Saturday, April 22, 2017

Pete's Dragon (2016)


သင်ဟာ BFG လို fantasy-drama ကားကောင်းလေးတွေ ကြိုက်နှစ်သက်သူဆိုရင် ဒီကားလေးကိုလည်း လက်လွတ်မခံသင့်ပါဘူး။ Walt disney က ထုတ်လုပ်ဖြန့်ချီထားတဲ့ဒီကားဟာ လူသားကလေးငယ်တစ်ဦးနဲ့ အဟိတ်တရိစ္ဆာန်တစ်ကောင်ကြားက မေတ္တာဘွဲ့ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ Pete ဆိုတဲ့ ၅နှစ်အရွယ်ကောင်လေးတစ်ယောက် မိဘတွေနဲ့ပျော်ပွဲစားထွက်လာရင်း ကားအက်ဆီးဒင့်ဖြစ်ပြီး တောထဲရောက်သွားပါတယ်။ မိဘတွေဆုံးပါးသွားလို့ တောထဲမှာ မျက်စိသူငယ်နားသူငယ်နဲ့ ဒုက္ခရောက်နေတဲ့ သနားစရာကလေးငယ်လေးကို နဂါးကြီးက စောင့်ရှောက်ပေးတဲ့အကြောင်းလေးပါ။ ဘဝခြားနေသူနှစ်ဦးကြားက သံယောဇဉ်နဲ့ လူသားတွေရဲ့ အတ္တအကြောင်း မြင်သာအောင် ဖော်ညွှန်းသွားနိုင်ခဲ့ပါတယ်။ အစပိုင်း ဇာတ်အထနှေးပေမယ့် အဆုံးထိကြည့်ဖြစ်သွားမှာ သေချာပါတယ်။ ဝင်ငွေအရလည်း မူရင်းbudgetထက် နှစ်ဆပြန်ရတဲ့အထိ အောင်မြင်ခဲ့ပြီး imdb -6.8, rotten tomatoes - 87% လို rating ကောင်းတွေ ရထားတဲ့ ဒီကားလေးကို မြန်မာစာတန်းနဲ့ တင်ဆက်ပေးလိုက်ပါတယ်။
Reviewed by : Chue Thinzar Naing
Translated by : Arnold.ats(MSF)
Myanmar Subtitles Foundations(FB)

[FORMAT]:………………………….:) openload -720p Blueray x264 / pcloud - 480p SD
[GENRE]:……………………….… .:) Adventure, Family, Fantasy
[FILE SIZE]:…………………….….:) 864 MB / 417 MB
[RESOLUTION]:……………….….:) 1280x720 / 640x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 42 mins
[Translator]:........................ :) Arnold.ats(MSF)


 Pete's Dragon
(2016) on IMDb

OpenLoad

Download
864 MB
Pete's Dragon (2016)


PCloud




Friday, April 21, 2017

Lady Bloodfight (2016)


2016 ထွက်ဖိုက်တင်းဇာတ်လမ်းတပုဒ်၊ မင်းသမီးက  Deadpool (2016), Captain America: The Winter Soldier (2014) နဲ့ Suicide Squad (2016) တို့မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးချော Amy Johnson.. ဆိုရင် စိတ်ဝင်စားမလားပဲ၊

အနောက်တိုင်းသူ ရွှေရောင်ဆံပင်နဲ့ မိန်းမချောလေးဟာ အာရှကိုရောက်လာခဲ့ပါတယ်။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို လူဆိုးတဖွဲ့ရဲ့ အလိမ်မိပြီး သူ့ပိုက်ဆံအိပ်ကို လုယူဖို့ကြိုးစားတော့ သူကပြန်လည်ခုခံရင်း တုတ်နဲ့အရိုက်ခံရပြီး သတိမေ့သွားပါတော့တယ်။ သူသတိရတော့ ကိုယ်ခံပညာ ဆရာမကြီးတဦးဆီကို ရောက်နေပြီး ဆရာမကြီးဆီမှာ ကိုယ်ခံပညာသင်ဖို့၊ တပည့်ခံဖို့ တောင်းဆိုပါတော့တယ်။ သူမရဲ့ တကယ့်ရည်ရွယ်ချက်ကတော့ ကိုယ်ခံပညာ တံခွန်စိုက်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ပါပဲ။ ဒီပြိုင်ပွဲဟာ အနယ်နယ်အရပ်ရပ်က အမျိုးသမီးဖိုက်တာတွေပြိုင်ကြတဲ့ ပွဲဖြစ်ပါတယ်။

ကဲ ဖိုက်တင်ကားကောင်းကောင်းလေးကိုလည်း အားပေးလိုက်ပါဦးလို့စ်...

