သူတစ်ဦးပါ။ ပြိုင်ပွဲ ၆၅ ပွဲအနက် ၅၇ ပွဲအနိုင်ရယူခဲ့ပြီး ၆ ပွဲရှုံး သရေ ၂ပွဲ ရရှိအောင်မြင်ထားပါတယ်။ သူရဲ့ လက်ဝှေ့သက်တမ်းအဆုံးကိုလည်း နောက်တစ်ပွဲမှာ ရပ်တန့်လိုက်တော့မယ် ဟုလည်း သတင်းထွက်ရှိခဲ့ပါတယ်။ မည်သို့ပင်ဆိုစေ သန်မာတဲ့လက်သီးတို့နှင့်အတူ ပြုံးရောင်သမ်းသော မျက်နှာတို့ ပိုင်ဆိုင်ထားသူ ပက်ကွီနိုရဲ့ ဘ၀ကလည်း စိတ်ဝင်စားဖွယ် ကောင်းလှလွန်းလှပါတယ်။ လက်ဝှေ့တွင်သာမက ဖိလစ်ပိုင်နိုင်ငံ၏ အောင်လွှတ်တော် အမတ် တစ်ဦးအနေနဲ့ပါ ကျော်ကြားခဲ့တဲ့ ပက်ကွီနို အကြောင်းကိုတော့ ဒီဇာတ်ကားကြည့်ပြီး ဗဟုသုတတိုးရဦးမှာပါ... “ အောင်မြင်သူတွေရဲ့သမိုင်းမှာတော့ ခရောင်းလမ်းအမြဲရှိတယ် "ဆိုသလို ပက်ကွီနိုရဲ့ အောင်မြင်စေတဲ့ သဘောတရားတွေကိုလည်း ပရိသတ်ကြီး ဝေဖန် ထောက်ရှု ရင်း အတုယူနိုင်ကြပါစေ။ အားလုံးပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်..

ရုပ်ရှင်အညွှန်း - လင်းခယံ

IMDB 7.2 ရထားတဲ့ မန်နီပက်ကွီယိုဇာတ်ကားဟာ 1h:28mins ကြာမြင့်ပါတယ်။ 408 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။



Download
408 MB
Manny (2014)


Tuesday, July 5, 2016

Kill the Messenger (2014)


ဒီနေ့အတွက်တော့ ဇာတ်လမ်းဟောင်းတွေထဲက ကားကောင်းတစ်ကားနဲ့ ရွေးချယ်မိတ်ဆက်ချင်ပါတယ်။ ၂၀၁၄ ထဲမှာ ထွက်ခဲ့တဲ့ ဒီကားက ဒီမှာရုံမတင်ခဲ့ပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ Kill The Messenger ဆိုတဲ့ ဒီကားက အမေရိကန်အစိုးရရဲ့ မူးယစ်ဆေးဝါးပြဿနာမှာ ပါဝင်ပတ်သက်နေမှုကို မီးမောင်းထိုးဖော်ထုတ်တဲ့ သတင်းထောက်တစ်ယောက်ရဲ့ အကြောင်းဖြစ်ပါတယ်။

ဂယ်ရီဝဘ်ဆိုတဲ့ သတင်းထောက်က မူးယစ်ဆေးဝါးနဲ့ ပတ် သက်တဲ့ အကြောင်းအရာတွေကို တစိုက်မတ်မတ် ရေးသားခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အမေရိကာားမှာရှိတဲ့ မူးယစ်ရာဇာတွေနဲ့ သူတို့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ၊ ဈေးကွက်တွေကိုပါ နှံ့နှံ့စပ်စပ်သိရှိထားသူလည်းဖြစ်ပါတယ်။ တစ်ရက်တော့ မူးယစ်ဆေးမှုနဲ့ တရားစွဲဆိုခံထားရတဲ့ လူဆိုးတစ်ဦးရဲ့ အမျိုးသမီးက သူ့ကိုစိတ်ဝင်စားစရာကောင်းတဲ့ အစိုးရလျှို့ဝှက်ချက်ဖိုင်တစ်ခုနဲ့ ချဉ်းကပ်လာပါတယ်။ အဲဒီဖိုင်မှာ အစိုးရရဲ့ရှေ့နေနဲ့ အခြားသော အရာရှိတွေ မူးယစ်ဆေးရောင်းဝယ်ရေးတွေနဲ့ ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတွေ ဖြစ်ပါတယ်။

