Thursday, June 22, 2017
Saw IV (2007)
ဆက်လက်ပြီးတော့ SAW IV ကိုဆက်လက်တင်ဆက်ပေးလိုက်ပါပြီ။ လူငယ်ဒါရိုက်တာ James Wan ကတော့ ရုပ်ရှင်ထဲမှာ ပါဝင်တဲ့ ကြောက်လန့်စေတဲ့ ဇာတ်ဝင်ခန်းတော်တော်များများဟာ သူနဲ့ Leigh Wannell တို့ ငယ်ငယ်တုန်းက မက်ခဲ့တဲ့ အိပ်မက်ဆိုးတွေပါလို့ ပြောပြခဲ့ပါတယ်။
သရုပ်ဆောင်တွေ သူတို့ဇာတ်ကောင်နဲ့ ဇာတ်လမ်းမှာ ပိုမိုနစ်မျောပြီး အသက်ဝင်စေဖို့အတွက် ရေချိုးခန်းအတွင်းက ဇာတ်ဝင်ခန်းတွေကို ဇာတ်လမ်းအလိုက် အစဉ်အတိုင်းရိုက်ကူးခဲ့ပါတယ်။
[FORMAT]:………………………….:) BluRay / 640p SD
[GENRE]:……………………….… .:) Horror, Mystery
[FILE SIZE]:…………………….….:) 770 MB / 327 MB
[RESOLUTION]:……………….….:) 1280x720/ 640x436
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 48 mins
[Translate By]:……………………..:) Wai Linn Kyaw
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)
 Saw IV
(2007) on IMDb
Download
770 MB
G-Drive HD Large
Download
327 MB
openload SD Small
Wednesday, June 21, 2017
Painted Skin (2008)
တခါတခါ မှော်ပညာနဲ့ ဖန်တီးထားတဲ့ အချစ်တွေဟာ သာမာန်အချစ်တွေထက် ပိုပြီးသာယာစေပါတယ်။ လူတွေရဲ့ နှလုံးသားကိုစားတတ်တဲ့ စုန်းမတယောက်ဟာ တခြားသူရဲ့ လင်ယောက်ျားကို ကြိုက်မိတဲ့အခါ....  ယောက်ျားဆိုတာကလည်း သိတယ်မဟုတ်လား..
ဒီဇာတ်ကားမှာတော့ စုန်းမအဖြစ်သရုပ်ဆောင်ထားတဲ့  Xun Zhou ရဲ့ အလှအပကို အဓိကအသားပေး ဖေါ်ပြထားပါတယ်။ IP မင်းသားကြီး Donnie Yen အားဖြည့်ပါဝင်ထားတဲ့ 2008 ခုနှစ်ထွက် အချစ်အက်ရှင် မှော်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်ကားကိုဘာသာပြန်သူညီငယ်မှလည်း နာမည်မဖေါ်ပြလိုတဲ့ အတွက် Anonymous လို့ရေးပေးထားပါတယ်။  သူ့ရဲ့ ပထမဦးဆုံးဘာသာပြန်တဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ ဆက်လက်အားပေးကြပါဦး။
သင်တို့ ကွာလတီကောင်းပြီး ကြည်လင်ပြတ်သားတဲ့ ဇာတ်ကားတွေကြည့်ရဖို့အတွက်တော့ encoder ကြီး Nyi Htut (အလွမ်းသံစဉ်)မှ တာဝန်ယူ ကုတ်ပေးနေပါတယ် :P
[FORMAT]:………………………….:) BluRay / 640p SD
[GENRE]:……………………….… .:) Horror, Mystery
[FILE SIZE]:…………………….….:) 866 MB / 426 MB
[RESOLUTION]:……………….….:) 1280x720/ 640x436
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 43 mins
[Translate By]:……………………..:) Anonymous
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)
 Painted Skin
(2008) on IMDb
Download
866 MB
G-drive HD Large
Download
426 MB
openload SD Small
Monday, June 19, 2017
Saw III (2006)
Saw မင်းသား Jigsaw ရဲ့ နောက်ထပ်ရက်ရက်စက်စက် အကွက်တွေကို မိုးအေးအေးလေးနဲ့ ကြည့်ဖို့  အပိုင်း ၃ ကို ထပ်မံတင်ဆက်ပေးလိုက်ပါပြီ။
ဂျစ်ဆောလို့ ခေါ်တဲ့ ဂျွန် ခရမ်မာက ပညာတတ် အင်ဂျင်နီယာ တစ်ယောက် ။ ဂျစ်ဆောမှာ ဖလော်ဆော်ဖီ တစ်ခု ရှိတယ် ။ သူ့ ဖလော်ဆော်ဖီကတော့ " ကိုယ့် ဘဝကို တန်ဖိုး မထားသူဟာ အသက်ရှင်ဖို့ မထိုက်တန်ဘူး" တဲ့ ။
[FORMAT]:………………………….:) BluRay / 640p SD
[GENRE]:……………………….… .:) Horror, Mystery
[FILE SIZE]:…………………….….:) 768 MB / 362 MB
[RESOLUTION]:……………….….:) 1280x720/ 640x436
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 48 mins
[Translate By]:……………………..:) Wai Linn Kyaw
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)
 Saw III
(2006) on IMDb
Download
768 MB
G-Drive HD Large
Download
362 MB
openload SD Small
Sunday, June 18, 2017
Jumanji (1995)
ကျွန်တော်တို့ငယ်ငယ်တုန်းက တိတ်ခွေနဲ့ ခေါက်တုံခေါက်ပြန် ကြည့်ရှုခဲ့ရတဲ့ အံစာတုံးသရဲခေါ် Jumanji ဇာတ်ကားဖြစ်ပါတယ်။ အံစာတုံးလေးခေါက်လိုက်ရာကနေ သူညွှန်ပြတဲ့အတိုင်း ပြင်ပလောကမှာပါ ပုံစံတူလိုက်ဖြစ်ပွားတဲ့ စိတ်ဝင်စားစရာ ဇာတ်ကားကောင်းကို ကြည့်ဖူသူတိုင်း နှစ်သက်ကြမှာပါ။
အာဖရိက ဗုံသံတွေနဲ့ မှော်ဝင်နေတဲ့ ကစားနည်းတစ်ခု Jumanji လို့ ခေါ်တယ် ။ ဂျူမန်ဂျီ ဒီကစားနည်းဟာ လက်ရှိ ကမ္ဘာကို ချန်ပြီး ကမ္ဘာသစ်ကို ရှာသူများအတွက် ကစားနည်း တစ်ခုပေါ့ ။ အံစာတုံးကို လှိမ့်ပြီး ကျလာတဲ့ နံပါတ်အတိုင်း အရုပ်တွေကို လျှောက်လမ်းအတိုင်း ရွှေ့ရမယ် အဆုံးကို အရင် ရောက်သူက နိုင်တယ် ။
ကဲ ခင်ဗျားရော ကစားချင်သလား ....
