Tuesday, August 30, 2016

The Purge: Election Year (2016)


US အစိုးရဟာ နှစ်စဉ်နှစ်တိုင်း ၁၂ နာရီ ကြာ လူသတ်မှုအပါအဝင် ရှိသမျှ ရာဇဝတ်မှုတွေအကုန် တရားဝင်ဖြစ်ခွင့်ပေးတဲ့ စနစ်ကို ကျင့်သုံးလာတာ ကြာပါပြီ။ အဲစနစ်ကြောင့် သေဆုံးသွားသူတွေထဲမှာ Roan ဆိုတဲ့ အမျိုးသမီးငယ်လေးရဲ့ မိသားစုဝင်တွေလည်းပါပါတယ်။ အခုအခါ သမ္မတလောင်းဖြစ်နေပြီဖြစ်တဲ့ Roan ဟာ သူ့လက်ထက်မှာ နှစ်စဉ်ကျင်းပနေတဲ့ သွေးစွန်းလှတဲ့ ဓလေ့ကိုရပ်တန့်ပစ်ဖို့ကြိုးပမ်းနေတယ်ဆိုပေမဲ့ အခုနှစ်ရဲ့ The Purge အချိန်ရောက်လာပြန်လေတော့ သမ္မတလောင်း Roan ကို ၁၂ နာရီအတွင်း ကာကွယ်ပေးဖို့ သက်တော်စောင့် Leo Barnes အပေါ် တာဝန်ကျလာပါတော့တယ်။

The Purge ရုပ်ရှင်တွေရဲ့ တတိယကားဖြစ်ပြီး ၂၀၁၄ ခုနစ်ထွက် The Purge: Anarchy ရဲ့ အဆက်ဖြစ်ပါတယ်။
The Purge: Anarchy 2014 ကိုတော့ ဒီမှာ ဒေါင်းယူနိုင်ပါတယ်။

 ဒါရိုက်တာ James DeMonaco က ရိုက်ကူးပြီး Universal Studios က ဖြန့်ချိပါတယ်။

ရုပ်ရှင်အညွှန်း - ဓါတ်ရှင်

IMDB 6.1 ရနေတဲ့ဇာတ်ကားဟာ 1h:49mins ကြာမြင့်ပါတယ်။ 800 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ

Download
800 MB
The Purge: Election Year (2016)

Sunday, August 28, 2016

Airlift (2016)


ဒီနေ့အတွက်တော့ အိန္ဒိယ ဇာတ်ကားကောင်းတွေထဲက မ ဖော်ပြရသေးဘဲ ကျန်နေတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ အက်ရှင်ဇာတ် ကားကောင်းတွေအပြင် ဟာသ တွေ၊ ဒရာမာဇာတ်လမ်းကောင်း တွေနဲ့ ပြည်တွင်းပရိသတ်သိတဲ့ ဘောလိဝုဒ်မင်းသား အရှေးကူ မားရဲ့ ဇာတ်ကားကောင်းတစ် ကားဖြစ်ပါတယ်။

ဒီဇာတ်ကားက ၁၉၉၀ က ကူဝိတ်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ စစ် ပွဲအတွင်း အဲဒီနိုင်ငံမှာ ရောက်ရှိ နေတဲ့ အိန္ဒိယနိုင်ငံသားတွေရဲ့ အ ကြောင်း ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံသားတစ်ဦးဖြစ်တဲ့ ရန်ဂျစ်က ကူဝိတ်မှာ မိသားစုနဲ့ အခြေချနေတဲ့ စီးပွားရေးသမား တစ်ယောက်ဖြစ်ပါတယ်။ သူ့လိုပဲ ကူဝိတ်နိုင်ငံမှာ ရောက်နေတဲ့ အိန္ဒိယနိုင်ငံသားအရေအတွက် သိန်းချီရှိပါတယ်။

ဆက်ဒမ်ဟူစိန် အုပ်စိုးချိန်ကာလ အီရတ်နိုင်ငံက ကူဝိတ်ကို ကျူးကျော်တိုက်ခိုက်တဲ့အချိန်မှာ ကူဝိတ်နိုင်ငံသားတွေအပြင် အဲဒီနိုင်ငံမှာရှိတဲ့ အိန္ဒိယနိုင်ငံသား အမြောက်အမြား ဖမ်းဆီးသတ်ဖြတ်ခံရပါတယ်။

ကူဝိတ်မှာရှိတဲ့ လူ ချမ်းသာတွေရဲ့ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို အီရတ် စစ်သားတွေက ဖျက်ဆီးပစ်ရုံမက အသက်ကိုပါ ရန်ရှာတာတွေ အထိ ရှိပါတယ်။

ဒီပြဿနာတွေကြားထဲမှာ ရန်ဂျစ်တို့မိသားစုလည်း ရန်မူခံရပြီး ရန်ဂျစ်က သူ့မိသားစုဘေး ကင်းကင်းနဲ့ အမိမြေကို ပြန်ဖို့ကြိုး စားနေတုန်းမှာပဲထောင်ပေါင်းများစွာရှိတဲ့ တခြားသောအိန္ဒိယနိုင်ငံသားတွေကိုပါ ကူညီကယ်တင်ဖို့ ဖြစ်လာပါတယ်။ အိန္ဒိယမှာရှိတဲ့ သံရုံးတစ်ဖွဲ့လုံးကကူဝိတ်ကို စွန့်ခွာဖို့ ကြိုးစားနေတုန်းမှာပဲ ရန်ဂျစ်က အိန္ဒိယနိုင်ငံသားတွေ ဘေးကင်းကင်းနဲ့ အိမ်ပြန်ခွင့်ရဖို့ ကြိုးပမ်းတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
 ရုပ်ရှင်အညွှန်း - 7DayDaily

Download
1 GB
LargeSize
Download
473 MB
StandardSize

Saturday, August 27, 2016

Rabid Dogs (2015)


ဘဏ်ဓါးပြတိုက်ပြီး ထွက်ပြေးကြတဲ့သူတွေဟာ မိန်းမတယောက်၊ ကလေးအဖေနဲ့ ကလေးတယောက်တို့ကို ဓါးစားခံအနေနဲ့ ခေါ်လာပါတယ်။ သူတို့ထွက်ပြေးတဲ့ လမ်းကြောင်းတောက်လျှောက် လူသတ်မှုတွေကို ကျူးလွန်လာခဲ့ကြပြီး ဓါးစားခံ ၃ယောက်ကို လုံးဝမလွှတ်ပေးခဲ့ပါဘူး။ ထွက်ပြေးဖို့ကြိုးစားကြပေမယ့်လည်း ဘယ်လိုမှအရာမထင်ခဲ့ပါဘူး။ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ၊ ဇာတ်သိမ်းဘယ်လိုဖြစ်ပြီး ဘယ်သူတွေ သေကြမလဲဆိုတာကို ခန့်မှန်းလို့မရတာကြောင့် အဆုံးထိကြည့်ရှုကြလိုက်ပါဦးလို့...

IMDB 6.5 ရထားတဲ့ဇာတ်ကားဟာ 1h:40mins ကြာမြင့်ပါတယ်။ နှစ်သက်ရာ ဖိုင်ကို ဒေါင်းယူကြည့်ရှုကြပါကုန်။

Download
1 GB
LargeSize
Download
440 MB
StandardSize

Thani Oruvan (2015)


အိန္ဒိယနိုင်ငံရဲ့ လဘ်ပေးလဘ်ယူကိစ္စမှာ အဆိုးဆုံးလို့နာမည်ကြီးသူကို တိုက်ခိုက်ဖို့စိတ်အားထက်သန်တဲ့ ရဲအရာရှိရဲ့ခက်ခဲတဲ့လှုပ်ရှားမှုတွေအကြောင်း ရိုက်ပြထားတဲ့ဇာတ်ကားတကားဖြစ်ပါတယ်။

IMDB 8.8 အထိတောင်ရထားတဲ့ဇာတ်ကားဆိုတဲ့အတွက်ကြောင့် ပရိသတ်အကြိုက်ဖြစ်မယ်ဆိုတာ သေချာပါတယ်။ 2h:40mins ကြာတဲ့ဇာတ်လမ်းဖြစ်ပြီး 1GB တဖိုင်ပဲတင်ပေးနိုင်ပါတယ်။

Download
1 GB
Thani Oruvan (2015)

Thursday, August 25, 2016

The Green Inferno (2013)


လူသားစားလူရိုင်း ဇာတ်ကားတင်ပေးလိုက်ပါတယ် ။အခု ဒီဇာတ်ကားမှာတော့အသားစားလူရိုင်း ဘ၀တွေနဲ့ ရက်စက်တဲ့အခန်းတွေကို ရင်တမမ ရှုစားရမှာပါ။

ဇတ်လမ်းအကျဉ်းကတော့ ပီရူးနိုင်ငံမှာ အစိုးရပရောဂျက်အတွက် အမေဇုံတောထဲကို ထိုးဖေါက်ဝင်ရောက်ပြီး ရှားပါမဖွံဖြိုးသေးတဲ့လူမျိုးတွေကို မောင်းထုတ်မယ့် အစီအစဉ်ကို အမေရီကန်
ကတတက်ကြွလှုပ်ရှားတဲ့ ကျောင်းသားလူငယ် တစ်စုဟာ ကန့်ကွက်ဆန္ဒပြချင်တာကြောင့် အမေဇုန် တောနက်ထဲထိ သွားရောက်ခဲ့ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်အောင်မြင်ခဲ့သော်လည်း
အပြန်လမ်းခရီးမှာ လေယာဉ် ပျက်ကျပြီးတော့ ဒုက္ခရောက်နေချိန်မှာ မြွေပူရာ ကင်းမှောက် ဆိုသလိုဘဲ လူရိုင်းတွေ နဲ့ တွေ့ပြီးတော့ ဘယ်လို အခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ၊ ရက်စက်ကြမ်းကြုတ်လှတဲ့ လူရိုင်းတွေလက်ထဲကနေ လွတ်မြောက်အောင် ဘယ်လို ကြိုးစားကြမလဲဆိုတာကို ..............တော့
ထိတ်လန့်ဖွယ်ရာ ရိုက်ကွက် တွေနဲ့အတူ ဆက်လက်ရှုစားလိုက်ပါဦး......

rating R အဆင့်ဖြစ်တာကြောင့် မောင်နှမသားချင်း မိဘ သားသမီး အတူ တစ်ကွ ကြည့်ဖို့
မသင့်တော် ပါဘူး။ 18 နှစ်ပြည့်မှသာ ကြည့်ဖို့ တိုက်တွန်းပါရစေ....

