Tuesday, March 28, 2017

Sing (2016)


ဘက်စတာမွန်း(Buster Moon)ဆိုတဲ့ ဝက်ဝံပေါက်စလေးတစ်ကောင် ခြောက်နှစ်သားအရွယ်မှာ ဖခင်နဲ့အတူ ဂီတဘွားအေကြီး နာနာနူဒယ်မန်း(Nana Noodleman)ရဲ့ ခမ်းနားတဲ့ပြဇာတ်ရုံမှာသူမရဲ့ ညှို့အားပြင်းတဲ့ အဆိုနဲ့တင်ဆက်မှုကို ကြည့်မိရာက ရင်ထဲမှာ ဂီတကိုချစ်တဲ့စိတ်တွေ ကိန်းအောင်းလာခဲ့တယ်။
တစ်နေ့မှာ သူလည်းဂီတသမားတွေကို မြေတောင်မြှောက်ပေးနိုင်မယ့် ပြဇာတ်ရုံတစ်ခုထူထောင်နိုင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ကို မွန်းရဲ့အဖေက ကားရေဆေးလုပ်ငန်းကို နှစ်ပေါင်းသုံးဆယ်ကြိုးစားလုပ်ကိုင်ပြီး မွန်းအတွက် ပြဇာတ်ရုံတစ်ခု ဆောက်ပေးခဲ့ပါတယ်။
ဂီတကိုရူးသွပ်ရုံသာရှိပါတယ် မွန်းလုပ်သမျှပွဲတွေက အောင်မြင်တယ်လို့ မရှိပါဘူး. . သူ့အလုပ်မှာ ခန့်ထားတဲ့ ဝန်ထမ်းကလည်း အသက်အရွယ်ကြီးရင့်လှပြီဖြစ်တဲ့ ပုတ်သင်ကြီး မစ်ခရော်လေ(Miss Crawly)တစ်ကောင်သာရှိပါတယ်။ ဒီလိုနဲ့ ဆုံးရှုံးမှုတွေကြောင့် သူထောင်ထားတဲ့ မွန်းကဇာတ်ရုံ(Moon Theater)ကိုတောင် ဘဏ်ကအကြွေးနဲ့သိမ်းဖို့အထိဖြစ်လာပါတယ်။
ဒါပေမယ့် စိတ်အားထက်သန်တဲ့မွန်းက ရှိတဲ့ငွေလေးတွေကိုရင်းပြီး ပြဇာတ်က,လာရင်း အကြံတစ်ခုရလာပါတယ်။ မြို့ထဲမှာရှိသမျှ ရွက်ပုန်းသီးလေးတွေကို အဆိုပြိုင်ပွဲလုပ် စပွန်ဆာကောင်းကောင်းရှာ ပြဇာတ်ရုံပြန်ရွေးဖို့ပါ. . .(လက်ရှိမြန်မာပြည်မှာအနေအထားလိုပြောရရင်Moon Idolပေါ့နော်)

အဲ့ဒီပြိုင်ပွဲမှာ Winnerဖြစ်ရင် ဆုငွေဒေါ်လာ1000ပေးမယ်လို့  မစ်ခရော်လေကို လက်ကမ်းစာစောင်မှာ စာစီခိုင်းရာက အလွဲလွဲအချော်ချော်တွေဖြစ်.... သုညနှစ်လုံးပိုသွားပြီး ဒေါ်လာ100,000ဖြစ်သွားပါတယ်။

ဒီအမှားကို ချက်ချင်းမသိလိုက်တဲ့ မွန်းဟာ ပြိုင်ပွဲအတွက်လူရွေးရင်း ရုတ်တရတ်သိလိုက်ရတဲ့အခါ. . .
တုန်လှုပ်သွားပါတယ်။

ကြံရာမရတဲ့အဆုံး ငယ်ငယ်ကသူ့ရဲ့ idolကြီး နာနာ့ကိုသူ့ပြဇာတ်ရုံကိုဖိတ် အစမ်းကပြပြီး နာနာ့ဆီကစပွန်ဆာရှာဖို့ကြံပေမယ့် အလွဲလွဲအချော်ချော်တွေထပ်ဖြစ်ပြီး ပြဇာတ်ရုံပါ မတော်တဆပြိုကျသွားခဲ့ရပြန်ပါတယ်. . .

Animationလေးဆိုပေမယ့် ကျွန်တော်အရမ်းနှစ်သက်တဲ့ကားလေးပါ
အဆိုပြိုင်ပွဲမှာ နာမည်ကြီးသီချင်းတွေပါဝင်တဲ့အတွက် လိုက်ဖက်လှတဲ့ ဇာတ်ကောင်လေးတွေနဲ့တွဲပြီး သင့်ကို အူမြူးစေမှာပါ. . .
ကြည့်ရင်းနဲ့အဆုံးသတ်အထိ တဖြည်းဖြည်းဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားလေးတစ်ကားဆိုလည်း မမှားပါဘူး. . .
ဒီကားထဲမှာ အမှတ်ရစရာဇာတ်လမ်းသွားပုံနဲ့ မှတ်သားစရာစကားလေးတွေလည်း ပါဝင်ပါတယ်
ပျော်စရာ လွမ်းစရာ ရသစုံလင်ပြီး နောက်ဆုံးရောက်လေလေ Motivate လုပ်နိုင်စွမ်းရှိလေလေပါပဲ
စိတ်ဓာတ်ခွန်အားတွေပေးပါလိမ့်မယ်. . .
ကဲ
ဇာတ်ကားလေးကို အားပေးလိုက်ရအောင်လား ခင်ဗျာ. . .


ရုပ်ရှင်အညွှန်း - မြင့်သူ (ငှက်ကလေး-နည်းပညာ)

[FORMAT]:………………………….:[ 720p WebRip x264 , 640p MP4
[GENRE]:………………………… .:[ Action, Comedy, Drama, Animation
[FILE SIZE]:……………………….:[ HD- 1 GB , Small- 440 MB
[RESOLUTION]:………………….:[ 720 x 384, 640 x 340
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 48mins
[Translate By]:……………………..:[  မြင့်သူ (ငှက်ကလေး-နည်းပညာ)

 Sing
(2016) on IMDb

Download
1 GB
HD Large

Download
440 MB
SD Small

Sunday, March 26, 2017

The Green Mile (1999)