ဒီဇာတ်ကားမှာတော့ ကွန်လွယ်သွားရှာဖြစ်တဲ့ ဝါရင့်မင်းသားကြီး ရော်ဘီဝီလီယျံက ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။
ယခု 2017 မှာတော့ ဒီဇာတ်ကားရဲ့အဆက်ကိုရိုက်ကူးရာမှာတော့ နာမည်ကျော် နပန်းမင်းသားကြီးဖြစ်တဲ့ The Rock ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် The Rock က သူနဲ့အတူ နာမည်ကြီးဟာသ သရုပ်ဆောင် ဂျက်ဘလက်ပါ ပါဝင်လာဦးမှာပါ။
[FORMAT]:………………………….:) BluRay / 640p SD
[GENRE]:……………………….… .:) Action, Adventure, Family
[FILE SIZE]:…………………….….:) 765 MB / 361 MB
[RESOLUTION]:……………….….:) 1280x720/ 640x436
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 43 mins
[Translate By]:……………………..:) Wai Linn Kyaw
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)
Download
756 MB
G-Drive HD Large
Download
361 MB
openload SD Small
Saturday, June 17, 2017
Saw II (2005)
SAW 2 ကိုထပ်မံတင်ဆက်ပေးလိုက်ပါပြီ ။ ဇာတ်လမ်းအကျဉ်းကတော့ စုံထာက်အဖွဲ့တဖွဲ့ဟာ  စက်ရုံထဲမှာပိတ်လှောင်ခံထားရတဲ့ လူ ၈ ဦးကို ကယ်တင်ရမှာပဲဖြစ်ပါတယ်။ ပိတ်လှောင်ထားတဲ့သူကတော့ Jigsaw လို့ခေါ်တဲ့ အကြမ်းစားလူသတ်သမားပဲဖြစ်ပြီး ဘာသာပြန်သူက တော့ Wai Lin Kyaw ဖြစ်ပါတယ်။
[FORMAT]:………………………….:) BluRay / 640p SD
[GENRE]:……………………….… .:) Horror, Mystery
[FILE SIZE]:…………………….….:) 694 MB / 319 MB
[RESOLUTION]:……………….….:) 1280x720/ 640x436
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 43 mins
[Translate By]:……………………..:) Wai Linn Kyaw
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)
 Saw II
(2005) on IMDb
Download
694 MB
G-Drive HD Large
Download
319 MB
openload SD Small
Thursday, June 15, 2017
Saw (2004)
သူ့နာမည်က ဂျွန် ခရမ်မာ ။
သူ့ကို ရဲတွေနဲ့ သတင်းစာတွေက Jigsaw လို့ ခေါ်တယ် ။
ဂျစ်ဆော ဆိုတာ ဥာဏ်စမ်း ရုပ်ဆက် ကစားနည်း တစ်ခု ။ ဂျွန် ခရမ်မာ ဟာ သူ့သားကောင်တွေကို သတ်ပြီးရင် ဂျစ်ဆောလို့ ခေါ်တဲ့ ဥာဏ်စမ်း ရုပ်ဆက် ကစားနည်းလို သေသူ ရဲ့ အရေပြား အပိုင်းအစလေးတွေကို ခွာယူလေ့ရှိတယ် ။
ဂျစ်ဆောလို့ ခေါ်တဲ့
ဂျွန် ခရမ်မာက ပညာတတ် အင်ဂျင်နီယာ တစ်ယောက် ။ ဂျစ်ဆောမှာ ဖလော်ဆော်ဖီ တစ်ခု ရှိတယ် ။ သူ့ ဖလော်ဆော်ဖီကတော့ " ကိုယ့် ဘဝကို တန်ဖိုး မထားသူဟာ အသက်ရှင်ဖို့ မထိုက်တန်ဘူး" တဲ့ ။
တကယ်တော့ ဂျစ်ဆောဟာ လူသတ်သမား မဟုတ်ဘူး ။
မိမိဘဝ အသက်ရှင်သန်ဖို့ အတွက် မိမိကိုယ်ခန္ဓာက ဘာတွေကို ဘယ်လောက် အဆုံးရှုံးခံနိုင်မလဲ ဆိုတာ စမ်းသပ်တာ ။ လူတွေဟာ ဘယ်လောက်ပဲ ဆိုးဆိုး ၊ ဘယ်လောက်ပဲ ယုတ်မာမာ နောက်ဆုံး မိမိ အသက်ကိုတော့ နှမြောတတ်တာပဲ ။ လူတွေဟာ သေခြင်းတရားနဲ့ ရင်ဆိုင်လာရရင် လူတွေရဲ့ စိတ်ဟာ ကြောက်စရာကောင်းလောက်အောင် ပြောင်းလဲ သွားတတ်တယ် ။
ဂျစ်ဆောရဲ့ဖလော်ဆော်ဖီတွေဟာ
သိပ်ကောင်းပေမယ့် သွေသံရဲရဲ ဇာတ်ဝင်ခန်းတွေကြောင့် အညွှန်းကို ဒီထက် ချဲ့ကားရေးပြလို့ မဖြစ်တော့ဘူး ။ အဲဒိတော့ ခင်ဗျားတို့ ဘာသာ ယူတတ်ရင် ဆက်ကြည့်ပေတော့ ....
ဒီရုပ်ရှင်ဟာ ညှင်းပန်းနှိပ်စက်မှုတွေ လူသတ်မှုတွေ နဲ့ အစမှ အဆုံးထိတိုင် ပြည့်နေလို့ ရက်စက်ကြမ်းကြုတ်တဲ့ ဇာတ်ကားလို့ သတ်မှတ်လို့ ရပေမယ့် ဂျစ်ဆောရဲ့ ဒဿနတွေကို ခင်ဗျားတို့ သဘောပေါက်ခဲ့ရင် ကျုပ် ဘာသာပြန်ပေးရတာ အချိန်ကုန်ရကျိုး ပင်ပန်းရကျိုး တန်ပါတယ်ဗျာလို့ ပြောချင်ပါတယ် ။
ရုပ်ရှင်အညွှန်း - Wai Linn Kyaw
[FORMAT]:………………………….:) BluRay / 640p SD
[GENRE]:……………………….… .:) Action, Adventure, Biography
[FILE SIZE]:…………………….….:) 663 MB / 312 MB
[RESOLUTION]:……………….….:) 1280x720/ 640x436
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 43 mins
[Translate By]:……………………..:) Wai Linn Kyaw
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)
 Saw
(2004) on IMDb
Download
663 MB
G-Drive HD Large
Download
312 MB
openload SD Small
The Taking of Tiger Mountain (2014)
၁၉၄၆ ခုနှစ်
ဂျပန်တွေ လက်နက်ချပြီး တစ်နှစ်အကြာ တရုတ်ပြည် အရှေ့မြောက် အပိုင်းမှာ ဆူပူသောင်းကျန်းမှုတွေ ဖြစ်လာတယ် ။ စစ်ပွဲအပြီး နောက်ပိုင်း နေရာအနှံ့မှာ တောပုန်းဓားပြတွေ သောင်းကျန်းလာတယ် ။ သူတို့က လူသတ် ပစ္စည်းလုပြီး အင်အား တောင့်တင်းလာတော့ နယ်မြေချဲ့ထွင်လာတယ် ။
ဂျပန်တွေ တရုတ်ပြည်ကို စတင်တိုက်ခိုက်တော့
မြောက်ပိုင်း စစ်ဘုရင် ဇောင်းဟာ တောင်တွေထဲမှာဂျပန်တွေ မသိအောင် တရုတ် စစ်သည်တွေကို ကြိုတင် ဝှက်ထားခဲ့တယ် ။ ဂျပန်ရဲ့ ထိန်းချုပ်မှုကို အချည်းနှီးဖြစ်အောင် လုပ်ခဲ့ကြတယ် ။ ဂျပန်တပ်တွေ ဆုတ်သွားတော့ တောင်ထဲက တရုတ်စစ်သည်တွေက သူတို့ဘာသာ နည်းလမ်းရှာပြီး ထွက်သွားကုန်ကြတယ် ။
မြောက်ပိုင်း စစ်ဘုရင် ဇောင်း ရှိစဉ်က မြေပုံသုံးခု ဆွဲခဲ့တယ် ။
ပထမဆုံးမြေပုံက တည်နေရာပြ မြေပုံ ။
တောင် ၉ လုံး ၊ တောင်ပို့ ၁၈ လုံး ၊ ဂိုဏ်း ၁၃ ဂိုဏ်း ရဲ့ အချက်အချာကျတဲ့ နေရာတွေ ပါဝင်တယ် ။
ဒုတိယမြေပုံက လက်နက်ခဲယမ်းတိုက် မြေပုံ ။
မြောက်ပိုင်း စစ်ဘုရင် ဇောင်းဟာ တောတောင်တွေထဲမှာ လက်နက်ခဲယမ်းတိုက်တွေ တည်ဆောက်ခဲ့တယ် ။ သေနတ် တစ်သောင်းကျော် အမြှောက် တစ်ရာကျော် သိမ်းထားခဲ့တယ် ။ အဲဒိ လက်နက်တိုက် နှစ်ခု ထဲက တစ်ခုက ကျားတောင်မှာ ရှိတယ် ။
တတိယမြေပုံကတော့
စစ်ဘုရင် ဇောင်းရဲ့ ရတနာ မြေပုံပဲ ရွှေချည့် တန် ၄၀ ရှိတယ် ။
အဲဒိမြေပုံ သုံးခုလုံး ရရှိသူဟာ မြောက်ပိုင်း တစ်ခွင်မှာ ဘုရင်ပဲ ။
အဲဒိ မြေပုံ သုံးခုကို ဂိုဏ်းတွေ အကြား ဘယ်လို လုမလဲ ?
မော်စီတုံး ရဲ့ တပ်မတော် PLA ကရော မြောက်ပိုင်းတစ်ခွင် ဘယ်လို ထိန်းချုပ်မလဲ ?
ချန်ကေရှိတ် ရဲ့ KMT တပ်ကရော ဘာတွေကို ဘယ်လို ခြေထိုးခံမလဲ ?
ကွန်မြူနစ်ရယ် ဆိုရှယ်လစ်ရယ် တောပုန်းဓားပြတွေ ကြားက ဩဇာအာဏာ လုပွဲကြီး ။
ရုပ်ရှင်အညွှန်း - Wai Lin Kyaw
[FORMAT]:………………………….:)  BluRay / 640p SD
[GENRE]:……………………….… .:) Action, Adventure, Biography
[FILE SIZE]:…………………….….:) 1 GB / 627 MB
[RESOLUTION]:……………….….:) 1224x688/ 640x268
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 21 mins
[Translate By]:……………………..:) Wai Lin Kyaw
 The Taking of Tiger Mountain
(2014) on IMDb
Download
1 GB
G-Drive HD Large
Download
627 MB
openload SD Small
Monday, June 12, 2017
Line Walker (2016)
အက်ရှင်ဇာတ်ကားကြမ်းကြမ်းတကားတင်ဆက်ပေးလိုက်ပါတယ်။ 2016 ထွက် တရုတ်အက်ရှင်ကားပေါ့။ ဘာသာပြန်သူကတော့
[FORMAT]:………………………….:) 720p BluRay / 640p SD
[GENRE]:……………………….… .:) Thriller, Action
[FILE SIZE]:…………………….….:) 862 MB / 376 MB
[RESOLUTION]:……………….….:) 1280x544 / 640x268
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 48 mins
[Translate By]:……………………..:) Aung Myint Oo
 Line Walker
(2016) on IMDb
Download
862 MB
G Drive HD Large
Download
376 MB
 OpenLoad SD
Saturday, June 10, 2017
The Ghazi Attack (2017)
အိန္ဒိယနဲ့ ပါကစ္စတန် တို့ဟာ စစ်ပွဲများစွာ အကြိမ်ကြိမ်နွှဲခဲ့ရပြီး လူပေါင်းများစွာရဲ့ အသက်တွေလဲ စတေးခဲ့ရပါတယ် ။ မြေပြင် ဝေဟင် စစ်ပွဲတွေကိုတော့ လူသိများခဲ့ကြပေမယ့် ရေပြင် အဏ္ဏဝါ စစ်ပွဲတွေကိုတော့ လူသိနည်းခဲ့ပါတယ် ။
ဒီဇာတ်ကားထဲမှာလဲ ပါကစ္စတန်ဟာ တစ်ချိန်က အရှေ့ပါကစ္စတန်လို့ အမည်တွင်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တော်လှန်မှုတွေ ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာပါတယ် ။
ထိုသို့ဆောင်ရွက်ဖို့ဆိုတာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရှိနေတဲ့ ပါကစ္စတပ်တွေအတွက် အထောက်အပံ့များစွာ လိုအပ်ပါတယ် ။ ဒီလိုထောက်ပံ့ဖို့ဆိုရင် အိန္ဒိယ ပိုင်နက်ထဲက ဖြတ်သန်းသွားမှာသာ ရပါမယ် ။
ကုန်လမ်းနဲ့ လေကြောင်းကနေဆိုရင် အိန္ဒိယ စစ်တပ်သိရှိနိုင်တာကြောင့် ရေလမ်းကြောင်းကို အသုံးပြုခဲ့ပါတယ် ။
သို့ပေမယ့် အိန္ဒိယစစ်တပ်ကသိရှိသွားပြီး နှစ်နိုင်ငံ အဏ္ဏာဝါ စစ်ပွဲကို ဘယ်လိုအကြိတ်အနယ် နွှဲခဲ့ကြလည်းဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြပါလို့...
