Saturday, January 14, 2017

Saving Private Ryan (1998)



ဒီတစ်ခေါက်ကတော့ ၁၉၉၈ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ နာမည်ကျော် Saving Private Ryan ဇာတ်ကားဖြစ်ပါတယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Tom Hanks (Catch me if you can), Matt Damon (Bourne Trilogy), Vin Diesel (Fast & Furious Series) တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ သရုပ်ဆောင် ချက်၊ ဇာတ်လမ်း ကပြောစရာမရှိသလို ဒါရိုက်တာကလည်း နာမည်ကြီး Steven Spielberg (Jurassic Park, Catch me if you can) ဖြစ်လို့ ပြောစရာမလိုပါဘူး။အော်စကာဆု ၅ခုကို ဆွတ်ခူးနိုင်ခဲ့သလို တစ်ခြားဆုပေါင်း ၇၀ကျော်ကိုလဲ ရယူနိုင်ခဲ့ပါတယ်။ IMDBမှာလဲ Rating 8.6အထိတောင် ရထားပါတယ်။ ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ Marshal Nay Win ပဲဖြစ်ပါတယ်။

ရုပ်ရှင်နဲ့ပတ်သတ်တဲ့ အချက်အလက်တချို့ကို ဖော်ပြပေးချင်ပါတယ်။

*Saving Private Ryan ရဲ့ German အတွက်လုပ်ထားတဲ့ရုပ်ရှင် version ထဲမှာ နော်မန်ဒီ ကမ်းခြေတိုက်ပွဲတွင်းမှာပါခဲ့ဖူးတဲ့ ဂျာမန်စစ်ပြန်တစ်ယောက် ပါဝင်သရုပ်ဆောင်ခဲ့ပေမဲ့ ရုပ်ရှင်ရဲ့ ပီပြင်လွန်းမှုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်လာလို့ ရိုက်ကူးရင်းတန်းလန်း နှုတ်ထွက်ခဲ့ပါတယ်။

*ရုပ်ရှင်စရိုက်တော့ Spielberg က Private Ryan နေရာမှာ Matt Damon ကိုထည့်သွင်းခဲ့တာက နာမည်မကြီး လူသိပ်မသိတဲ့ အမေရိကန်ဆန်ဆန် သရုပ်ဆောင်ကိုသုံးချင်လို့ပါ။ ဒါပေမဲ့ Saving Private Ryan ရုပ်ရှင်မထွက်ခင် တစ်နှစ်အလိုမှာ Matt Damon က Good Will Hunting ရုပ်ရှင်နဲ့ Oscar ရခဲ့ပြီး နာမည်ကျော်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

*ဇာတ်ဝင်ခန်းတစ်ခန်းမှာ လက်နက်ချ အညံ့ခံတဲ့ German စစ်သားနှစ်ယောက်ကို ပစ်သတ်တဲ့အခန်းပါပါတယ်။ အဲအခန်းမှာ ဂျာမန်စစ်သားတွေပြောတဲ့စကားက “မပစ်ပါနဲ့။ ကျွန်တော်တို့က ဂျာမန်လူမျိုးမဟုတ်ဘူး။ ဘယ်သူ့ကိုမှလည်း မသတ်ထားပါဘူး။ ကျွန်တော်တို့က ချက် Czech လူမျိုးတွေပါ” ဖြစ်ပါတယ်။ အဲဒီ Czech လူမျိုး ဂျာမန်စစ်သားတွေဟာ ဂျာမန်အခေါ်အဝေါ်နဲ့ဆို အရှေ့ပိုင်း တပ်ဖွဲ့လို့ခေါ်ပြီး ဂျာမန်တွေ ကျူးကျော်သိမ်းပိုက်ထားတဲ့ အရှေ့ ဥရောပနိုင်ငံတွေကလူတွေကို အတင်းဖမ်းပြီး စစ်တပ်ထဲထည့်ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