IMDB 5.4 ရရှိထားပြီး 1h:40mins ကြာမြင့်ပါတယ်။ အောက်ပါလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ

Download
1 GB
LargeSize
Download
467 MB
StandardSize

Tuesday, August 23, 2016

Maigret Sets a Trap (2016)


ရုပ်ရှင်ပရိတ်သတ်ကြီး အတွက် IMDB မှာ Rating 8.7/10 ရရှိထားတဲ့ Maigret Sets A Trap ဆိုတဲ့ ရုပ်ရှင်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်

ပထမဆုံး မိတ်ဆက်ပေးချင်တာက အဓိကဇာတ်ကောင် စုံထောက်ကြီး Maigret နေရာမှာ သရုပ်ဆောင်တဲ့Rowan Atkinson (တစ်ကမ္ဘာလုံး Mr.Bean လို့သိထားတဲ့ ဟာသအကျော်အမော်ကြီး) ဖြစ်ပါတယ်...

www.dailymail.co.uk မှာဖော်ပြထားတာကတော့ ဒီ စုံထောက်ဇာတ်ကောင်နေရာမှာ Mr.Bean သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး အသေးစိတ်ကအစ ပြောထားပါတယ်..... Mr.Bean ရဲ့ အသံ .. မျက်ခုံး ... အမူအရာ တွေက ..စုံထောက်ကြီး Maigret ဇာတ်ကောင်အတွက် အသင့်တော်ဆုံးဖြစ်ကြောင်း ထောက်ပြထားပါတယ်.....ကျွန်တော်ကိုယ်တိုင်လည်း ဒီဇာတ်ကားကို မကြည့်ခင်တုန်းက...ဘယ်လိုအမူအရာမျိုးကြီးဖြစ်မလဲ ထင်ခဲ့ပေမယ့်....ကြည့်ပြီးသွားတဲ့ အခါ...သိလိုက်ရတာက....Mr.Bean ဆိုတာကိုမေ့သွားလောက်တဲ့ တည်ငြိမ်တဲ့ အမူအရာပါပဲ...

Comedian တစ်ယောက်ရဲ့အနုပညာဖန်တီးမှုဟာ ဘယ်လောက်ထိ နက်ရှိုင်းကြောင်း သိလိုက်ရပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အမျိုးသမီး ၄ ဦး အသတ်ခံရတဲ့အမှုကနေ အစပြုထားပါတယ်....ဒီ ကွင်းဆက်လူသတ်သမားကို ဖမ်းမိဖို့အတွက် တာဝန်အရှိဆုံးသူမှာ စုံထောက်အဖွဲ့ရဲ့အကြီးအကဲ Maigret ပေါ်မှာ ခေါင်းပုံကျနေပါတယ်....Rowan Atkinson (Mr.Bean) က ဇာတ်လမ်းစဖွင့်ကတည်း အကျပ်အတည်းကြားထဲ   ရောက်နေတာပါ... ဆေးတံကြီးခဲပြီး..အမှုဖြစ်စဉ်တစ်ခုလုံးကို သုံးသပ်နေတာပါ

(James Bond နဲ့ မာတီနီ အရက် တွဲထားသလို....စုံထောက်နဲ့ ဆေးတံကလည်း လိုက်ဖတ်သဗျ :P)

မီဒီယာတွေရဲ့ထိုးနှက်မှုတွေကို ပြန်အသုံးချပုံတွေ....
ထောင်ချောက်ဆင်ပြီး လူသတ်သမားရဲ့စိတ်ကို ဆွပေးပုံတွေ...
သဲလွန်စအသေးအဖွဲ့လေးကနေ အမှုကြီးတစ်ခုလုံးဖော်ထုတ်သွားပုံတွေ....
လူသတ်သမားရဲ့စိတ်နေစိတ်ထားကို အကဲခတ်ပြီး...ဘာကြောင့် လူသတ်ရသလဲဆိုတဲ့ အကြောင်းအရင်း... ကို စိတ်ဝင်စားဖွယ်ရှုစားရမှာပါ။

ဒီဇာတ်လမ်းကို ကြည့်တဲ့အချိန်မှာ အကြံပြုလိုတာကတော့.....စုံထောက်ကြီး Maigret နဲ့အတူ အမှုအသွားအလာကို ဆင်ခြင်ရင်း...အမှုမှန်ပေါ်အောင် ဖော်ကြည့်ဖို့ပါပဲ...
Maigret ရဲ့အယူအဆနဲ့ ကိုယ်စဉ်းစားမိတာချင်း တူတာပဲဖြစ်ဖြစ် ..မတူတာပဲဖြစ်ဖြစ်     သင့်မှာလည်း   ထက်မြတ်တဲ့  စုံထောက်ဥာဏ်ရှိကြောင်း...အံ့သြဖွယ်တွေ့ရှိရမှာပါ။

1h:27mins ကြာမြင့်တဲ့ဇာတ်ကားကို ဖိုင်ဆိုဒ်နှစ်မျိုးတင်ပေးထားပါတယ်။ အောက်ပါလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။
ရုပ်ရှင်အညွှန်း- R!B (Flim2mm.com)

Download
998 MB
LargeSize
Download
393 MB
StandardSize

Monday, August 22, 2016

Senior : Run Phee (2015)


ဒီဇာတ်ကားနဲ့ ပါတ်သတ်လို့ ပထမဆုံးညွှန်းချင်တာကတော့ မင်းသမီးလေးပါပဲ။ Jannine Weigel ကို YouTube မှာ ကာဗာသီချင်းတဲ့ ဂျာမန်-ထိုင်းကပြားမလေးအဖြစ်သိခဲ့ပါတယ်။ Cover Song အများအပြားကိုလည်း သူ့ရဲ့ YouTube Channel မှာ ကြည့်ရှုနိုင်ပါတယ်။ ငယ်ငယ်ချောချော ၊ အသံကောင်းကောင်း ကောင်မလေးဆိုတော့ လူစိတ်ဝင်စားမှုတော်တော်များခဲ့ပါတယ်။ 2015 မှာတော့ ရုပ်ရှင် နှစ်ကား ရိုက်ပါတယ်။ ယခုတင်ထားတဲ့ Senior ဆိုတဲ့ဇာတ်ကားဟာ သူမရဲ့ ဒုတိယမြောက်ဇာတ်လမ်းပဲ ဖြစ်ပြီး ယခုမှ အသက် ၁၆နှစ်ပဲရှိပါသေးတယ်။ ကျွန်တော်ပထမဆုံး ကြည့်ဖူးတဲ့ သူ့ရဲ့ CoverSong ဖြစ်တဲ့ Titanium ကို အရင်ကြည့်လိုက်ရင် ဒီဇာတ်ကားကို ကြည့်ချင်စိတ်တွေ ပိုလာပါလိမ့်မယ်။ မင်းသားကိုတော့ စိတ်ကိုမဝင်စားလို့ မညွှန်းတော့ပါဘူး.. :P


ဇာတ်လမ်းအကျဉ်းကိုပြောရင် မင်းသမီးလေးဟာ အထက်တန်းကျောင်းသူတယောက်ဖြစ်ပြီး မိန်းခလေးကျောင်းမှာ ကျောင်းအိပ်ကျောင်းစားဖြစ်ပါတယ်။ သူမဟာ ငယ်ငယ်တုန်းက ကားမတော်တဆဖြစ်ခဲ့ပြီးနောက်ပိုင်း ဝိညာဉ်တွေမမြင်ရပေမယ့် အနဲ့အာရုံရှိသူဖြစ်ပါတယ်။ တရက်မှာ အဲ့ဒီကျောင်းက ဝိညာဉ်ကောင်းလေးတယောက်ပေါ်လာပြီး သူ့ကိုဆက်သွယ် အကူအညီတောင်းပါတော့တယ်။ သူတောင်းတဲ့အကူအညီကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀တုန်းက ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုကို စုံစမ်းပေးဖို့ပါပဲ။ နုနုနယ်နယ်ကောင်းမလေးတယောက်အနေနဲ့ ဝိညာဉ်ကောင်လေးကို ဘယ်လိုကူညီမလဲဆိုတာကိုတော့....

IMDB 6.4 အထိရထားတဲ့ ထိုင်းဇာတ်မြူးသရဲကားဟာ 1h:44mins ကြာမြင့်ပါတယ်။ မိမိနှစ်သက်ရာ ဖိုင်ကို ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။

Download
777 MB
LargeSize
Download
389 MB
StandardSize

Sunday, August 21, 2016

Sniper: Ghost Shooter (2016)


2016 ရဲ့ စနိုက်ပါဇာတ်လမ်းသစ်တပုဒ် တင်ပေးလိုက်ပါပြီ။ အမေရီကန်စစ်ကားတွေမှာ  ကလေးတွေ၊ မိန်းမတွေဆိုရင် ရန်သူဖြစ်ရင်တောင် ညှာတာတတ်တယ်ဆိုတာကို အမြဲတမ်းထည့်ရိုက်တတ်တဲ့ လူသားဆန်မှုဆိုတာကို မြင်ရလေ့ရှိပါတယ်။ ဒါမျိုးဇာတ်ကားတွေဆို ပရိသတ်ကိုအရမ်းအရမ်း ကြည့်စေချင်တာကြောင့် တင်ပေးလိုက်ပါရစေ။

ဇာတ်လမ်းအကျဉ်းကတော့ စနိုက်ပါနှစ်ယောက် မစ်ရှင်တခုအတွက် တာဝန်ထမ်းဆောင်ရင်း ရန်သူတွေနဲ့ ထိပ်တိုက်တိုးပြီး မထင်မှတ်တဲ့ အခက်အခဲတွေနဲ့ကြုံရပါတယ်။ ဘယ်လိုကျော်ဖြတ်မလဲဆိုတာကိုတော့....

IMDB 5.4 ရထားတဲ့ စစ်ကားဟာ 1h:39min ကြာပါတယ်။ ကြိုက်နှစ်သက်ရာ ဖိုင်ကို ဒေါင်းလုပ်ယူနိုင်ပါတယ်။

Download
800 MB
Large Size
Download
456 MB
Standard Size

Saturday, August 20, 2016

Sarbjit (2016)


သတိ ယခု Flim2mm မှ တင်ထားသော ဇာတ်ကားကြည့်ရင်း မျက်ရည်မကျပါစေနှင့်....