Frank Darabont က ရိုက်ကူးခဲ့ပြီး မင်းသား တွမ်ဟင့် ပါဝင်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ခုရက်ပိုင်း စာရေးသူ တစ်ယောက် ဇာတ်ကားဟောင်းတွေချည်းပဲ ရီဗျူး ရေးနေတယ်လို့ ထင်စရာပါ။ ကားဟောင်းတွေ ဆိုပေမယ့် ကားကောင်းတွေ ချည်းပါပဲ။ တွမ်ဟင့်ပါတဲ့ ဇာတ်ကားဟာ ၁၉၉၉ ခုနှစ်ကတည်းက ဖြန့်ချီခဲ့တဲ့ ကားဖြစ်တာကြောင့် အတော်ကို ကြာနေခဲ့ပါပြီ။ ဇာတ်ကား ဟာ အော်စကာ လေးဆု စာရင်းဝင် ဇာတ်ကားကောင်း တစ်ကား ဖြစ်တာကြောင့် ခုလို ပြန်ပြီး နောက်ကြောင်း ပြန်လှန် တယ်ဆို လည်း မှားတယ် မဆိုးပါဘူး။ အကျဉ်းထောင်အရာရှိ ပေါလ်အဖြစ် တွမ်ဟင့်က သရုပ်ဆောင်ထားပြီး သူက သေမိန့်ချခံရတဲ့ အကျဉ်းသားတွေ ထားရှိရာ ထောင်ရဲ့ အရာရှိ တစ်ဦး ဖြစ်ပါတယ်။ဲJohn Coffey အဖြစ် Michael Clarke Duncan က သရုပ်ဆောင်ထားပြီး သူက လူမမည် မိန်းကလေး နှစ်ယောက်ကို မုဒိန်းကျင့် သတ်ဖြတ်လို့ သေမိန့်ကျဖို့ အကျဉ်းထောင်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အဲလိုအမှုနဲ့ ရောက်လာပေမယ့်လည်း လှူုဘီလူးကြီးအရွယ်ရှိတဲ့ ဂျွန်ကော်ဖေးက အမှောင်ကို ကြောက်တတ်သူ စိတ်အားငယ်တတ်သူ ဖြစ်ပါတယ်။ သူ့မှာ စိတ်စွမ်းအင် တစ်မျိုး ရှိတာကို တွမ်ဟင့်က သတိထားမိသွားပါ တယ်။ နောက်ပြီး ဂျွန်ကော်ဖေးဟာ စိတ်ကောင်းရှိတယ်ဆိုတာလည်း သတိထားမိတယ်။ သူဟာ အဲလိုသတ်တဲ့သူ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ အမှန်တကယ် ဂျွန်က သတ်ဖြတ်ခဲ့သူ မဟုတ်ခဲ့ဘူး။ မှားယွင်း စွပ်စွဲခံသူ တစ်ဦးပါ။ ပေါလ်ရဲ့ ရောဂါကို ဂျွန်ကော်ဖေးက စိတ်စွမ်းအင် နဲ့ ကုသပေးခဲ့လလို ဂျွန်ကော်ဖေးရဲ့ စိတ်စွမ်းအင်နဲ့ ပေါလ်ဟာ သူ့အထက်အရာရှိရဲ့ဇနီးဖြစ်သူရဲ့ ရောဂါကို ပါ ကုသပေးခဲ့ပါတယ်။ဂျွန်ဟာ စိတ်စွမ်းအင်နဲ့ ရောဂါတွေ၊ ဒဏ်ရာရသွားတဲ့ မစ္စတာဂျန်ဂယ်ဆိုတဲ့ ကြွက်ကလေးကိုလည်း ပျောက်အောင် ကုသပေးနိုင်ခဲ့သလို အနီး နားဝန်းကျင်က ဖြစ်ရပ်ဆိုးတွေ၊ ဖြစ်လာမယ့်အရာတွေကို ကြိုတင်သိရှိသူပါ။ ဂျွန်ပြောတဲ့စကားတွေထဲမှာ အကြိုက်ဆုံး စကားကတော့ ” I am sorry what I am”ပါ။ လျှပ်စစ်ကုလားထိုင်မှာ ထိုင်ရင်း ပြောသွားတဲ့ သူ့ရဲ နောက်ဆုံး စကားပါ။

ဂျွန်မှာ အပြစ်မရှိဘူးဆိုတာ သိတဲ့အတွက် ပေါလ်တစ်ယောက် ဂျွန်ကို ထောင်က ပြေးမလားမေးခဲ့ပါတယ်။ သူတာဝန်ယူပြီး ကူညီပေးမယ့်သဘောပါပဲ။ ဂျွန်က ပေါလ် ဒုတ်ခဖြစ်မယ့် အကြံအစည်ကို လက်မခံခဲ့ပါဘူး။ သေမိန့်ပေးတဲ့ လျှပ်စစ်ကုလားထိုင်ကိုပဲ ရွေးချယ်ခဲ့တာပါ။

ဒီဇာတ်ကားတစ်ကားလုံးက သရုပ်ဆောင်တွေ အားလုံးဟာ အပိုအလိုမရှိ သရုပ်ဆောင်သွားတာ တော့ အကြိုက်ဆုံးပါပဲ။ ဗီလိန်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်သွားတဲ့ ပါစီရဲ့ အမူအရာကို အကြိုက်ဆုံးပါပဲ။ ပါစီက သူတစ်ပါးကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မှ စိတ်ချမ်းသာသူတစ်ယောက်ပါ။ တွမ်ဟင့်ရဲ့ သူငယ်ချင်း အဖြစ် သရုပ်ဆောင်တဲ့ မင်းသားလည်း အမူအရာ ပီပြင်ပါတယ်။ အမှန်တကယ်ကို လူမည်ကလေးမ ၂ ယောက်ကို မုဒိန်းကျင့် သတ်ဖြတ်သူလည်း ဖြစ်၊ အခြားသော လူသတ်မှုတွေလည်း ဆက်တိုက် ကျူးလွန်ခဲ့သူလည်း အဖြစ် သရုပ်ဆောင်သွားသူလည်း အမူအရာ ကောင်းပါတယ်။

ရုပ်ရှင်အညွှန်း - မိုတေး

[FORMAT]:………………………….:[ 720p DVDRip x264
[GENRE]:………………………… .:[ Crime, Drama, Fantasy
[FILE SIZE]:……………………….:[ 1 GB
[RESOLUTION]:………………….:[ 1280 x 720
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[3h 09mins

 The Green Mile
(1999) on IMDb

Download
1 GB
The Green Mile (1999)

Saturday, March 25, 2017

Lawless (2012)

အရင်ဆုံး ပြောချင်တာက တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတာပါ ဖြစ်ရပ်မှန်ကိုသာ ရိုက်ထားတာမဟုတ်ဘူးဆိုရင် ဇာတ်ကားဆုံးရင် မှတ်ချက်က "မဖြစ်နိုင်တာကွာ" လို့ မှတ်ချက်ချကြမှာပါ ဘာ့ကြောင့်လဲဆိုတာတော့ ကြည့်စေချင်လို့ မပြောတော့ဘူးဗျာ။
 Lawless ဇာတ်ကားက အမေရိကန်မှာ ၁၉၃၀ ပတ်ဝန်းကျင်တုန်းက အရက်ရောင်းချခွင့်ပိတ်ပင်ထားတဲ့ခေတ်ကာလကို ရိုက်ပြထားတာပါ။ ညီအစ်ကိုသုံးယောက် အရက်မှောင်ခိုကူးပါတယ်။ အရက်ပုန်းရောင်းတယ်။ နိုင်ငံရေးပေါ်လစီအပြောင်းအလဲကြားမှာ စီးပွားရှာတဲ့သူကို အမြတ်ထုတ်ချင်တဲ့အာဏာပိုင်တွေကလည်း ရှိနေပါတယ်။:D 
ညီအစ်ကို သုံးယောက်ရဲ့မတူညီတဲ့စရိုက်နဲ့ မေတ္တာကိုလည်း ဖော်ပြထားပါတယ်။ အလတ်နေရာက သရုပ်ဆောင်တဲ့ Tom Hardy (Mad Max: Fury Road) မင်းသားရဲ့မင်သေသေ ပြောပေါက်တွေက သူ့ရဲ့သရုပ်ဆောင် သမ္ဘာကိုဖော်ပြနေပါတယ်။ဗီလိန် သရုပ်ဆောင်ကောင်းတာကိုလည်း ငြင်းလို့မရပါဘူး။ ဇာတ်လမ်းကြည့်ရင်းနဲ့ တွေးမိတာကတော့ ဒီညီအစ်ကိုသုံးယောက်ထဲက ဘယ်တစ်ယောက် အသက်ရှင်ကျန်မလဲဆိုတာပဲ တွေးမိနေပါသေးတယ်။ ဒါပေမဲ့ သူတို့ညီအစ်ကိုတွေရဲ့ ခံယူချက်က " ငါတို့ ဘယ်တော့မှ မသေနိုင်ပါဘူး....ဘယ်အရာကမှ ငါတို့ကို သတ်လို့မရဘူး " တဲ့ဗျာ။
ကဲ.. IMDB 7.3 ရထားတဲ့ ဒုစရိုက်ဇာတ်ကားကြီးကို ခံစားကြည့်ရအောင်လား...