ဒီအချက်အလက်တွေကိုရခဲ့တဲ့ ဂယ်ရီဝဘ်က ဒီဖြစ်ရပ်နောက် က အစိုးရရဲ့ အရှုပ်တော်ပုံတွေကို သိရဖို့ရသမျှ သတင်းအစအန တွေနောက်လိုက်ပါတော့တယ်။ နိုင်ငံတစ်ဝန်းက မူးယစ်ဆေး ရောင်းဝယ်တဲ့ ဈေးကွက်တွေ၊ အကျဉ်းကျခံရတဲ့ မူးယစ်ရာဇာ တွေကိုကင်းသိုလှောင်တဲ့ နေရာတွေကို လိုက်ပြီး စုံစမ်းပြီးတဲ့အခါ မှာတော့ ဒီဖြစ်ရပ်တစ်ခုလုံးမှာ CIA က အဓိကဖြန့်ဖြူးရောင်းချခဲ့ သူဆိုတာ သိလိုက်ရပါတယ်။

ဒီသတင်းကို သူလုပ်နေတဲ့ San Jose Mercury ဆိုတဲ့ မထင် မရှားသတင်းစာလေးမှာ ဖော်ပြပြီးတဲ့ နောက်မှာတော့အစိုးရ အဖွဲ့နဲ့ ပြည်သူတွေကြားမှာ အုတ်အော်သောင်းတင်းဖြစ်သွားပါတော့တယ်။ ဒါ့အပြင် အမေရိကမှာရှိတဲ့ အဖွဲ့အစည်းတွေကလည်း ဒီဖြစ်ရပ်ကို အမြန်ဖော်ထုတ်အရေးယူဖို့ဖိအားပေးမှုတွေ ဖြစ်လာပါတယ်။ CIA လိုအဖွဲ့မျိုးကို သတင်းဖော်ထုတ်ရေးသားတဲ့ ဂယ်ရီဝဘ်အတွက်လည်း ဖိအားတွေ၊ ခြိမ်းခြောက်မှုတွေ ဖြစ်လာပါတယ်။ ဒီဇာတ်ကားက တကယ့်ဖြစ်ရပ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ နောက်ဆက်တွဲ ဇာတ်လမ်းကိုတော့ ကိုယ်တိုင်ခံစားကြည့်ပါဦး။

ရုပ်ရှင်အညွှန်း - 7Daily

IMDB 7.0 ရထားတဲ့ဇာတ်ကားဟာ 1h:52mins ကြာမြင့်ပါတယ်။ 516MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။




Download
516819 MB
Kill the Messenger (2014)


Dark Places (2015)


အသက် ၇ နှစ်အရွယ်မှာ အမေဖြစ်သူနဲ့ အတူညီအစ်မနှစ်ယောက်အသတ်ခံခဲ့ရတဲ့ အဖြစ်ဆိုးကြီးကနေလွတ်မြောက်ခဲ့တဲ့ Libby Day ဟာမျက်မြင်သက်သေအဖြစ်နဲ့ လူသတ်တရားခံဟာ အသက် ၁၆ နှစ်အရွယ် သူမရဲ့အစ်ကိုဖြစ်သူ Ben Day လို့တရားရုံးမှာဖြောင့်ချက်ပေးခဲ့ပါတယ်။

Ben ဟာ မိသားစုဝင်သုံးဦးကို သတ်ခဲ့ကြောင်း Libby ရဲ့ ဖြောင့်ချက်တစ်ခုတည်းနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခံခဲ့ရတယ်။ အုပ်ထိန်းသူမရှိတဲ့ Libby ဟာ ပရဟိတအဖွဲ့အစည်းအချို့နဲ့ သူမကိုဂရုဏာသက်သူတွေက လစဉ်ထောက်ပံ့တဲ့ငွေကြေးတွေနဲ့ ရှင်သန်ကြီးပြင်းခဲ့ရတယ်။