ရုပ်ရှင်အညွှန်း - Channel Burmese
[FORMAT]:………………………….:) 720p BluRay / 640p SD
[GENRE]:……………………….… .:) Action, Drama, History
[FILE SIZE]:…………………….….:) 872 MB / 325 MB
[RESOLUTION]:……………….….:) 1280x536 / 640x268
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 56 mins
[Translate By]:……………………..:) Lin Thura
 The Ghazi Attack
(2017) on IMDb
Download
872 MB
openload HD Large
Download
325 MB
openload SD Small
Thursday, June 8, 2017
Beast Stalker (2008)
သိုင်းကားကြိုက်ကြတဲ့သူတွေကတော့ဒီကားထဲကမင်းသားနဲ့ သိပ်ပြီးစိမ်းလှမယ်မထင်ပါဘူး ဒီမင်းသားက "ငါးကလေး"သိုင်းဇာတ်လမ်းတွဲထဲက ဟွားဝူချွဲဆိုတဲ့နာမည်နဲ့ လူကြိုက်များခဲ့တဲ့Nicholas Tseပဲဖြစ်ပါတယ်...
The Beast Stalker ဇာတ်လမ်းအကျဉ်း
ဒီဇာတ်ကားလေးကတော့ စုံထောက်အက်ရှင်ကားတွေကြိုက်တတ်တဲ့ ပရိတ်သတ်တွေအကြိုက်တွေ့မယ့်စိတ်ဝင်စားစရာဇာတ်ကားလေးတစ်ကားပါ...
ရဲအရာရှိ Tongဟာ အလုပ်အပေါ်မှာအာရုံစိုက်ပြီး စည်းကမ်းကြီးတဲ့သူတစ်ယောက်ပါ ...
တစ်နေ့မှာတော့ တရားခံတွေကိုလိုက်လံဖမ်းစီးရင်းနဲ့ မထင်မှတ်ပဲ မိန်းကလေးငယ်တစ်ဦးကိုသေနတ်နဲ့ ပစ်သတ်မိသလိုဖြစ်သွားခဲ့ပါတယ်...
သူပစ်သတ်ခဲ့မိတဲ့ကလေးငယ်ကတော့ရှေ့နေဖြစ်တဲ့ Annရဲ့ သမီးငယ်နှစ်ဦးအနက်တစ်ဦးပဲဖြစ်ပါတယ်...
အဲ့ဒီဖြစ်စဉ်ကြောင့်ပဲသူဟာ ရှေ့နေ Annရဲ့ ကျန်ရစ်ခဲ့တဲ့သမီးငယ်လေးအနားမှာ အရိပ်တကြည့်ကြည့်နဲ့ ကလေးငယ်ကိုဂရုစိုက်ပေးခဲ့ပါတယ်...
အဲ့ဒီလိုနဲ့တစ်နေ့မှာတော့ Annရဲ့သမီးငယ်လေးဟာ သွေးအေးရက်စက်တဲ့လူသတ်သမားရဲ့ ပြန်ပေးဆွဲခြင်းကိုခံခဲ့ရပါတယ်...
ကလေးငယ်ပျောက်ဆုံးမှုကြောင့် မိခင်ဖြစ်သူAnnနဲ့ ရဲအရာရှိ Tongတို့ဟာ အရူးမီးဝိုင်းခံစားကြရပါတော့တယ်...
အဲ့ဒီကလေးမလေး ပြန်ပေးဆွဲသမားလက်က လွတ်အောင်ဘယ်လိုပြန်ကယ်တင်နိုင်မလဲဆိုတာကတော့ www.flim2mm.comဆက်လက်ရှုစားအားပေးကြပါဦးခင်ဗျာ...
အညွှန်းရေးသူကတော့ နေပြည်တော် လယ်ဝေးသားလေး ကျော်မျိုးသူ ပဲဖြစ်ပါတယ်..
[FORMAT]:………………………….:) 720p BluRay / 360 SD
[GENRE]:……………………….… .:) Action, Thriller
[FILE SIZE]:…………………….….:) 895 MB / 470 MB
[RESOLUTION]:……………….….:) 720x536 / 640x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 36 mins
[Translate By]:……………………..:) ကျော်မျိုးသူ
[Encoded By]:...........................:) Nyi Htut (အလွမ်းသံစဉ်)
 Beast Stalker
(2008) on IMDb
Download
895 MB
openload HD Large
Download
399 MB
openload SD Small
Monday, June 5, 2017
My Lucky Stars (1985)
ရုပ်ရှင်အညွှန်း - Rockie Chan
Rockie Chan က ဘာသာပြန်ပေးထားပြီး Nyi Htut (အလွမ်းသံစဉ်) က blueray quality ရအောင် စေတနာပါပါနဲ့ ကုတ်ထားပေးပါတယ်။ ဇာတ်ကားကောင်း တလက်ကို ကြည်ကြည့်လင်လင် စာတန်းထိုးအမှန် ကြည့်ချင်တဲ့သူတွေအတွက် အောက်မှာ ဒေါင်းလုပ်ယူနိုင်ပါကြောင်း...
[FORMAT]:………………………….:) 720p BluRay
[GENRE]:……………………….… .:) Adventure, Comedy,
[FILE SIZE]:…………………….….:) 816 MB / 399 MB
[RESOLUTION]:……………….….:) 720x536 / 640x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 36 mins
[Translate By]:……………………..:) Rockie Chan
[Encoded By]:...........................:) Nyi Htut (အလွမ်းသံစဉ်)
 My Lucky Stars
(1985) on IMDb 
Download
816 MB
openload HD Large
Download
399 MB
openload SD Small
Thursday, June 1, 2017
Rab Ne Bana Di Jodi (2008)
၂၀၀၈ လောက်ကထွက်တဲ့ရှရွန်ခမ်းရဲ့နာမည်ကြီးဇာတ်ကားပါ။ အလုပ်ကလွဲရင်ဘာမှမသိတဲ့အူတူတူကိုရေခဲတစ်ယောက် ကောလိပ်ဆရာ သမီးမင်္ဂလာဆောင်သွားရာမှမမျှော်လင့်ဘဲမင်္ဂလာသွားဆောင်ခဲ့ရပါတယ်။
သတို့သားနဲ့ သေကွဲကွဲခဲ့ရလို့အချစ်ကိုအမုန်းကြီးမုန်းနေတဲ့သူကို မြင်မြင်ချင်းချစ်ခဲ့မိလို့ အသည်းနင့်အောင်နာကျင်ခဲ့ပါတယ်။ အချစ်စစ်မှန် ရင်နောက်ဆုံးဖူးစာစုံမှာပဲလို့ယုံကြည်ချက်နဲ့ မင်းသမီး အချစ်ကိုရဖို့ခက်ခက်ခဲခဲကြိုးစားပုံကို ဟာသတစ်လှည့် ဒရာမာတစ်လှည့်ကြည့်ရမှာပါ။ အရမ်းကောင်းတဲ့ကားဖြစ်လို့ငယ်တုန်းကခွေတောင်ပြန်မအပ်ခဲ့ပါဘူးဗျာ..:D
[FORMAT]:………………………….:) 720p BluRay
[GENRE]:……………………….… .:) Comedy, Drama, Romance
[FILE SIZE]:…………………….….:) 1.2 GB
[RESOLUTION]:……………….….:) 1280x540
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 47 mins
[Translate By]:……………………..:) Kyaw Kyaw (Myanmar Subtitles Foundations)
 Rab Ne Bana Di Jodi
(2008) on IMDb
Download
1.2 GB
Rab Ne Bana Di Jodi
Monday, May 29, 2017
Honey,I Shrunk the Kids (1989)
ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကားလေးများကို
ခုအချိန်မှာ ပြန်ကြည့်ရင် အမြင်သစ်တစ်မျိုးနဲ့ သုံးသပ်နိုင်ပြီး...အသိပညာတစ်ခုခုရရှိစေတဲ့ဇာတ်ကားတွေ ထဲမှာ ဒီကားလေးလည်း ပါဝင်ပါတယ်။ သိပံ္ပပညာနဲ့ပတ်သက်ရင် စိတ်ဝင်စားစရာသိပ်မရှိတဲ့ ဖွံဖြိုးဆဲ နိုင်ငံက ကလေးတွေကို လေ့လာချင်စိတ်ဖြစ်လာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။
ဒီဇာတ်ကားလေးက သိပံ္ပပညာရှင်ဖခင်ဖြစ်သူရဲ့စမ်းသပ်မှုကို ကလေးတွေက ဝင်ဆော့တဲ့အခါ ဖြစ်လာတဲ့
အကျိုးဆက်တွေကို ပြန်ဖြေရှင်းရတာပါ။ နေ့စဉ်ဘဝမှာ ဘာမှမဟုတ်လို့ထင်ထားခဲ့တာတွေက အရေးပါတဲ့
ကြီးမားတဲ့ အခက်အခဲပြဿနာတွေဖြစ်လာတဲ့ အခါမှာ ဘယ်ပုံဘယ်နည်း ဖြေရှင်းခဲ့လည်းဆိုတာကို ဖော်ပြထားပါတယ်။
၁၉၉၁ ခုနှစ်မှာ BAFTA Film Award ဆုပေးပွဲက ပေးတဲ့ အကောင်းဆုံး Visual Effects ဆုကို ရရှိခဲ့ပြီး 
IMDB မှာ 6.3 ရရှိထားပါတယ်။ ကွန်ပြူတာနဲ့ အထူးပြုလုပ်ချက်တွေကို သပ်သပ်ရပ်ရပ်လုပ်ထားတာကိုလည်း တွေ့မြင်ရမှာပါ။
[FORMAT]:………………………….:) 720p BluRay
[GENRE]:……………………….… .:) Adventure, Comedy, Family
[FILE SIZE]:…………………….….:) 883 MB / 467 MB
[RESOLUTION]:……………….….:) 720x480 / 640x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 33 mins
[Translate By]:……………………..:) Kyaw Myo Thu
[Encoded By]:...........................:) Nyi Htut
 Honey, I Shrunk the Kids
(1989) on IMDb 
Download
883 MB
openload HD Large
Download
467 MB
openload SD Small
Sunday, May 28, 2017
Swordfish (2001)
Log On.
