Wednesday, September 28, 2016

IRIS : Deo mubi(2010)


2010တုန်းက နာမည်ကြီးခဲ့တဲ့ ကိုရီးယားအက်ရှင်စီးရီးတွေထဲက ကားကောင်းတလက် ဖြစ်တဲ့ IRIS စပိုင် ဇာတ်ကားကို တင်ပေးလိုက်ပါတယ်။ မင်းသားလီဗျောင်ဟွန်းအပြင် နာမည်ကြီးမင်းသား BigBang က အဆိုတော် Hyun Choi (TOP) လည်းပါဝင်တဲ့ အက်ရှင်ကားဟာ အက်ရှင်ဆိုပေမယ့် အချစ်အလွမ်းအကြမ်းရသတွေကို တခါတည်းခံစားရမယ့် ဇာတ်ကားကောင်းလေးပါ။

ကိုညီထွဋ် မှဘာသာပြန်ပေးထားတာဖြစ်ပြီး သူကိုယ်တိုင် upload တင်ပေးထားခြင်းဖြစ်ပါတယ်။

IMDB 6.2 ရရှိထားတဲ့ဇာတ်ကားဟာ 2h:5mins ကြာမြင့်ပါတယ်။
ဖိုင်ဆိုဒ်အကြီး  - 968 MB

ဖိုင်ဆိုဒ်အသေး - 477 MB

Download
968 MB
Large File
Download
477 MB
Small File

Tuesday, September 27, 2016

Bombay Velvet (2015)


ဘုံဘေလမ်းမပေါ်က လူငယ်တယောက်၊ လမ်းဘေးဘဝကနေ မကောင်းမှုတွေလုပ်၊   ကြေးစားလူသတ်သမား ဖြစ်ပြီး ကလပ်ကကောင်မလေးတယောက်နဲ့ သံယောဇဉ်ဖြစ်၊ ဘာတွေဆက်ဖြစ်မလဲ၊ အောင်မြင်မှာလား၊ ဒေါင်းယူ ကြည့်ရှုကြပါကုန်..

IMDB 5.7 ရထားပြီး  မင်းသား ခေါင်းဆောင်ပါဝင်ထားတဲ့ ဇာတ်ကားဟာ 2:29 mins ကြာမြင့်ပါတယ်။ 

ဖိုင်ဆိုဒ်အကြီး  - 1GB
ဖိုင်ဆိုဒ်အသေး - 349 MB

Download
1 GB
Large File
Download
349 MB
Small File

Monday, September 26, 2016

Tomorrow, When the War Began (2010)


သူ့တို့ရဲ့မြေကို ကျူးကျော်ဝင်ရောက်တယ်၊ သူတို့ရဲ့မိသားစုတွေကို ဖမ်းဆီးခေါ်ဆောင်ခံရပြီးတဲ့နောက်၊ ကျန်တဲ့ အထက်တန်းကျောင်းသား ဆယ်ကျော်သက်လူငယ် ၈ ယောက်ရဲ့ပြန်လည်တိုက်ခိုက်ပုံ၊ လက်တုံ့ပြန်ပုံ နဲ့ ကယ်ဆယ်ပုံတွေကို ဖေါ်ပြထားတဲ့ အက်ရှင်ကားဖြစ်ပါတယ်။

IMDB 6.2 ရတဲ့ဇာတ်ကားဟာ 1h:43mins ကြာမြင့်ပါတယ်။
ဖိုင်ဆိုဒ်အကြီး  -  879 MB
ဖိုင်ဆိုဒ်အသေး - 436 MB

Download
879 MB
Large File
Download
436 MB
Small File

Saturday, September 24, 2016

J. Edgar (2011)


ဒါရိုက်တာ ကလင့် အိတ်(စ)၀ုဒ် ရိုက်ကူး သည့် အက်ဂါ ဟူးဗား ဘ၀ ဇာတ်ကြောင်း တွင် FBI တည်ထောင် သူ J. Edgar Hoover အဖြစ် သရုပ်ဆောင် သည့် လီယီု နာဒို ဒီကာပရီယို သည် အမေရိကန် ရုပ်ရှင် ထူးချွန် ဆု များ နှင့် နီးစပ်နေ သည် ရုပ်ရှင်ဝေဖန် ရေး ဆရာ များ က မှတ် ချက်ချခဲ့ဘူးသည်။
မည်သည့် အချိန်မှ ကြောက်ရွံ့  အားငယ်သည့် ဟန် ကို မပြ ခဲ့ သည့် FBI အရှင် သခင် အက်ဂါဟူးဗား အဖြစ် သရုပ်ဆောင်ရာတွင် လီယိုနာဒို ဒီကာ ပရီယိုသည် ဟူးဗား အဖြစ် သူ ၏ တစ်ကိုယ်ရည် ဘ၀ နှင့် အများ သိသော ဟူးဗား ဘ၀ အဖြစ် ငယ်စဉ် မှ သည် အိုမင်းရင့် ရော် သည်ထိ ကို ပြောင်မြောက် စွာ ဖြင့် J. Edgar တွင် သရုပ်ဆောင် ခဲ့ သည် ဟု ၀ါရင့် ရုပ်ရှင် ဝေဖန်ရေး ဆရာ ကြီး Roger Ebert က Chicago – Sun – Times သတင်းစာ တွင် ရေး သားထားသည်။

အက်ဂါ ဟူးဗား သည် ၁၉၂၂ မှ ၁၉၇၂ ခုနှစ် မေလ ၂ ရက် သူ သေဆုံးသည် အထိ ပြည်ထောင်စု စုံစမ်း စစ်ဆေးရေး ဌာန ကြီး တွင် ညွှန်ကြားရေးမှုးရာထူးဖြင့် အကြီး အကဲ နေရာ ကို တာဝန်ထမ်းဆောင် ခဲ့သည်။

သူ့ လက်ထက် တွင် အမေရိကန် နိုင်ငံ သို့  ခိုးဝင်လာ သည့် ဂျာမန် ယူဘုတ် များ ကို ဖမ်းဆီး နိုင်ခဲ့ပြီး ၊ အယ်(လ)ကပုန်း နှင့် ဂျွန်ဒလင် ဂျာ အပါအ၀င် အမေရိကန် မာဖီးယား နှင့် ဒုစရိုက် ခေါင်းဆောင် များ ကို လည်း ရှာဖွေ ဖော်ထုတ် နိုင် ခဲ့ သည်။