ဒီလိုနဲ့ နှစ်ဆယ့်ငါးနှစ်ကြာသည်အထိ Libby ဟာ ထောက်ပံ့ကြေးများနဲ့သာ အသက်ဆက်လို့ နေခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ ထောက်ပံ့ကြေးတွေကုန်တော့မှာပါ။ သူမအနေနဲ့ အလုပ်တစ်ခုကိုသာမလုပ်တော့ဘူးဆိုရင် ဝင်ငွေရစရာမရှိတော့ပါဘူး။ ထောက်ပံ့သူတွေအနေနဲ့ လည်း အရွယ်ရောက်ပြီးသူ တစ်ယောက်ကို ဆက်လက်မထောက်ပံ့ချင်တော့ပါဘူး။ Libby က ၇ နှစ်အရွယ်သနားစရာ ကလေးမလေးတစ်ယောက်မဟုတ်တော့ဘူးလေ။

ငွေကြေးအထောက်အပံ့အတွက်အခက်အခဲတွေ့နေစဉ်မှာ Libby တွေ့ဆုံရသူတစ်ဦးက
Lyle Wirth ဆိုသူစိတ်ဝင်စားဖွယ် လူရွယ်တစ်ယောက်။ Lyle က ကိုယ်ပိုင် အသေးစား Laundry လုပ်ငန်းကိုလုပ်ကိုင်နေသူဖြစ်ပြီး The Kill Club ဆိုတဲ့ နေရာမှာလည်း အလုပ်လုပ်ပါသေးတယ်။ The Kill Club ဆိုတာဘာလဲ။ Lyle ကတော့ KC လို့ အတိုကောက်ခေါ်တဲ့ The Kill Club ဆိုတာ ဖြစ်ရပ်မှန်မှုခင်းတွေနဲ့ ထူးခြားတဲ့ လူသတ်မှုတွေကို စိတ်ဝင်စားကြတဲ့ လူတွေချည်းစုနေတဲ့ အဖွဲ့အစည်းတစ်ခုပေါ့။
Lyle ရဲ့ ကမ်းလှမ်းမှုက Libby အတွက်စိတ်ဝင်စားစရာပါ။
The Kill Club ကိုလိုက်ခဲ့ပြီး အဆိုပါလူသတ်မှုတွေဖြစ်ခဲ့တဲ့ညက အဖြစ်အပျက်တွေကို ပြန်ပြောပြဖို့ပါ။ အဲ့လိုပြန်ပြောပြပေးမယ်ဆိုရင် Libby အတွက် ဒေါ်လာ ၇၀၀ ရမှာပါ။

ဒီအမှုဟာ သမားရိုးကျအဖြစ်အပျက်တစ်ခုထက်ပိုမယ်လို့ KC ကလူတွေကယူဆနေကြပါတယ်။ Ben သတ်တယ်ဆိုတာကို လက်မခံနိုင်ကြပဲ Ben ဟာ မတရားထောင်ထဲမှာ ပြစ်ဒဏ်ကျခံနေရတယ်လို့ ယုံကြည်နေကြပါတယ်။
ဒါပေမယ့် Libby ကတော့ အဲ့ဒီညက အကြောင်းတွေကို ဖြစ်နိုင်ရင်ပြန်မပြောချင်တော့ပါဘူး။
သူမအနေနဲ့ဖြောင့်ချက်ပေးထားပြီး ဖြစ်သလို နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ကာ Ben ကလည်း မငြင်းခဲ့ပါဘူး။ Libby က အစ်ကိုဖြစ်သူ Ben ကိုလည်း ထောင်ထဲသို့ သွားရောက်တွေ့ဆုံခြင်းမရှိပါဘူး။ သူမ ဘဝတစ်လျှောက် လိုက်လံနှောက်ယှက်နေတဲ့ အဖြစ်ဆိုးကြီးကနေ တတ်နိုင်သမျှဝေးအောင်နေနေခြင်းပါ။

