Sunday, March 19, 2017

Assassin's Creed (2016)




Assassin's Creed ကားကို ရုပ်ရှင်ရိုက်မယ် ပြောကတည်းက ကြည့်ချင်နေတာ တကယ်ထွက်လာတော့ ကိုယ့်ရဲ့ဂိမ်းထဲက ဇာတ်ကောင်ကို တော်တော်အမှတ်ရမိပါတယ် ဒီတော့ ဇာတ်ကားနဲ့ပတ်သက်တဲ့ Trivia အချို့ကို ဖော်ပြပေးလိုက်ပါတယ်။


-ဒီဇာတ်ကားရဲ့အဓိကဇာတ်ဆောင်များဖြစ်တဲ့ Michael Fassbender နဲ့ Ariane Labed ဟာ တိုက်ခိုက်တဲ့ဇာတ်ဝင်ခန်း ၉၅% ကို ကိုယ်တိုင် သရုပ်ဆောင်ခဲ့ကြပါတယ်

- စတန့်မင်းသား Damien Walters ရဲ့ ၁၂၅ ပေအမြင့် (၃၈ မီတာ) ကနေ အလွတ်ခုန်ချပြီး သရုပ်ဆောင်ခဲ့တာဟာ နှစ်ပေါင်း ၃၅ နှစ်အတွင်း အမြင့်ဆုံး အလွတ်ခုန်ချ ပြခဲ့ခြင်းဖြစ်ပါတယ်

- ရုပ်ရှင်ရဲ့ ရိုက်ချက် ၈၀% ကို CGI (computer-generated imagery) မသုံးဘဲ ကင်မရာနဲ့ရိုက်ခဲ့တာဖြစ်ပါတယ်

- Assassins တွေရဲ့ ဝတ်စုံတွေကို ၂~၃ လကြာ အချိန်ယူပြီး လက်မှုပညာဖြင့် ချုပ်လုပ်ခဲ့တာဖြစ်ပြီး
အဝတ်အစား မူကွဲ ၈ မျိုးကို အဝတ်အစားဖန်တီးသူတွေက ပြုလုပ်ခဲ့ပါတယ်

- Ubisoft က ဇာတ်ဝင်ခန်းပစ္စည်းစီစဉ်သူများကို Game ထဲမှာ သုံးတဲ့ လက်နက်တွေရဲ့ အသေးစိတ်စာရင်း ပေးခဲ့ပြီး လုပ်ဆောင်စေခဲ့ပါတယ်။

- Aguilar ရဲ့ဝတ်စုံဟာ ပုတီးစေ့ပေါင်း ၆ဝဝဝ သုံးပြီး ချုပ်ထားတာပါ။

- ဒါရိုက်တာ Justin Kurzel က Assassins တွေနဲ့ Templer တွေကို ဘယ်သူက မှန်ပြီး ဘယ်သူမှားတယ် ဆိုတဲ့ အချက်ကို ဖော်ပြချင်တာ မဟုတ်ပါဘူး။ နှစ်ဖွဲ့စလုံးရဲ့ အတွေးအခေါ်ခံယူချက်တွေက မှန်လည်း မှန်နိုင်သလို မှားလည်း မှားနိုင်ပါတယ်တဲ့။

- ဒီကားမှာ Maria အဖြစ်သရုပ်ဆောင်ဖို့ Alicia Vikander ကို ရွေးချယ်ခဲ့ပေမဲ့ သူမက Jason Bourne (2016) မှာ သရုပ်ဆောင်ဖြစ်သွားတဲ့အတွက် Ariane Labed ကို ရွေးချယ်ခဲ့ပါတယ်

- ဒီဇာတ်ကား လှုပ်ရှားမှုများတဲ့ဇာတ်ဝင်ခန်းတွေမှာ Drone တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြထားပါတယ်။

- ဒီဇာတ်ကားရဲ့ကြာချိန်ဟာ တကယ်တမ်းက ၂း၂၀ နာရီ ကြာပါတယ်။ ပြန်လည် ပြင်ဆင်ပြီးတဲ့အခါမှာတော့ ၁း၄၈ နာရီပဲ ကြာပါတော့တယ်။

- ဒီဇာတ်ကားရဲ့ ကုန်ကျစရိတ်က ဒေါ်လာ ၁၃၀ မီလီယံ ဖြစ်ပါတယ်။

- Ubisoft ဂိမ်း ကုမ္ပဏီက မူလက Sony Entertainment ကနေ ဖြန့်ချီဖို့ ရည်ရွယ်ထားသော်လည်း
လူသိမခံချင်တဲ့ကိစ္စတစ်ခုကြောင့်  20th Century Fox နဲ့ လက်တွဲခဲ့ပါတယ်။

- ရုပ်ရှင်အစမှာ မြင်ရတဲ့ Madrid မြို့Abstergo Industires ဟာ ကြီးမားတဲ့ ဘောလုံးကွင်းကို အသုံးပြုပြီးရိုက်ထားတာပါ။ Estadio Vincente Calderon ဆိုတဲ့ ၂၀၁၄ ရဲ့ စပိန် လာလီဂါရဲ့ ချန်ပီယံအသင်း Atlético Madrid ရဲ့လက်ရှိ အိမ်ကွင်းဖြစ်ပါတယ် ။
ရေးသားသူ -  Admin R!B

[FORMAT]:………………………….:[ 720p HDRip x264 , 670p MP4
[GENRE]:………………………… .:[ Action, Adventure, Drama
[FILE SIZE]:……………………….:[ HD- 920 MB , Small- 500 MB
[RESOLUTION]:………………….:[ 1280 x 536, 670 x 280
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 55mins
[Translate By]:……………………..:[ Wai Gyi
 Assassin's Creed
(2016) on IMDb

Download
920 MB
HD Large

Download
500 MB
SD Small

No comments:

Post a Comment