Hack in.
Go anywhere.
Steal everything.
ကဲ...တစ်ခါတော့ လူစုံတက်စုံပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ခုကို ကြည့်ကြမယ်ဗျာ။ 
Face off မင်းသား John Travolta 
X-Men မင်းသား Hugh Jackman
၂၀၀၂ ခုနှစ်မှာ Monster's Ball ဇာတ်ကားနဲ့ Oscar ဆုရရှိခဲ့တဲ့ Halle Berry မင်းသမီး
Hotel Rwanda ဇာတ်ကားမှာ သရုပ်ဆောင်ချက်ပီပြင်လွန်းတဲ့ Don Cheadle
SwordFish ဇာတ်ကားက ဆု ၅ ဆု ရရှိခဲ့ပြီး ၃ ဆုက မင်းသမီး Halle Berry ရရှိခဲ့တာပါ။ မင်းသမီးတစ်ယောက် ဆုတွေရရှိတဲ့အထိ အပီအပြင်သရုပ်ဆောင်ခဲ့တာကိုလည်း တွေ့မြင်ရမှာပါ။ တခြားသရုပ်ဆောင်တွေကလည်း ဇာတ်ကားမှာပါဝင်ရမယ့်အပိုင်းကို အကောင်းဆုံးသရုပ်ဆောင်ထားပါတယ်။ 
Action, Thriller, Crime ရုပ်ရှင်အမျိုးအစားဖြစ်တဲ့အတွက် ပစ်ခန်းခတ်ခန်းတွေ ပါပေမယ့် တစ်လုံးတစ်ခဲကြီး ပစ်ခတ်နေကြတာမဟုတ်ပါဘူး။ နည်းပညာပိုင်းဆိုင်ရာ(Hacking)တွေကိုလည်း ထည့်သွင်းထားပါတယ်။ တစ်ခုတော့ သတိချပ်စေချင်တာက R rated ဇာတ်ကားဖြစ်တဲ့အတွက် (၁၇ နှစ်ပြည့်ပြီးသူများသာကြည့်ရန်) မိသားစုကြည့်ဖို့အတွက် အဆင်မပြေတဲ့ အခန်းတချို့ပါဝင်ပါတယ်။
The New York Times သတင်းစာက ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး "ဒီလိုမျိုးဇာတ်ကွက်နဲ့ ဇာတ်လမ်းကို အစပြုထားတဲ့ Hollywood Thriller ဇာတ်ကားမျိုးမရှိဘူး" လို့ မှတ်ချက်ပေးဖော်ပြထားပါတယ်။ အဲဒီ အခန်းမှာ John Travolta ပြောတဲ့စကားတွေက သူကိုယ်တိုင် ဇာတ်ညွန်းရေးထားတယ်လို့လည်း သိရပါတယ်။ 
ဇာတ်လမ်းအကျဉ်းလား?
.
.
.
ကြည့်ကြည့်လိုက်ပါဗျာ.....:D
[FORMAT]:………………………….:) 720p BluRay
[GENRE]:……………………….… .:) Action, Thriller, Crime
[FILE SIZE]:…………………….….:) 772 MB / 403 MB
[RESOLUTION]:……………….….:) 720x480 / 640x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 39 mins
[Translate By]:……………………..:) Wai Lin Kyaw (mmsub Foundation)
[Encoded By]:...........................:) Nyi Htut
 Swordfish
(2001) on IMDb
Download
772 MB
openload HD Large
Download
403 MB
openload SD Small
Saturday, May 27, 2017
Kidnap (2017)
ဒီဇာတ်ကားကို ရိုက်ထားတဲ့ ဒါရိုက်တာက အရင်က SALT နဲ့ TRANSFORMERS ဇာတ်ကားတွေကို အောင်မြင်စွာရိုက်ကူးခဲ့တဲ့ Luis Prieto ပဲဖြစ်ပါတယ်။ ဇာတ်အိမ်ခိုင်မာမှုနဲ့အတူ ရိုက်ချက်ကောင်းတွေ ရိုက်ပြနိုင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဇာတ်လမ်း အကျဉ်းကတော့....
Single Mother အနေနဲ့ တစ်ဦးအဖြစ်ရပ်တည်ခဲ့တဲ့ Karla MaCoy ဟာ သူရဲ့သားလေး Frankie နဲ့အတူ မိသားစုဘဝကို ပြည့်စုံအောင် တည်ဆောက်ထားသူပါ။ ကစားကွင်းကို သားအမိနှစ်ယောက်အတူသွားတဲ့ တစ်ရက်မှာ သားဖြစ်သူ ပြန်ပေးဆွဲခံရတာကို လိုက်လံကယ်ဆယ်တဲ့ မိခင်တစ်ယောက်ရဲ့ စိတ်ဇောအဟုန် ကို ပုံဖော်ရိုက်ကူးထားပါတယ်။
ကြည့်ရှုသူများကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...
[FORMAT]:………………………….:) 720p BluRay
[GENRE]:……………………….… .:) Drama, Thriller
[FILE SIZE]:…………………….….:) 855 MB / 417 MB
[RESOLUTION]:……………….….:) 720x480 / 640x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 34 mins
[Translate By]:……………………..:) လင်းသူရ
[Encoded By]:...........................:) အလွမ်းသံစဉ်
 Kidnap
(2017) on IMDb
Download
855 MB
openload HD Large
Download
417 MB
openload SD Small
Monday, May 22, 2017
Battle Creek Brawl (1980)
ဟုတ်ကဲ့....ဒီဇာတ်ကားဟာ Jackie Chan ရဲ့ပထမဆုံး အမေရိကန်ရုပ်ရှင်ပါ။ ဒါပေမဲ့...