အခုတော့ အဲ့ဒီညက အဖြစ်အပျက်တွေက သူ့ဆီကို ပြန်လာခဲ့ပြီ။ ထိုညအကြောင်းကို သူမပြန်ပြောမှ သူမအတွက်လိုအပ်နေတဲ့ ငွေကြေးဆိုတာ သူမထံရောက်လာတော့မှာ။ KC ကသိလို  စိတ်ပြင်းပြသူတွေကလည်း  Libby ကိုယ်တိုင်ပြန်ပြောပြတဲ့ အဲ့ဒီညက အဖြစ်အပျက်ကို ကြားချင်နေကြတယ်။ သူတို့တွေ Ben အပြစ်ကင်းကြောင်း သက်သေပြနိုင်ဖို့   နှစ်ပေါင်းများစွာလေ့လာစုံစမ်းစုဆောင်းထားတဲ့ အချက်အလက်တွေ အမှုတွဲတွေရှိနေပေမယ့် Libby ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန်အတွေ့အကြုံမပါပဲ ဘယ်လိုမှ မပြည့်စုံနိုင်ပါဘူး။

အဲ့ဒီညက ဘာဖြစ်ခဲ့တာလဲ။ Libby ရဲ့အမေနဲ့ ညီအစ်မနှစ်ယောက်ကို ဘယ်သူသတ်တာလဲ။
Ben တကယ်သတ်ခဲ့တာလား။ ဘာဖြစ်လို့သတ်ခဲ့တာလဲ။

အိပ်မက်ဆိုးကြီးထဲ Libby တကျော့ပြန်ဝင်ပြီး ခါးသီးခြောက်ခြားဖွယ် အတိတ်ကို ဘယ်လောက်အတိုင်းအတာထိတူးဆွမှာလဲ .....

2009 ခုနှစ်ကထွက်ရှိခဲ့တဲ့ စာရေးဆရာမ Gillian Flynn ရဲ့ အောင်မြင်ခဲ့တဲ့ Dark Places ဝတ္ထုကို အခြေခံပြီး ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းထားတာပါ။ Gillain Flynn ဆိုတာနဲ့ မစိမ်းကြဘူးထင်ပါတယ်။ မနှစ်ကအောင်မြင်ခဲ့တဲ့ Crime Thriller ဇာတ်ကားတစ်ခုဖြစ်တဲ့ Gone Girl ဟာလည်း သူမရဲ့ ဝတ္ထုဇာတ်လမ်းပါပဲ။

Dark Places ဟာ Gone Girl လောက်တော့ ဇာတ်လမ်းအလှည့်အပြောင်း အတက်အကျမကြမ်းပေမယ့် Gilian Flynn ရဲ့ မူအတိုင်း ခံစားမှုအချို့ကိုပေးစွမ်းနိုင်ပါတယ်။
ဇာတ်လမ်းအစတည်းက တွေးစရာတွေပြည့်နေပြီး ဘာဖြစ်မလဲ ဘာဖြစ်မလဲဆိုတဲ့ အတွေးကို ဇာတ်ကားတစ်လျှောက် သင့်အာရုံထဲနေရာယူထားစေပါတယ်။

ဒွိဟတွေ မသေချာမှုတွေနဲ့ အတူ နက်ရှိုင်းတဲ့ ဇာတ်အိမ်ထဲကို ခေါ်ဆောင်သွားခြင်းခံရမှာဖြစ်ပြီး သင့်ကိုယ်တိုင် မေးခွန်းတွေနဲ့ တွေဝေနေပါလိမ့်မယ်။
ရိုးရှင်းတဲ့ သာမန်ဇာတ်လမ်းတစ်ခုပုံစံဖြင့်သာ တင်ဆက်သွားပေမယ့် ဇာတ်ကြောင်းပြန်ပြောတဲ့ပုံစံ (Flashback) တွေနဲ့ ဇာတ်ကောင်စရိုက်တွေကို တဖြည်းဖြည်းချင်းသင့်ကိုမိတ်ဆက်ပေးပါလိမ့်မယ်။