[FORMAT]:………………………….:) 720p DvdRip x264
[GENRE]:……………………….… .:) Action, Crime, Drama
[FILE SIZE]:…………………….….:) 739 MB
[RESOLUTION]:……………….….:) 720x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 40 mins



Download
739 MB
Lady Bloodfight(2016)

School of Rock (2003)


ကာလက ရော့ခ်ဂီတခေတ်စားတဲ့ကာလ. . .

Dewey Finn(Jack Black) ဆိုတဲ့ ရော့ခ်ဂီတကို ရူးသွပ်တဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ ကသောင်းကနင်း နိုင်မှုတွေကြောင့် ကိုယ်တိုင်တည်ထောင်ထားတဲ့ Music Band အငယ်စားလေးကနေ သစ္စာဖောက်တဲ့ အပေါင်းအသင်းတွေရဲ့ ကန်အထုတ်ခံလိုက်ရချိန်. . .ကြွေးမြီထူပြောပြီး သူငယ်ချင်းစုံတွဲနဲ့ အတူနေတာတောင် အိမ်လခ မျှမပေးနိုင်တဲ့ အခက်အခဲပေါင်းစုံနဲ့ပေါ့. . .
သူငယ်ချင်းရည်းစားကလည်း အိမ်လခကို ခွဲမပေးလို့  တပူပူလုပ်ပါတော့တယ်။

အဲ့ဒီဒါဏ်ကို မခံစားနိုင်တဲ့ ဒူဝီတစ်ယောက် အိမ်လခအတွက် ကိုယ်မြတ်နိုးလှတဲ့ ဂစ်တာကိုရောင်းပြီး အကြွေးဆပ်ဖို့ စဉ်းစားမိလိုက်ချိန် တိုက်ဆိုင်စွာပဲ ပုဂ္ဂလိကမူလန်းကျောင်းတစ်ခုကနေ ကျောင်းဆရာလိုင်စင်ရထားတဲ့ သူ့သူငယ်ချင်းဆီကို ဖုန်းဆက်ပြီး အစားထိုးဆရာလုပ်ပေးဖို့  ကမ်းလှမ်းတဲ့အချိန်နဲ့တိုးပါတော့တယ်

ဒူဝီ အကြံတစ်ခုရလိုက်ပါတယ်...
သူ့သူငယ်ချင်း အယောင်ဆောင်ပြီး ကျောင်းမှာစာသင်ရင်း ငွေရှာ အကြွေးဆပ်မယ်ပေါ့. . .
ဒီလိုနဲ့ ကျောင်းကိုရောက်လာတယ် ငွေအတွက်ပဲ ကြည့်မိတဲ့အတွက် အရာရာ အလွဲလွဲအချော်ချော်နဲ့ စာလည်းမသင်တတ်ဖြစ်ရပါတယ်

အဲ့ဒီအချိန်မှာပဲ သူတာဝန်ယူရတဲ့ အတန်းက ကလေးတွေရဲ့ ဂီတသင်တန်းကို အမှတ်မထင် နားထောင်မိရာကတစ်ဆင့်ကလေးတွေမှာ ဂီတပါရမီပါလာတာကို သတိထားမိလာကာ. . သိပ်မဝေးတော့တဲ့အချိန်မှာ ကျင်းပတော့မယ့် ရော့တီးဝိုင်းတွေပြိုင်ပွဲ (Battle Of The Bands) မှာ ဝင်ပြိုင်ရဖို့ သိမ်းသွင်းစည်းရုံးပြီး Rock ဂီတအကြောင်းကို တိုးတိုးတိတ်တိတ် သင်ပေးပါတော့တယ်