R!B (Flim2mm)

[FORMAT]:………………………….:[ 1280p HDRip x264 , 640p MP4
[GENRE]:………………………… .:[ Comedy, Drama, Romance
[FILE SIZE]:……………………….:[ HD- 966 MB , Small- 481 MB
[RESOLUTION]:………………….:[ 1280 x 536, 640 x 480
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 56mins
[Translate By]:……………………..:[ R!B

 Lawless
(2012) on IMDb

Download
996 MB
HD Large

Download
481 MB
SD Small


Wednesday, March 22, 2017

The Terminal (2004)


Tom Hanks ခေါင်းဆောင်ပါဝင်တဲ့ ဒီကားက ဟာသကားဆိုပေမဲ့ လူငယ် လူရွယ်များ ဗဟုသုတရနိုင်တဲ့ကားမို့ ရုပ်ရှင်ပရိသတ်အတွက် မိတ်ဆက်ပေးလိုပါတယ်။
အရှေ့ ဥရောပသား Viktor Navorski က အမေရိကားကို ထွက်လာစဉ်က ဗီဇာပါလာပေမဲ့ နယူးယောက်လေဆိပ်ကို ရောက်ချိန်မှာ ပြည်ဝင်ခွင့် ငြင်းဆိုခံလိုက်ရပါတယ်။ အကြောင်းက သူ့တိုင်းပြည် မငြိမ်မသက်ဖြစ်ပြီး အမေရိကားက သံတမန်ဆက်ဆံရေး၊ စီးပွားရေး အားလုံး ရုတ်တရက် ပိတ်ဆို့လိုက်ပါတယ်။ ဘယ်အချိန်ပြန်ဖွင့်မယ်ဆိုတာမသိတဲ့အတွက် သူဟာ ဘယ်အချိန်ပြည်ဝင်ခွင့်ရမယ်ဆိုတာ မပြောနိုင်သလို သူ့ပတ်စပို့ကိုလည်း အမေရိကားက လက်မခံတဲ့အတွက် ပြည်တော်ပြန်လို့လည်းမရဘဲ လေဆိပ်ထွက်ခွါဆောင်မှာပဲ နေဖို့ ဖြစ်လာပါတယ်။
လေဆိပ်အုပ်တာဝန်ခံ Frank က သူကို အစပိုင်းမှာ လေဆိပ်ထဲမှာ နေခိုင်းထားပေမယ့်၊ သူရာထူးတို့ဖို့ အတွက် Review လုပ်မယ့် အဖွဲ့တွေလာတဲ့အခါမှာတော့ Viktor တစ်ယောက် လေဆိပ်ထဲမှာ ရှိနေရင် သူ့အတွက် တာဝန်များတာကြောင့် Viktor ကို လေဆိပ်ထဲက မောင်းထုတ်ဖို့ ကြိုးစားပါတယ်။ သူ့ပတ်စ်ပို့က သုံးမရဖြစ်နေတာကြောင့် တိုင်းပြည်ကို ပြန်လို့မရတဲ့အတွက်၊ သူ့ကိုမောင်းထုတ်ဖို့ဆိုရင် အမေရိကားထဲကို ပေးဝင်ရမှဖြစ်ပါတယ်။
အဲ့ဒီအခါမှာ Frank က Viktor ကို လူအများ လက်ခံလောက်တဲ့ တရားရုံးမှာ ထွက်ပြေးဒုက္ခသည်အနေဖြင့် Asylum နေထိုင်ခွင့်ရဖို့ အကြံပေးပေမဲ့ လူရိုးကြီး Viktor က သူ့တိုင်းပြည်ကို ပြန်ဖို့ ၀န်မလေးကြောင်း ပြန်လည်ချေပပြောဆိုခဲ့ပုံကိုလည်း ဟာသနှောပြီးတင်ဆက်ထားပါတယ်။
ကံကြမ္မာအပြောင်းအလဲကြောင့် လေယာဉ်မယ် Catherine Zeta-Jones ကို ကူညီရင်း သံယောဇဉ်တွယ်မိသလို သူ့ကို ကူညီတဲ့ မိတ်ဆွေများ ရရှိခဲ့ပါတယ်။ Viktor ဟာ သူ့အတွက် ဘယ်မှ ခြေချခွင့်မရှိပေမဲ့ ရေခြားမြေခြားတိုင်းတပါးမှာ ဇွဲမလျှော့ စိတ်မပျက်ဘဲ ကြိုးစားနေထိုင်ပုံ၊ ဘာသာစကားမတတ်သော်လည်း မိတ်ဆွေအပေါင်းအသင်းဖွဲ့ကာ အလုပ်ရှာဖွေ လုပ်ကိုင်ပုံတွေကို ဟာသသဖွယ်ကြည့်ရှုရမှာပါ။
ကြည့်သင့်တဲ့ ကားကောင်းတကားပါ။ Tom Hanks ရဲ့ ပီပြင်တဲ့ မအူမလည် သရုပ်ဆောင်ချက်၊ ဒါရိုက်တာရဲ့ ဇာတ်လမ်းဇာတ်ကွက် ဖန်တီးပုံ အံဝင်ခွင်ကျဖြစ်လို့ ကြည့်ရှုသူပရိသတ်များ သဘာဝကျကျ ရယ်မောရမှာပါ။
ဒီကားမှာ Tom Hanks က အင်္ဂလိပ်စကားမကျွမ်းကျင်တဲ့ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ အတော် ပီပြင်စွာ သရုပ်ဆောင်ထားတာကို မြင်တွေ့ရမှာပါ။ ဒါအပြင် ဇာတ်လမ်းရဲ့အလှည့်အပြောင်းအနေနဲ့ သူအမေရိကားကို လာရတဲ့ အဓိကရည်ရွယ်ချက်ကို ဇာတ်သိမ်းပိုင်းမှာ ပြထားပြီး သူရဲ့ရည်ရွယ်ချက်က လူအများအတွက် ထူးဆန်းနေပေမယ့် လူရိုးကြီး Viktor ရဲ့ မပီကလာပီကလာ အင်္ဂလိပ်စကားနဲ့ ရှင်းပြတဲ့အခါမှာတော့ မင်းသမီး Catherine Zeta-Jones ကိုသာမက ပရိတ်သတ်ရင်ကိုပါ ထိမှန်စေပါတယ်။
မိသားစုအတူတူ ကြည့်ရှုနိုင်ပါတယ်။ No sex, no nudity, scene of alcoholic and smoking
ရုပ်ရှင်အညွှန်း- #Jisu  (ရုပ်ရှင်မိတ်ဆက်)

ဒီဇာတ်ကားကောင်းလေးကို ကွာလတီကောင်းကောင်းနဲ့ HD တကား၊ ဖိုင်ဆိုဒ်အသေးနဲ့တကားတင်ပေးထားပါတယ်။ ဟုတ်ကဲ့ ဘာသာပြန်ဆိုသူကတော့ ဒီကားကိုကြိုက်လွန်းလို့ မြတ်မြတ်နိုးနိုးနဲ့ ဘာသာပြန်တာဆိုတဲ့ Myint Thu (ငှက်ကလေး-နည်းပညာ) ဖြစ်ပါတယ်။

[FORMAT]:………………………….:[ 1280p HDRip x264 , 640p MP4
[GENRE]:………………………… .:[ Comedy, Drama, Romance
[FILE SIZE]:……………………….:[ HD- 975 MB , Small- 476 MB
[RESOLUTION]:………………….:[ 1280 x 688, 640 x 346
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[2h 08mins
[Translate By]:……………………..:[ Myint Thu (ငှက်ကလေး-နည်းပညာ)

 The Terminal
(2004) on IMDb

Download
975 MB
HD Large

Download
476 MB
SD Small

Monday, March 20, 2017

The Escapist (2008)


UK ကကားကောင်းတလက်တင်ပေးလိုက်ပါရစေ၊ ထောင်ကားဆိုရင် ကြိုက်ကြမလားပဲ။ ဇာတ်ကားနာမည်အတိုင်း ထောင်ဖောက်ပြေးတဲ့ကားပါ။ ထောင်တွင်းအကြမ်းဖက်မှုတွေ၊ အာဏာပိုင်တွေရဲ့ မမျှတမှုတွေ၊ အနိုင်ကျင့်မှုတွေကြားထဲက ဘယ်လိုလွတ်ထွက်နိုင်မလဲဆိုတာကိုတော့....