ဇာတ်ကားကိုကြည့်ရင်း သင်မသိလိုက်တဲ့ အချိန်မှာပဲ သင်ဟာဇာတ်ကောင်တွေနဲ့ ရင်းနှီးသလိုခံစားမိလာမှာဖြစ်ပြီး တကယ်တမ်းသင်သူတို့ကို သိပြီလားဆိုတော့ မသိသေးပါဘူး။

ဟုတ်ပါတယ်။ မှောင်မိုက်တဲ့ လျို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေတဲ့ Dark Places ဟာ သင်ကြည့်နေရင်း ဇာတ်လမ်းကို သိပြီလို့ထင်ပါလိမ့်မယ်။ သေချာပါတယ် သင်မသိသေးပါဘူး။

Libby Day အဖြစ် ပြတ်သားရဲရင့်သယောင်ရှိပေမယ့် အရာရာအတွက်ရှေ့ဆက်ဖို့ မသိစိတ်ကစိုးရွံ့နေတတ်တဲ့ပုံစံကို မင်းသမီး Cherlize Theron က အပိုအလိုမရှိသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အရှုံးပေးလိုမှုတွေ မရေရာမသေချာမှုတွေကို သူမရဲ့မျက်လုံးတွေထဲမှာတွေ့နိုင်မှာပါ။ Cherlize Theron နဲ့ အတူ Mad Max: Fury Road ဇာတ်ကားမှာအောင်မြင်ခဲ့တဲ့ Nicholas Hoult ကတော့ Lyle Wirth အဖြစ်သရုပ်ဆောင်ထားပြီး လုပ်ကွက်တော့သိပ်မရခဲ့ပါဘူး။

Flashback တွေက ဇာတ်ကားရဲ့ တစ်ဝက်ကျော်လောက်ကို လွှမ်းမိုးထားတော့ ငယ်ဘဝဇာတ်ကောင်တွေဖြစ်တဲ့ ၁၆ နှစ်သားအရွယ် Ben Day ရဲ့ ဇာတ်ကောင်ဟာလည်း အရေးပါခဲ့ပါတယ်။ Metal တေးဂီတကိုနှစ်သက်သူ လူငယ်တစ်ယောက်၊ ကျောင်းမှာလည်း အပေါင်းအသင်းမိတ်ဆွေမရှိ တစ်ကိုယ်တည်းနေတတ်သူလူငယ်တစ်ယောက်၊ ဆံပင်ခပ်ပွပွနှင့် ဂျစ်ကန်ကန်လူငယ်တစ်ယောက်အဖြစ် Tye Sheridan ကသရုပ်ဆောင်ထားတယ်။ Ben ရဲ့ ချစ်သူခပ်ပွေးပွေး ကောင်မလေး Diondra အဖြစ်တော့ လူငယ်အမျိုးသားပရိသတ်အကြိုက် Chloe Grace Moretz ကသရုပ်ဆောင်ထားတယ်။

Low Budget ရုပ်ရှင်တွေကိုသာရိုက်လေ့ရှိတဲ့ ပြင်သစ်ဒါရိုက်တာ Gilles Paquet-Brenner ရဲ့ ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး Psychological Thriller ကြိုက်သူတွေအတွက် လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားလို့ မြင်မိပါတယ်။

- သင်လက်ခံထားတဲ့အရာတိုင်းက အမှန်တရားဆိုတာသေချာပြီလား?
- သင်ပိုင်ဆိုင်ထားတဲ့အရာတွေကို မဆုံးရှုံးချင်လို့မျက်စိစုံမှိတ်ပြီး လက်ခံထားတဲ့အမှားတရားတွေ ဘယ်လောက်တောင်များနေပြီလဲ?
- သင်ပြန်ပြင်ဆင်ချင်ပါသလား?
- သင့်ကိုယ်သင်ဆက်လိမ်ထားမှာလား? - သင်သူများတွေကိုရောသင်ဆက်လိမ်နေဦးမှာလား?

ရုပ်ရှင်အညွှန်း - LH (International Movie News - IMN)

IMDB 6.2 ရထားတဲ့ ဇာတ်ကားဟာ 1h:53mins ကြာမြင့်ပြီး 522 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူနိုင်ပါပြီ။


Download
522 MB
Dark Places (2015))