ဂျက်ကီချန်း ဇာတ်ကားတွေနဲ့ ပတ်သက်ရင် ကြည့်ဖူးပြီးသား ဇာတ်ကားတွေက များပါလိမ့်မယ်။ Bruce Lee ရဲ့ Enter The Dragon (1973) ကို အမေရိကားမှာရိုက်ပြီးတော့ Producer ဖြစ်တဲ့ Robert Clouse က Bruce Lee ပြီးရင် နောက်တက်လာမယ့်သူဟာ Jackie Chan ပဲလို့ ခံစားမိတဲ့အတွက် ဒီကားကို ၁၉၈၀ မှာ အမေရိကားမှာပဲ ရိုက်ဖြစ်ပါတယ်။ ဟုတ်ကဲ့....ဒီဇာတ်ကားဟာ Jackie Chan ရဲ့ပထမဆုံး အမေရိကန်ရုပ်ရှင်ပါ။ ဒါပေမဲ့ လူသိမများခဲ့ပါဘူး။ နှစ်ပေါင်း ၁၆ နှစ်ကြာ ၁၉၉၆ မှ Rumble in the Bronx ဇာတ်ကားနဲ့ အမေရိကားမှာ နာမည်ရခဲ့တာပါ။ 
ကြည့်ရှုသူပရိတ်သတ်အနေနဲ့ အမေရိကန် Street Fighting လောက အကြောင်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ဘာသာပြန်ဆိုသူကတော့ ကျော်မျိုးသူ ဖြစ်ပါတယ်
[FORMAT]:………………………….:) 720p BluRay
[GENRE]:……………………….… .:) Action, Comedy, Crime
[FILE SIZE]:…………………….….:) 879 MB / 477 MB
[RESOLUTION]:……………….….:) 720x480 / 640x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 35 mins
[Translate By]:……………………..:) ကျော်မျိုးသူ
[Encoded By]:...........................:) အလွမ်းသံစဉ်
 Battle Creek Brawl
(1980) on IMDb 
Download
879 MB
openload HD Large
Download
477 MB
openload SD Small
Sunday, May 14, 2017
Blood: The Last Vampire (2009)
ဂျပန် Animation ပရိတ်သတ်တွေကတော့ သိပြီးသားဇာတ်ကားလေးပါ။ ဒီကား Saya ဆိုတဲ့ ကောင်မလေးက ဒုတိယကမ္ဘာစစ်က မိစ္ဆာကောင်ကို နှိမ်နင်းရတာပါ။ သူ့ရဲ့အခန်းဖော်ကလည်း မိစ္ဆာဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာ..............
ပင်လယ်ပြာရဲ့နတ်သမီးလို့နာမည်ပေးထားသလိုပဲ မင်းသမီး Ji-hyun Jun ရဲ့ လှလှပပလေး သရုပ်ဆောင်ထားတာကိုလဲ တွေ့ရမှာပါ။
ဘာသာပြန်ဆိုသူကတော့ ကျော်မျိုးသူ ဖြစ်ပါတယ်
[FORMAT]:………………………….:) 720p BluRay
[GENRE]:……………………….… .:) Action,Horror, Thriller
[FILE SIZE]:…………………….….:) 836 MB / 489 MB
[RESOLUTION]:……………….….:) 720x480 / 640x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 31 mins
[Translate By]:……………………..:) ကျော်မျိုးသူ
[Encoded By]:...........................:) အလွမ်းသံစဉ်
 Blood: The Last Vampire
(2009) on IMDb
Download
836 MB
openload HD Large
Download
486 MB
openload SD Small
Tuesday, May 9, 2017
Snake in the Eagle's Shadow (1978)
  Snake in the Eagle's Shadow (1978) 
သိုင်းလောကသားတွေ အကြိုက်ကားကောင်းလေးပါ။ IMDB 7.5 ရနေတဲ့ဇာတ်ကားထဲမှာ အဓိကဇာတ်ဆောင် ဂျက်ကီချန်းရဲ့ နုနယ်စဉ်က ပုံရိပ်တွေကို တွေ့မြင်ရမှာပါ။ အနှိမ်ခံသင်တန်းသား၊ လူတကာရဲ့ခိုင်းဖတ်ကနေ ဆရာကောင်းသမားကောင်းနဲ့တွေ့ပြီး ကိုယ်ပိုင်စတိုင် သိုင်းကွက်တစ်ခုကို တီထွင်ပြီး တိုက်ခိုက်ပုံကို ရိုက်ပြထားပါတယ်။ ရူစားကြပါဦး..ခင်ဗျာ။
[FORMAT]:………………………….:[ 720p BluRay x264, 640p x264
[GENRE]:………………………… .:[ Action, Comedy
[FILE SIZE]:……………………….:[ 997 MB, 510 MB
[RESOLUTION]:………………….:[ 1024x760, 640x380
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 30 mins
[Translate By]:……………………..:[ ချာရာဏသီပြည်သားလေး Rocki Chan
 Snake in the Eagle's Shadow
(1978) on IMDb
Download
997 MB
openload HD Large
Download
510 MB
openload SD Small
Wednesday, May 3, 2017
Underworld: Blood Wars (2016)
Underworld: BloodWar ဆိုတဲ့ကားလေးပါ ဒီကားလေးမှာတော့ ဆယ်လီဟာ သူ့ကို သစ္စာဖောက်ခဲ့တဲ့ သူတွေကို ပြန်လည်လက်စားချေဖို့ကြိုးစားနေရင်း အရှေ့ပိုင်းအဖွဲ့ရဲ့ ခေါင်းဆောင် ဆမ်မီယာ ရဲ့ ဖိတ်ကြားမှုကြောင့် သေမင်းတမန်တပ်သားများကို လေ့ကျင့်ပေးဖို့ အကြောင်းဖန်လာရင်း ဆမ်မီယာ ရဲ့ အကောက်ကြံသတ်ဖြတ်မှုကိုခံလိုက်ရပါတယ်။ ဆမ်မီယာ ကလဲ အာဏာ ပါဝါတွေ ရဖို့အတွက် မိမိ ဗန်ပိုင်းယား မျိုးနွယ်ကို စတေးပြီး လိုင်ကန် ခေါင်းဆောင်သစ် မာရီယပ် နဲ့ ဗန်ပိုင်းယား ကောင်စီကို ရန်တိုက်ပေးပါတော့တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ မာရီယပ်က ဘာကြောင့်များ အစွမ်းထက်နေတာလဲ မိုက်ကယ်ကိုကော ဘယ်သူကသတ်ဖြတ်ခဲ့တာလဲဆိုတာကို ဆက်လက် ကြည့်ရှူအားပေးကြပါအုံးဗျ
[FORMAT]:………………………….:) 720p HD x264 / 480p SD
[GENRE]:……………………….… .:) Action, Adventure, Fantasy
[FILE SIZE]:…………………….….:) 987 MB / 438 MB
[RESOLUTION]:……………….….:) 720x480 / 640x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 31 mins
 Underworld: Blood Wars
(2016) on IMDb 
Download
987 MB
HD Large
Download
438 MB
SD Small
Tuesday, May 2, 2017
Magnificent Butcher (1979)
ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ကားလေးကတော့ပရိတ်သတ်တွေနဲ့ မစိမ်းလှတဲ့ တရုတ်ဟာသအက်ရှင်မင်းသားကြီး ဝမ်ကျင်းပေါင် (Sammo Hung) ပါဝင်ထားတဲ့ ကားကောင်းလေးတစ်ကားပါ... ဒါရိုက်တာကလည်း ဂျက်ကီချမ်းရဲ့အရက်မူးသိုင်းကားရိုက်တဲ့ဒါရိုက်တာပါ... ဇာတ်လမ်းအညွှန်းကိုအောက်မှာဖတ်ရှု ပြီး ဒေါင်းယူ အားပေးကြပါဦးခင်ဗျာ နာမည်ကြီးသိုင်းဆရာလည်းဖြစ် ...ဆေးဆရာကြီးတစ်ဦးလည်းဖြစ်တဲ့ ဝမ်ဖေးဟုန်မှာ တစ်ခြားတပည့်၂ယောက်နဲ့အတူ လန်စိုင်းဝင်းလို့ခေါ်တဲ့ တပည့်တစ်ယောက်ရှိပါတယ်... တစ်ဖက်မှာတော့ဝမ်ဖေးဟုန်နဲ့အပြိုင် နဂါး၅ကောင်ကွန်ဖူးသင်တန်းကျောင်းတစ်ခုရှိပါတယ် ... တစ်နေ့မှာတော့ဝမ်ဖေးဟုန်ရဲ့ တပည့်ဖြစ်သူလန်စိုင်းဝင်းနဲ့ နဂါး၅ကောင်သင်တန်းကျောင်းကသင်တန်းသားတစ်ယောက်တို့ပြ ဿ နာဖြစ်ခဲ့ကြပါတယ်... အဲ့ဒီကိစ္စနဲ့ပဲ နဂါး၅ကောင်သင်တန်းက သင်တန်းဆရာက ဝမ်ဖေးဟုန်ရဲ့တပည့်ဖြစ်သူကို အငြိုးအတေးထားလာပါတယ်... ဒီလိုနဲ့တစ်နေ့မှာတော့ လန်စိုင်းဝင်းရဲ့ အိပ်ခန်းမှာ နဂါး၅ကောင်သင်တန်းကျောင်းဆရာရဲ့ မွေးစားသမီးဖြစ်သူအသတ်ခံခဲ့ရပါတယ်... အဲ့ဒီအမှုကြောင့် နဂါး၅ကောင်သင်တန်းကျောင်းဆရာ ကလန်စိုင်းဝင်းအပေါ်အငြိုးအတေးပိုမိုကြီးထွားလာရာမှာတော့....