သိုသိုသိပ်သိပ် နေတတ်ပြီး သူ၏ အတွင်းစည်းတွင် သူ့  အတွင်းရေး မှုး ဖြစ်သူ ဟယ်လင် ဂန်ဒီ နှင့် ကလိုက် တိုင်ဆန် တို့  ကို သာ သူ့ နား တွင် ရှိ နေ စေခဲ့ သည်။ ဟယ်လင် ဂန်ဒီ အဖြစ် နာအိုမီဝတ် (King Kong) က သရုပ်ဆောင် ပြီး ၊ ကလိုက် တိုင်ဆန် အဖြစ်The Social Network မှ အာမီ ဟားမား က သရုပ်ဆောင် သည်။

၎င်း သည် ၁၉၅၀ ပြည့် လွန် နှစ်များက အမေရိကန် ပြည်သူ့  အခွင့် အရေး လှုပ်ရှား မှု များ နှင့်ကွန်မြူ နစ် ၀ါဒ အမေရိကန် ပျံနှံ့  လာမှု ကို အပြင်း အထန် တားဆီး နှိပ် ကွပ် ခဲ့ သူ ဖြစ်သည်။ J.Edgar ဇာတ်ကား ကို ရိုက်ကူး ခဲ့ သည့် ဒါရိုက် တာ ကလင့်အိတ်(စ)၀ုဒ် သည် Unforgiven, Million Dollar Baby ဇာတ်ကားများ ဖြင့် အော် စကာ ဆု ရရှိ ခဲ့ သူ ဖြစ်သည်။

ရုပ်ရှင်အညွှန်း - NCN

IMDB 6.6 ရရှိနေတဲ့ လီယိုနာဒိုရဲ့ ဒရမ်မာ ဇာတ်ကားဟာ 2h:17mins ကြာမြင့်ပါတယ်။
ဖိုင်ဆိုဒ်အကြီး - 1000 MB
ဖိုင်ဆိုဒ်အသေး - 322 MB

Download
1000 MB
Large File
Download
322 MB
Small File



The Green Hornet (2011)



လော့အိန်ဂျလိစ်မြို့မှ အကြီးဆုံး သတင်းစာတိုက် ပိုင်ရှင်၏ အမွေဆက်ခံသူ သားဖြစ်သည့် Britt Reid (Seth Rogein )သည် ငွေကြေး ချမ်းသာသော်လည်း ဆိုးသွမ်း ပျက်စီးနေကာ ဦးတည်ချက် မရှိသည့် ဘ၀တွင် ပျော်မွေ့လျက်ရှိသည်။ ထိုအချိန်တွင် ဖခင်ဖြစ်သူ James Reid ( Tom Wilkinson ) ကွယ်လွန်သွားပြီး Britt သည် ကုမ္ပဏီမှ အစွမ်းအစရှိသော ၀န်ထမ်း Kato ( Jay Chou ) နှင့်   တွေ့ရလေသည်။ ထို့နောက် Britt နှင့် Kato တို့(၂)ဦးသည် မိမိတို့တွင် ကိုယ်ပိုင်ဘ၀နှင့် ထိုက်တန် လျော်ညီသော အရာများ ဖန်တီးလုပ်ဆောင်ရန် အစွမ်းအစ ရှိသည်ကို နားလည် သဘောပေါက်သွားပြီး ဖခင်ဖြစ်သူ James Reid ၏ လွှမ်းမိုးနေသော အရိပ် အောက်မှ ထွက်လိုက်လေသည်။ Kato သည် အစွမ်းထက်လှသော လက်နက် တစ်မျိုး တီထွင် ကာ The Black Berry အမည်ရ အခြားသူတို့ဖျက်ဆီးရန် မလွယ်ကူသော ကားပေါ်တွင် စိတ်ကြိုက် လက်နက်မျိုးစုံ ထည့်သွင်း ထားသည်။ Britt သည်လည်း ၄င်းတို့အနေဖြင့် သူရဲကောင်း များဖြစ်လာရန် ဆုံးဖြတ်ထားသည်။ ထို့နောက် တွင် Britt ၏ အတွင်းရေးမှူးသစ် Lenore Case ( Cameron Diaz ) ၏ အကူအညီဖြင့် မြို့ကို လွှမ်းမိုးထား သည့် လူဆိုး ဂိုဏ်ပေါင်းစုံ စုစည်းထားနိုင်သော အဓိက ရာဇ၀တ်ကောင် Benjamin Chudnofsky ( Christoph Waltz ) တို့အား ရင်ဆိုင်တိုက်ခိုက်ကြပုံကို ရိုက်ကူးထားသော အက်ရှင်ဇာတ်ကား တစ်ကားဖြစ်ပါသည်။

အကြမ်အရမ်းတွေ ဂျိမ်းဘွန်းနည်းပညာတွေ နဲ့  ခပ်ဆန်းဆန်း ရိုက်ထားတဲ့အက်ရှင်ကား ကောင်းတစ်ကား ပါ ၊ ဟာသတွေနဲ့ သုံးထားတဲ့ လက်နက်တွေ မူဗီ Effect တွေကြောင့် ကြည့်လို့ကောင်းတဲ့ကားတစ်ကား ဆိုတာ သေချာပါတယ်

IMDB 5.8 ရထားတဲ့ဇာတ်ကားဟာ 1h:59mins ကြာမြင့်ပါတယ်။
ဖိုင်ဆိုဒ်အကြီး - 615 MB
ဖိုင်းဆိုဒ်အသေး - 261 MB

Download
615 MB
Large File
Download
261 MB
Small File

Friday, September 23, 2016

Black Hawk Down (2001)