အခန်းကို အလုံပိတ် အသံပိုင်းဆိုင်ရာ စတိတ်မီးထိုးပုံတွေကအစ နောက်ထအဆိုတော်တွေရွေး. . .Vocalist တွေထည့်နဲ့. . .
အတော်ကြီး ဇာတ်ရှိန်မြင့်မြင့်နဲ့ ဆွဲခေါ်သွားနိုင်တဲ့ကားဖြစ်ပါတယ်

ရော့ခ်ဂီတရဲ့ အခြေခံသဘောတရားကိုက လွတ်လပ်စွာ စီးမျောခံစားရတာမို့. . .ကလေးတွေစိတ်ထဲက ပေါက်ကွဲလာသမျှ စကားလုံးတွေအဖြစ် ဖန်ဆင်း လက်တမ်းရေးတဲ့ သီချင်းနဲ့ Music,Comedy,Family အမျိုးအစားဇာတ်ကားဆိုပေမယ့် ရော့ခ်ဂီတကိုသိပ်မရင်းနှီး သိပ်မကြိုက်တဲ့သူတောင် အူမြူးလာအောင် လုပ်နိုင်စွမ်းရှိတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်
ဒီဇာတ်ကားမှာ သရုပ်ဆောင်တဲ့ Jack Black ရဲ့ Charactorနဲ့ သရုပ်ဆောင်မှုက တကယ့်ကို သရုပ်ပါပြီး သဘောကျစရာဖြစ်သလို Rating လည်း မြင့်ပါတယ်

ပေးချင်တဲ့ မက်ဆေ့က မိမိရူးသွပ်ရာကို တစိုက်မတ်မတ်နဲ့ ဇွဲ မလျှော့ပဲသာလုပ် တစ်နေ့နေ့တော့ ဖြစ်ကိုဖြစ်လာရမယ် ဆိုတာပဲ ဖြစ်ပါတယ်
ကဲ ........ ဆက်လက်အားပေးကြပါဦး ခင်ဗျာ. . .

မြင့်သူ(ငှက်ကလေး-နည်းပညာ)
ဖောသည်


[FORMAT]:………………………….:) 720p Blueray x264
[GENRE]:……………………….… .:) Comedy, Family, Music
[FILE SIZE]:…………………….….:) 992 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 46 mins
[Translator]:........................ :) မြင့်သူ(ငှက်ကလေး-နည်းပညာ)




Download
455 MB
School of Rock (2003)

Tuesday, April 18, 2017

My Father Die (2016)


အက်ရှင် ၊ ဒရမ်မာ အမျိုးအစား ကားကောင်းတလက် တင်ဆက်ပေးလိုက်ပါတယ်။

အာရှာဆိုတဲ့ ၁၂ နှစ်သားကလေးတယောက်ရဲ့ အရမ်းချစ်ရတဲ့ အစ်ကိုဖြစ်သူ ချက်စတာဟာ ထိုးနှက်ခံရပြီး သူ့ရဲ့ရှေ့မှာပဲ အသတ်ခံရတယ်။ ချက်စတာကို ထိုးနှက်ပြီး သတ်တဲ့သူက တခြားသူမဟုတ်ပါဘူး၊ သူတို့ရဲ့ အဖေပဲဖြစ်ပါတယ်။ အာရှာလည်း အဲ့ဒီကတည်းက ခပ်ပြင်းပြင်းအရိုက်ခံရပြီး ဆွံအသွားတာ အရွယ်ရောက်တဲ့ထိ စကားမပြောနိုင်တော့ပါဘူး။
ဒီလိုနေရင်းနဲ့ သူ့အဖေက ထောင်ကနေရုတ်တရက်လွတ်လာတဲ့အခါ အာရှာအတွက် လက်စားချေဖို့ အကြောင်းဖန်လာပါတယ်။ သူ့အဖေရဲ့ အပေါင်းအပါတွေကတဆင့် သူ့အဖေဘယ်မှာရှိတယ်ဆိုတာ ခြေရာခံပြီး ဂေါ်ပြားနဲ့ ရိုက်သတ်ပါတော့တယ်။ သူထွက်သွားပြီးနောက်မှာ အဖေဖြစ်သူက မသေသေးပဲ အာရှာကို ပြန်လိုက်ရှာပါတော့တယ်..... ဘယ်လိုတွေဆက်ဖြစ်ဦးမှာလဲဆိုတာကိုတော့...

