Saturday, January 7, 2017

Ben-Hur (2016)



Ben-Hur ရုပ်ရှင်ကားဟာ 1959 က ထွက်ခဲ့ပီးသား oscar 11 ဆုရ Ben-Hur ကားကို ပုံစံ အသွင်​အပြင်​ အနည်းငယ်ကွဲလွဲထားပြီးပြန်လည်အသက်သွင်းထားခြင်းပါ။

အရှေ့အလယ်ပိုင်း ဂျေရုဆလင်မြို့ကို ရောမတွေအုပ်ချုပ်စဉ်ကာလမှာ ဂျူးလူမျိုး မင်းမျိုးမင်းနွယ် ဖြစ်တဲ့ Ben-Hur ဟာ Messala ဆိုတဲ့သူနဲ့ ငယ်သူငယ်ချင်းတွေပါ။
Messala ရောမစစ်တပ်မှာ အကြီးအကဲဖြစ်လာချိန်မှာ Ben-Hur ကိုလည်း ညီအစ်ကိုအဖြစ် တရားဝင်သတ်မှတ်ကာ နေထိုင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ Messala ဟာ အထင်လွဲပြီး Ben-Hur က သူ့ကိုလုပ်ကြံသတ်ဖြတ်တယ်လို့ ထင်ပြီး Ben-Hur ကို တစ်ဘဝလုံး ကျွန်အဖြစ် ပစ်ဒစ်ချမှတ်ခဲ့ပါတယ်။
Ben-Hur ဟာ (၅)နှစ်လုံးလုံး ကျွန်ဘဝနဲ့နေလာပြီး သင်္ဘော ရေတပ်စစ်ပွဲမှာ Ben-Hur ဟာ လွတ်မြောက်ခဲ့ပါတော့တယ်။ သည်လိုနဲ့ Ben-Hur ကို အာရပ်သူဌေးတစ်ယောက်ဟာ ကယ်တင်ခဲ့ပြီး စစ်မြင်းရထားစီး အတတ်ပညာကို သင်ပေးခဲ့ပါတော့တယ်။Ben-Hur သူ့ကို ကျွန်ပြုခဲ့တဲ့ သူငယ်ချင်းဖြစ်သူကို စစ်မြင်းရထားပြိုင်ပွဲမှာ ဘယ်လို ပညာပေးမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရမှာပါ။

ဒီဇာတ်ကားရဲ့အဓိက မက်ဆေ့ခ်ျကတော့ ခွင့်လွှတ်ခြင်းပါပဲ။ Jesus ရဲ့ နောက်ဆုံးကားတိုင်တက်ချိန်မှာ နာကျင်နေပေမယ့် လူတွေကို ခွင့်လွှတ်ဖို့ ဘုရားသခင်ထံ အသာနားခံခဲ့တာကို Ben Hur မြင်တွေ့ခဲ့ရပြီး သူ့ရဲ့ နှလုံးသားမှာတွယ်ကပ်နေတဲ့ အမုန်းတွေဘယ်လို ပြေသွားမလဲဆိုတာကိုတော့.....
 credeit - Movie Crazy - DVB

[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Action, Adventure, Drama
[FILE SIZE]:……………………….:[ 869 MB
[RESOLUTION]:………………….:[ 720 x 370
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 05mins

 Ben-Hur
(2016) on IMDb

Download
869 MB
Ben-Hur (2016)

No comments:

Post a Comment