ဒီရုပ်ရှင်ဟာ အမေရိကန်အစိုးရက အထူးတပ်ဖွဲ့တစ်ဖွဲ့ကို ဆိုမာလီယာကိုလွှတ် ။ အစိုးရကို တည်ငြိမ်မှု ပျက်ပြားစေပြီး ငတ်မွတ်နေတဲ့လူထုအတွက် အစားအသောက်နဲ့ လူသားချင်းစာနာမှု အထောက်အကူပစ္စည်းတွေ ပေးပို့ကူညီခဲ့တဲ့ ၁၉၉၃ ကိုအခြေခံပါတယ်။ စစ်သားတွေကိုမြေပေါ်ကိုချဖို့ ဘလက်ဟော့ခ် ရဟတ်ယာဉ်တွေကို နှိမ့်ပျံပြီး ဆင်းသက်နေချိန်မှာ ဆိုမာလီယာတပ်ဖွဲ့တစ်ခုက မမျှော်လင့်ပဲ တိုက်ခိုက်ရာက ရဟတ်ယာဉ်နှစ်စီး ပျက်ကျခဲ့တယ်။ အဲ့ဒီကစလို့ အမေရိကန်စစ်သားတွေဟာ ပြင်းထန်တဲ့ လက်နက်ကိုင်တိုက်ခိုက်မှုကိုကြံ့ကြံ့ခံရင်း ဘက်ညီမှုကို ရရှိဖို့ ပြန်လည်ကြိုးစားရပါတော့တယ်။

ရုပ်ရှင်အညွှန်း - Channel Myanmar

IMDB 7.7 ရနေဆဲ စစ်ကားဟာ 2h:24mins ကြာမြင့်ပါတယ်။

ဒေါင်းရန် ဆိုဒ်ကြီး  - 833 MB
ဒေါင်းရန် ဆိုဒ်သေး - 292 MB

Download
833 MB
LargeSize
Download
292 MB
SmallSize

Thursday, September 22, 2016

Gulliver's Travels (2010)


လူပုလေးတွေနေတဲ့ကျွှန်းပေါ်ထူးထူး ဆန်းဆန်းရောက်ရှိသွားတဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့တင်ဆက်ထားတဲ့ စွန်းစားခန်း (Fantasy/Adventure) ရုပ်ရှင်ကောင်းပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ပိုပြီးအားကောင်းအောင်လို့ ကျွန်တောတို့ရဲ့ ဟာသမင်းသားကြီး (Jack Black) က အားဖြည့်သရုပ်ဆောင်ပေးထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ စာတိုက်ရုံးမှာအလုပ်လုပ်တဲ့ မင်းသား Jack Black ကတစ်နေ့တာ့ ဘာမြူဒါ တြိဂံ ကိုလေ့လာရေးခရီးထွက်တဲ့အခါမှာ မုန်တိုင်းမိပြီးတော့ လူပုလေးတွေနေတဲ့ကျွန်းကိုရောက်သွားတာ ပါ။ ပထမတော့ ရန်သူအဖြစ် ဆက်ဆံကြပေမယ့်   နောက်ပိုင်းလူပုလေးကျွန်းနှစ်ကျွှန်းတိုက်ပွဲကိုဝင်ရောက် ကူညီဖြစ်သွားတဲ့ဇာတ်လမ်းလေးပါ။ ကြည့်လို့တကယ်ကောင်းသလို ရီနေရမယ့် ဇာတ်လမ်းလေးဖြစ်တာ မို့ ဒေါင်းယူကြည့်ရှုနိုင်ပါတယ်။

ရုပ်ရှင်အညွှန်း - MM Movie House 

IMDB 4.9 ရတဲ့ဟာသဇာတ်ကားဟာ 1h:25mins ကြာမြင့်ပါတယ်။ ဖိုင်ဆိုဒ် အကြီးအသေး ကြိုက်နှစ်သက်ရာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။


Download
736 MB
LargeSize
Download
189 MB
SmallSize

Wednesday, September 21, 2016

The Colony - Colonia (2015)


ဖြစ်ရပ်မှန်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဒီကားကို ဟယ်ရီပေါ်တာ မင်းသမီး Emma Watson နဲ့ မင်းသား Daniel Brühl တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ...
၁၉၇၃ခုနှစ် ချီလီ စစ်အာဏာသိမ်းမှုတွေ နဲ့ ဆန္ဒပြပွဲတွေကြားက ချစ်သူနှစ်ဦး ... တစ်ရက် ဗိုလ်ချုပ်ကြီး ပီနိုချက်ရဲ့ အထူးတပ်ဖွဲ့ဖြစ်တဲ့ DINA ဆိုတဲ့ အဖွဲ့အစည်းက ဒန်နီရယ်လ် ကို နိုင်ငံရေးပိုစတာ ဖြန့်ဝေမှုနဲ့ ဖမ်းဆီးသွားခဲ့ပါတယ် ... ဒါကို သူ့ချစ်သူကောင်မလေး လီနာက စုံစမ်းတဲ့အခါ ဒန်နီရယ်လ်ကို လျို့ဝှက်ပြီး ပြန်လမ်းမရှိတဲ့ နေရာဆီ ပို့မှာဖြစ်ကြောင်း ... အဲ့ဒီနေရာက အစိုးရနဲ့လည်း ပနံသင့်တဲ့အကြောင်း ... အဲဒီနေရာ ယောကျာ်း မိန်းမ ခွဲခြားဆက်ဆံပြီး အထူးသဖြင့် ကလေးတွေကို လိင်ပိုင်ဆိုင်ရာ ကျူးလွန်မှုတွေ ရှိတဲ့အကြောင်း ... အစသဖြင့် လူသားမဆန်တဲ့ နေရာတစ်ခု ဖြစ်ကြောင်း လီနာ သိလိုက်ရတယ် ... အဲဒီနေရာကတော့ "Colonia Dignidad" ...

လီနာဟာ သူလိုက်ရမယ် လေယာဉ်ရဲ့ လေယာဉ်မှုးကို သူ နောက် (၇) ရက်နေရင် ပြန်လာမယ် ဖြစ်ကြောင်း .. အခုတော့ အလုပ်ကိစ္စတစ်ခုကြောင့်မို့ မလာနိုင်ကြောင်း ပြောဆိုပြီး သူ့ချစ်သူ ဒန်နီရယ်လ်ကို ကယ်ထုတ်ချင်တဲ့ စိတ်နဲ့ပဲ "Colonia Dignidad" ကို သူကိုယ်တိုင်ပဲ ထွက်လာခဲ့တယ် ...
တကယ်ပဲ လီနာဟာ သူ့ချစ်သူကို အဲ့ဒီ လူသားမဆန်တဲ့ နေရာကနေ ကယ်ထုတ်နိုင်မလား ... မကယ်ထုတ်နိုင်ဘူးလား ဆိုတာတော့ ဆက်ကြည့်ကြည့်ကြပါဦး

ရုပ်ရှင်အညွှန်း -  MMTV95

IMDB 7.1 အထိရထားတဲ့ ဇာတ်ကားဟာ 1h:50mins ကြာမြင့်ပါတယ်။ 928 MB နဲ့ အောက်ပါလင့်ခ်တွင် ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
928 MB
The Colony - Colonia (2015)

Tuesday, September 20, 2016

Solace (2015)



စိတ်စွမ်းအားရှင်ဆရာဝန် John Clancy က FBI အထူးအေးဂျင် Joe နဲ့အတူ အတွဲလိုက်လူသတ်သမား Charles Ambroseကိုလိုက်ရှာဖို့ အလုပ်အတူတွဲလုပ်ခဲ့ကြပါတယ် သမီးဖြစ်သူသေဆုံးသွားပြီးကထဲက ၂နှစ်လောက်အထိ တဦးထဲနေထိုင်လာခဲ့တဲ့ John ကို သူ့သူငယ်ချင်း Joeက ၎င်းကိုကူညီပြီး လူသတ်သမားကိုဖမ်းပေးဖို့ တောင်းဆိုခဲ့ခြင်းကြောင့် Johnကကူညီခြင်းဖြစ်ပါတယ် ပြသနာက လူသတ်သမား Charles ကလဲ Johnလိုစိတ်စွမ်းအားရှင်တယောက်ဖြစ်နေတာပါပဲ။

ရုပ်ရှင်အညွှန်း - Myanmar subtitle Movie an

IMDB  6.4  ရထားတဲ့ဇာတ်ကားဟာ 1h:41mins ကြာမြင့်ပါတယ်။ 776 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။


Download
776 MB
Solace (2015)

Monday, September 19, 2016

Rustom (2016)


ဒီနေ့ တော့ ဘောလိဝုဒ်သည်းထိတ်ရင် ဖို မှုခင်းဇာတ်ကားသစ်လေးကို ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါ တယ်။ ဇာတ်လမ်းက ရေတပ်ဗိုလ် မှူးကြီး ကေအမ်နာနာဗာတီနဲ့ စီးပွားရေးလုပ်ငန်းရှင် ပရမ်အဟူ ဂျာတို့ရဲ့ ဖြစ်ရပ်မှန်အကြောင်း အရာတွေကို ရိုက်ကူးတင်ဆက် ထားတာ ဖြစ်ပါတယ်။

၁၉၅၀ ပြည့်နှစ်ကာလက အိန္ဒိယရေတပ်အရာရှိ ရပ်စတမ် ပပါဗရီဟာ စင်သီယာဆိုတဲ့ အမျိုး သမီးနဲ့ လက်ထပ်ခဲ့ပြီး တစ်ရက် မှာတော့ ဇနီးက သူ့သူငယ်ချင်း ဖြစ်တဲ့ ဗီကရမ်မာခီဂျာနဲ့ ဇာတ် လမ်းတွေ ရှုပ်နေတာ သိသွားပြီး ပြဿနာတွေ တက်ပါတော့တယ်။ရေတပ်ခရီးစဉ်ကနေ ရပ်စတမ်စောပြီး အိမ်ပြန်ရောက်တဲ့အခါ စင်သီယာရဲ့ အံဆွဲထဲမှာ ဗီကရမ်ဆီက စာတွေရှာတွေ့ခဲ့တဲ့အ တွက် စင်သီယာကို လိုက်ရှာတဲ့အ ခါ ဗီကရမ်နဲ့ တွဲခုတ်နေတာကိုပါ တွေ့ခဲ့ပါတော့တယ်။ နောက် တော့ ရပ်စတမ်ဟာ စစ်သင်္ဘော ပေါ်က လက်နက်တိုက်ကိုသွားပြီး ပစ္စတိုတစ်လက်ယူကာ ဗီကရမ် ရှိမယ့်နေရာကို လိုက်ရှာကာ ပစ္စ တိုနဲ့ ရှင်းပစ်ခဲ့ပြီးနောက် ရဲဌာနကို သွားပြီး အပြစ်ဝန်ခံခဲ့ပါတယ်။

ရေတပ်အရာရှိ ရပ်စတမ်တစ်ယောက် ဘယ်လိုပြစ်ဒဏ်တွေကျခံရမှာ လဲ။ ဇနီးသည်နဲ့ကော ပြန်ပေါင်း ခွင့်ရပါ့ မလားဆိုတာ ကြည့်လိုက် ပါဦးနော်။

ဒီဇာတ်ကားမှာ သရုပ်ဆောင်ထားသူတွေက ရေတပ်ဗိုလ်မှူး ကြီး ရပ်စတမ်ပါဗရီအဖြစ် အက် ရှေးကူးမား၊ စင်သီယာအဖြစ် အလီနာဒီခရုဇ်၊ ဗီခရမ်အဖြစ် အာ ဂျန်ဘာ့ဂ်ျဝါတို့ပဲ ဖြစ်ပါတယ်။

ရုပ်ရှင်အညွှန်း - 7DayDaily

IMDB 7.3 ရထားတဲ့ ဘောလီးဝုဒ်ဇာတ်ကားဟာ Cam Version မျှသာထွက်သေးတာကြောင့် အကြည်ဆုံးဖြစ်အောင် ကြိုးစားတင်ပေးလိုက်ပါတယ်။ 2h:28mins ကြာမြင့်တာကြောင့် ဖိုင်ဆိုဒ် 952 MB ဖြစ်သွားပါတယ်။

Download
952 MB
Rustom (2016)

Sunday, September 18, 2016

John Wick (2014)