ရုပ်ရှင်အညွှန်း - လယ်ဝေးသားလေး Kyaw Myo Thu
[FORMAT]:………………………….:) 720p Blueray x264 / 480p SD
[GENRE]:……………………….… .:) Adventure, Family, Fantasy
[FILE SIZE]:…………………….….:) 986 MB / 490 MB
[RESOLUTION]:……………….….:) 1280x720 / 640x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 48 mins
[Translator]:........................ :) လယ်ဝေးသားလေး Kyaw Myo Thu
 Magnificent Butcher
(1979) on IMDb
Download
986 MB
HD Large
Download
490 MB
SD Small
Saturday, April 22, 2017
Pete's Dragon (2016)
သင်ဟာ BFG လို fantasy-drama ကားကောင်းလေးတွေ ကြိုက်နှစ်သက်သူဆိုရင် ဒီကားလေးကိုလည်း လက်လွတ်မခံသင့်ပါဘူး။ Walt disney က ထုတ်လုပ်ဖြန့်ချီထားတဲ့ဒီကားဟာ လူသားကလေးငယ်တစ်ဦးနဲ့ အဟိတ်တရိစ္ဆာန်တစ်ကောင်ကြားက မေတ္တာဘွဲ့ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ Pete ဆိုတဲ့ ၅နှစ်အရွယ်ကောင်လေးတစ်ယောက် မိဘတွေနဲ့ပျော်ပွဲစားထွက်လာရင်း ကားအက်ဆီးဒင့်ဖြစ်ပြီး တောထဲရောက်သွားပါတယ်။ မိဘတွေဆုံးပါးသွားလို့ တောထဲမှာ မျက်စိသူငယ်နားသူငယ်နဲ့ ဒုက္ခရောက်နေတဲ့ သနားစရာကလေးငယ်လေးကို နဂါးကြီးက စောင့်ရှောက်ပေးတဲ့အကြောင်းလေးပါ။ ဘဝခြားနေသူနှစ်ဦးကြားက သံယောဇဉ်နဲ့ လူသားတွေရဲ့ အတ္တအကြောင်း မြင်သာအောင် ဖော်ညွှန်းသွားနိုင်ခဲ့ပါတယ်။ အစပိုင်း ဇာတ်အထနှေးပေမယ့် အဆုံးထိကြည့်ဖြစ်သွားမှာ သေချာပါတယ်။ ဝင်ငွေအရလည်း မူရင်းbudgetထက် နှစ်ဆပြန်ရတဲ့အထိ အောင်မြင်ခဲ့ပြီး imdb -6.8, rotten tomatoes - 87% လို rating ကောင်းတွေ ရထားတဲ့ ဒီကားလေးကို မြန်မာစာတန်းနဲ့ တင်ဆက်ပေးလိုက်ပါတယ်။
Reviewed by : Chue Thinzar Naing
Translated by : Arnold.ats(MSF)
Myanmar Subtitles Foundations(FB)
[FORMAT]:………………………….:) openload -720p Blueray x264 / pcloud - 480p SD
[GENRE]:……………………….… .:) Adventure, Family, Fantasy
[FILE SIZE]:…………………….….:) 864 MB / 417 MB
[RESOLUTION]:……………….….:) 1280x720 / 640x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 42 mins
[Translator]:........................ :) Arnold.ats(MSF)
 Pete's Dragon
(2016) on IMDb
OpenLoad
Download
864 MB
Pete's Dragon (2016)
PCloud
Friday, April 21, 2017
Lady Bloodfight (2016)
2016 ထွက်ဖိုက်တင်းဇာတ်လမ်းတပုဒ်၊ မင်းသမီးက  Deadpool (2016), Captain America: The Winter Soldier (2014) နဲ့ Suicide Squad (2016) တို့မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးချော Amy Johnson.. ဆိုရင် စိတ်ဝင်စားမလားပဲ၊
အနောက်တိုင်းသူ ရွှေရောင်ဆံပင်နဲ့ မိန်းမချောလေးဟာ အာရှကိုရောက်လာခဲ့ပါတယ်။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို လူဆိုးတဖွဲ့ရဲ့ အလိမ်မိပြီး သူ့ပိုက်ဆံအိပ်ကို လုယူဖို့ကြိုးစားတော့ သူကပြန်လည်ခုခံရင်း တုတ်နဲ့အရိုက်ခံရပြီး သတိမေ့သွားပါတော့တယ်။ သူသတိရတော့ ကိုယ်ခံပညာ ဆရာမကြီးတဦးဆီကို ရောက်နေပြီး ဆရာမကြီးဆီမှာ ကိုယ်ခံပညာသင်ဖို့၊ တပည့်ခံဖို့ တောင်းဆိုပါတော့တယ်။ သူမရဲ့ တကယ့်ရည်ရွယ်ချက်ကတော့ ကိုယ်ခံပညာ တံခွန်စိုက်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ပါပဲ။ ဒီပြိုင်ပွဲဟာ အနယ်နယ်အရပ်ရပ်က အမျိုးသမီးဖိုက်တာတွေပြိုင်ကြတဲ့ ပွဲဖြစ်ပါတယ်။
ကဲ ဖိုက်တင်ကားကောင်းကောင်းလေးကိုလည်း အားပေးလိုက်ပါဦးလို့စ်...
[FORMAT]:………………………….:) 720p DvdRip x264
[GENRE]:……………………….… .:) Action, Crime, Drama
[FILE SIZE]:…………………….….:) 739 MB
[RESOLUTION]:……………….….:) 720x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 40 mins
Download
739 MB
Lady Bloodfight(2016)
School of Rock (2003)
ကာလက ရော့ခ်ဂီတခေတ်စားတဲ့ကာလ. . .
Dewey Finn(Jack Black) ဆိုတဲ့ ရော့ခ်ဂီတကို ရူးသွပ်တဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ ကသောင်းကနင်း နိုင်မှုတွေကြောင့် ကိုယ်တိုင်တည်ထောင်ထားတဲ့ Music Band အငယ်စားလေးကနေ သစ္စာဖောက်တဲ့ အပေါင်းအသင်းတွေရဲ့ ကန်အထုတ်ခံလိုက်ရချိန်. . .ကြွေးမြီထူပြောပြီး သူငယ်ချင်းစုံတွဲနဲ့ အတူနေတာတောင် အိမ်လခ မျှမပေးနိုင်တဲ့ အခက်အခဲပေါင်းစုံနဲ့ပေါ့. . .
သူငယ်ချင်းရည်းစားကလည်း အိမ်လခကို ခွဲမပေးလို့  တပူပူလုပ်ပါတော့တယ်။
အဲ့ဒီဒါဏ်ကို မခံစားနိုင်တဲ့ ဒူဝီတစ်ယောက် အိမ်လခအတွက် ကိုယ်မြတ်နိုးလှတဲ့ ဂစ်တာကိုရောင်းပြီး အကြွေးဆပ်ဖို့ စဉ်းစားမိလိုက်ချိန် တိုက်ဆိုင်စွာပဲ ပုဂ္ဂလိကမူလန်းကျောင်းတစ်ခုကနေ ကျောင်းဆရာလိုင်စင်ရထားတဲ့ သူ့သူငယ်ချင်းဆီကို ဖုန်းဆက်ပြီး အစားထိုးဆရာလုပ်ပေးဖို့  ကမ်းလှမ်းတဲ့အချိန်နဲ့တိုးပါတော့တယ်
ဒူဝီ အကြံတစ်ခုရလိုက်ပါတယ်...
သူ့သူငယ်ချင်း အယောင်ဆောင်ပြီး ကျောင်းမှာစာသင်ရင်း ငွေရှာ အကြွေးဆပ်မယ်ပေါ့. . .
ဒီလိုနဲ့ ကျောင်းကိုရောက်လာတယ် ငွေအတွက်ပဲ ကြည့်မိတဲ့အတွက် အရာရာ အလွဲလွဲအချော်ချော်နဲ့ စာလည်းမသင်တတ်ဖြစ်ရပါတယ်
အဲ့ဒီအချိန်မှာပဲ သူတာဝန်ယူရတဲ့ အတန်းက ကလေးတွေရဲ့ ဂီတသင်တန်းကို အမှတ်မထင် နားထောင်မိရာကတစ်ဆင့်ကလေးတွေမှာ ဂီတပါရမီပါလာတာကို သတိထားမိလာကာ. . သိပ်မဝေးတော့တဲ့အချိန်မှာ ကျင်းပတော့မယ့် ရော့တီးဝိုင်းတွေပြိုင်ပွဲ (Battle Of The Bands) မှာ ဝင်ပြိုင်ရဖို့ သိမ်းသွင်းစည်းရုံးပြီး Rock ဂီတအကြောင်းကို တိုးတိုးတိတ်တိတ် သင်ပေးပါတော့တယ်
အခန်းကို အလုံပိတ် အသံပိုင်းဆိုင်ရာ စတိတ်မီးထိုးပုံတွေကအစ နောက်ထအဆိုတော်တွေရွေး. . .Vocalist တွေထည့်နဲ့. . .
အတော်ကြီး ဇာတ်ရှိန်မြင့်မြင့်နဲ့ ဆွဲခေါ်သွားနိုင်တဲ့ကားဖြစ်ပါတယ်
ရော့ခ်ဂီတရဲ့ အခြေခံသဘောတရားကိုက လွတ်လပ်စွာ စီးမျောခံစားရတာမို့. . .ကလေးတွေစိတ်ထဲက ပေါက်ကွဲလာသမျှ စကားလုံးတွေအဖြစ် ဖန်ဆင်း လက်တမ်းရေးတဲ့ သီချင်းနဲ့ Music,Comedy,Family အမျိုးအစားဇာတ်ကားဆိုပေမယ့် ရော့ခ်ဂီတကိုသိပ်မရင်းနှီး သိပ်မကြိုက်တဲ့သူတောင် အူမြူးလာအောင် လုပ်နိုင်စွမ်းရှိတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်
ဒီဇာတ်ကားမှာ သရုပ်ဆောင်တဲ့ Jack Black ရဲ့ Charactorနဲ့ သရုပ်ဆောင်မှုက တကယ့်ကို သရုပ်ပါပြီး သဘောကျစရာဖြစ်သလို Rating လည်း မြင့်ပါတယ်
ပေးချင်တဲ့ မက်ဆေ့က မိမိရူးသွပ်ရာကို တစိုက်မတ်မတ်နဲ့ ဇွဲ မလျှော့ပဲသာလုပ် တစ်နေ့နေ့တော့ ဖြစ်ကိုဖြစ်လာရမယ် ဆိုတာပဲ ဖြစ်ပါတယ်
ကဲ ........ ဆက်လက်အားပေးကြပါဦး ခင်ဗျာ. . .
