Saturday, March 4, 2017

Extremely Loud & Incredibly Close (2011)


၂၀ဝ၁ခုနှစ် စက်တင်ဘာလ ၁၁ရက်နေ့ 9/11 ဖြစ်စဉ်ကို အခြေပြုပြီး တင်ဆက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ တွမ် ဟန့်စ်နဲ့ ဆန်ဒရာဘူးလော့ကို အားဖြည့်ပြီး ရိုက်ကူးခဲ့ပေမယ့် ဆယ်ကျော်သက်သရုပ်ဆောင် သောမတ်စ်ဟွန်ကို အဓိက ထားပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ မူရင်းဝတ္ထုနာမည်ကလည်းExtremely Loud and Incredibly Close ပဲ ဖြစ်ပါတယ်။ စာရေးဆရာ Jonathan Safran Foer က ရေးသားခဲ့ပြီး ၂၀ဝ၅ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဇာတ်ကားကို ရိုက်ကူးခဲ့သူက ဒါရိုက်တာ Stephen Daldry ဖြစ်ပါတယ်။ ဇာတ်ကားကို ညွှန်းဆိုတဲ့ နေရာမှာ မိုက်ကယ်မိုးရဲ့Fahrenheit 9/11 နဲ့ ယှဉ်တွဲ ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။

ဇာတ်ကားနှစ်ကားရဲ့ အသွင် သဏ္ဍာန်နဲ့ အနှစ်သာရပိုင်းကတော့ ကွာခြားမှုရှိမှာပါ။ ဇာတ်ကားရဲ့ အစပိုင်းမှာတော့ 9/11 မှာ သေဆုံးသွား ခဲ့သူတစ်ဦးရဲ့ ဈာပနမြင်ကွင်းကနေ စတင်ခဲ့ပါတယ်။ သေ ဆုံးသွားခဲ့သူက သောမတ်စ်ရှဲလ် ဖြစ်ပါ တယ်။ ဖခင်ဖြစ်သူ သေဆုံးသွားခြင်းကို ဘယ်လိုမှ ဘဝင်မကျဖြစ်ခဲ့သူက အသက် ၁၁နှစ်အရွယ် အော်စကာရှဲလ် ဖြစ်ပါတယ်။

ဈာပနမြင်ကွင်းပြီးတဲ့အခါ နောက်ကြောင်း ပြန်မှုတွေကို ပစ္စက္ခအခြေအနေတွေနဲ့ပေါင်း စပ်ပြခဲ့ပါတယ်။ သောမတ်စ်နဲ့ အော်စကာတို့ ကြားမှာ ကစားပွဲတစ်ခု ရှိခဲ့ပါတယ်။ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို ဝှက်ထားပြီး သားဖြစ်သူကို ရှာဖွေခိုင်းတဲ့ ကစားပွဲပါ။ အရာဝတ္ထုတစ်ခုကို အလွယ်တကူရှာဖွေနိုင် မယ်ဆိုရင် ကြွယ်ဝမှုတွေဖြစ်လာမှာ မဟုတ် ဘူးဆိုတဲ့ အမြင်က သောမတ်စ်မှာ ရှိခဲ့ပါ တယ်။ သားဖြစ်သူမှာ မရပ်မနားရှာဖွေလို စိတ်ရှိအောင်လေ့ကျင့်ပေးခဲ့ပါတယ်။ ဖခင် သေဆုံးသွားချိန်အထိ ဖခင်ဖြစ်သူ ဝှက်ခဲ့တဲ့ အရာကို အော်စကာ ရှာဖွေနေရတုန်းပါ။

ဖခင် ကွယ်လွန်ပြီးတဲ့နောက် ကျန်ရှိနေတဲ့ ပစ္စည်းတွေကို အော်စကာ ရှာခဲ့ ပါတယ်။ ဒီလိုပြန်ရှာရင်း အပြာရောင် ပန်း အိုးထဲက သော့ တစ်ချောင်းကို ရှာတွေ့ ခဲ့ပါတယ်။ သော့ထည့်ထားတဲ့ အိတ်ဝါ နောက်ကျောမှာ Black ဆိုတဲ့ စာသား တစ် ခုကို အော်စကာ ရှာတွေ့ခဲ့ပါတယ်။ နာမည် မှာ Black ပါသူ တစ်ဦးဦးနဲ့  ဖခင်အကြား ဆက်နွှယ်မှုရှိလိမ့်မယ်လို့ အော်စကာကယူ ဆခဲ့ပါတယ်။ ဒီယူဆချက်အတိုင်းပဲ ဖုန်းစာ အုပ်ထဲကြူခေု နာမည်ပါတဲ့သူတွေကိုစာရင်း ချရေးလိုက်ပါတယ်။ တွေ့ဆုံမေး မြန်းဖို့စီစဉ်ပါတယ်။ လူပေါင်း ၄၀ဝ ကျော်၊အိမ်ထောင်စု ပေါင်း ၂၀ဝ ကျော်နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

သော့တစ်ချောင်း၊ နာမည် တစ် လုံးက အစပြုလို့ အချိန်သုံးနှစ်ကျော်ကြာအောင် ရှာဖွေမှု ပြုခဲ့ ပြီးတဲ့နောက်မှာ အဖြေတစ်ခုကို ရလာခဲ့ပါတယ်။ သူ ရှာဖွေ နေခဲ့တာက အရေးမကြီးတော့ပါဘူး။ လူတိုင်းမှာ ခံစား ချက်နဲ့ ပြဿနာကိုယ်စီ ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို အော် စကာ ရရှိခဲ့ပါတယ်။

မသေဆေးဖော်ဖို့ မုန်းညင့်စေရှာပုံတော် ထွက်ခဲ့တဲ့ ကိသာဂေါတမီရဲ့ ဇာတ်လမ်းကို သတိရစေမယ့် ဇာတ်ကားဖြစ်ပါတယ်။

ရုပ်ရှင်အညွှန်း - Not! Now Yet

[FORMAT]:………………………….:[ 720p WebRip x264 , 352p MP4
[GENRE]:………………………… .:[ Adventure, Drama, Mystery
[FILE SIZE]:……………………….:[ Large- 988 MB , Small- 418 MB
[RESOLUTION]:………………….:[1280 x 720, 352 x 240
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[2h 09mins

 Extremely Loud & Incredibly Close
(2011) on IMDb

Download
988 MB
Large

Download
418 MB
SD Small

No comments:

Post a Comment