အားလုံးသိတဲ့အတိုင်း ကျွန်တော့် ဆိုဒ်က ဇာတ်ကားတွေရဲ့ ကွာလတီတွေက တကယ့် ကမောက်ကမတွေပါ။ ဆိုဒ်ကြီးပြီး ကွာလတီမကောင်းတဲ့ ပြသနာတွေအများကြီးပါ။ ဒါကတော့ ကျွန်တော့်ရဲ့ နည်းပညာပိုင်း အားနည်းချက်ပါ။ ယခု ပထမဦးဆုံး ကျွန်တော့်ကို လိုလိုလားလားကူညီတဲ့အစ်ကိုတဦး ပေါ်လာပါတယ်။ fb id ကတော့ အလွမ်းသံစဉ် ဖြစ်ပြီး ဝါသနာလျောက် လေ့လာသူတဦးဖြစ်ပါတယ်။ video encoding နဲ့ ပါတ်သတ်လို့ လမ်းညွှန်မှုတွေ တော်တော်ရလိုက်ပါတယ်။ ကျေးဇူးပါအစ်ကို။  အခု John Wick ဇာတ်ကားကိုလည်း သူ့ရဲ့ PCloud ကနေတင်ပေးထားတာပါ။ မအားတဲ့ကြားက အားတတ်သရောကူညီပေးတဲ့ ကိုညီထွဋ် ကို အထူးကျေးဇူးတင်ရင်း သူရှယ်ပေးပြီး သူအညွှန်းရေးထားတဲ့ ဇာတ်ကားကို တင်ပေးလိုက်ပါရစေ။



သတ်​ဖြတ်​မှု​တွေကို အနားယူထားတဲ့ jhon wick တစ်​​ယောက်​ သူ့ရဲ့အမျိးသမီးဆုံသတာ ရက်​ပိုင်းအတွင်းမှာပဲ သူ့မိန်းမ​သေခင်​​ပေးခဲ့တဲ့​ခွေး​လေးလည်း အသတ်​ခံရ သူံ့းအမြတ်​နိုးဆုံး ကားလည်းအခိုးခံရတဲ့အခါ သူ့ခံစားချက်​​တွေဘယ်​လိုဖြစ်​မလဲ ကြမ်းကြမ်းတမ်းတမ်း ကြည့်​ရှုရမယ့်​ ဇာတ်​ကား​တကားပါ၊  မြန်မာဘာသာပြန်ဆိုသူ မိုးစက်ဖြစ်ပါတယ်။
ရုပ်ရှင်အညွှန်း - ကိုညီထွဋ်

IMDB 7.2 အထိရနေဆဲ Keanu Reeves ရဲ့ အက်ရှင်ဇာတ်ကြမ်းဟာ 1h:41mins ကြာမြင့်ပါတယ်၊ 867 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Download
867 MB
John Wick (2014)

Saturday, September 17, 2016

Udta Punjab (2016)


အိန္ဒိယမြောက်ပိုင်း ပန်ဂျပ်နယ်မှာ ကြွယ်ဝချမ်းသာကြသော်လည်း အဲ့ဒီနယ်ကလူငယ်တွေဟာ မူးယစ်ဆေးဝါးပြသနာတွေနဲ့ လုံးလည်ချာလည် လိုက်နေကြတဲ့ လူငယ်တွေအများအပြားရှိနေတာကို ဘယ်လိုဖြေရှင်းကြလဲဆိုတာကို ရိုက်ကူးပြသထားတဲ့ Rating မြင့်တဲ့ ဇာတ်ကားကောင်းတကားဖြစ်ပါတယ်။

IMDB 8.0 ထိရရှိနေပြီး ပြသချိန် 2h:28mins ကြာမြင့်ပါတယ်။ 1GB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ကြပါပြီ။

Download
1 GB
Udta Punjab (2016)

Friday, September 16, 2016

Once Upon a Time in High School (2004)


ဟိုအရင်တုန်းကနာမည်ကြီး ကိုရီးယားရုပ်ရှင်ကောင်းတလက်တင်ပေးလိုက်ပါတယ်။ 1978 ခုနှစ်လောက်က ဘရုစလီကို အားကျတဲ့ ကင်ဟွမ်းဆို ဆိုတဲ့  ကျောင်းသားတယောက်ဟာ ဂန်နမ်းက အထက်တန်းကျောင်းကို ကျောင်းသားသစ်အနေနဲ့ပြောင်းရွှေ့လာပါတယ်။ ရိုးရိုးအေးအေး နေတတ်တဲ့ ကင်ဟွမ်းဆိုဟာ အဲ့ဒီခေါတ်အခါက ကိုရီးရား ပညာရေးစနစ်သစ်ပုံစံကြောင့် ပျက်စီးပြီး ဂိုဏ်းအဖွဲ့ပုံစံလိုလို စစ်တပ်ပုံစံလိုလို ဟိုမရောက်ဒီမရောက်ဖြစ်နဲ့တဲ့ ကျောင်းသားတွေ၊ဆရာတွေကြားမှာ ခက်ခက်ခဲခဲနေရပါတယ်။ အတန်းထဲက ဝူဆစ် ဆိုတဲ့ ကျောင်းသားလူမိုက်နဲ့ အတွဲဖြစ်သွားပြီးနောက်ပိုင်းမှာ အွန်ဂျီဆိုတဲ့ကောင်မလေးနဲ့လည်း ခင်မင်ခဲ့ပါတယ်။ အွန်ဂျီကို အရမ်းကြိုက်နှစ်သက်ပေမယ့်လည်း ဝူဆစ်ကလည်း စိတ်ဝင်စားနေပါတယ်။ နောက်ဆုံး ဝူဆစ်နဲ့ပါသွားပြီး... ကျောင်းသားလူမိုက်တွေကလည်း အနိုင်ကျင့်ဆိုတော့ နောက်ဆုံးမှာ ကင်ဟွမ်းဟာ သူအားကျတဲ့ ဘရုစလီလမ်းစဉ်အတိုင်း ဘယ်လိုတွေဆက်လုပ်မလဲဆိုတာကိုတော့......