ဆာရာဂျစ် ဆိုသော အိန္ဒိယနယ်စပ်ရွာမှ သူတဦးဟာ အရက်မူးကာ ပါကစ္စတန် နယ်ထဲသိုဝင်ရောက်မိရာကနေ အဖမ်းခံရပါတယ်။ ကံဆိုးချင်တော့ သူ့ကို အကြမ်းဖက်သမားဟု စွပ်စွဲကာ ထောင်ထဲပို့လိုက်ကြပါတော့တယ်။
သူအဖမ်းခံရချိန်တွင် အဖေဖြစ်သူ၊ ဇနီး ၊ သမီးနှစ်ယောက် နှင့်အတူ သူ့ရဲ့ညီမ ဒယ်လာတို့ ကျန်ရစ်ခဲ့ပါတယ်။  သူ့အစ်ကိုကိုမှားယွင်းစွပ်စွဲကြောင်း သိနေတဲ့ဒယ်လာဟာ သူ့အစ်ကို လွတ်ဖို့အရေးကို ရေကုန်ရေခန်းကြိုးစားပါတော့တယ်။ သူ့ရဲ့ကြိုးစားမှုဟာ နိုင်ငံတော်အဆင့်ထိရောက်ခဲ့ပါတယ်။ မိသားစုနဲ့ အစ်ကိုတွေ့နိုင်အောင်လည်း ကြိုးစားခဲ့ပါတယ်။ စိတ်ဓါတ်ပြင်းတဲ့ အမျိုးသမီးတယောက်အနေနဲ့ သူ့အစ်ကိုကို လွတ်အောင်ဘယ်လိုများ စွမ်းဆောင်မှာလဲ အောင်မြင်မှာလား ဆိုတာကိုတော့...

ဖြစ်ရပ်မှန်ကို အခြေုပုပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတပုဒ်ပါ။  အိန္ဒိယ ပါကစ္စတန်နှစ်နိုင်ငံ ရဲ့ တင်းမာမှုအခြေအနေတွေကိုလည်း တွေ့မြင်ရမှာပါ။ ခါးသီးစရာကောင်းတဲ့ အမုန်းတွေကိုလည်း ဒီကားထဲမှာ တွေ့မြင်ရမှာပါ။ အမျိုးသမီးယောက်အနေနဲ့ ဘယ်လောက်ထိစွမ်းဆောင်နိုင်သလဲဆိုတာကိုလဲ တွေ့မြင်ရဦးမှာပါ။
 ပျော်ရွှင်စရာဇာတ်ကားတော့ မဟုတ်ပါဘူး။ အခန့်မသင့်ရင် မျက်ရည်တွေဘာတွေ ထွက်သွားနိုင်ပါတယ်။

2013 ခုနှစ်က VOA ကတင်ထားတဲ့ ဆာရာဂျစ်နှင့်သက်ဆိုင်တဲ့ သတင်းတပုဒ်လင့်ခ်ထည့်ပေးလိုက်ပါတယ်။

DVD rip ဖြစ်ပြီး ဘာသာပြန်သူကတော့ linnthura1988@gmail.com ဖြစ်ပါတယ်။

IMDB 7.3 အထိရရှိထားပြီး 2h:11mins ကြာမြင့်ပါတယ်။ 842 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Download
842 MB
Sarbjit (2016)

To Steal from a Thief (2016)


ဗလင်စီယာဘဏ်ကို ဓါးပြတိုက်တဲ့ အခါ ဘဏ်ထဲက safety box တခုထဲမှာ ရှိတဲ့အချက်အလက်တွေဟာ အစိုးရပိုင်းဝန်ကြီးအချို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပါဝင်နေပါတယ်။ ဓါးပြတွေကလည်း ဒါတွေကိုယူပြီး မြေအောက်ကနေ ထွက်ပြေးရမယ့် အစီအစဉ်ဟာ မိုးအရမ်းသည်းတာကြောင့်ပျက်ခဲ့ရပြီး သူတို့ထွက်ပြေးလွတ်မြောက်ဖို့အတွက် အစိုးရပိုင်းလူအချို့နဲ့ အပေးအယူလုပ်ရပါတော့တယ်။
ဇာတ်လမ်းခေါင်းစဉ်အတိုင်း သူခိုးဆီက သူဝှက်လု ဆိုသလို ဘယ်သူတွေက သူဝှက်တွေဖြစ်မလဲဆိုတာကိုတော့.....

IMDB 6.4 ရထားတဲ့ဇာတ်ကားဟာ 1h:36 mins ကြာမြင့်ပါတယ်။ မိမိအဆင်ပြေရာ ဖိုင်ကို ဒေါင်းယူကြည့်ရှုနိုင်ရန်  ဆိုဒ်နှစ်မျိုးတင်းပေးထားပါတယ်။

Download
923 MB
Large Size
Download
447 MB
Standard Size

Thursday, August 18, 2016

Srimanthudu (2015)



ကိုယ်ပိုင်ခံယူချက်နဲ့ ကိုယ့်လမ်းကိုယ်ဖေါက်တဲ့ Harsha ဟာ မီလျံနာတယောက်ရဲ့သားဖြစ်ပေမယ့် သူ့အဖေရဲ့လုပ်ငန်းကို စိတ်မဝင်စားပဲ၊ ဆင်းရဲတဲ့သူတွေကို စိတ်ချမ်းသာအောင် လုပ်ပေးတာကို ပျော်မွေ့နေသူတယောက်ပါ။  သူချစ်တဲ့သူတယောက်ကို ရခဲ့ပြီး အဲ့ဒီချစ်သူနဲ သူနဲ့ တရွာတည်းသားဆိုတာ ရုတ်တရတ်သိလိုက်ရပါတယ်။

သူတို့ရဲ့ရွာလေးဟာ အခုဆိုရင် ဝန်းကြီးနဲ့ အမျိုးတော်တဲ့ လူဆိုးဂိုဏ်းတခုက ကြီးစိုးနေပြီးရွာသားတွေစိတ်သောကရောက်နေတာကို ကကြည့်ရက်တော့တဲ့ အခါ ၊ အရင်တုန်းက သူ့အဖေ ကူညီခဲ့သလိုပဲ၊ ဒီရွာကို အခက်အခဲတွေကြားက ဘယ်လိုရအောင်ကယ်တင်မလဲဆိုတာကိုတော့

ဒီဇာတ်လမ်းဟာ DVD rip လုပ်ထားပြီး မူရင်း မြန်မာဘာသာပြန်တာ လိုအပ်ချက်တွေနဲ့ မပြည့်စုံပါဘူး။ ဒါပေမယ့် အဓိကလိုရင်းကိုတော့ သိနိုင်ပါတယ်။ အစက မတင်တော့ဘူးလို့စဉ်းစားထားပေမယ့် ဇာတ်လမ်းကောင်းပြီး ဖိုက်တင်ခန်းတွေကြမ်းတာမို့ တင်ပေးလိုက်ပါတယ်။ အဆင်မပြေရင်တော့ ခွင့်လွှတ်ပေးကြပါလို့ ကြိုတင် မေတ္တာရပ်ခံအပ်ပါတယ် ပိတ်သတ်တို့။

IMDB 7.8 ရထားတဲ့ ဘောလီးဝုတ် အချစ်အက်ရှင်ကားဟာ 2h:38 mins ကြာမြင့်ပါတယ်။ ပုံမှန်ဆိုဒ် 589 MB နဲ့ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။ HD လိုချင်ရင်ပြောပါ။ 2GB ရှိပါတယ်။

Download
589 MB
Srimanthudu (2015)

Tuesday, August 16, 2016

Close Range (2015)



အက်ရှင်ကားကြမ်းကြမ်းကြိုက်သူများအတွက်ပါ။ fighting ခန်းတွေကတောက်ရှောက်ပါဝင်ပြီး ကြမ်းကြမ်းတမ်းတမ်းထိုးကြိတ်ခန်းတွေက ခင်ဗျားတို့အကြိုက်ဖြစ်မှာပါ။
ဇာတ်လမ်းအကျဉ်းကတော့ စစ်ပြေးတယောက်ဟာ လူတွေရဲ့ အဝေးမှာ ပုန်းရှောင်နေမယ့်အစား သူ့အစ်မနဲ့ သူ့တူမ အတွက်နဲ့ ဖိုက်တာလုပ်ရပါတော့တယ်။ အဲ့ဒီမှာ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့၊ လာဘ်စားတဲ့အရာရှိတွေကို အကြမ်းပတမ်း ဆုံးမဖို့ဖြစ်လာတော့ လုံးဝသနားညှာတာမှုမရှိပဲ တိုက်ခိုက်တဲ့အခါ....