*Saving Private Ryan ရုပ်ရှင်ဟာ အရမ်းကြမ်းတမ်းလွန်းလို့ အိန္ဒိယနိုင်ငံ ရဲ့ ဆင်ဆာအဖွဲ့က သူတို့ဆီမှာပြခွင့်မပြုပဲ ပြချင်ရင် ပြန်တည်းဖြတ်တာ အခန်းဖြတ်ပစ်တာတွေလုပ်ဖို့ပြောပါတယ်။ သို့ပေမဲ့ Spielberg က ပြန်မပြင် မဖြတ်ဘဲ India မှာမပြတော့ဘူးဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ India ရဲ့ Home Minister ကိုယ်တိုင် ရုပ်ရှင်ကိုကြည့်မိတဲ့အခါမှာ သဘောကျသွားလို့ မပြုပြင်စေဘဲ မူရင်းအတိုင်း ပြခွင့်ပေးခဲ့ပါတယ်။ သို့ပေမဲ့ အထက်ပါ အကြောင်းပြချက်တွေကြောင့်ပဲ မလေးရှားမှာတော့ ပြသခွင့်မရခဲ့ပါဘူး။

*Omaha ကမ်းခြေကိုစီးနင်းတိုက်ခိုက်တဲ့ နာမည်ကျော် ဇာတ်ဝင်ခန်းကြီးကိုရိုက်တာ အဲခေတ်က $11 million ကုန်ပါတယ်။ Extra သရုပ်ဆောင်ပေါင်း ထောင်ကျော်ပါဝင်ခဲ့ရပြီး အများစုက Irish စစ်တပ်ကဖြစ်ပါတယ်။ အယောက် ၂၀-၃၀ လောက်က ခြေလက် စသည်တို့ဆုံးရှုံးထားတဲ့ စစ်ပြန်တွေဖြစ်ပြီး ဇာတ်ဝင်ခန်းမှာ စစ်သားတွေ ခြေလက် စတာတွေ ပြတ်ထွက်တဲ့အခန်းရိုက်တဲ့အခါမှာ ခြေတုလက်တုတွေ သုံးပြီးပါဝင်ခဲ့ပါတယ်။ အစက UK မှာရိုက်ဖို့လုပ်ပေမဲ့ England ကာကွယ်ရေးဝန်ကြီးဌာနက Spielberg တောင်းဆိုတဲ့ စစ်သားထောင်ဂဏန်းမပေးနိုင်လို့ Ireland မှာပြောင်းရိုက်ခဲ့ပါတယ်။ Irish စစ်သား ၂၅၀၀ လောက် ထောက်ပံ့ပေးခဲ့ပြီး England က ၂၀၀ လောက်ပေးခဲ့တယ်ဆိုပါတယ်။

*ရုပ်ရှင်ဇာတ်ဝင်ခန်းတွေမှာ Camera shake တွေများတာ သတိပြုမိမှာပါ။ အဲ camera shake တွေအတွက် Spielberg က ကင်မရာတွေဘေးမှာ နံရံဖောက်တဲ့ လွန်သွား Drill တွေတပ်ထားပါတယ်။ လိုအပ်တဲ့အခါ တုန်ပစ်ပါတယ်။ အဲနည်းနဲ့ပဲ ရိုက်နေရင်းနဲ့မှ ရိုက်ကူးရေးအဖွဲ့က ဓာတ်ပုံဆရာက Spielberg ကို Camera shake အတွက် lens တွေရှိတယ်လို့ပြောပါတယ်။ Spielberg က သူဟာ ရုပ်ရှင်ရိုက်နည်းအသစ်တစ်ခုဖန်တီးလိုက်မိပြီလို့ ထင်မိခဲ့သေးတယ်လို့ အင်တာဗျူးတစ်ခုမှာပြောပါတယ်။

*ရုပ်ရှင်အတွက် သရုပ်ဆောင်တွေဟာ အင်မတန်ကြမ်းတမ်းတဲ့ စစ်သင်တန်းကို တစ်ပတ်ကြာ တက်ခဲ့ရပါတယ်။ သရုပ်ဆောင်တွေ အရမ်းပင်ပမ်းခဲ့ပေမဲ့ မင်းသား Tom Hanks ကတော့ သူ့ရဲ့ Forrest Gump ရုပ်ရှင်ထဲက Vietnam စစ်ပွဲဇာတ်ဝင်ခန်းတွေအတွက် သင်တန်းတက်ခဲ့ပြီးသားမို့လို့ စစ်သင်တန်း ကြမ်းကြောင်းသိပြီးသားမို့လို့ သိပ်ပြဿနာမရှိခဲ့ပါဘူး။ “တခြားသူတွေက ကျွန်တော်ထင်တယ်၊ စစ်သင်တန်းက တောထဲမှာ camping သွားတဲ့ပုံလို့ပဲ ထင်ထားကြမယ်နဲ့တူတယ်။ မီးပုံလေးနားထိုင်ရင်း သင်ရတာမျိုးနေမှာပေါ့” လို့ပြောခဲ့ပါတယ်။