IMDB 7.5 အထိရထားတဲ့ ကျောင်းသားအချစ်ဇာတ်ကားဟာ 1h:56mins ကြာမြင့်ပါတယ်။ 873MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Download
873 MB
Once Upon a Time in High School (2004)

Thursday, September 15, 2016

Barkhaa (2015)



ချမ်းသာပြီး ကောင်းမွန်တဲ့ အသိုင်းအဝိုင်းရှိတဲ့ လူတယောက်ဟာ၊  ဆွဲဆောင်မှုရှိလှတဲ့ ကချေသည်မလေးကို မြင်မြင်ချင်း မေတ္တာသက်ဝင် စွဲလမ်းမိရာကနေ... အခြေအနေကွာဟတဲ့ သူနှစ်ဦးရဲ့ ရင်ခုန်စရာ အချစ်ဇာတ်လမ်းတပုဒ်ပါ။

IMDB 5.3 ရတဲ့ဘောလီးဝုဒ်ဇာတ်လမ်းဟာ 2h:7mins ကြာမြင့်ပါတယ်။ 950 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူနိုင်ပါပြီ။

Download
950 MB
Barkhaa (2015)

Wednesday, September 14, 2016

The Other Side of the Door (2016)


ဇာတ်လမ်းလေးက India မှာကားမတော်တဆဖြစ်ရပ်တစ်ခုဖြစ်သွားပြီး အမေလုပ်သူ Maria က မောင်နှမနှစ်ယောက်ထဲက သမီးကိုသာကယ်ခဲ့တဲ့အတွက်ကြောင့် သားဖြစ်သူ Oliver သေဆုံးခဲ့ရပါတယ်။ Oliver သေသွားတာကို မကယ်လိုက်ရတဲ့ သူ့ ဆုံးဖြတ်ချက်ကို နောင်တတွေထွေးပွေ့ပြီးနေလာခဲ့ပါတယ်။ သေဆုံးသွားတဲ့ သားဖြစ်သူ Oliver ကိုပြန်တွေ့ချင်ပြီး နောက်ဆုံးနှုတ်ဆက်ချင်နေတဲ့ Maria ဟာ အိမ်ဖော်ရဲ့ အကြံဥာဏ်ကိုရယူပြီး ရှေးဟောင်းကျောင်းကြီးတစ်ကျောင်းမှာရှိတဲ့ Living နဲ့ Dead ကိုခြားနားထားတဲ့ တံခါးတစ်ချပ်ကို စည်းကမ်းဖောက်ပြီး သွားဖွင့်လိုက်တဲ့အခါမှာတော့ Life နဲ့ Death အကြားမှာရှိတဲ့ ထိန်းချုပ်မှုတွေပျက်ပြားသွားပြီး ထူးခြားဆန်းပြားတဲ့ ဖြစ်ရပ်ပေါင်းများစွာကိုတွေ့ကြုံလာရပါတယ်။

The Other Side of the Door ကို Trailer ကြည့်ရတာတော့ ကြောက်ဖို့ကောင်းတာအသေချာပါပဲ။ နိုင်ငံတကာ Rating များအရ IMDB မှာ 5.3/10 အဖြစ်ရှိနေပြီး RottenTomatoes မှာတော့ Tomatometer က 46% ရပါတယ်။ တစ်ချို့ လူတွေပြောတာဖတ်ရတာတော့ ကြောက်ဖို့ကောင်းတဲ့သရဲကားတစ်ကားဖြစ်တာကြောင့် သရဲကားကြိုက်သူတွေအတွက် Rating တွေကိုမေ့ထားပြီးသွားကြည့်သင့်တယ်လို့ လဲဆိုထားကြပါတယ်။ ဒါကြောင့် သရဲကားတွေကြိုက်တတ်တဲ့ ပိတ်သတ်တွေ ၊ သရဲကားမကြည့်ရတာကြာပြီဖြစ်တဲ့ ပိတ်သတ်တွေဆိုရင်တော့ ကြည့်လို့ကောင်းမယ့်ဇာတ်ကားတစ်ကားဖြစ်လာနိုင်ပါတယ်။

ရုပ်ရှင်အညွှန်း - ဓါတ်ရှင်

Download
1 GB
The Other Side of the Door (2016)  

Take Down (2016)


ရာဇာဝတ်မှုကိုယ်စီနဲ့  သူဋ္ဌေးသားတွေကို လူငယ်ပြန်လည်ပြုပြင်ရေးကျောင်းမှာ camp သွင်းနေတဲ့အချိန်မှာပဲ သူတို့ ကျောင်းဝန်းထဲကို အနုကြမ်းစီးသမားတွေ ဝင်တိုက်ခဲ့ပါတယ်။ အဲ့ဒီသူဋ္ဌေးသားတွေကိုယ်တိုင် ပြန်လည်ရုန်းကန်တွန်းလှန်ရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

IMDB 5.4 ရထားတဲ့ ဇာတ်လမ်းဟာ 1h:47mins ကြာမြင့်ပါတယ်။ 796 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Download
796 MB
Take Down (2016)

Monday, September 12, 2016

Mohenjo Daro (2016)


BC 2016 ခုနှစ်မှာ Mohenjo Daro မြို့ထဲမှာ ဖြစ်ပွားခဲ့တဲ့ လယ်သမား၊ တံငါသည်တို့ရဲ့ တော်လှန်ရေးအကြောင်းကို အခြေပြုရိုက်ကူးထားတဲ့ ဇာတ်လမ်းအသစ်ဖြစ်ပါတယ်။

လက်ပွားမင်းသားလို့လူသိများတဲ့ နာမည်ကြီးမင်းသား Hrithik Roshan ခေါင်းဆောင်ပါဝင်ထားတဲ့ အက်ရှင်ဇာတ်လမ်းဖြစ်ပါတယ်။Mohenjo Daro ရိုက်ကူးရေးအတွက် ဘက်ဂျက် Rs.100 cr မှာ တဝက်က မင်းသား Hrithik ကိုပေးခဲ့ရပြီး Bollywood ရုပ်ရှင်လောကရဲ့ အများဆုံးသရုပ်ဆောင်ကြေးရရှိသူ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်

IMDB 6.5 ရထားတဲ့ ဘောလီးဝုဒ်အက်ရှင်ဇာတ်ကားဟာ 2h:35mins ကြာမြင့်ပြီး 998 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
998 MB
Mohenjo Daro (2016)

Sunday, September 11, 2016

Midnight Special (2016)