IMDB 5.0 ရထားတဲ့ အက်ရှင်ကားဟာ 1h:20mins ရှည်ပါတယ်။ နှစ်ဖိုင်တင်ပေးထားပါတယ်။ ကြိုက်နှစ်သက်ရာ ဖိုင်ကို ဒေါင်းယူကြည့်ရှုနိုင်ပါသည်။

Download
923 MB
Large Size
Download
365 MB
Standard Size

Ki & Ka (2016)


ရိုက်ကူးကုန်ကျစရိတ် အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းရှိခဲ့ ပြီး ရုံဝင်ငွေအမေရိကန်ဒေါ်လာ ၇ ဒသမ ၉ သန်း ရရှိနေသည့် ဟင်ဒီစကားပြော ဒရမ်မာရုပ်ရှင်ဖြစ်သည်။ ကီရာ (ကာရီ နာကပူခန်) သည် အောင်မြင်သော အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သူမကဲ့သို့ပင် အခြားအမျိုးသမီးများအား အိမ် ထောင်သားမွေးအလုပ်မှ ရုန်းထွက် ပြီး မိမိအလုပ်ကို လုပ် ကိုင်ကြရန် တိုက်တွန်းတတ်သူဖြစ်သည်။ သို့မှသာ မိမိခင်ပွန်းဖြစ်သူကို ထောက်ပံ့နိုင်မည်ဟု ယုံကြည်နေသည်။ တစ်နေ့တွင် နာမည်ကျော်ဆောက်လုပ်ရေး ကန်ထရိုက်တာ တစ်ဦး၏ သား ဖြစ်သူ ကာဘီရာဆိုသူနှင့် ဆုံစည်းမိပြီး ထိုအမျိုးသားအပေါ်ကို စိတ် ဝင်စားခဲ့သည်။ ထိုအမျိုးသားသည် သူ၏မိခင်ကဲ့သို့ အိမ်ထောင်ရှင်မ ကောင်းတစ်ဦးဖြစ်လာမည့် မိန်းက လေး တစ်ဦးကိုလိုလားပြီး စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအနေဖြင့် အိမ်မှ ထွက်ကာ အလုပ်လုပ်သည်ကို မနှစ် မြို့ပေ။
ခံယူချက်ချင်းမတူညီသည့် သူ တို့နှစ်ဦးချစ်ကြိုက်မိပြီး လက်ထပ်ရန်စီစဉ်ကြသောအခါမှ ပြဿနာ များ စတင်လာတော့သည်။ ကီရာ၏ အလျှော့မပေးတတ်သော စိတ်နှင့် ကာဘီရာ၏ အနိုင်မ ခံသော စိတ် အခြေအနေများကြောင့် လက်ထပ်ပြီးစ ကြင်စဦးဇနီးမောင်နှံမှာ တကျက်ကျက်ဖြစ်ခဲ့ကြသည်။ လင်မယားနှစ်ဦးကွဲခါနီးအချိန်တွင် အမျိုးသားတစ်ဦးအတွက် အိမ်မှုကိစ္စများ ကိုင်တွယ်ပြီး အပြင်ထွက် အလုပ်မလုပ်ခြင်းသည် ရဲရင့်သော ဆုံးဖြတ်ချက်ဖြစ်သော်လည်း ထို ကဲ့သို့သော ယောကျာ်းမျိုးကိုပိုင်ဆိုင် ရသော မိန်းမတစ်ဦးကို ရွေးချယ်ရ ခြင်းသည် ပိုမိုခက် ခဲသော ဆုံးဖြတ်ချက်ဖြစ်သည်ဆိုသော စာတစ်စောင်ကို လက်ခံရရှိခဲ့သည့်အခါ လင်မယား နှစ်ဦး၏ စိတ်အပြောင်းအလဲ ဖြစ်ခဲ့ရသည်။ ယနေ့ခေတ် အိန္ဒိယလူမှု အသိုက်အဝန်းမှ ဇနီးမောင်နှံတို့ ၏ ဘဝကို ထင်ဟပ်ပြသထားသောရုပ် ရှင်ဖြစ်သည်။

ရုပ်ရှင်အညွှန်း - #Democracy Today
 
IMDB 5.8 ရထားတဲ့ ဟာသနှောထားတဲ့ အချစ်ဇာတ်ကားဟာ 2h:06mins ကြာမြင့်ပါတယ်။ ဖိုင်ဆိုဒ် အကြီး အသေးနှစ်ခု တင်ပေးထားပါတယ်ခင်ဗျာ။

Download
999 MB
ဖိုင်ဆိုဒ်အကြီးဒေါင်းရန်


Download
457 MB
ဖိုင်ဆိုဒ်အသေးဒေါင်းရန်

Monday, August 15, 2016

The Fundamentals of Caring (2016)



ဂျက်စတင်ဘီဘာရဲ့ ရည်းစားဟောင်း ဆလီးနာဂိုမက်စ် ရဲ့ 2016 ဇာတ်လမ်းအသစ်ဖြစ်ပါတယ်။ ဟာသဇာတ်မြူးတွေမှာနာမည်ရတဲ့ Paul Rudd ပါဝင်ပြီး လူငယ်မင်းသားလေး Craig Roberts ကလည်း သရုပ်ဆောင်ကောင်းလှပါတယ်။ 

ဇာတ်လမ်းအကျဉ်းကတော့ ကြွက်သားနဲ့ အကြောသေနေတဲ့ ရောဂါခံစားနေရတဲ့ လူငယ်လေးတဦးကို အနီးကပ်ပြုစုနေရတဲ့သူတဦးအဖြစ် Paul Rudd က ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲ့ဒီလူငယ်လေးကို စိတ်အပန်းဖြေခရီးထွက်ပေးရာကနေ လမ်းမှာ ဂျစ်ကန်ကန်ကောင်မလေးတယောက်ကို တင်ခေါ်လာပြီး ခရီးထွက်လာခဲ့ပါတယ်။   နောက်ထပ်ဘယ်သူတွေကို တင်ခေါ်ပြီး  သူတို့ခရီးကို ဘယ်လိုတွေဆက်သွားမလဲဆိုတာကိုတော့....

အမေရိကန် ဟာသကားဆိုတာ အတင်းကြီး ဂလိထိုးပြီး ရယ်ခိုင်းတာမဟုတ်ပဲ ဆက်စပ်တွေးတောပြီး ဘယ်လို ပြုံးစေ၊ ရယ်မောစေလဲဆိုတာကိုတော့ ကြည့်ပြီး သဘောကျမှာပါ။

IMDB 7.4 အထိရနေတဲ့ ဟာသဇာတ်မြူး ဇာတ်ကားဟာ 1h:37mins ကြာမြင့်ပါတယ်။ 424 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။



Download
424 MB
The Fundamentals of Caring (2016)

Sunday, August 14, 2016

Independence Day: Resurgence (2016)


Independence Day 2 ကို 20th Century Fox က 2D, 3D format နဲ့ ထုတ်​လုပ်​ခဲ့ပြီး Roland Emmerich က ရိုက်​ကူးခဲ့တာပါ

အပိုင်း ၁ ရဲ့ အကျန်းချုပ်​ ဇာတ်​လမ်းက​တော့ ကမ္ဘာကြီး ကို ဂြိုလ်​သား​တွေက ပုဂံပြား ပျံနဲ့ လာ​ရောက်​တိုက်​ခိုက်​တာကို ခုခံတိုက်​ထုတ်​တာကို အ​ခြေခံထားပါတယ်​ ဝမ်းနည်းဖို့ ​ကောင်းတာတခုက အပိုင်း ၁ က မင်းသားကြီး Will Smith အပိုင်း ၂ ရိုက်​​တော့ မပါ​တော့တာပါဘဲ

Independence Day 1 ထွက်​ပြီး နှစ်​နှစ်​ဆယ်​ကြာတဲ့ အချိန်​မှာ အ​မေရိကန်​ ESD (Earth Space Defense) ဆိုတဲ့ အဖွဲ့ အစည်း တခုကို ဖွဲ့စည်းခဲ့ပြီး တကမ္ဘာ လုံး ကို ကာကွယ်​ပြီး သတိ​ပေးဖို့အတွက်​ပါ၊
အဓိက သူတို့က ​ရှေ့က လက်​ကျန်​ ဂြိုလ်​သား​တွေကို နှိမ်​နှင်းရန်​ Area 51 ကို ESD ရုံးချုပ်​အဖြစ်​ထားပြီး Moon, Mars, and Rhea တို့​ပေါ်မှာ စစ်​တပ်​ကို့ စနစ်​တကျ ဖွဲ့စည်းထားပြီး ကမ္ဘာကြီးကို ကာကွယ်​ရန်​ပြင်​ဆင်​ထားကြတယ်

အဲ့မှာ ​နောက်​တခါ Alien ​တွေက ဘယ်​လိုပုံစံနဲ့ ထပ်​ပြီး တိုက်​ခိုက်​မလဲ၊ အဲ့ဒါ ​ကို လူသား​တွေက​ကော ဘယ်​လိုပုံစံနဲ့ ကာကွယ်​တိုက်​ခိုက်​မလဲ ဆိုတာ​တော့ ဇာတ်​လမ်း​လေးထဲမှာဘဲ ရှုစား​ပေးပါ​နော်

ရုပ်ရှင်အညွှန်း - Updated New Movie Tube

IMDB 5.5 ရထားတဲ့ဇာတ်လမ်းအသစ်ဟာ 2h:00mins ကြာမြင့်ပါတယ်။ ဖိုင်ဆိုး အကြီး နဲ့ အသေးနှစ်ခုတင်ပေးထားပါတတယ်။ မိမိနှစ်သက်ရာ ဒေါင်းယူနိုင်ကြပါပြီ။


Download
1.1 GB
ဖိုင်ဆိုဒ်အကြီးဒေါင်းရန်
Download
443 MB
ဖိုင်ဆိုဒ်အသေးဒေါင်းရန်

Friday, August 12, 2016

The Legend of Hercules (2014)


၂၀၁၄ တုန်းကထွက်တဲ့ ဟာကျူလီဇာတ်ကားတင်ပေးလိုက်ပါတယ်။ အောက်ပါလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။
IMDB 4.2 ရထားတဲ့ ဇာတ်ကားဟာ 1h:39mins ကြာမြင့်ပါတယ်။ 449 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Download
449 MB
The Legend of Hercules (2014)

Thursday, August 11, 2016

Tere Bin Laden Dead or Alive (2016)


ဘောလီးဝုဒ်ဟာသကားတကားတင်ပေးလိုက်ပါပြီ။ ဘင်လာဒင်နဲ့ ရုပ်တူတဲ့လူတယောက်ကို တာလီဘန်တွေရော သမ္မတ အိုဘားမားရော လိုချင်နေကြပြီး ရုပ်ရှင်အဖွဲ့လည်းကြောင်တောင်တောင်နဲ့ ပါဝင်နေပုံကို ဟာသနဲ့ရိုက်ကူးထားပါတယ်။

IMDB 4.4 ရထားတဲ့ ဘောလီးဝုဒ် ဟာသဇာတ်ကားဟာ 1h:44minsကြာမြင့်ပါတယ်။ 670 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။


Download
670 MB
Tere Bin Laden Dead or Alive (2016)

Monday, August 8, 2016

Green Room (2015)