မြင့်သူ(ငှက်ကလေး-နည်းပညာ)
ဖောသည်
[FORMAT]:………………………….:) 720p Blueray x264
[GENRE]:……………………….… .:) Comedy, Family, Music
[FILE SIZE]:…………………….….:) 992 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 46 mins
[Translator]:........................ :) မြင့်သူ(ငှက်ကလေး-နည်းပညာ)
Download
455 MB
School of Rock (2003)
Tuesday, April 18, 2017
My Father Die (2016)
အက်ရှင် ၊ ဒရမ်မာ အမျိုးအစား ကားကောင်းတလက် တင်ဆက်ပေးလိုက်ပါတယ်။
အာရှာဆိုတဲ့ ၁၂ နှစ်သားကလေးတယောက်ရဲ့ အရမ်းချစ်ရတဲ့ အစ်ကိုဖြစ်သူ ချက်စတာဟာ ထိုးနှက်ခံရပြီး သူ့ရဲ့ရှေ့မှာပဲ အသတ်ခံရတယ်။ ချက်စတာကို ထိုးနှက်ပြီး သတ်တဲ့သူက တခြားသူမဟုတ်ပါဘူး၊ သူတို့ရဲ့ အဖေပဲဖြစ်ပါတယ်။ အာရှာလည်း အဲ့ဒီကတည်းက ခပ်ပြင်းပြင်းအရိုက်ခံရပြီး ဆွံအသွားတာ အရွယ်ရောက်တဲ့ထိ စကားမပြောနိုင်တော့ပါဘူး။
ဒီလိုနေရင်းနဲ့ သူ့အဖေက ထောင်ကနေရုတ်တရက်လွတ်လာတဲ့အခါ အာရှာအတွက် လက်စားချေဖို့ အကြောင်းဖန်လာပါတယ်။ သူ့အဖေရဲ့ အပေါင်းအပါတွေကတဆင့် သူ့အဖေဘယ်မှာရှိတယ်ဆိုတာ ခြေရာခံပြီး ဂေါ်ပြားနဲ့ ရိုက်သတ်ပါတော့တယ်။ သူထွက်သွားပြီးနောက်မှာ အဖေဖြစ်သူက မသေသေးပဲ အာရှာကို ပြန်လိုက်ရှာပါတော့တယ်..... ဘယ်လိုတွေဆက်ဖြစ်ဦးမှာလဲဆိုတာကိုတော့...
[FORMAT]:………………………….:[ 720p DvdRip x264, 640p x264 SD
[GENRE]:………………………… .:[ Action, Drama
[FILE SIZE]:……………………….:[ 817 MB, 368 MB
[RESOLUTION]:………………….:[ 720x480, 640x320
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 42 mins
 My Father Die
(2016) on IMDb 
Download
817 MB
HD Large
Download
368 MB
SD Small
Sunday, April 16, 2017
Protégé (2007)
Protege (2007) ရေနံ နှင့် စစ်လက်နက်ပြီးရင် ဘိန်းဖြူက ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကုန်သွယ်ရေးပဲ ။ ကမ္ဘာပေါ်မှာ ဘိန်းစိုက် ဒေသကို သုံးနေရာ ခွဲထားတယ် ။ ရွှေတြိဂံ ၊ ရွှေလခြမ်း နဲ့ တောင်အာဖရိကတို့ပဲဖြစ်တယ် ။ ရွှေလခြမ်းဒေသဆိုတာ အာဖဂန်နစ္စတန် ၊ ပါကစ္စတန် ၊ အီရန် နယ်စပ်ပဲဖြစ်တယ် ။
ရွှေလခြမ်း ဒေသက ဘိန်းဖြူတွေကို ဥရောပကို ပို့တယ် ။ တောင်အာဖရီက က ဘိန်းဖြူတွေကိုတော့ အမေရီကန်နဲ့ ကနေဒါကို ပို့ကြတယ် ။ ရွှေတြိဂံက ထွက်တဲ့ ဘိန်းဖြူကတော့ အာရှကို ဖြန့်တယ် ။ 
ဒါက ဇာတ်ကားရဲ့ ပေးချင်တဲ့ မက်ဆေ့ပေါ့ဗျာ ။
 ဒီရုပ်ရှင်မှာ ကျွန်တော်တို့နဲ့ သိပ်မစိမ်းတဲ့ နာမည်ကြီး မင်းသားများဖြစ်သော Andy Lau က ဟောင်ကောင် ဘိန်းရာဇာအဖြစ် သရုပ်ဆောင်ပြီး Daniel Wu ကတော့ ရဲသူလျှို အဖြစ် သရုပ်ဆောင်ထားပါတယ် ။ 
ဇာတ်လမ်း အကျဉ်းကတော့ ဘိန်းရာဇာတွေကြားထဲမှာ ရောက်နေတဲ့ ရဲသူလျှိုတစ်ယောက်ရဲ့ စုံစမ်းမှု နဲ့ တာဝန်ဝတ္တရားတွေ တစ်ဘက် ၊ ညီအကိုလို သံယောဇဉ်က တစ်ဘက် ၊ သနားကြင်နာတတ်တဲ့ နှလုံးသားက တစ်ဘက် နဲ့ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲတဲ့ အနေအထားကနေ မူးယစ်ရာဇာကိုပဲ ဥပဒေလက် အပ်နိုင်မလား ၊ သူကိုယ်တိုင်က မူးယစ်ရာဇာ ဖြစ်သွားမလား ဆိုတာတော့ ခင်ဗျားတို့ ကိုယ်တိုင်ပဲ ဒေါင်းယူ            ကြည့်ရှူ့လိုက်ပါတော့ဗျာ ..............
အညွှန်း - Coe Nay Win
[FORMAT]:………………………….:) 720p Blueray x264, 640p x264 SD
[GENRE]:……………………….… .:)  Crime, Drama, Thriller
[FILE SIZE]:…………………….….:) 868 MB, 421 MB
[RESOLUTION]:……………….….:) 1280x544, 640x270
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:)  1h 46 mins
[Translator]:........................ :)  Coe Na Win
 Protégé
(2007) on IMDb
Download
868 MB
HD Large
Download
421 MB
pcloud
Download
421 MB
google drive
Lion (2016)
မူရင်းရုပ်ရှင်အညွှန်းမှာ မပါပေမဲ့ အညွှန်းတစ်ခုရဲ့အောက်မှာ ရေးထားတဲ့ မှတ်ချက်လေးတစ်ခုကိုဖော်ပြချင်ပါတယ်။ ပြောထားတာက Lion ဇာတ်ကားကြည့်လိုက်မှပဲ တကယ့်ဘဝအစစ်အမှန်(Reality) ကို ခံစားမိတော့တယ်လို့ ရုပ်ရှင်ဝါသနာရှင် တစ်ယောက်က မှတ်ချက်ပြုထားပါတယ်။ ကျွန်တော်လည်းစဉ်းစားမိတယ်...ဒီခေတ်အကြိုက် Sci-Fi တွေ Comic တွေကို အခြေပြုထားတဲ့ ရုပ်ရှင်တွေထဲမှာမှ ဒီလိုကားမျိုးထွက်လာတာက ကိုယ့်ပကတိဖြစ်တည်မှုကို ပြန်မြင်မိစေပါတယ်။ စူပါဟီးရိုးတွေဇာတ်ကားတွေမှိုလိုပေါက်နေတဲ့ ကြားက ဒီ Lion ဆိုတဲ့ဇာတ်ကားက သင့်ရဲ့ Reality ထဲက မေတ္တာတရားနဲ့ သံယောဇဉ်ကို ခံစားရိုက်ခတ်မိစေမှာပါ။
~ R!B ~
.
.