ဇာတ်လမ်းအဖွင့်ကတည်းက သောက်ရမ်းလန်းပါတယ်။ sci-fi thriller ဆိုတာ ခဏလေးအတွင်းမှာဘဲ လုံလုံလောက်လောက် ခံစားလိုက်ရတယ်။ ဇာတ်လမ်း အသိမ်းပိုင်းမှာလည်း မြင်လိုက်ရတဲ့ အရာတွေကြောင့် ပါးစပ် အဟောင်းသား ဖြစ်ခဲ့ရတယ်။ တကယ်တော့ တစ်ကားလုံးမှာ ဆန်းကြယ်တာတွေ စိတ်လှုပ်ရှားစရာတွေနဲ့ ထင်မှတ်မထားတာတွေ အပြည့်ပါ။ Midnight Special ဟာ sci-fi အနေနဲ့ အတော် စိတ်ဝင်စားစရာကောင်းပြီး thriller အနေနဲ့ ဖျော်ဖြေမှုတော်တော်ပေးနိုင်တဲ့ ကားလေးပါ။

IMDB 6.7 ရထားတဲ့ဇာတ်ကားဟာ 1h:52mins ကြာမြင့်ပါတယ်။
 အောက်ပါလင့်ခ်များမှာ ဒေါင်းယူကြည့်ရှု နိုင်ပါပြီ။

Download
1 GB
Midnight Special (2016)

Friday, September 9, 2016

Rustom (2016)


ဟောလိဝုဒ်ကားတွေ အကြောင်း ပဲဖော်ပြနေရတာကြာပြီမို့ ဒီနေ့ တော့ ဘောလိဝုဒ်သည်းထိတ်ရင် ဖို မှုခင်းဇာတ်ကားသစ်လေးကို ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါ တယ်။ ဇာတ်လမ်းက ရေတပ်ဗိုလ် မှူးကြီး ကေအမ်နာနာဗာတီနဲ့ စီးပွားရေးလုပ်ငန်းရှင် ပရမ်အဟူ ဂျာတို့ရဲ့ ဖြစ်ရပ်မှန်အကြောင်း အရာတွေကို ရိုက်ကူးတင်ဆက် ထားတာ ဖြစ်ပါတယ်။

၁၉၅၀ ပြည့်နှစ်ကာလက အိန္ဒိယရေတပ်အရာရှိ ရပ်စတမ် ပပါဗရီဟာ စင်သီယာဆိုတဲ့ အမျိုး သမီးနဲ့ လက်ထပ်ခဲ့ပြီး တစ်ရက် မှာတော့ ဇနီးက သူ့သူငယ်ချင်း ဖြစ်တဲ့ ဗီကရမ်မာခီဂျာနဲ့ ဇာတ် လမ်းတွေ ရှုပ်နေတာ သိသွားပြီး ပြဿနာတွေ တက်ပါတော့တယ်။ရေတပ်ခရီးစဉ်ကနေ ရပ်စတမ်စောပြီး အိမ်ပြန်ရောက်တဲ့အခါ စင်သီယာရဲ့ အံဆွဲထဲမှာ ဗီကရမ်ဆီက စာတွေရှာတွေ့ခဲ့တဲ့အ တွက် စင်သီယာကို လိုက်ရှာတဲ့အ ခါ ဗီကရမ်နဲ့ တွဲခုတ်နေတာကိုပါ တွေ့ခဲ့ပါတော့တယ်။ နောက် တော့ ရပ်စတမ်ဟာ စစ်သင်္ဘော ပေါ်က လက်နက်တိုက်ကိုသွားပြီး ပစ္စတိုတစ်လက်ယူကာ ဗီကရမ် ရှိမယ့်နေရာကို လိုက်ရှာကာ ပစ္စ တိုနဲ့ ရှင်းပစ်ခဲ့ပြီးနောက် ရဲဌာနကို သွားပြီး အပြစ်ဝန်ခံခဲ့ပါတယ်။

ရေတပ်အရာရှိ ရပ်စတမ်တစ်ယောက် ဘယ်လိုပြစ်ဒဏ်တွေကျခံရမှာ လဲ။ ဇနီးသည်နဲ့ကော ပြန်ပေါင်း ခွင့်ရပါ့ မလားဆိုတာ ကြည့်လိုက် ပါဦးနော်။

ဒီဇာတ်ကားမှာ သရုပ်ဆောင်ထားသူတွေက ရေတပ်ဗိုလ်မှူး ကြီး ရပ်စတမ်ပါဗရီအဖြစ် အက် ရှေးကူးမား၊ စင်သီယာအဖြစ် အလီနာဒီခရုဇ်၊ ဗီခရမ်အဖြစ် အာ ဂျန်ဘာ့ဂ်ျဝါတို့ပဲ ဖြစ်ပါတယ်။

ရုပ်ရှင်အညွှန်း - 7Day

IMDB 7.3 ရထားတဲ့ ဒီဇာတ်ကားဟာ Cam Version မျှသာဖြစ်ပြီး အကြည်လင်ဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ဇာတ်လမ်းက ၂ နာရီခွဲအထိရှည်တာကြောင့် 950 MB အထိ ရှိပါတယ်။

Download
952 MB
Rustom (2016)

Imperium (2016)


IMDb မှာ Rating:6.8 ရရှိထားတဲ့ Thriller, Crime, Drama ဇာတ်ကားအမျိုးစားလေးပါ။
သည်ထိပ်ရင်ဖို၊ဘဝသရုပ်ဖော်၊ရာဇဝတ်မှု ဇာတ်ကားကောင်းကြည့်ချင်တဲ့သူတွေအတွက်တင်ဆက်
လိုက်ပါတယ်။ ဟယ်ရီပေါ်တာ မင်းသား Daniel Radcliffe နှင့် Tracy Letts မင်းသားကြီးအပါဝင်
Australia မင်းသမီး -Toni Collette တို့ကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ကြောက်မက်ဘွယ်ရာကောင်းသော အစွန်းရောက်အဖြူ အာဏာရှင် အကြမ်းဖက် အုပ်စုတစု ရဲ့ လှုပ်ရှားမှု ကို ဖမ်းဆီးလျှို့ဝှက်ထောက်လှမ်းမှု ဖြစ်ရပ်မှန်တစ်ရပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ အမေရိကန်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