 ပန့်သီချင်းကြိုက်တဲ့သူတွေအတွက် အကြိုက်ဖြစ်မှာပါ။ သဲထိတ်ရင်ဖိုဇာတ်လမ်းတပုဒ်ပေါ့။ IMDB rating များတဲ့ ဇာတ်လမ်းကောင်းတပုဒ်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကလပ်တခုမှာ ဖြစ်တဲ့လူသတ်မှုမှာ လူငယ်ပန့်အဖွဲ့တဖွဲ့ဟာ မျက်မြင်သက်သေတွေဖြစ်ပြီး သူတို့အပေါ်ကို အန္တရာယ် ကျရောက်လာ ပါတော့တယ်။ သူ့တို့ရဲ့အသက်အန္တရယ်ခြိမ်းခြောက်ခံရမှုကို လူငယ်ပန့်အဖွဲ့အနေနဲ့ အားတင်းပြီး ပြန်လည်ရင်ဆိုင်ရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

IMDB 7.2 ရထားတဲ့ ဇာတ်ကားဟာ 1h:35mins ကြာမြင့်ပါတယ်။ 428 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူနိုင်ပါပြီ။

Download
428 MB
Green Room (2015)

Badlapur (2015)


ဒီဇာတ်လမ်းရဲ့ ပထမဆုံးအခန်းကို ရိုက်ပြတာ သဘာဝကျလွန်းပါတယ်။ ဈေးဝယ်သံတွေ ဓါပြတွေပြန်ပေးဆွဲတာတွေ၊ ဆိုင်ကယ်က ကားကိုဝင်တိုက်တာတွေရိုက်သွားတာဟာ သဘာဝကျပါတယ်။ အစမှာကတည်းက စွဲဆောင်နိုင်တဲ့ဇာတ်လမ်းမျိုးပါ။

ရာဟူဆိုတဲ့ အောက်မြင်နေတဲ့လူငယ်တဦးရဲ့ မိန်းမနဲ့ ကလေးဟာ သူတို့နဲ့မဆိုင်တဲ့ ဘဏ်ဓါးပြမှုမှာ ပြန်ပေးဆွဲခံရပြီး အသတ်ခံရပါတယ်။ အိမ်ထောင်ကို တန်ဖိုးထားတဲ့ ရာဟူးဟာ လုံးဝပေါက်ကွဲသွားပြီး ဒီအမှုကို သူနည်းသူ့ဟန်နဲ့ လိုက်ပြီး လက်စားချေဖို့ ကြိုးစားတဲ့အခါ....

The Axe forgets but tree remembers.
-African proverb


IMDB 7.5 အထိရရှိနေဆဲ ဘောလီးဝုဒ်ဇာတ်ကားဟာ 2h:8mins ကြာမြင့်ပါတယ်။ 824 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။



Download
824 MB
Badlapur (2015)

Sunday, August 7, 2016

Wild Card (2015)


နံမည်ကြီး Las Vagas မြို့ လောင်းကစားလောကမှာ ကျင်လည်နေထိုင်သူ နခ် ( Nick Wild) လောလောဆယ် မှာတော့ ကိုယ်တိုင်ကြိုးစားပြီး ချမ်းသာလာတဲ့ ဆိုင်းရပ်စ် (Cyrus Kinnick) ဆိုတဲ့ သူဌေးရဲ့ ကိုယ်ရံတော်ဖြစ်ပါတယ်။

တစ်ရက်တော့ ဟော်လီ (Holly) ဆိုတဲ့ အမျိုးသမီးက night club ကပြန်လာတဲ့ သူမကို ဘယ်သူမှန်းမသိတဲ့ လူ ၃ ယောက်က ရိုက်နှက်စော်ကားခဲ့တဲ့အတွက် အဲ့ဒီလူတွေကိုရှာပေးဖို့ နခ်ကို အလုပ်အပ်ပါတယ်။

 အဲ့ဒီ ကိစ္စမှာ အဓိကတရားခံက လူဆိုးခေါင်းဆောင် ဒီမာကို (Demarco) ဖြစ်ကြောင်း နခ် ရှာတွေ့သွားတဲ့အခါ ဒီမာကို နဲ့တွေ့ဖို့ သူနေထိုင်တဲ့ ဟော်တယ်ကို သွားခဲ့ပါတယ်။ သူ့ကို တိုက်ခိုက်တဲ့ ဒီမာကိုရဲ့ တပည့်တွေကို အနိုင်ယူပြီး ဒီမာကိုကို ကြိုးတုပ်ကာ ဟော်လီကို ဖုန်းဆက်ခေါ်လိုက်ပါတယ်။ ဟော်လီရောက်လာတဲ့အခါ ဒီမာကိုက သူ့ကိုခွင့်လွှတ်ဖို့ တောင်းပန်တဲ့အတွက် မသတ်တော့ပဲ ဒေါ်လာ ၅သောင်းပဲ ယူခဲ့လိုက်ပါတယ်။ အဲ့ဒီနောက် ငွေကို နခ်နဲ့ တစ်ဝက်စီခွဲယူပြီး ဟော်လီက ဗေးဂတ်စ် မြို့ကို စွန့်ခွာသွားပါတယ်။


နခ်ကတော့ ဆိုင်းရပ်စ်နဲ့ အတူလောင်းကစားရုံတစ်ရုံကိုသွားကာ သူ့ဝေစုပိုက်ဆံတွေအားလုံး လောင်းကြေးထပ်လိုက်ရာ ဒေါ်လာ ၅သိန်းကျော် အနိုင်ရသွားပါတယ်။ လောင်းကစားတို့ ထုံးစံအတိုင်း လောဘမသတ်နိုင်တဲ့အတွက် နောက်တစ်ခါထပ်လောင်းတဲ့အခါ တစ်ချီထဲနဲ့ သူ့ငွေတွေအားလုံး ပြန်ပြီးပေးလိုက်ရပါတော့တယ် ။


လောင်းကစားရုံမှအပြန် နခ်က ဒီမာကိုရဲ့ လူတွေရဲ့ တိုက်ခိုက်ခြင်းကိုခံရပြန်ပါတယ်။ နောက်နေ့မှာတော့ နခ်က ဗေးဂတ်စ်မြို့ရဲ့ မာဖီးယားခေါင်းဆောင် ဘေဘီ (baby) နဲ့ တွေ့ပါတယ်။ လူဆိုးဂိုဏ်းတွေရဲ့ အစည်းအဝေးမှာ နခ်က လောင်းကစားမှာငွေလိုတဲ့အတွက် သူ့လူတွေကို သတ်ပြီး ငွေတွေယူသွားကြောင်း ဒီမာကိုက ဘေဘီကို တိုင်ပြောပါတယ်။ အဲ့ဒါကြောင့် နခ်က ဒီမာကိုပြောသလိုမဟုတ်ပဲ အပြစ်မရှိကြောင်း အကြောင်းစုံရှင်းပြပေမယ့် သက်သေမပြနိုင်ရင် နခ်ကို သတ်မှာဖြစ်ကြောင်း ခြိမ်းခြောက်ပါတယ်။ ဒါပေမယ့် ဒီမာကိုရဲ့ အလိမ်ပေါ်သွားတဲ့အတွက် ဘေဘီက နခ်ကို လွှတ်ပေးလိုက်ပါတယ်။


 အမှန်တရားဘက်တော်သား လောင်းကစားသမား နခ်ရဲ့ မဝေးတော့တဲ့အနာဂတ်ဟာ ကြမ္မာဆိုးလား ကံကောင်းခြင်းလားဆိုတာကိုတော့  ဆက်လက်ခံစားကြည့်ကြပါ။

IMDB 6.0 ရရှိထားပြီး ၂၀၁၅ နှစ်အစမှာ ပွဲဦးထွက်ရုံတင်လာတဲ့ ဒီဇာတ်ကားက ဂျေဆန်ကိုကြိုက်တဲ့ ၊ အက်ရှင်ဇာတ်ကြမ်းကိုကြိုက်တဲ့ ပရိတ်သတ်အတွက်ဆိုရင်တော့ John Wick ပြီးရင် နောက်ထပ်ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ကားပါပဲ ။

သရုပ်ဆောင်တွေကတော့

နခ်အဖြစ် The Transporter ၊ The Italian Job, The Expendables ဇာတ်လမ်းတွဲတွေနဲ့ ကျော်ကြားတဲ့ အက်ရှင်မင်းသားချော ဂျေဆန် (Jason Statham)
ဆိုင်းရပ်စ်အဖြစ် မင်းသားချော မိုက်ကယ် (Michael Angarano)
ဟော်လီ အဖြစ် စွဲဆောင်မှုအပြည့်နဲ့ မင်းသမီးချော ဒေါ်မနစ် (Dominik Garcia-Lorido)
ဒီမာကို အဖြစ် မိုင်လို (Milo Ventimiglia)
ဘေဘီအဖြစ် စတန်လေ (Stanley Tucci) နဲ့ တခြားသရုပ်များစွာပါဝင်ပြီး Con Air, The Expendables နဲ့ Tom Rider စတဲ့ ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ ဆိုင်မွန် ( Simon West) ကရိုက်ကူးထားတာပါ။

ရုပ်ရှင်အညွှန်း - MMMovieGuide

1h:32 မိနစ်ရှည်တဲ့ဇာတ်လမ်းကို  354 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းလုပ်ရယူနိုင်ပါပြီ။

Download
354 MB
Wild Card (2015)

Friday, August 5, 2016

Warriors of the Rainbow: Seediq Bale (2011)


