Monday, January 23, 2017

Run the Tide (2016)


ဒီနေ့တော့ ဇာတ်လမ်းအေးလေး တွေကြိုက်တဲ့ပရိသတ်တွေအကြိုခံစားဖို့အတွက် ဒရာမာ ဇာတ်ကားသစ်လေးအကြောင်း ဖော်ပြ ပေးလိုက်ပါတယ်။

ရေမွန်ဟိုက်တာဝါမှာ အိုလီ ဗာဆိုတဲ့ (၁၀)နှစ်အရွယ် ညီငယ် တစ်ယောက်ရှိပြီး သူတို့အမေဟာ မူးယစ်ဆေးမှုနဲ့ ထောင်ကျနေတဲ့ အတွက် ရေမွန် က စောင့်ရှောက် နေခဲ့တာပါ။ သူတို့အဖေနဲ့ အမေ က ကွဲနေတာဖြစ်ပြီး ငဆိုးလေး အငယ်ကောင်ကို စောင့်ရှောက် ရင်း ညီအစ်ကိုနှစ်ယောက် အတူ နေကြတာပါ။

တစ်ရက်မှာတော့ သူတို့ အမေရှိတဲ့ ထောင်ကို ညီအစ်ကို နှစ်ယောက် သွားတွေ့ခဲ့ပြီး မကြာခင်မှာ လွတ်တော့မယ့် သူ့အမေက အငယ်လေး ကို ခေါ်ထားမယ့်အကြောင်း ရေမွန်ကို ပြောရင်း သားအမိနှစ်ယောက် အချေအ တင်တွေ ဖြစ်ပါတော့တယ်။

ရေမွန်တို့ ညီအစ်ကိုဟာ သိပ်မတည့်ပေမယ့်လည်း ညီဖြစ်သူ ကို သူ့အမေက အပြီးခေါ်သွားမယ်ဆိုတော့လည်း မိသားစု စုစုစည်းစည်း ဖြစ်ချင်တဲ့ ရေ မွန်တစ် ယောက် လက်မခံချင်ခဲ့ပါဘူး။ သူ့ ညီကို သူ့အမေခေါ်သွားမှာစိုးတဲ့ အတွက် အိုလီဗာကိုခေါ်ပြီး ညီ အစ်ကိုနှစ်ယောက်သား ကယ်လီ ဖိုးနီးယား ကမ်းရိုးတန်းဘက်ကို ထွက်သွားခဲ့ကြပါတယ်။

သူတို့အမေ ထောင်ကလွတ် တဲ့အချိန်မှာ သူတို့အဖေနဲ့အတူ အိမ်ကိုလာ ရှာပေမယ့် ညီအစ်ကို နှစ်ယောက်စလုံး မရှိတာတွေ့ခဲ့ ပြီး ကယ်လီဖိုးနီးယား ကမ်းရိုးတန်း ဘက်ကို ထွက်သွားတယ်ဆိုတာ သိခဲ့တာကြောင့် အဖေနဲ့ အမေ လိုက်သွားခဲ့ပါတယ်။

ရေမွန်တို့ ညီအစ်ကိုနှစ်ယောက်ကတော့ စားလိုက်သောက်လိုက်နဲ့ သွား လာကြပြီး သူတို့မိဘတွေကလည်း သူတို့သွားတဲ့ လမ်းကြောင်းအတိုင်း လိုက်သွားကြခဲ့ကြပါတယ်။ တစ်ရက်မှာတော့ သူတို့ညီအစ်ကိုရှိရာကို မိဘတွေ ရောက်လာခဲ့ကြပါတယ်။

ညီလေးနဲ့ မခွဲချင်ဘဲ မိသား စုဘဝလေး ပြန်တည်ဆောက်ချင် တဲ့ ရေမွန်ရဲ့ စိတ်ကူးမျှော်လင့် ချက်တွေ ဖြစ်လာပါ့မလား၊ မိဘ တွေရောက်လာပြီး ဘာတွေဆက် ဖြစ်မယ်ဆိုတာ ကြည့်လိုက်ကြဦး နော်။

မိသားစုဇာတ်လမ်းအေးအေးတွေ သဘောကျတဲ့ ပရိသတ်အတွက်တော့ အဆင်ပြေမယ်ထင်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ထား သူတွေက ရေမွန် အဖြစ် တေလာလော့တ်နာ၊ အိုလီဗာအဖြစ် နီကော့စ်ခရစ္စတိုနဲ့အတူ ကွန်စတန့်စ်ဇင်မာ၊ ကန်နီဂျွန်ဆင်၊ ဂျို အန်နာဘရဒ်တို့ပဲ ဖြစ်ပါတယ်။

အညွှန်း- 7Days

[FORMAT]:…………………………:) 720p DVDRip
[GENRE]:………………………… .:) Drama
[FILE SIZE]:……………………….:) 889 MB
[RESOLUTION]:………………….:) 720x380
[SUBTITLES]:……………………..:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 40mins
 Run the Tide
(2016) on IMDb

Download
889 MB
Run the Tide (2016)

No comments:

Post a Comment