အက်ရှင်ကားအသစ်ဟာ 1h:49mins ကြာပြီး အောက်ပါလင့်ခ်များမှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
1 GB
Imperium (2016)

Tuesday, September 6, 2016

Ayan (2009)



လေဆိပ်က လူဝန်မှုကြီးကြပ်ရေးတွေကို အကြိမ်ကြိမ်တပါတ်ရိုက်ပြီး တရားမဝင်ကုန်တွေကို ပြည်မထဲ ခိုးသွင်းနိုင်တဲ့ အရည်အချင်းရှိတဲ့လူငယ်တယောက်ဟာ နောက်ပိုင်းမှာ ဥပဒေဘက်တော်သားဖြစ်သွားပြီး လူဝန်မှုကြီးကြပ်ရေးက်ု ပြန်ကူညီတဲ့အကြောင်း ဇာတ်လမ်းကောင်းပါ။

IMDB 7.3 အထိရတဲ့ ဇတ်လမ်းဟာ 2h:42mins ကြာပါတယ် အောက်ပါလင့်ခ်များမှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
1 GB
LargeSize
Download
570 MB
StandardSize

Saturday, September 3, 2016

The Shaukeens (2014)


ငယ်ဘဝတုန်းကမလုပ်ခဲ့ဖြစ်တဲ့ အရာတွေကို မသေခင် ပြန်လည်လုပ်ဖို့ ဆန္ဒပြင်းပြနေတဲ့ အသက်ကြီးကြီး သူငယ်ချင်း၃ယောက်ဟာ ခပ်ကဲကဲကောင်မလေးတယောက်နဲ့ဆုံပြီး မောက်ကမဖြစ်နဲ့တဲ့ ဟာသဇာတ်လမ်းတပုဒ်ပါ။

IMDB 5.2 ရထားတဲ့ မင်းသား အရှလေကူးမားပါဝင်တဲ့ ဘောလီးဝုဒ်ဇာတ်လမ်းဟာ 2h:4mins ကြာမြင့်ပါတယ်။   အောက်ပါလင့်ခ်များမှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
1 GB
LargeSize
Download
462 MB
StandardSize

Thursday, September 1, 2016

Jazbaa (2015)


စနာရားဆိုတဲ့ ရှေ့နေမတယောက်ဟာ အပြစ်ရှိတဲ့သူတွေ ပြစ်မှုထင်ရှားရင်တောင်မှ ကွင်းလုံးကျွတ် အမှုကလွတ်နိုင်အောင် အမှုလိုက်နိုင်လို့ နာမည်ကြီးသူဖြစ်ပါတယ်။ တရက်မှာ သူမရဲ့သမီးပြန်ပေးဆွဲခံရပါတယ်။ ပြန်ပေးဆွဲရတဲ့ အကြောင်းအရင်းကတော့ လူသတ်၊မရိန်းမှုနဲ့ သေဒဏ်ချပြီးသားလူကို ရှေ့နေပြန်လိုက်ပြီး အမှုကလွတ်အောင် လုပ်ပေးဖို့ဖြစ်ပါတယ်။ သမီးရဲ့ အသက်အန္တရာယ်ကတဖက်၊ လုံးဝအပြစ်ရှိကြောင်းထင်ရှားတဲ့ အမှုကို နိုင်အောင်လုပ်ပေးရမယ့် အခြေအနေကတဖက်နဲ့ လုံးဝဗျာများနေတဲ့အချိန်မှာ သူ့အတွက် အားကိုရာလူတယောက်ပေါ်လာပါတယ်။ သူကတော့ စနာရားရဲ့ ကျောင်းနေဖက်သူငယ်ချင်း ရဲအုပ် ရိုဟန်ဖြစ်ပြီး လက်ရှိ ရာထူးကအဖြုတ်ခံ အဖမ်းခံရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရသူပါ။

သင့်ကို ဇာတ်လမ်းအဆုံးအထိ စွဲဆောင်သွားမယ့် ဇာတ်လမ်းမျိုးပါ။ ရိုဟန်ကဘယ်လိုကူညီမှာလဲ၊စနာရာ သူ့ရဲ့ သမီးလေးကို ကယ်နိုင်မှာလား၊ မုဒိန်းလူသတ်သမားကရော လွတ်မြောက်ခွင့်ရမှာလား ဆိုတာကိုတော့....

IMDB 5.8 ရထားတဲ့ ဘောလီးဝုဒ် ဇာတ်ကားဟာ 1h:59mins ကြာမြင့်ပါတယ်။ အောက်ပါလင့်ခ်များမှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

Download
1 GB
LargeSize
Download
426 MB
StandardSize

Khamoshiyan (2015)



အသည်းကွဲနေပြီး ဘဝသစ်ပြန်စဖို့ကြိုးစားနေတဲ့ စာရေးဆရာလေးဟာ ဟိုတယ်တခုကို ရောက်ရှိသွားပါတယ်။ ဟော်တယ်ပိုင်ရှင်ဆက်ဆီကျတဲ့   ကောင်မလေးဟာ နေမကောင်းတဲ့ ယောင်္ကျားကို ပြုစုနေရပါတယ်။ စာရေးဆရာလေးက မြင်မြင်ချင်း ဂရုဏာသက်မိပြီး ကောင်မလေးဘဝထဲကို ဝင်ရောက်လာပါတော့တယ်။ အဲ့ဒီဟောင်တယ်မှာလဲ ခဏခဏ သရဲခြောက်ခံရပေမယ့် ကောင်မလေးနဲ့ ပိုမိုနီးစပ်အောင်ကြိုးစားပြီး ကောင်မလေးရဲ့ ဘဝအမှန်ကို သိလိုက်ရတဲ့အခါမှာတော့...


IMDB 4.0 ရတဲ့ဇာတ်ကားဟာ 2h:2mins ကြာမြင့်ပါတယ်။ မိမိနှစ်သက်ရာဖိုင်ကို ကြည့်ရှုနိုင်ပါပြီ။


Download
1 GB
LargeSize
Download
438 MB
StandardSize