တကယ့်ဆီဒစ်သား လို့အဓိပ္ပယ်ရတဲ့ ဒီရုပ်ရှင်ကားဟာ ၂၀၁၁ စက်တင်ဘာလမှာရုံတင်ပြသခဲ့တဲ့ ထိုင်ဝမ်သမိုင်း နောက်ခံ-အက်ရှင်/ဒရမာကား ဖြစ်ပြီးတော့ ထိုင်ဝမ်ဒါရိုက်တာ တီရှန်ဝေ (ဝေ-တီရှန်) က ဇာတ်ညွှန်းရေးသားရိုက်ကူးထားပါတယ်။ ကျနော်တို့ ရင်းနှီးပြီးသားဖြစ်တဲ့ ဂျွန်ဝူး ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ၁၉၃၀ခုနစ် ထိုင်ဝမ် အလယ်ရှိ #၀ူရှီးအရေးအခင်း အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ မူရင်းကားမှာတော့ အပိုင်း၂ပိုင်းပါဝင်ပြီး အပိုင်း-၁ကို The Sun Flag(နေအလံ)လို့အမည်ပေးထားပြီး
အပိုင်း(၂)ကိုတော့ Rainbow Bridge(သက်တန့်တံတား)လို့  အမည်ပေးပြီး ပြသချိန် ၄နာရီခွဲ စာလောက် ကြာမြင့်ပါတယ်။ ဒီရုပ်ရှင်ကို ၆၈ကြိမ်မြောက် ဗီးနစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး ၈၄ကြိမ်မြောက် အကောင်းဆုံးနိုင်ငံခြားဘာသာ စကားပြော ရုပ်ရှင် အကယ်ဒမီဆုပေးပွဲမှာလည်း စကာတင်
စာရင်းတွင် ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ဆုပေါင်း ၉ဆုနဲ့  စကာတင်စာရင်းမှာ အကြိမ်၂၀ထိပါဝင်ခဲ့ပါသေးတယ်။
ဆုတွေကတော့
၁။ (2012) Asia Pacific Screen Awards - UNESCO Award
၂။ (2012) Chinese Film Media Awards - Best Picture Award
၃။ (2012) Golden Horse Film Festival - Audience Choice Award
၎။ (2012) Golden Horse Film Festival – 4 Golden Horse Award
(Best Feature Film,Best Supporting Actor,
Best Original Film Score, Best Sound Effects)
၅။ (2012) Osaka Asian Film Festival - Audience Award
၆။ (2012) Shanghai Film Critics Awards – Film of Merit
တို့ဖြစ်ပါတယ်။စကာတင်စာရင်းကတော့ စာရှည်မှာစိုးလို့ ချန်လှပ်ထားလိုက်ပါတယ်။ သို့သော်လည်း နိုင်ငံတကာ ရုပ်ရှင်ပွဲတွေနဲ့ အနောက်နဲ့ဥရောပအတွက် မူလရုပ်ရှင် ၂ပိုင်းကားကို ၂နာရီခွဲကြာမြင့်တဲ့ တစ်ကားတည်းပုံစံ အဖြစ် Version ပြောင်းပြီး ထပ်မံဖြန့်ချိခဲ့ရပါတယ်။
ဒီရုပ်ရှင်ဟာ ထိုင်ဝမ်နိုင်ငံရဲ့ ရုပ်ရှင်ရိုက်ကူးရေးသမိုင်း ကုန်ကျစရိတ်အမြင့်မားဆုံးအဖြစ် ထင်ရှားခဲ့ပါတယ်။
NT$(New Taiwan Dollar) သန်းပေါင်း ၇၀၀-၇၅၀ကုန်ကျခဲ့တဲ့  ဒီဇာတ်ကားဟာ NT$ သန်းပေါင်း ၈၈၀ အမြတ်စွန်းရခဲ့တဲ့ အတွက် အရင်းကျေရုံသာသာ ရတယ်လို့ထင်ရပေမဲ့  ထိုင်ဝမ်နိုင်ငံမှာတော့ ဒီဇာတ်ကားကို Mel Gibson ပါဝင်တဲ့ စကော့တလန်တော်လှန်ရေးကား Braveheart(1995) နဲ့
အမေရိကန်လူနီရိုင်းတို့ရဲ့ တော်လှန်ရေးကား  The Last of The Mohicans နဲ့ ယှဉ်ထိုး နှိုင်းဆိုကြပါတယ်။

~Review~ (Spoiler-Alert)

အချိန်မှာ….၁၈၉၅ ခုနစ်တရုတ်နိုင်ငံမှ ဂျပန်တို့အား ရှီမိုနိုဆကီ စာချုပ်ဖြင့် ထိုင်ဝမ်ကျွန်းစုကို အပ်နှင်းစဉ်ကာလ....၊ ထိုင်ဝမ်ကျွန်းစုအလယ်ဗဟိုရှိ ၀ူရှီးတောင်တွင်တော့  လူမျိုးစုပေါင်း ၂၀ နီးပါးမှ မိမိအမဲလိုက်မြေကိုသတ်မှတ်၍ အမဲလိုက်ပြီး အခြားလူမျိုးစု၏ အမဲလိုက်မြေပေါ်တွင်
လိုက်မိပါက ခေါင်းဖြတ်သတ်ပြီး လူမျိုးစုစစ်ပွဲဆင်နွှဲ တတ်သောကာလ၊ ပြင်ပကမ္ဘာတွင်တော့ မိမိတို့တည်ရှိရာ ၀ူရှီးတောင်အား တရုတ်မှ ဂျပန်တို့အား အပ်နှင်းထား၍  ဂျပန်တို့မှ ၀ူရှီးတောင်ရှိ ခေါင်းဖြတ်တတ်သောလူရိုင်းမျိုး နွယ်စုတို့ကို မိမိတို့သယံဇာတထုတ်ယူရာတွင် အနှောင့်
အယှက်ပေးတတ်သော တိရစ္ဆာန်များဟု သတ်မှတ်ထား စဉ်။ ထိုလူမျိုးစုများထဲမှ မဟီဘူရွာလေးရှိ ဆီဒစ်လူမျိုးများ ကတော့ သူတို့ကိုယ်သူတို့ ကြီးမြတ်သော ဘိုးဘေးတို့မှ  ဆင်းသက်လာသူ၊   ယောက်ျားဆိုလျှင် ရန်သူအားရဲဝံ့စွာ ခေါင်းဖြတ်နိုင်ပါမှ မိမိသေလျှင် သက်တန့်တံတားပေါ်
လာပြီး ဘိုးဘေးများက မိမိမျက်နှာတွင်ရန်သူ၏သွေးစွန်း ထင်းသည်ကို မြင်မှ ဆီဒစ်သားအစစ်ဟု သတ်မှတ်ြ့ပီး သက်တန့်တံတားမှ ဖြတ်သန်းခွင့်ပြုသည်ဟု ယုံကြည်သူ၊  မိန်းကလေးဆိုလျှင် အပ်ပေါက်ရာနှင့် ကြမ်းတမ်းသော လက်ဝါးကို မြင်မှ မိမိလင်ယောက်ျား၊သားသမီးအပေါ်
တာဝန်ကျေသော ဆီဒစ်သူဟုသတ်မှတ်ပြီး ဖြတ်သန်း ခွင့်ပြုမည်ဟု ယုံကြည်သူများ။ ထိုသို့ သက်တန့်နှင့်
ဘိုးဘေးကို ယုံကြည်သည့် မဖွံ့ဖြိုးမတိုးတက်သေးသော လူတို့နှင့် နေမှဆင်းသက်လာသည်ဟု ယုံကြည်သော ကမ္ဘာတခြမ်းအုပ်စိုးထားသည့် အင်အားကြီးဂျပန်နိုင်ငံတို့ တွေ့ကြရာဝယ်…..။

သမိုင်းအချက်အလက်များနဲ့ပြည့်နှက်ပြီး တောင်ကြီးတလုံးပေါ်မှ လူရိုင်းမျိုးနွယ်စု၏ ခံယူချက်၊
ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ စိတ်နေစိတ်ထား၊ ရဲစွမ်းသတ္တိ တွေကို မြင်ရမှာဖြစ်ပြီး၊ အပိုင်း-၁ရော ၂ ပါ တခါတည်းဆောင်ပြီး ကြည့်သင့်တဲ့ ကားမျိုးဖြစ်ပါတယ်။ ခေတ်တစ်ခေတ်လောက်  အင်အားကြီးသူတို့ရဲ့ ဖိနှိပ်မှု၊ ရက်စက်မှု၊ သူ့လူကိုယ်ဘက်သား သပ်လျှိုသွေးခွဲမှုနဲ့ ရင်ဆိုင်လာချိန်မှာ မခံရပ်နိုင်တော့သည့်အဆုံး
သေရမယ်မှန်းသိရက်နဲ့၊ မမျှတမှန်းသိရက်နဲ့ ကျောက်တောင်ကို ဆီးစေ့နဲ့ပေါက်ခဲ့ရတဲ့ ဂျပန်စစ်သားနှင့်ရဲ ၃၀၀၀ နဲ့ ဆီဒစ်သား ၃၀၀ တို့ရဲ့ တိုက်ပွဲဟာ ကျနော်တို့လို ကိုလိုနီလက်အောက်ခံဘ၀  ကျရောက်ဖူးသူတွေအတွက် ရင်နာစရာ၊ကြေကွဲစရာအတိပါပဲ။

တခါ တခါ ဒီထိုင်ဝမ်သရုပ်ဆောင်တွေနဲ့ ဆီဒစ်သားတွေကိုမမြင်မိပဲ တချိန်က နိုင်ငံအတွက် အသက်စွန့်ခဲ့တဲ့ ကျနော်တို့ ဘိုးဘေး တွေကို မြင်ယောင်လာတဲ့အထိ ဆွဲဆောင်လွန်းပါတယ်။
မကောင်းပြောစရာဆိုလို့လည်း အပိုင်း-၁မှာ မမြင်မိပဲ၊  အပိုင်း-၂ဇာတ်သိမ်းခန်းမှာတော့ အချို့သော ရင်ဆိုင်တိုက်ပွဲ တွေမှာ ဇာတ်ကောင်တွေကို သတ်တာ အရမ်းမြန်နေသလို  ခံစားမိတာကလွဲလို့ (ကျနော်စိတ်ထဲမသေစေချင်တာလည်း ပါမှာပေါ့လေ) rating အဖြစ် IMDB 7.5၊ Rottentomatoes
77%နဲ့ Metacritics 65% ရထားတဲ့ #Seediq_Bale (#ဆီဒစ်သား) ကို အကောင်းလွန်ပြီး အလွန်ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားပါလို့ ညွှန်းဆိုလိုက်ရပါတယ်။

ရုပ်ရှင်အညွှ့န်း -  #AMBB - M-MDB

ဇာတ်ကားကို နှစ်ပိုင်းလုံးကို တင်ပေးထားပါတယ်။
အပိုင်း ၁ - The Sun Flag(နေအလံ)  နဲ့
အပိုင်း ၂ - Rainbow Bridge(သက်တန့်တံတား)
တို့ကို အောက်ပါလင့်ခ်များတွင် ဒေါင်းနိုင်ပါပြီ။

Download
635 MB
အပိုင်း ၁-The Sun Flag(နေအလံ)


Download
599 MB
အပိုင်း၂-Rainbow Bridge(သက်တန့်တံတား)

Sabotage (2014)