[FORMAT]:………………………….:[ 720p DVDRip x264
[GENRE]:………………………… .:[ Action, Adventure, Drama
[FILE SIZE]:……………………….:[ 486 MB
[RESOLUTION]:………………….:[ 720 x 480
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 42mins

 The Escapist
(2008) on IMDb

Download
486 MB
The Escapist (2008)

Sunday, March 19, 2017

Assassin's Creed (2016)




Assassin's Creed ကားကို ရုပ်ရှင်ရိုက်မယ် ပြောကတည်းက ကြည့်ချင်နေတာ တကယ်ထွက်လာတော့ ကိုယ့်ရဲ့ဂိမ်းထဲက ဇာတ်ကောင်ကို တော်တော်အမှတ်ရမိပါတယ် ဒီတော့ ဇာတ်ကားနဲ့ပတ်သက်တဲ့ Trivia အချို့ကို ဖော်ပြပေးလိုက်ပါတယ်။


-ဒီဇာတ်ကားရဲ့အဓိကဇာတ်ဆောင်များဖြစ်တဲ့ Michael Fassbender နဲ့ Ariane Labed ဟာ တိုက်ခိုက်တဲ့ဇာတ်ဝင်ခန်း ၉၅% ကို ကိုယ်တိုင် သရုပ်ဆောင်ခဲ့ကြပါတယ်

- စတန့်မင်းသား Damien Walters ရဲ့ ၁၂၅ ပေအမြင့် (၃၈ မီတာ) ကနေ အလွတ်ခုန်ချပြီး သရုပ်ဆောင်ခဲ့တာဟာ နှစ်ပေါင်း ၃၅ နှစ်အတွင်း အမြင့်ဆုံး အလွတ်ခုန်ချ ပြခဲ့ခြင်းဖြစ်ပါတယ်

- ရုပ်ရှင်ရဲ့ ရိုက်ချက် ၈၀% ကို CGI (computer-generated imagery) မသုံးဘဲ ကင်မရာနဲ့ရိုက်ခဲ့တာဖြစ်ပါတယ်

- Assassins တွေရဲ့ ဝတ်စုံတွေကို ၂~၃ လကြာ အချိန်ယူပြီး လက်မှုပညာဖြင့် ချုပ်လုပ်ခဲ့တာဖြစ်ပြီး
အဝတ်အစား မူကွဲ ၈ မျိုးကို အဝတ်အစားဖန်တီးသူတွေက ပြုလုပ်ခဲ့ပါတယ်

- Ubisoft က ဇာတ်ဝင်ခန်းပစ္စည်းစီစဉ်သူများကို Game ထဲမှာ သုံးတဲ့ လက်နက်တွေရဲ့ အသေးစိတ်စာရင်း ပေးခဲ့ပြီး လုပ်ဆောင်စေခဲ့ပါတယ်။

- Aguilar ရဲ့ဝတ်စုံဟာ ပုတီးစေ့ပေါင်း ၆ဝဝဝ သုံးပြီး ချုပ်ထားတာပါ။

- ဒါရိုက်တာ Justin Kurzel က Assassins တွေနဲ့ Templer တွေကို ဘယ်သူက မှန်ပြီး ဘယ်သူမှားတယ် ဆိုတဲ့ အချက်ကို ဖော်ပြချင်တာ မဟုတ်ပါဘူး။ နှစ်ဖွဲ့စလုံးရဲ့ အတွေးအခေါ်ခံယူချက်တွေက မှန်လည်း မှန်နိုင်သလို မှားလည်း မှားနိုင်ပါတယ်တဲ့။

- ဒီကားမှာ Maria အဖြစ်သရုပ်ဆောင်ဖို့ Alicia Vikander ကို ရွေးချယ်ခဲ့ပေမဲ့ သူမက Jason Bourne (2016) မှာ သရုပ်ဆောင်ဖြစ်သွားတဲ့အတွက် Ariane Labed ကို ရွေးချယ်ခဲ့ပါတယ်

- ဒီဇာတ်ကား လှုပ်ရှားမှုများတဲ့ဇာတ်ဝင်ခန်းတွေမှာ Drone တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြထားပါတယ်။

- ဒီဇာတ်ကားရဲ့ကြာချိန်ဟာ တကယ်တမ်းက ၂း၂၀ နာရီ ကြာပါတယ်။ ပြန်လည် ပြင်ဆင်ပြီးတဲ့အခါမှာတော့ ၁း၄၈ နာရီပဲ ကြာပါတော့တယ်။

- ဒီဇာတ်ကားရဲ့ ကုန်ကျစရိတ်က ဒေါ်လာ ၁၃၀ မီလီယံ ဖြစ်ပါတယ်။

- Ubisoft ဂိမ်း ကုမ္ပဏီက မူလက Sony Entertainment ကနေ ဖြန့်ချီဖို့ ရည်ရွယ်ထားသော်လည်း
လူသိမခံချင်တဲ့ကိစ္စတစ်ခုကြောင့်  20th Century Fox နဲ့ လက်တွဲခဲ့ပါတယ်။

- ရုပ်ရှင်အစမှာ မြင်ရတဲ့ Madrid မြို့Abstergo Industires ဟာ ကြီးမားတဲ့ ဘောလုံးကွင်းကို အသုံးပြုပြီးရိုက်ထားတာပါ။ Estadio Vincente Calderon ဆိုတဲ့ ၂၀၁၄ ရဲ့ စပိန် လာလီဂါရဲ့ ချန်ပီယံအသင်း Atlético Madrid ရဲ့လက်ရှိ အိမ်ကွင်းဖြစ်ပါတယ် ။
ရေးသားသူ -  Admin R!B

[FORMAT]:………………………….:[ 720p HDRip x264 , 670p MP4
[GENRE]:………………………… .:[ Action, Adventure, Drama
[FILE SIZE]:……………………….:[ HD- 920 MB , Small- 500 MB
[RESOLUTION]:………………….:[ 1280 x 536, 670 x 280
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 55mins
[Translate By]:……………………..:[ Wai Gyi
 Assassin's Creed
(2016) on IMDb

Download
920 MB
HD Large

Download
500 MB
SD Small

Saturday, March 18, 2017

The Quick and the Dead (1995)


ကောင်းဘိုင်ဇာတ်လမ်းဟောင်းတလက် တင်ပေးလိုက်ပါရစေ၊ ကောင်းဘိုင်ကားတို့ရဲ့ထုံးစံအတိုင်း သေနတ်ပစ်တာတွေ တဖေါင်းဖေါင်းမွှန်နေတဲ့ဇာတ်ကားပါ။  အဓိကဇာတ်ဆောင်ကတော့ ကောင်းဘွိုင်အထီးမဟုတ်ပဲ ကောင်းဘွိုင်အမဖြစ်နေတာပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ပုရိသကြိုက် နာမည်ကြီး ညှို့မင်းသမီးဖြစ်တဲ့ Sharon Stone က အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။ နောက်ထပ် နာမည်ကြီး (ထိုစဉ်အခါက လူသိမများသော) သရုပ်ဆောင်ကတော့ Leonardo DiCaprio ဖြစ်ပြီး သေနတ်ပစ်ကျွမ်းတဲ့ လူငယ်လေးအဖြစ် ပါဝင်ခဲ့ပါတယ်။

ကောင်းဘွိုင်နှစ်ယောက် မျက်နှာချင်းဆိုပြီး အချိန်ကျတာနဲ့ သေနတ်ကို သူ့ထက်ကိုယ်ဦးအောင် ထုတ်ပစ်ရတဲ့ ပြိုင်ပွဲကို ခြေခံရိုက်ကူးထားတဲ့ The Quick and the Dead ကို ဘာသာပြန်ပေးသူကတော့ Myint Thu (ငှက်ကလေး-နည်းပညာ) ဖြစ်ပါတယ်။