.Saroo ဆိုတဲ့ လူငယ်လေးဟာ သူ့အမေ,သူ့အကို တို့နဲ့အတူ အိန္ဒိယနိုင်ငံက ဆင်ခြေဖုံးရပ်ကွက်လေးမှာ နေထိုင်ပါတယ်။ သူတို့ ညီအကိုနှစ်ယောက်ဟာ ကျောက်မီးသွေးရထားပေါ်က ကျောက်မီးသွေးခဲတွေကို ခိုးယူပီး ပြန်ရောင်းစားတဲ့ အလုပ်ကို လုပ်ကြပါတယ်။ မိခင်ကတော့ ကျောက်တောင်တစ်ခုမှာ ကျောက်ခဲ သယ်တဲ့ အလုပ်ကို လုပ်ပါတယ်။ Saroo တို့ညီအကို နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့ ညီအကိုတွေပါ။ တစ်ရက်မှာတော့ သူ့အကို ညပိုင်းလုပ်တဲ့ အလုပ်ဆီ Saroo ကလိုက်သွားခဲ့ပါတယ်။ အလုပ်ကိုရောက်ဖို့ ရထားတဆင့်စီးရပါတယ်။ ဘူတာရုံရောက်တော့ Saroo အရမ်းအိပ်ချင်နေတဲ့အတွက် သူ့အကိုက ခုံတန်းလေးပေါ်မှာ သူ့ညီကိုထားခဲ့ပီး အလုပ်သွားလုပ်ခဲ့ပါတယ်။ Saroo နိုးလာတဲ့ အချိန်မှာတော့ ဘူတာရုံထဲမှာ သူတစ်ယောက်ထဲရှိနေတာ သိလိုက်ရပီး သူ့အကို ကိုလိုက်ရှာပါတယ်။ အကို ကိုရှာရင်းနဲ့ ရထားတွဲတစ်တွဲပေါ်မှာ Saroo ဝင်ထိုင်ရင်း အိပ်ပျော်သွားပြန်ပါတယ်။ ဒီတစ်ခါ နိုးလာတဲ့အခါမှာတော့ သူအိပ်နေတဲ့ ရထားကြီးက တခြားတစ်နေရာဆီ ခုတ်မောင်းသွားနေပါဘီ။ ရထားပေါ်က ဆင်းဖို့ ကြိုးစားပေမဲ့ ရထားပေါ်မှာ လူတစ်ယောက်မှ မပါဘဲ တံခါးတွေကလည်း ဖွင့်လို့မရခဲ့ပါဘူး။ ရထားရပ်လို့ ရထားတံခါးကြီး ဖွင့်သွားတဲ့အခါမှာတော့ Saroo တစ်ယောက် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Bengal ပြည်နယ် ရဲ့ မြို့တော် Calcutta ကို ရောက်သွားပါတယ်။ မြို့ထဲ တစ်ယောက်ထဲ လျှောက်သွားနေရင်း ကလေးဖမ်းတဲ့သူတွေ နဲ့တွေ့လို့ ပြေးခဲ့ရပါသေးတယ်။ Noor ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လမ်းမှာ တွေပီး သူမအိမ်ကို လိုက်သွားပါတယ်။ အစကတော့ ဖော်ရွေသလိုရှိပေမဲ့ ကလေးရောင်းဖို့ကြံစဉ်တာကို Saroo က ရိတ်မိပီး ထွက်ပြေးခဲ့ရပြန်ပါတယ်။ ဒီလိုနဲ့ လမ်းပေါ်မှာနေရင်းကနေ ရဲစခန်းကတွေ့ပီး မိဘမဲ့ဂေဟာ ကိုပို့လိုက်ပါတယ်။ သုံးလလောက်အကြာမှာတော့ Mrs.Sood ဆိုတဲ့ အမျိုးသမီးက Saroo နဲ့တွေ့ပီး သူတို့ သတင်းစာထဲမှာ လူပျောက်ကြေငြာခဲ့ပေမဲ့ တစ်ယောက်မှ အကြောင်းမပြန်ခဲ့ကြောင်း, Australia လူမျိုး လင်မယားက Saroo ကိုမွေးစားချင်နေကြောင်း ပြောပြခဲ့ပါတယ်။
မကြာခင်မှာဘဲ Australia နိုင်ငံကို Saroo ရောက်လာပီး မွေးစား အဖေ နဲ့ အမေ ဖြစ်တဲ့ Sue နဲ့ John ကိုတွေ့ခဲ့ပါတယ်။ Saroo ကိုမွေးစားပီး သိပ်မကြာခင်မှာ Mantosh ဆိုတဲ့ ကလေးတစ်ယောက်ကို ထပ်မွေးစားပါတယ်။ Mantosh က သာမန်ကလေးတွေနဲ့မတူဘဲ စိတ်တိုရင် မိမိကိုယ်ကိုနာကျင်အောင်လုပ်တတ်တဲ့ မွေးရာပါ ဦးနှောက်ချို့ယွင်းတဲ့ ရောဂါရှိသူပါ။ Saroo ရဲ့ မွေးစားမိဘ တွေဟာ သူတို့ နှစ်ယောက်အပေါ် သိပ်ကောင်းခဲ့ကြတာပါ။
နှစ်ပေါင်း ၂၀ အကြာမှာတော့ Saroo က မဲဘုန်းလ်မြို့မှာ Hotel Management သင်တန်းတက်ဖို့ ထွက်လာခဲ့ပါတယ်။ Lucy ဆိုတဲ့ အမေရိကန်သူလေးနဲ့ သင်တန်းမှာတွေ့ပီး ချစ်ကြိုက်သွားကြပါတယ်။ တစ်ရက်မှာတော့ သူငယ်ချင်းအိမ်မှာ ညစာစားရင်း သူ ငယ်စဉ်က အရမ်းစားချ င်ခဲ့တဲ့ Jalebi (ဂျလေဘီ) မုန့်ကိုတွေ့ရာကနေ ငယ်ဘဝကို ပြန်အမှတ်ရသွားပါတယ်။ သူ့ဘဝ အကြောင်းကို သူငယ်ချင်းတွေနဲ့ ပြောဖြစ်ရာကနေ သူငယ်ချင်းတစ်ယောက်က Google Earth ကနေ သူ့အိမ်ကို ပြန်ရှာပါ့လားဆိုပီး အကြံပေးလိုက်ပါတယ်။ ထိုအချိန်ကစလို့ မိသားစုကို ပြန်တွေ့ချင်တဲ့စိတ်တွေ Saroo မှာ စွဲကပ်လာပီး Google Earth ကိုသုံးကာ ရှာပုံတော်ဖွင့်ပါတော့တယ်...
----------------------------------------------------
ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ Lion ဇာတ်ကားကို ရုပ်ရှင်ဇာတ်ကား ပထမဆုံးရိုက်ကူးဖူးတဲ့ Director Garth Davis က ရိုက်ကူးခဲ့ပါတယ်။ Saroo အရွယ်ရောက်ချိန်ဇာတ်ကောင် အဖြစ် Slumdog Millionaire နဲ့ နာမည်ရခဲ့တဲ့ မင်းသား Dev Patel က သရုပ်ဆောင်ထားပါတယ်။ အထူးသဖြင့် ကလေးဘဝ Saroo အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Sunny Pawar ဆိုတဲ့ ကလေးသရုပ်ဆောင်လေးရဲ့ သရုပ်ဆောင်ပုံတွေကို အတော်လေး သဘောကျမိခဲ့ပါတယ်။ Nicole Kidman နဲ့ Rooney Mara တို့ကလည်း အားဖြည့်ထားပါတယ်။ လာမယ့် Oscar ဆုပေးပွဲမှာ ဆု ၆ဆု ရာထား ခံထားရပါတယ်။ Saroo ရဲ့ တကယ့်အသံထွက်အမှန်က Sheru ဖြစ်ပီး အဓိပ္ပါယ်ကတော့ Hindi ဘာသာစကားအရ Lion ဖြစ်ပါတယ်။
-------------------------------------------------------------
မိသားစုနဲ့ ဝေးကွာနေရတဲ့အခါ လွမ်းစွတ်တမ်းတမိတာမျိုး, ဒုက္ခတွေ ကြုံရတဲ့အခါ အိမ်လွမ်းမိတာမျိုးကို ကျွန်တော်တို့တွေ ကြုံဖူးကြမှာပါ။ ဘယ်လောက်ပင် သာယာတဲ့ အခြေအနေမျိုးမှာ ရှိနေပါစေ မိသားစုနဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကိုပြန်တမ်းတမိကြမှာပါ။ Saroo ရဲ့ ရင်ထဲမှာရှိတဲ့ ခံစားချက်ကို ကျွန်တော် အလွယ်တကူဘဲ ကိုယ်ချင်း စာခံစားလို့ရခဲ့ပါတယ်။ ၂၅နှစ်လောက် ငါ့မိသားစု ငါ့ကို ပူဆွေးစွာလိုက်ရှာ နေခဲ့တဲ့ ခံစားချက်ကို ငါနားလည်တဲ့ ဆိုတဲ့ Saroo ရဲ့ စကားဟာ သူ့မိသားစု အပေါ်မှာထားရှိတဲ့ သံယောဇဉ်ပါ။ Saroo ရဲ့ သူ့အကိုပေါ်မှာ ထားတဲ့ သံယောဇဉ်ဟာ အကိုတစ်ယောက်ထက်ပိုတဲ့ ဖခင်တစ်ယောက်လို အားကိုးတဲ့ သံယောဇဉ်မျိုးဖြစ်ခဲ့မှာပါ။ တကယ်တော့ မိသားစု ရဲ့ မေတ္တာကသာ အနွေးထွေးဆုံးပါ.......
Imdb rating - 8.0/10
#ThuYein
" I found Home " - Saroo
ရုပ်ရှင်အညွှန်း - Movie Gods (https://www.facebook.com/moviegods/posts/1282583315167093:0)
မြန်မာဘာသာပြန်ဆိုသူကတော့ Aung Myint Oo (Myanmar Subtitle Foundation) ဖြစ်ပါတယ်။
[FORMAT]:…………………………..:[ 1280p HDRip x264
[GENRE]:…………………………....:[ Biography, Drama
[FILE SIZE]:……………………..….:[ 912 MB      /   409 MB
[RESOLUTION]:……………..…….:[ 1280x 534 / 620x260
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:……..…….:[1h 58 mins
[Translate By]:……………………..:[ Aung Myint Oo
 Lion
(2016) on IMDb
Download
912 MB
HD Large
Download
409 MB
SD Small