ဒီတစ်ခါတော့ အက်ရှင်၊ဒရမ်မာ ပရိတ်သတ် အကြိုက် ဇာတ်ကားကောင်း တစ်ကားဖြစ်လာမည့် Sabotage ဆိုတဲ့ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားကို မင်းသားကြီး Arnold Schwarzenegger က အဓိကပါဝင်သရုပ်ဆောင်ထားသလို Avatar မင်းသား Sam Worthington နဲ့ Iron Man 1 နဲ့ Prisoners ဇာတ်ကား မှာ ပါဝင်တဲ့ Terrence Howard တို့ က အားဖြည့်သရုပ်ဆောင်ထားပါတယ်။

ဒီကားမှာ မင်းသား Arnold ကို တစ်ခြားဘယ်ကားနဲ့မှ မတူတဲ့ ဇာတ်ကောင်မျိုးနဲ့တွေ့ရပါတယ်။ ဒီကားမှာ Arnold က DEA (Drug Enforcement Agency) Agent တစ်ဦးဖြစ်ပြီး အဖွဲ့ခေါင်းဆောင် တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပါတယ်။ တစ်နေ့မှာ သူတို့ အဖွဲ့က ဘိန်းဖြူဂိုဏ်းကို ၀င်ဖမ်းရင်းနဲ့ ဘိန်းနဲ့အတူ ပိုက်ဆံတွေ သန်းပေါင်းများစွာဖမ်းမိပါတယ်။ ဇာတ်လမ်းရဲ့အလှည့်အပြောင်းအနေနဲ့ ဒီသက်သေခံပိုက်ဆံထဲက တစ်ချို့ပျောက်နေသလို လူဆိုးတွေကလည်း သူ့အဖွဲ့သားတွေကို တစ်ယောက်ပြီးတစ်ယောက် လိုက်သတ်နေပါတယ်။

သူတို့အဖွဲ့မှာ သစ္စာဖောက်တစ်ယောက် ရှိနေပြီး အချင်းချင်း ယုံကြည်မှုတွေ ပျောက်ကုန်ပါတယ်။ ဒါကို Arnold အနေနဲ့ ဘယ်လို ဖြေရှင်းမလည်း ဘိန်းရာဇာတွေနဲ့ ဘယ်လို ရင်ဆိုင်မလည်းဆိုတာကို Action သီးသန့်မဟုတ်ပဲ Drama နဲ့ရောထားပြီး ရိုက်ကူး ထားပါတယ်။

ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ။ Arnold ပရိတ်သတ်တွေ အကြိုက်တွေ့ဦးမှာပါ..။
ရုပ်ရှင်အညွှန်း - ရုပ်ရှင်မိတ်ဆက်

IMDB 5.7 ရထားတဲ့ဇာတ်ကားဟာ 1h:49mins ကြာမြင့်ပါတယ်။ 499 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Download
499 MB
Sabotage (2014)

Wednesday, August 3, 2016

Killing Season (2013)



American စစ်သား Ford နဲ့ Serbian စစ်သား Kovac တို့ဟာ အမုန်း တရားတွေနဲ့ PSRSONAL တတိယ ကမ္ဘာစစ် ဆင်နွဲ ကြ တယ်– သူတို့ဟာ ကြောင်နဲ့ ကြွက် Game အပြန်အလန် တိုက်ခိုက်ကြရင်း သူတို့ ထဲကနေ နှစ်ရှည်လများ ကိန်အောင်းနေခဲ့တယ့် လျှို့ ၀ှက်ချက် တစ်ခုကို တွေ့ရှိပြီး အချင်းချင်း ပြန်လည်
သင့်မြတ်သွားကြည် ပါတယ်– အဲ့ဒီလျို့ဝှက်ချက်က ဘာလဲ ဆိုတော့....
Killing Season ၂၀၁၃ Movie ကို Shrapnel လို့လဲ ခေါ်တယ်လို့သိရပါတယ်–
ဒီ Movie လေးထဲမှာတော့ Action တွေ သည်းထိုက်ရင်ဖို ဖွယ်တွေ တွေ့ရမှာ ဖြစ်ပါတယ်–

IMDB 5.4 ရထားတဲ့ ဇာတ်ကားဟာ 1h:31mins ကြာမြင့်ပါတယ်။ 397 MB နဲ့   အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Download
397 MB
Killing Season (2013)



Central Intelligence (2016)



ပရိသတ် ကြည့်ဖို့ ညွှန်းပေးချင်တဲ့ ဇာတ် ကားလေးက ရယ်ရင်းမောရင်း ကြည့်ရမယ့် အက်ရှင်ဇာတ်ကား Central Intelligence ပါ။ ဒီဇာတ်ကားထဲက အဓိက သရုပ် ဆောင်က ဗလတောင့်တဲ့ အက် ရှင်းမင်းသားကြီး ဒွိန်းဂျွန်ဆင်ဆို ကတည်းက ပရိသတ်စိတ်ဝင်စား မယ်ဆိုတာ သေချာသလောက်ပါ ပဲ။ ကယ်လ်ဗင်ဂျွိုင်နာဟာ အ ထက်တန်းကျောင်း အားကစား ပြိုင်ပွဲ ဖွင့်ပွဲတွေမှာ အကောင်းဆုံးပွဲထိန်းနိုင်သူတစ်ယောက်အဖြစ်လူသိများသူဖြစ်ပြီး ရော်ဘီဝီယာ့ခ်ျကတော့ အပေါင်းအသင်း မရှိတဲ့ အ၀လွန်ကောင်လေးတစ် ယောက်ပါ။ တစ်ရက်မှာတော့ ခပ် ဆိုးဆိုးကျောင်းသားလေးတွေရဲ့ လက်ချက်ကြောင့် ရော်ဘီဟာရေ ချိုးနေရင်း တန်းလန်းနဲ့ လူပုံအ လယ်ကိုဆွဲခေါ်သွားခံရပြီး အရှက် ကွဲမယ့်အခြေအနေမှာ ကယ်လ် ဗင်က သူ့အင်္ကျီချွတ်ပေးပြီး ကူညီပေးခဲ့ပါတယ်။

နှစ် ၂၀ လောက်ကြာပြီးတဲ့ အခါမှာ ကယ်လ်ဗင်ဟာ စာရင်း ကိုင်တစ်ယောက်ဖြစ်ခဲ့ပြီး အထက် တန်းကျောင်းတုန်းက ချစ်သူမက် ဂီနဲ့ လက်ထပ်ခဲ့ပါတယ်။ ငယ် ငယ်တုန်းက အောင်မြင်ခဲ့သ လောက် အရွယ်ရောက်လာတဲ့ အခါ မျှော်မှန်းသလောက်မဖြစ်ခဲ့ တဲ့အတွက် ကယ်လ်ဗင်ဟာ ကိုယ့်ကိုယ်ကိုယ်စိတ်တိုင်းမကျခဲ့ပါဘူး။တစ်ရက်မှာတော့ ကယ်လ်ဗင်ကို ဘော့ဘ်စတုန်းဆိုသူတစ်ယောက် က ဖေ့စ်ဘွတ်ခ်အကောင့်မှာ လာ အပ်ခဲ့ပြီး အဲဒီလူက ရော်ဘီပါ။ ဘော့ဘ်က ကျောင်းသားဟောင်း တွေ့ဆုံပွဲသွားချင်ပေမယ့် ကယ်လ်ဗင်ကတော့ သွားဖို့စိတ်မပါဘူး ဖြစ်နေပါတယ်။

ဘော့ဘ်က ကယ်လ်ဗင်ကို အိမ်လိုက်ပို့ပြီး စာရင်းကိုင်မှတ် တမ်းတစ်ခုကိုကြည့်ပေးဖို့ အကူ အညီတောင်းခဲ့တာကြောင့် ကယ်လ်ဗင်တစ်ယောက် ညလုံးပေါက်ကူ ညီပေးခဲ့ပါတယ်။ နောက်နေ့မနက် မှာတော့ စီအိုင်အေအဖွဲ့ရောက် လာပြီး ဘော့ဘ်နဲ့ ပတ်သက်ပြီး စုံစမ်းပါတော့တယ်။ ကယ်လ်ဗင် က ဘော့ဘ်ရှိနေတယ်လို့ ထင်ပြီး ဧည့်ခန်းထဲ ခေါ်သွားပေမယ့် ဘော့ဘ်ကတော့ မရှိတော့ပါဘူး။

စီအိုင်အေအဖွဲ့ကေ ဘာ့ဘ် ဟာ အန္တရာယ်ရှိကြေးစားလူဆိုး တစ်ယောက်ဖြစ်ပြီး အမေရိကန် နိုင်ငံရဲ့ ဂြိုဟ်တုစနစ်လျှို့ဝှက် သင်္ကေတတွေကိုရယူဖို့ လုပ်နေတာလို့ ကယ်လ်ဗင်ကို သတိပေးခဲ့ပါတယ်။ စီအိုင်အေအေးဂျင့်တွေက ဘော့ဘ်ရဲ့ သတင်းအစအနရလိုရငြား ကယ်လ်ဗင်ကို မျက်စိဒေါက်ထောက် ကြည့်နေကြပေမယ့် ဘော့ဘ်က ပါးပါးနပ်နပ်နဲ့ ကယ်လ်ဗင်ကို ခေါ်ထုတ်နိုင်ခဲ့ပါတယ်။ ဘာမှန်းမသိတဲ့ ဘော့ဘ်ရဲ့ အရှုပ်ထဲကို ကယ်လ်ဗင်ရောက်လာပြီးတဲ့နောက် ဘယ်လိုပြဿနာတွေရင်ဆိုင်ရမှာလဲ၊ ဘော့ဘ်ကကော စီအိုင်အေ ပြောသလို အန္တရာယ်ရှိ လူဆိုးတစ်ယောက်ဖြစ်နေတာလားဆိုတာတော့ ရယ်ရယ်မောမောနဲ့သာ ဆက်ကြည့်လိုက်ပါဦးလို့...။

ဘော့ဘ်စတုန်း (သို့) ရော်ဘီဝီယာ့ခ်ျအဖြစ် ဒွိန်းဂျွန်ဆင်၊ ကယ်လ်ဗင်ဂျွိုင်နာအဖြစ် ကီဗင်ဟာ့တ်တို့ က အဓိက ပါဝင်သရုပ်ဆောင် ထားကြပါတယ်။
ရုပ်ရှင်အညွှန်း - 7 Daily News