[FORMAT]:………………………….:[ 1280p HDRip x264 , 640p MP4
[GENRE]:………………………… .:[ Romance, Action, Thriller
[FILE SIZE]:……………………….:[ HD- 972 MB , Small- 439 MB
[RESOLUTION]:………………….:[ 1280 x 692, 640 x 350
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 47mins
[Translate By]:……………………..:[ Myint Thu (ငှက်ကလေး-နည်းပညာ)

 The Quick and the Dead
(1995) on IMDb

Download
972 MB
HD Large

Download
439 MB
SD Small

Spring, Summer, Fall, Winter... and Spring (2003)


ရေကန်ကြီးတကန်ရဲ့ အလည်ခေါင်က ဘုန်းကြီးကျောင်းမှာ ဘုန်းတော်ကြီးတပါးရှိတယ်။ ကိုရင်တပါးလည်းရှိတယ်။ ကိုရင်လေးကရွယ်ရောက်လာတော့ ကျောင်းကို သားအမိနှစ်ယောက်ရောက်လာတယ်။ သမီးဖြစ်သူကို ဖုန်းတော်ကြီးဆီမှာ ဆေးကုဖို့ထားခဲ့တာပါ။ မိန်းခလေးကို မြင်တဲ့ ကိုယ်တော်လေးဟာ ဂရုဏာစိတ်ဝင်ကာ တဖြည်းဖြည်း ချစ်စိတ်ဝင်လာပါတော့တယ်။ နောက်တော့ သူတို့နှစ်ဦးဟာ ငြိစွန်းသွားပြီးတော့ တဦးနဲ့တဦးမခွဲနိုင်အောင် ဖြစ်သွားကြပါတော့တယ်။ ဒါကိုသိသွားခဲ့တဲ့ ဘုန်းတော်ကြီးက မိန်းခလေးကို နေရပ်ပြန်စေပါတော့တယ်။ မိန်းခလေးပြန်သွားတော့ ကိုယ်တော်လေးဟာ အလွမ်းဒဏ်ကို ဘယ်လိုမှမခံစားနိုင်တော့ပဲ ကျောင်းတော်ကနေထွက်ပြေးသွားပြီး မြို့ကိုလိုက်သွားပါတော့တယ်။ ဒီလိုနဲ့... နှစ်အတော်အကြာမှာ ဖုန်းတော်ကြီးကျောင်းကို လူတယောက်ရောက်လာပါတယ်၊ အဲ့ဒီလူကတော့ ထွက်ပြေးသွားခဲ့ဘူးတဲ့ ကိုယ်တော်လေးဖြစ်နေပါတယ်..
သူဘာဖြစ်လို့ပြန်ရောက်လာတာလဲ၊ မိန်းခလေးကရောဘယ်ရောက်သွားလဲ၊

ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပဲ ရေးပါရစေ၊ IMDB 8.1 အထိရထားတဲ့ ဇာတ်ကားကောင်းလေးတကားပါ။ စကားပြောအင်မတန်နည်းပြီး အမူအရာတွေ၊ အနေအထားတွေနဲ့ တင်ဆက်သွားပါတယ်။ ဇာတ်ကားမှာပေးချင်တဲ့ Message တွေကတော့ရှိနေပါတယ်။ ကိုယ့်ဘာသာကိုကြည့်ပြီး အသိတရား တစုံတခုရသွားမယ့်ဇာတ်ကားမျိုးပါ။

သရုပ်ဆောင် တဦးဖြစ်တဲ့ Ki-duk Kim ဟာ ဒီဇာတ်ကားကိုဇာတ်ညွှန်းရေးပြီး သူကိုယ်တိုင် ဒါရိုက်တာလုပ်ခဲ့တာပါ။ ဘာသာပြန်သူကတော့ Saw Hein Thu ဖြစ်ပါတယ်ခင်ဗျာ။

[FORMAT]:………………………….:[ HDRip x264 , 424p MP4
[GENRE]:………………………… .:[ Drama, Romance
[FILE SIZE]:……………………….:[ HD- 876 MB , Small- 352 MB
[RESOLUTION]:………………….:[ 720 x 480, 424 x 240
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 43mins
[Translate By]:……………………..:[ Saw Hein Thu

 Spring, Summer, Fall, Winter... and Spring
(2003) on IMDb

Download
876 MB
HD Large

352 MB
SD Small

Monday, March 13, 2017

True Legend (2010)


ကဲကဲ ... သိုင်းလောကသားတွေအတွက် translator လယ်ဝေးသားလေး Kyaw Myo Thu ဘာသာပြန်ထားတဲ့  True Legend ဆိုတဲ့ သိုင်းကားတင်ပေးလိုက်ပါပြီ။ ဝူရှူးသိုင်းဘုရင် စုကန် ရဲ့ရာဇဝင်ဖြစ်ပါတယ်။ သူရဲကောင်းစုဟာ သူ့ရဲ့သွေးသောက်ညီအစ်ကိုဖြစ်တဲ့ ယူအန်ရဲ့ သစ္စာဖောက်မှုကိုခံရပြီး အဖေဖြစ်သူအသတ်ခံရပါတယ်။ ဒါ့အပြင် သူရဲ့ဇနီးဖြစ်တဲ့ ယူအန်ရဲ့ညီမနဲ့ သူ့သားကို ယူအန်က ခေါ်ဆောင်ပြီး မိသားစုပျိုကွဲအောင်လုပ်ပါတော့တယ်။ ဇနီးကောင်းဖြစ်တဲ့ ယင်ဟာ အစ်ကိုကိုဆန့်ကျင်ပြီ ဒဏ်ရာရနေတဲ့ ယောက်ျားဖြစ်သူ စုကန်ကို လိုက်လံပြုစုပါတယ်။ ဒါပေမယ့် သူတို့ရဲ့သားလေးကတော့ အစ်ကိုဖြစ်သူ ယူအန်ရဲ့ ထိမ်းချုပ်မှုအောက်မှာ ထားရစ်ခဲ့ရပါတော့တယ်။ သူတို့ဇနီးမောင်နှံရဲ့ရည်ရွယ်ချက်ကတော့ သူတို့သားလေးကို ရအောင် ပြန်ခေါ်နိုင်ဖို့ပဲဖြစ်ပါတယ်။...

ဖိုက်တင်ကြမ်းကြမ်းတွေနဲ ပြည့်နှက်နေတဲ့ သိုင်းလောကကို တခေါက်လောက်အလည်သွားချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလုပ်လင့်ခ်ရှိပါတယ်ခင်ဗျား..


[FORMAT]:………………………….:[ HDRip x264 , 640p MP4
[GENRE]:………………………… .:[ Action, Drama, History
[FILE SIZE]:……………………….:[ HD- 995 MB , Small- 467 MB
[RESOLUTION]:………………….:[ 1280 x 544, 640 x 270
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 55mins
[Translate By]:……………………..:[  လယ်ဝေးသားလေး Kyaw Myo Thu

 True Legend
(2010) on IMDb

Download
995 MB
HD Large

467 MB
SD Small

Sunday, March 12, 2017

The Gods Must Be Crazy (1980)


ပုလင်းဟာသကားလို့ မြန်မာနိုင်ငံမှာလူသိများပါတယ်၊ ဗီဒီယိုရုံတွေမှာဒီကားပြနေပြီဆို လူတိုင်းမျက်နှာ်မှာ ပြုံးရွှင်ပြီး တဝါးဝါးပွဲကျတာကို မြင်ရလေ့ရှိခဲ့ပါတယ်။ ဒီဇာတ်ကားကတော့ တော်တော်များများသိပြီးလို့ အညွှန်းမရေးပေးတော့ပါဘူး။ ဒါပေမယ့် အဲ့ဒီကားထဲက အဓိကဇာတ်ဆောင်တယောက်ဖြစ်တဲ့ တောင်အာဖရိက လူရိုင်း မင်းသား Nixau အကြောင်းကို ရိုးရာလေးမှ ကူးယူဖေါ်ပြလိုက်ပါရစေ။ ဇာတ်ကားကိုတော့ SD ဆိုဒ်အသေး 485 MB နဲ့ပဲ တင်ပေးထားပါတယ်။

god mudNixau ( Gcao Tekene Coma ) လို့အမည်ရတဲ့ တော်အာဖရိက လူရိုင်း မင်းသား ကို တော်တော်များများ သိကြပါတယ်။