*ရုပ်ရှင်ကို ရုပ်ရှင်ရုံတွေမှာ ပြသခဲ့စဉ်တုန်းက အသံ volume ကိုမြှင့်ပြဖို့ ပြောခဲ့တယ်ဆိုပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်မှာ အသံကလည်း အဓိကနေရာမှာ ရှိနေလို့ပါတဲ့။

*ဇာတ်ကားထဲမှာ Sniper လုပ်တဲ့ Pvt. Jackson ဟာ ရန်သူ sniper ရဲ့ မှန်ပြောင်းကို ထုတ်ချင်းဖောက်ပစ်ပြီး သတ်ပစ်နိုင်တဲ့အခန်းပါပါတယ်။ အဲအဖြစ်အပျက်က အပြင်မှာရှိခဲ့ဖူးပြီး ဒုတိယကမ္ဘာစစ်မှာတော့မဟုတ်ပါဘူး။ ဗီယက်နမ် စစ်ပွဲအတွင်းမှာတုန်းက Marine Pvt. Carlos Hathcock ရဲ့ NVA Sniper ကိုပစ်သတ်ခဲ့တဲ့ အချက်ကို မှီထားတာပါ။ Pvt. Carlos Hathcock ဟာ အမေရိကန်စစ်သမိုင်းမှာ နာမည်အကြီးဆုံး sniper တွေထဲက တစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ်။

*နောက်ဆုံးတိုက်ပွဲဖြစ်တဲ့ Ramelle တိုက်ပွဲထဲက မြို့ပျက်ကြီးက မြို့ပျက်အစစ်မဟုတ်ဘဲ ရိုက်တော့မှ တည်ဆောက်ခဲ့တာပါ။အကောင်းအတိုင်း ဆောက်ပြီးသွားတော့မှ မြို့ကို လိုချင်တဲ့ပုံဖြစ်အောင် ဗုံးအမျိုးမျိုးဖောက်ပြီး ပြင်ဆင်ခဲ့ပါတယ်။ တံတားတစ်ဖက်တစ်ချက်က ဇာတ်ဝင်ခန်းတွေရိုက်ဖို့အတွက် မြစ်ပုံစံဖြစ်အောင် ရေကန်တူးပြီးမှ အပေါ်မှာ တံတားထိုး ရိုက်ခဲ့တာဖြစ်ပါတယ်။

*Saving Private Ryan ဟာ အပြင်မှာတကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အနည်းအကျဥ်းအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ WWII ကာလအတွင်းတုန်းက Private Fritz Niland ရဲ့ အစ်ကိုနှစ်ယောက်က Normandy မှာ ကျခဲ့ပြီး တတိယတစ်ယောက်ကလည်း မြန်မာပြည်မှာ တိုက်ပွဲကျတယ်လို့ ယူဆရလို့ သူ့ကိုလိုက်ရှာဖို့ အမိန့်ကျပေမဲ့ သူဘယ်မှာမှန်း ဘယ်သူမှမသိလို့ လိုက်မရှာဖြစ်ခဲ့ပါဘူး။ နောက်တော့ မြန်မာပြည်မှာ တာဝန်ကျတဲ့သူ့အစ်ကိုက တိုက်ပွဲမကျခဲ့ပါဘူး။

ရုပ်ရှင်အညွှန်း : Datshin

[FORMAT]:………………………….:[ 720p BrRip x264 MP4
[GENRE]:………………………… .:[ Drama, War
[FILE SIZE]:……………………….:[ 1.3 GB / 566 MB
[RESOLUTION]:………………….:[ 888x480 / 640x350
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 49mins
[Translate By]:……………………..:[ Marshal Nay Win

 Saving Private Ryan
(1998) on IMDb

Download
1.3 GB
Large File
Download
566 MB
Small File

No comments:

Post a Comment