IMDB 6.6 ရနေတဲ့ ဇာတ်ကားဟာ 1h:47mins ကြာမြင့်ပါတယ်။ 500 MB နဲ့   အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Download
500 MB
Central Intelligence (2016)

Tuesday, August 2, 2016

The Angry Birds (2016)

Animation ပရိသတ်တွေအတွက် နာမည်ကြီး Mobile Game ကို ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းထားတဲ့ Abgry Bird ကို တင်ပေးလိုက်ပါတယ်။ ဇာတ်ကောင်တကောင်းချင်းစီးရဲ့ ချစ်စရာအမူအရာတွေ၊ ပီပြင်တဲ့ animation တွေကြောင့် အကြိုက်တွေ့ကြမှာပါ။

မပျံနိုင်တဲ့ငှက်တွေက ပုံမှန်အားဖြင့်ပျော်ပျော်နေတတ်ကြပေမဲ့ ကိုယ်တော် Red ကတော့ အမြဲစိတ်ညစ်ပြီး ဘူနေတတ်ပါတယ်။ ဒေါသထိန်းဖို့ သင်တန်းတွေတက်ရာက Chuck နဲ့ Bomb တို့နဲ့ သိခဲ့ရတယ်။ အဲအချိန်မှာ ငှက်တွေကြားကို အစိမ်းရောင် ဝက်တွေရောက်လာရာက သူတို့ရောက်လာရတဲ့ အကြောင်းရင်းကို လိုက်ရှာရင်း Red နဲ့အဖွဲ့သားတွေ အလုပ်ရှုပ်ကုန်ကြပါတော့တယ်။

Angry Birds ကို Fergal Reilly နဲ့ Clay Kaytis တို့က ရိုက်ကူးပြီး Rovio နဲ့ Sony Pictures Imageworks တို့က ထုတ်လုပ်ကာ Columbia Pictures က ဖြန့်ချိပါတယ်။ Jason Sudeikis နဲ့ Peter Dinklage တို့ပါဝင်သရုပ်ဆောင်ထားပြီး Budget က $80 million ဖြစ်ပါတယ်။
ရုပ်ရှင်အညွှန်း - ဓါတ်ရှင်

IMDB 6.3 ရထားတဲ့ animation ဇာတ်ကားဟာ 1h:37mins ကြာမြင့်ပြီး 413 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Download
431 MB
The Angry Birds (2016)

Monday, August 1, 2016

Dawn of the Planet of the Apes (2014)

ဒီကား အကြောင်းမပြောခင်မှာ Planet of the Apes အကြောင်း နည်းနည်းပြောပြချင်ပါတယ်။ Planet of the Apes ဇာတ်လမ်းတွေက ၁၉၆၈ ထဲက စတင် ရိုက်ကူးခဲ့တာဖြစ်ပြီး၊ Planet of the Apes (February 8, 1968), Beneath the Planet of the Apes (May 27, 1970), Escape from the Planet of the Apes (May 21, 1971), Conquest of the Planet of the Apes (June 29, 1972), Battle for the Planet of the Apes (June 15, 1973) ဆိုပြီး ၅ ကားရှိခဲ့သလို၊ Mark Wahlberg ရဲ့ ၂၀၀၁ ခုနှစ် Remake ဆိုပြီး ရှိပါတယ်။

လက်ရှိဇာတ်ကားတွေကတော့ ဒီ Series ရဲ့ Reboot တွေဖြစ်ပြီး Rise of the Planet of the Ape က ပထမဆုံး ဇာတ်ကားဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ်က ဇာတ်ကား နဲ့ ဇာတ်လမ်းမတူတော့ပဲ၊ ဇာတ်လမ်း သဘောတရားကိုပဲ ပြန်ယူသုံးထားတာဖြစ်ပါတယ်။ အခု Dawn of the Planet of the Apes ဇာတ်ကားကတော့ ၁၉၆၈ Planet of the Apes ပြီးရင် အကောင်းဆုံး ဇာတ်ကားလို့ သတ်မှတ်လို့ရ လောက်အောင်ကောင်းပါတယ်။

ဇာတ်လမ်းကတော့ Rise of the Planet of the Apes အပြီးမှာ၊ မျောက်တွေ လွတ်သွားသလို၊ သူတို့ ကို စမ်းသပ်နေတဲ့ Virus ပြန်သွားပြီး လူတော်တော်များများ သေကုန်ကြပါတယ်။ Caesar ဦးဆောင်တဲ့ မျောက်တွေကတော့ San Francisco မြို့နားကတောထဲမှာ အေးအေးဆေးဆေးနေနေ ကြပါတယ်။ ဒါပေမယ့် တစ်ရက်မှာ အမှတ်မထင် ပဲ မင်းသား Malcolm (Jason Clark) ဦးဆောင်တဲ့ လူတွေရောက်လာပြီး၊ မျောက်တစ်ကောင်ကို သေနတ်နဲ့ ပစ်မိသွားပါတယ်။ ဒါပေမယ့် လည်း Caesar က လူတွေကို သံယောစဉ်ရှိတာကြောင့် မသတ်ပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒီအခါမှာ သူ့နောက်လိုက်ထဲက Kobe ဆိုတဲ့ မျောက်က မကြေနပ်ပဲ လူတွေကို တိုက်ခိုက်ဖို့ပြောပါတယ်။ Kobe က လူတွေရဲ့အစမ်းသပ်ခံမျောက်ဖြစ်ပြီး၊ လူတွေကို စိတ်နာနေတာဖြစ်ပါတယ်။ ဒါပေမယ့် Caesar က လူတွေကို မတိုက်ခိုက်ပဲ သူ့ရဲ့မျောက်တွေနဲ့ လူတွေဆီကိုအင်အားသွားပြပြီး၊ တောထဲကိုမလာဖို့ သတိပေးခဲ့ပါတယ်။

ဒါပေမယ့် လူတွေက တောထဲက ရေအားလျှပ်စစ်ပေးတဲ့ စက်ရုံကို ပြန်ပြင်ဖို့ ကြိုးစားနေတာကြောင့် မင်းသား Jason Clark (Zero Dark Thirty) က Caesar နဲ့သွားပြီး ညှိနှိုင်းဖို့ကြိုးစားပါတော့တယ်။ တောထဲမှာ သူ့ကို မသတ်ပဲလွှတ်ပေးလိုက်ကတည်းက Caesar ကို အသိဥာဏ်ရှိမှန်း ရိပ်မိတဲ့ Malcolm က မျောက်တွေနဲ့ ငြိမ်းချမ်းစွာနေချင်ပေမယ့်၊ လူတွေကိုမုန်းတဲ့မျောက်တစ်နဲ့၊ မျောက်လောက်မှ အသိဥာဏ်မရှိတဲ့လူတစ်ချို့ကြောင့် ထင်သလိုမဖြစ်လာတဲ့အကြောင်း ရိုက်ကူးတင်ဆက်ထားပါတယ်။

အရမ်းကောင်းတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ လူနဲ့ မျောက်လို့ဆိုပေမယ့်၊ အသွင်မတူတဲ့ လူတွေ တူတူ မနေနိုင်တဲ့သဘာဝကို ထင်ဟပ်ပြထားပါတယ်။ စစ်ရဲ့ ဆိုးကြိုးနဲ့ သဘောတရားကို လည်း လူတွေ မြင်သာအောင် တင်ဆက်နိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားက မိသားစုတူတူကြည့်လို့ရသလို၊ No Sex, No Nudity ပါ။
ရုပ်ရှင်အညွှန်း - #Sololay (ရုပ်ရှင်မိတ်ဆက်)

IMDB 7.6 အထိရရှိနေဆဲ ဇာတ်ကားကောင်းဟာ 2h:10mins ကြာမြင့်ပါတယ်။ 511 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Download
511 MB
Dawn of the Planet of the Apes (2014)

The Brothers Grimsby (2016)


၂၀၁၆ ထွက် စုံထောက် ဟာသကားကို တင်ပေးလိုက်ပါတယ်။ Imdb 6.6 နဲ့ပါ။
ဇာတ်လမ်းအကျဉ်းကတော့ ဂရင်းစ်ဘေးသား အရမ်းချစ်ကြတဲ့ ညီအစ်ကို ၂ ယောက်ဟာ ငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့ပါတယ်။ အစ်ကိုကြီးက အပေအတေ ဘောလုံးအားပေးသူ တစ်ယောက်ဖြစ်လာပြီး ညီငယ်ကတော့ MI-6 ရဲ့ လျို့ဝှက်စုံထောက်တစ်ယောက်ဖြစ်လာပါတယ်။ နှစ်ပေါင်း ၃၀ တောင် ညီငယ်ဖြစ်သူကို ရှာဖွေနေတဲ့ အစ်ကိုကြီးဟာ ပါတီပွဲတစ်ခုမှာ စစ်ဆင်ရေးနဲ့ရောက်နေတဲံ ညီငယ်ကိုပြန်ရှာတွေ့သွားလို့ ၀မ်းသာအားရ နှုတ်ဆက်မိချိန်မှာ… အလွဲတွေ ဖြစ်ကုန်ပြီး လူသတ်သမားအစစ်လဲ လွတ်မြောက်သွားစေပြီး ဟယ်ရီပေါ်တာမင်းသားကို AIDS ကူးသွားစေတဲ့အပြင် WHO ဥက္ကဌပါ သေဆုံးသွားစေတဲ့အခါမှာတော့ ညီအစ်ကို ၂ ယောက် ကမ္ဘာပတ်ပြေးပြီး သူတို့ အရှုပ်ထုပ်တွေကို ပြန်ရှင်းရပါတော့တယ်။

ဇာတ်လမ်းဟာ လိင်အသားပေးဇာတ်ကားမဟုတ်ပေမဲ့ ညစ်ညမ်းတဲ့ အသုံးအနှုန်းအချို့နဲ့ ပြကွက်အချို့ ပါဝင်နေတာကြောင့် မိသားစုလိုက်ကြည့်ဖို့နဲ့ ကလေးများကြည့်ဖို့ မသင့်တော်ကြောင်း သတိပေးပါတယ်။

ရုပ်ရှင်အညွှန်း - CM

1h:23mins ကြာတဲ့ စုံထောက်ဟာသဇာတ်လမ်းကို 375 MB နဲ့ အောက်ပါ လင့်ခ်မှာ   ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
375 MB
The Brothers Grimsby (2016)