တောင်အာဖရိက- နမီးဘီးယားနိုင်ငံက ဖြစ်ပြီး ၁၉၈၀ ကစလို့ The Gods Must Be Crazy ရုပ်ရှင်နဲ့ ကမ္ဘာ
ကျော်သွားတဲ့ လူရိုင်း ဖြစ်ပါတယ်။ Kalahari သဲကန္တာရမှာနေတဲ့ Bushmen လူရိုင်းမျိုးနွယ်စုက ဖြစ်ပါတယ်။
ဒါရိုက်တာ Jamie Uys က သဘောကျလို့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

အဲ့တုန်းက ရုပ်ရှင်အတွက် သူရတဲ့ငွေက ဒေါ်လာ ရာဂဏန်းပဲ ရှိပါတယ်။ သို့ပေမယ့် ၁၉၈၉ ခုနှစ်က ဒုတိယမြောက် The Goss Must Be Crazy မှာတော့ ဒေါ်လာ သန်း တစ်ဝက်လောက်ထိ ရရှိခဲ့ပါတယ်။ နောက်ပိုင်းတော့Kwacca Strikes Back (1990), Crazy Safari (1991), Crazy Hong Kong (1993), The Gods Must be Funny in China (1994), Sekai Ururun Taizaiki (1996) အစရှိသဖြင့် ဟောလိဝုဒ်တင် မကပဲ ဟောင်ကောင် ရုပ်ရှင်များပါ ရိုက်ကူးရန် အခွင့်ကြုံခဲ့သူ ဖြစ်ပါတယ်။

ဟောင်ကောင်မှာ ရုပ်ရှင်အားလုံးရိုက်ကူးပြီးတော့ နမီးဘီးယားက သူ့ရဲ့ ဇာတိမြေကိုသာ ပြန် သွားပါတယ်။
ငွေကြေးများစွာ ပိုင်ဆိုင်သည့်တိုင် ဘယ်လို သုံးစွဲရမယ်ဆိုတာတောင် မသိပါဘူး။
သင်္ချာဂဏန်းအားဖြင့်လည်း ၂၀ အထိသာ ရေတွက်နိုင်တယ်ဆိုတာကို အံ့သြဖွယ် တွေ့ရှိခဲ့ ပါ တယ်။ ငွေတွေကို စီမံခန့်ခွဲ သုံးစွဲဖို့ဆိုတာ ဝေလာဝေးပဲ ဖြစ်ပါတယ်။ ရုပ်ရှင် မရိုက်ကူးမှီကဆိုရင် လူဖြူ သုံးဦးတိတိသာ မြင်ဖူးသူ ဖြစ်ပါတယ်။

၁၉၉၆ ရုပ်ရှင်ရိုက်ကူးပြီး သူ့ဇာတိရွာမှာပဲ လယ်အလုပ် အမဲလိုက် အလုပ်ကို ပြန်လုပ်ပါတယ်။ ငှက်ဖျား ရောဂါ တစ်မျိုးနဲ့ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ N!xau ဟာ သူ့အသက်သူတောင်သိတဲ့သူ မဟုတ်ပါဘူး။ ဒေသခံများ ခန့်မှန်းချက်အရတော့ အသက် ၅၉ နှစ်မှာ ကွယ်လွန်တာလို့ ဆိုပါတယ်။နမီးဘီးယားနဲ့ တောင်အာဖရိကရဲ့  လူ့ယဉ်ကျေးမှုနဲ့ အကျင့်စရိုက်ကို ကမ္ဘာသိအောင် ဖန်တီးပေးနိုင်တဲ့ ဟာသမင်းသား N!xau ဟာ ယနေ့တိုင် ကမ္ဘာ့ ဟာသရုပ်ရှင်အနုပညာသမိုင်းမှာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

အောင်ခမ်း ( ရိုးရာလေး )

[FORMAT]:………………………….:[ 480p WebRip SD MP4
[GENRE]:………………………… .:[ Comedy
[FILE SIZE]:……………………….:[ 485 MB
[RESOLUTION]:………………….:[ 640 x 480
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 49mins

 The Gods Must Be Crazy
(1980) on IMDb

Download
485 MB
The Gods Must Be Crazy (1980)

Saturday, March 11, 2017

The Legend of Drunken Master (1994)


ဂျက်ကီချန်းဇာတ်လမ်းတို့ရဲ့ထုံးစံအတိုင်း အက်ရှင် ဟာသ ဇာတ်ကားလေးပါ၊ သဘောကောင်းပြီး လူကြီးလူကောင်းဆန်တဲ ဆေးဆရာရဲ့သား ဝှမ်ဖေးဟုန်(ဂျက်ကီချန်း)ဟာ လူပျော်တယောက်ဖြစ်ပြီး သူ့မိထွေးနဲ့ အတွဲညီညီ အတိုင်အဖေါက်ညီညီ လှိမ့်လုံးပတ်လုံးတွေနဲ့ သူ့အဖေကို လှည့်စားတာတွေကို ဟာသဆန်ဆန်ကြည့်ရှုရမှာပါ။  ဝှမ်ဖေးဟုတ်ဟာ ကိုယ်ခံပညာလည်း တတ်ကျွမ်းပြီး အဓိကအကြမ်းဆုံးကတော့ အရက်မူးသိုင်းဖြစ်ပါတယ်။ အရက်မူးသိုင်းထုံးစံအတိုင်း အရက်မူးလေ သိုင်းကွက်ပိုစုံလေ ပိုကြမ်းလေးဖြစ်ပါတယ်။ အမှတ်မထင် သူ့လက်ထဲရောက်ရှိလာတဲ့ ရှေးဟောင်း တံဆိပ်တုံးတခုကအစပြုလို့ သူတို့နယ်က ရှေးဟောင်းပစ္စည်းခိုးထုတ်တဲ့ နိုင်ငံခြားသားအဖွဲကို ဘယ်လိုဖေါ်ထုတ်ဆုံးမလဲဆိုတာကိုတော့....

ဇာတ်ကားကိုမြန်မာဘာသာပြန်ပေးတဲ့သူကတော့ Rockie Chan.SBO ဖြစ်ပါတယ်။ ဂျက်ကီချန်း ပရိသတ်တွေ အားပေးလိုက်ကြပါဦး။

[FORMAT]:………………………….:[  HDRip x264 , 640p MP4
[GENRE]:………………………… .:[ Action, Comedy
[FILE SIZE]:……………………….:[ HD- 1 GB , Small- 419 MB
[RESOLUTION]:………………….:[ 1280 x 548, 640 x 276
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 42mins
[Translate By]:……………………..:[ Rockie Chan.SBO

 The Legend of Drunken Master
(1994) on IMDb

Download
1 GB
HD Large

Download
419 MB
SD Small

Thursday, March 9, 2017

The Gigolo (2015)


ယောက်ျား ပြည့်တန်ဆာပေါ့ဗျာ ကားနာမည်က။ ငယ်ရွယ်ပြီးဆင်းရဲတဲ့ ကောင်းလေးတယောက်ဟာ ကျောင်းတက်နေရင်း ရန်ဖြစ်လို့ကျောင်းထုတ်ခံရပါတယ်။ နေမကောင်းတဲ့ မိခင်ကိုပြုစုဖို့လည်း ပိုက်ဆံလိုနေတော့.. သူအနေနဲ့ ပရော်ဖက်ရှင်နယ်လမ်းကြောင်းတခုကို ရှောက်လမ်းဖို့ ဖြစ်လာပါတော့တယ်။ ဒါကတော့ အမျိုးသမီးတွေကို စိတ်ကျေနပ်သာယာအောင် ဖြည့်ဆည်းပေးရမည့် ပြည့်တန်ဆာအလုပ်ပဲဖြစ်ပါတယ်။ အဲ့ဒီလောကရဲ့ ဆရာတဆူနဲ့တွေ့ပြီး နည်းလမ်းကောင်းတွေရကာ အောင်မြင်တဲ့ ယောက်ျားပြည့်တန်ဆာဖြစ်လာပါတော့တယ်။ မိန်းမအမျိုးမျိုးတွေဆုံခဲ့ပြီး သူကျောင်းသားဘဝက နှစ်သက်ခဲ့တဲ့ ကောင်မလေးကို ပြန်တွေ့တဲ့အခါ....