[FORMAT]:………………………….:[ 720p DvdRip x264, 640p x264 SD
[GENRE]:………………………… .:[ Action, Drama
[FILE SIZE]:……………………….:[ 817 MB, 368 MB
[RESOLUTION]:………………….:[ 720x480, 640x320
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 42 mins

 My Father Die
(2016) on IMDb 

Download
817 MB
HD Large

Download
368 MB
SD Small

Sunday, April 16, 2017

Protégé (2007)


Protege (2007) ရေနံ နှင့် စစ်လက်နက်ပြီးရင် ဘိန်းဖြူက ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကုန်သွယ်ရေးပဲ ။ ကမ္ဘာပေါ်မှာ ဘိန်းစိုက် ဒေသကို သုံးနေရာ ခွဲထားတယ် ။ ရွှေတြိဂံ ၊ ရွှေလခြမ်း နဲ့ တောင်အာဖရိကတို့ပဲဖြစ်တယ် ။ ရွှေလခြမ်းဒေသဆိုတာ အာဖဂန်နစ္စတန် ၊ ပါကစ္စတန် ၊ အီရန် နယ်စပ်ပဲဖြစ်တယ် ။
ရွှေလခြမ်း ဒေသက ဘိန်းဖြူတွေကို ဥရောပကို ပို့တယ် ။ တောင်အာဖရီက က ဘိန်းဖြူတွေကိုတော့ အမေရီကန်နဲ့ ကနေဒါကို ပို့ကြတယ် ။ ရွှေတြိဂံက ထွက်တဲ့ ဘိန်းဖြူကတော့ အာရှကို ဖြန့်တယ် ။ 
ဒါက ဇာတ်ကားရဲ့ ပေးချင်တဲ့ မက်ဆေ့ပေါ့ဗျာ ။

 ဒီရုပ်ရှင်မှာ ကျွန်တော်တို့နဲ့ သိပ်မစိမ်းတဲ့ နာမည်ကြီး မင်းသားများဖြစ်သော Andy Lau က ဟောင်ကောင် ဘိန်းရာဇာအဖြစ် သရုပ်ဆောင်ပြီး Daniel Wu ကတော့ ရဲသူလျှို အဖြစ် သရုပ်ဆောင်ထားပါတယ် ။ 

ဇာတ်လမ်း အကျဉ်းကတော့ ဘိန်းရာဇာတွေကြားထဲမှာ ရောက်နေတဲ့ ရဲသူလျှိုတစ်ယောက်ရဲ့ စုံစမ်းမှု နဲ့ တာဝန်ဝတ္တရားတွေ တစ်ဘက် ၊ ညီအကိုလို သံယောဇဉ်က တစ်ဘက် ၊ သနားကြင်နာတတ်တဲ့ နှလုံးသားက တစ်ဘက် နဲ့ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲတဲ့ အနေအထားကနေ မူးယစ်ရာဇာကိုပဲ ဥပဒေလက် အပ်နိုင်မလား ၊ သူကိုယ်တိုင်က မူးယစ်ရာဇာ ဖြစ်သွားမလား ဆိုတာတော့ ခင်ဗျားတို့ ကိုယ်တိုင်ပဲ ဒေါင်းယူ            ကြည့်ရှူ့လိုက်ပါတော့ဗျာ ..............

အညွှန်း - Coe Nay Win

[FORMAT]:………………………….:) 720p Blueray x264, 640p x264 SD
[GENRE]:……………………….… .:)  Crime, Drama, Thriller
[FILE SIZE]:…………………….….:) 868 MB, 421 MB
[RESOLUTION]:……………….….:) 1280x544, 640x270
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:)  1h 46 mins
[Translator]:........................ :)  Coe Na Win



 Protégé
(2007) on IMDb



Download
868 MB
HD Large

Download
421 MB
pcloud

Download
421 MB
google drive

Lion (2016)



မူရင်းရုပ်ရှင်အညွှန်းမှာ မပါပေမဲ့ အညွှန်းတစ်ခုရဲ့အောက်မှာ ရေးထားတဲ့ မှတ်ချက်လေးတစ်ခုကိုