Friday, January 20, 2017

Paper Towns (2015)


ဒီတစ်ကားကတော့ အချစ် နဲ့ လျို့ဝှက်နဲနက်ရှာဖွေတာကို ကြည့်ချင်တဲ့သူတွေအတွက် သင့်လျှော်ပါတယ်။
ဆယ်ကျော်သက်လူငယ်တွေရဲ့ခံစားမှုအတက်အကျတွေကို မြင်ရမှာပါ။ Htoo Htoo က ဘာသာပြန်ဆိုထားပါတယ်။

စာရေးဆရာ John Green ရဲ့ ရောင်းအားအကောင်းဆုံးသော နာမည်ကြီးဝတ္ထုကို အခြေခံပြီး အသက်သွင်းထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ် Quentin ဆိုတဲ့ ကောင်လေးဟာ အိမ်နီးချင်းဖြစ်တဲ့ Margo ဆိုတဲ့ ခပ်ချောချောကောင်မလေးကို တိတ်တခိုးကြိတ်ကြိုက် နေပါတယ်။ Quentin ဟာ တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ နေထိုင်နေရသူဖြစ်ပေမယ့် Margo ကတော့ သူနှင့်မတူပါဘူး။ တစ်ညမှာ Margo ဟာ Quentin ကို သူ့ရဲ့ တစ်ညတာစွန်းစားခန်းကို ပါဝင်ဖို့လာခေါ်ပါတယ်။ သူမဟာ ဘောင်တွေ ဟန်ဆောင်မှုတွေပြည့်နှက်နေတဲ့ ခံစားချက်တွေကင်းတဲ့ တစ်ညတာကို Quentin ကို ပြခဲ့ပါတယ်။ သူတို့နေထိုင်နေတဲ့ မြို့ကြီးဟာ တကယ်တော့ Paper Towns စက္ကူချပ်တွေလိုပဲ ဟန်ဆောင်ခြင်းတွေ   ပြည့်နှက်နေတာ ဖြစ်ပေမယ့် ဖြူစင်တဲ့ အဖြစ်အပျက်တွေကိုမှတ်ထားတဲ့ အသိဥာဏ်တွေကတော့ ပျောက်ပျက်သွားမှာမဟုတ်ကြောင်း Quentin ကို ပြောကြားရင်း တစ်ညတာကုန်ဆုံးခဲ့ပါတယ်။ ဒါပေမယ့် နောက်တနေ့စပြီး Margo တစ်ယောက် ပျောက်ချင်းမလှ ပျောက်ဆုံးသွားကြောင်း သိခဲ့ပြီးတဲ့နောက် သူမကို Quentin တို့သူငယ်ချင်းတစ်စု ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စည်းကမ်းတွေကြားထဲမှာ နေနေရတဲ့ Quentin တစ်ယောက် ဘောင်တွေကိုကျော်ပြီး စွန့်စားခန်းတွေကို ဖြတ်ကျော်ဖို့အတွက် Margo က Quentin တစ်ယောက်ထဲ နားလည်နိုင်မယ့် သဲလွန်စတွေကို ထားခဲ့ပါတယ်။ စွန့်စားခန်းတွေကို လွတ်လပ်စွာ ဖြတ်သန်းပြီး စစ်မှန်တဲ့ မိတ်ဆွေဘ၀၊ ချစ်ခြင်းတရားတွေနှင့် Margo ကို ရှာတွေ့နိုင်မလားဆိုတာ စောင့်မျှော်ခံစား ကြည့် ကြရအောင်လား။

အညွှန်း - http://www.allyouths.com

[FORMAT]:………………………….:[ 720p.BluRay.x264
[GENRE]:………………………… .:[ Adventure, Family, Fantasy
[FILE SIZE]:……………………….:[ 459 MB
[RESOLUTION]:………………….:[ 640x280
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 49mins
[iMDB RATING]:……………………..:[ 6.4/10

 Paper Towns
(2015) on IMDb
            

Download
459 MB
small File


No comments:

Post a Comment