ဒါကတော့ ၁၈ နှစ် အထက်ကြည့်ဖို့ပဲဖြစ်ပါတယ်ခင်ဗျား.

[FORMAT]:………………………….:[ 480p WebRip 3gp
[GENRE]:………………………… .:[ Comedy,Drama,Romance,Erotic
[FILE SIZE]:……………………….:[ 613 MB
[RESOLUTION]:………………….:[ 856 x 480
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 37mins

 The Gigolo
(2015) on IMDb

Download
613 MB
The Gigolo (2015)

Tuesday, March 7, 2017

Shattered (2007)


ဇာတ်ကားမှာ သရုပ်ဆောင်သူတွေကတော့ နာမည်ကြီးမင်းသားတွေဖြစ်တဲ့  (ဂျိမ်းစ်ဘွန်း မင်းသားဟောင်း၊  (300, Olymps Has Fallen မင်းသား) တို့ပါဝင်ထားတဲ့ဇာတ်ကားကောင်းတကားဖြစ်တဲ့အတွက် ပိတ်သတ်ကြီး စိတ်ဝင်စားမှာပါ။
ဒီဇာတ်ကားကို ဘာသာပြန်သူကတော့ Nay Win ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အညွှန်းကို ပြောလိုက်ရင် spoiler ဖြစ်သွားမှာစိုးလို့ မရေးတော့ပါဘူး။ ဒါကြောင့် သူရေးထားတဲ့ အညွှန်းလောက်ပဲဖတ်ပြီး ဇာတ်ကားကိုကြည့်ရင် ပိုအရသာရှိမှာပါလို့ ထပ်မံညွှန်းလိုက်ပါရစေ။ 

အညွှန်း

ရုပ်ရှင်အညွှန်းတော့ မပြောပြချင်တော့ပါဘူး ။ အညွှန်းပြောပြမိလို့ သိသွားရင် ကြည့်လို့ကောင်းတော့မယ့် အမျိုးအစားတော့ မဟုတ်ဘူး ။ 
အာင်မြင်နေတဲ့ ဝန်ထမ်းမိသားစု တစ်စုရှိတယ်။ တစ်နေ့မှာ သူတို့ရဲ့ သမီးကို ပြန်ပေးဆွဲပြီး အကြပ်ကိုင် ခိုင်းစေခြင်းကို ခံရတယ် ။ ခိုင်းစေမှု အားလုံး ချောချောမွှေ့မွှေ့ လုပ်နိုင်မလား ၊ မလုပ်နိုင်မလား ဆိုတာတော့ ...... အဲဒိထက်ပိုညွှန်းရင် ဖီးလ်ပျက်သွားမယ် 😁😁
ဒီလိုရုပ်ရှင်လေး ကြည့်ချင်ကြမလား မသိဘူး ။
ဘာသာပြန်ရင်း ကြည့်ရင်းကနေ သူ့နေရာမှာ ကိုယ်သာဆိုရင် ဆိုပြီး ဒေါသဖြစ်တယ် ၊ တစ်ဘက်ကလည်း သူ့နေရာမှာ ကိုယ်သာဆိုရင် ဆိုပြီး ကြောက်လာတယ် ။ အိမ်ထောင်သည် ယောက်ျားတွေ ပိုကြည့်သင့်ပါတယ် ။
NayWin

[FORMAT]:………………………….:[ 720p HDRip x264 MP4
[GENRE]:………………………… .:[ Crime, Drama
[FILE SIZE]:……………………….:[ 696 MB
[RESOLUTION]:………………….:[ 1280 x 720
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 35mins
[Translate By]:……………………..:[ Nay Win

 Shattered
(2007) on IMDb

Download
696 MB
Shattered (2007)

Sunday, March 5, 2017

Flash Point (2007)


IP Man မင်းသား Donnie Yen ရဲ့ ၂၀၀၇ တုန်းကအက်ရှင်ဇာတ်လမ်းပါ။ အင်မတန်ဆိုးရွားနေတဲ့ တရုတ်-ဗီယက်နန်ဂိုဏ်ကို ဖြိုခွဲဖို့ ရဲအရာရှိ သူငယ်ချင်း ၂ ယောက် ကိုယ်ကျတဲ့တာဝန်ကို ထမ်းဆောင်ရပါတယ်။ တဦးက ဂိုဏ်းထဲမှာ စပိုင်အဖြစ်နဲ့ပါဝင်ရပြီး၊ တဦးကတော့ ခပ်ကြမ်းကြမ်းရဲဖြစ်တဲ့အတွက် ဖြိုခွင်းရေးအပိုင်းမှာဦးဆောင်ရပါတယ်။ တချိန်မှာ ဂိုဏ်ခေါင်းဆောင်ညီအစ်ကို ၃ယောက်ဟာ အတွင်းစပိုင်ဘယ်သူလဲသိသွားတဲ့အတွက်ကြောင့် ရဲအဖွဲ့မှာ အန္တရယ်ပြန်ရှိလာခဲ့ပါတယ်။ တရားဥပဒေကျကျ ဖြေရှင်းလို့မရတဲ့အပြင် ၊ သူတို့အနီးအနားမှာရှိတဲ့သူတွေကိုပါ အန္တရယ်ပြုလာတာကြောင့် သူငယ်ချင်းနှစ်ယောက် အဲ့ဒီဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရပါတော့တယ်......
ဘာသာပြန်ဆိုသူကတော့ လယ်ဝေးသားလေး Kyaw Myo Thu ပဲဖြစ်ပါတယ်ခင်ဗျား....

[FORMAT]:………………………….:[ 720p HDRip x264 , 640p MP4
[GENRE]:………………………… .:[ Action, Crime, Thriller
[FILE SIZE]:……………………….:[ Large- 980 MB , Small- 418 MB
[RESOLUTION]:………………….:[ 1280 x 546, 640 x 276
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 28mins
[Translate By]:……………………..:[ လယ်ဝေးသားလေး Kyaw Myo Thu

 Flash Point
(2007) on IMDb

Download
980 MB
HD Large

Download
418 MB
SD Small

Saturday, March 4, 2017

Extremely Loud & Incredibly Close (2011)


၂၀ဝ၁ခုနှစ် စက်တင်ဘာလ ၁၁ရက်နေ့ 9/11 ဖြစ်စဉ်ကို အခြေပြုပြီး တင်ဆက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ တွမ် ဟန့်စ်နဲ့ ဆန်ဒရာဘူးလော့ကို အားဖြည့်ပြီး ရိုက်ကူးခဲ့ပေမယ့် ဆယ်ကျော်သက်သရုပ်ဆောင် သောမတ်စ်ဟွန်ကို အဓိက ထားပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ မူရင်းဝတ္ထုနာမည်ကလည်းExtremely Loud and Incredibly Close ပဲ ဖြစ်ပါတယ်။ စာရေးဆရာ Jonathan Safran Foer က ရေးသားခဲ့ပြီး ၂၀ဝ၅ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဇာတ်ကားကို ရိုက်ကူးခဲ့သူက ဒါရိုက်တာ Stephen Daldry ဖြစ်ပါတယ်။ ဇာတ်ကားကို ညွှန်းဆိုတဲ့ နေရာမှာ မိုက်ကယ်မိုးရဲ့Fahrenheit 9/11 နဲ့ ယှဉ်တွဲ ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။

