Wednesday, February 22, 2017

Dangal (2016)


ဇာတ်ကားကို ဘာသာပြန်ထားသူကတော့ မောင်ဦး ဖြစ်ပါတယ်။ ပြန်ပြီးတာကြာပေမယ့် တင်ခါနီး Pcloud error တက်နေတာနဲ့ မတင်ဖြစ်ပဲ အခုမှတင်ရတာပါ။

Bollywood ရဲ့ နာမည်ကြီး Aamir Khan ( PK ဇာတ်ကားမှမင်းသား) ပါဝင်ရိုက်ကူးထားတဲ့ Dangal ဇာတ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက Mahavir Singh Phogat ဆိုတဲ့ အပျော်တမ်း နပမ်းသမားလည်းဖြစ် စီနီယာအိုလံပစ် နည်းပြ တဖြစ်လဲလုပ်ခဲ့တဲ့ သူ့ရဲ့အကြောင်းကို အခြေခံထားတဲ့ဇာတ်ကားပါ။ ဒီကားကို ဒါရိုက်တာ Nitesh Tiwari ကရိုက်ကူးပြီး Aamir Khan ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ Aamir Khan Production နဲ့ Disney World Cinema တို့ကထုတ်လုပ်မှာပါ။

ဒီဇာတ်ကားမှာ Aamir Khan က Mahavir Singh Phogat နေရာကနေပါဝင်မှာဖြစ်ပါတယ်။ ဒီကားမှာ Aamir Khan ဟာအသက်နှစ်ဆယ်အရွယ် ငယ်ဘ၀ပုံရိပ်နဲ့ အသက်ခြောက်ဆယ်အရွယ် အဖေတစ်ယောက်နေရာ ဆိုပြီးဇာတ်ရုပ်နှစ်နေရာကပါဝင်မှာဖြစ်ပါတယ်။ ဒီကားမှာသူဘယ်လောက်ကြိုးစားထားသလဲဆိုလျှင် အသက်နှစ်ဆယ်အရွယ် ကနေ အသက်ခြောက်ဆယ်အရွယ် ပုံစံပေါက်အောင် weight 30kg တက်အောင်ကြိုးစားထားပါတယ်။


Director Nitesh Tiwari က ကျွန်တော်တို့လူ့အဖွဲ့အစည်း အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်မှူအားနည်းနေတဲ့ နိုင်ငံတွေမှာဆိုရင် မိသားစုအများစုက မိသားစုအမွေကိုထိန်းသိမ်းဖို့ သားကိုဘဲလိုချင်ကြပါတယ်။ သမီးရရင်တော့ သမီးတွေကို အခွင့်အရေးကို တန်းတူမပေးတာတွေရှိပါတယ်။ ဒါကို Phogat ကဒီအယူအဆဟာ မှားကြောင်းသတ်သေပြခဲ့ပါတယ်။ သူရဲ့သမီးလေးယောက်ကို နပမ်းသမားဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးခဲ့ပြီး နှစ်ယောက်ဟာဆိုရင် 2010 ခုနှစ်က နိုင်ငံတကာအားကစားပွဲဖြစ်တဲ့ Commonwealth Games ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုနဲ့ ငွေတံဆိပ်ဆုကိုရရှိအောင် ပျိုးထောင်နိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ လူတွေရဲ့ပျက်ရယ်ပြုမှုတွေကို ဂရုမပြုဘဲ Phogatရဲ့သမီးတွေအပေါ် နပမ်းသမားဖြစ်အောင် လမ်းညွှန်ပြသပေးပုံတွေကို အဓိကပုံဖော်မှာပါ။ အထူးခြားဆုံးကတော့ သူဟာအရှုံမပေးဘဲ အခွင့်အရေးတန်းတူသာပေးမယ်ဆိုရင် သမီးတွေဟာ သားတွေထက်မနိမ့်ပါဘူး ဆိုတာကိုသတ်သေပြခဲ့တာပါ လို့ပြောခဲ့ပါတယ်။

[FORMAT]:………………………….:[ 720p HDRip x264 , 640p MP4
[GENRE]:………………………… .:[ Action, Biography, Drama
[FILE SIZE]:……………………….:[ Large- 1 GB , Small- 585 MB
[RESOLUTION]:………………….:[ 720 x 304, 640 x 270
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[2h 41mins
[Translate By]:……………………..:[  မောင်ဦး

 Dangal
(2016) on IMDb

Download
1 GB
HD Large

Download
585 MB
SD Small

No comments:

Post a Comment