ဇာတ်ကားနှစ်ကားရဲ့ အသွင် သဏ္ဍာန်နဲ့ အနှစ်သာရပိုင်းကတော့ ကွာခြားမှုရှိမှာပါ။ ဇာတ်ကားရဲ့ အစပိုင်းမှာတော့ 9/11 မှာ သေဆုံးသွား ခဲ့သူတစ်ဦးရဲ့ ဈာပနမြင်ကွင်းကနေ စတင်ခဲ့ပါတယ်။ သေ ဆုံးသွားခဲ့သူက သောမတ်စ်ရှဲလ် ဖြစ်ပါ တယ်။ ဖခင်ဖြစ်သူ သေဆုံးသွားခြင်းကို ဘယ်လိုမှ ဘဝင်မကျဖြစ်ခဲ့သူက အသက် ၁၁နှစ်အရွယ် အော်စကာရှဲလ် ဖြစ်ပါတယ်။

ဈာပနမြင်ကွင်းပြီးတဲ့အခါ နောက်ကြောင်း ပြန်မှုတွေကို ပစ္စက္ခအခြေအနေတွေနဲ့ပေါင်း စပ်ပြခဲ့ပါတယ်။ သောမတ်စ်နဲ့ အော်စကာတို့ ကြားမှာ ကစားပွဲတစ်ခု ရှိခဲ့ပါတယ်။ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို ဝှက်ထားပြီး သားဖြစ်သူကို ရှာဖွေခိုင်းတဲ့ ကစားပွဲပါ။ အရာဝတ္ထုတစ်ခုကို အလွယ်တကူရှာဖွေနိုင် မယ်ဆိုရင် ကြွယ်ဝမှုတွေဖြစ်လာမှာ မဟုတ် ဘူးဆိုတဲ့ အမြင်က သောမတ်စ်မှာ ရှိခဲ့ပါ တယ်။ သားဖြစ်သူမှာ မရပ်မနားရှာဖွေလို စိတ်ရှိအောင်လေ့ကျင့်ပေးခဲ့ပါတယ်။ ဖခင် သေဆုံးသွားချိန်အထိ ဖခင်ဖြစ်သူ ဝှက်ခဲ့တဲ့ အရာကို အော်စကာ ရှာဖွေနေရတုန်းပါ။

ဖခင် ကွယ်လွန်ပြီးတဲ့နောက် ကျန်ရှိနေတဲ့ ပစ္စည်းတွေကို အော်စကာ ရှာခဲ့ ပါတယ်။ ဒီလိုပြန်ရှာရင်း အပြာရောင် ပန်း အိုးထဲက သော့ တစ်ချောင်းကို ရှာတွေ့ ခဲ့ပါတယ်။ သော့ထည့်ထားတဲ့ အိတ်ဝါ နောက်ကျောမှာ Black ဆိုတဲ့ စာသား တစ် ခုကို အော်စကာ ရှာတွေ့ခဲ့ပါတယ်။ နာမည် မှာ Black ပါသူ တစ်ဦးဦးနဲ့  ဖခင်အကြား ဆက်နွှယ်မှုရှိလိမ့်မယ်လို့ အော်စကာကယူ ဆခဲ့ပါတယ်။ ဒီယူဆချက်အတိုင်းပဲ ဖုန်းစာ အုပ်ထဲကြူခေု နာမည်ပါတဲ့သူတွေကိုစာရင်း ချရေးလိုက်ပါတယ်။ တွေ့ဆုံမေး မြန်းဖို့စီစဉ်ပါတယ်။ လူပေါင်း ၄၀ဝ ကျော်၊အိမ်ထောင်စု ပေါင်း ၂၀ဝ ကျော်နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

သော့တစ်ချောင်း၊ နာမည် တစ် လုံးက အစပြုလို့ အချိန်သုံးနှစ်ကျော်ကြာအောင် ရှာဖွေမှု ပြုခဲ့ ပြီးတဲ့နောက်မှာ အဖြေတစ်ခုကို ရလာခဲ့ပါတယ်။ သူ ရှာဖွေ နေခဲ့တာက အရေးမကြီးတော့ပါဘူး။ လူတိုင်းမှာ ခံစား ချက်နဲ့ ပြဿနာကိုယ်စီ ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို အော် စကာ ရရှိခဲ့ပါတယ်။

မသေဆေးဖော်ဖို့ မုန်းညင့်စေရှာပုံတော် ထွက်ခဲ့တဲ့ ကိသာဂေါတမီရဲ့ ဇာတ်လမ်းကို သတိရစေမယ့် ဇာတ်ကားဖြစ်ပါတယ်။

ရုပ်ရှင်အညွှန်း - Not! Now Yet

[FORMAT]:………………………….:[ 720p WebRip x264 , 352p MP4
[GENRE]:………………………… .:[ Adventure, Drama, Mystery
[FILE SIZE]:……………………….:[ Large- 988 MB , Small- 418 MB
[RESOLUTION]:………………….:[1280 x 720, 352 x 240
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[2h 09mins

 Extremely Loud & Incredibly Close
(2011) on IMDb

Download
988 MB
Large

Download
418 MB
SD Small

Thursday, March 2, 2017

Young Detective Dee: Rise of the Sea Dragon (2013)



Detective Dee ကိုတော့ တချို့တွေကြည့်ဖူးမှာပါ။ တရုတ်နန်းတွင်း၊ စုံထောက်ဇာတ်ကားဆိုပါတော့။ IMDB 6.5 ရထားတဲ့ဇာတ်ကားပါ။ ကြည့်ပြီးသား DVD တခွေကို ပြန်တင်ပေးလိုက်ပါရစေ။ ပျော်ရွှင်ပါစေ။

[FORMAT]:………………………….:[ DVDRip x264 480p MP4
[GENRE]:………………………… .:[ Action, Adventure, Family
[FILE SIZE]:……………………….:[ 828 MB
[RESOLUTION]:………………….:[ 720x480
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[2h 14mins

 Young Detective Dee: Rise of the Sea Dragon
(2013) on IMDb

Download
828 MB
Young Detective Dee(2013)

Wednesday, March 1, 2017

Another Cinderella Story (2008)


မင်းသမီးကတော့ ဆလီးနာဂိုမက်စ် ပါ။ သူမအသက် ၁၆ နှစ်တုန်းက ရိုက်ကူးထားတဲ့ဇာတ်ကားပါ၊ စင်ဒရဲလားဆိုတော့ ဇာတ်လမ်းက ပရိသတ်သိပြီးတဲ့အတိုင်းပဲ၊ အခုဟာကတော့ ခောတ်သစ် စင်ဒရဲလားပေါ့။ အဓီကကတော့ ဆလီးနာဂိုမက်စ်ရဲ့ နုနုငယ်ငယ်ပုံစံလေး၊ အကစွမ်းရည် စတာတွေကို တက်တက်ကြွကြွ ကြည့်ရမှာပါ။ မင်းသားကတော့ မသိပါဘူး

IMDb Rating မှာ (5.9/10) ပဲရရှိထားပေမယ့် Rotten Tomatoes မှာတော့ 75% ထိ Rating ပေးထားပါတယ်။ ဆလီနာဂိုးမက် ပရိတ်သတ်ပဲဖြစ်ဖြစ်၊ Musical ဇာတ်ကားတွေကိုနှစ်သက်သူတွေဖြစ်ဖြစ် ကြည့်သင့်ပါတယ်။

[FORMAT]:………………………….:[ WebRip x264 420p MP4
[GENRE]:………………………… .:[ Action, Adventure, Family
[FILE SIZE]:……………………….:[ 664 MB
[RESOLUTION]:………………….:[ 704x400
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 30mins

 Another Cinderella Story
(2008) on IMDb 

Download
664 MB
Another Cinderella Story (2008)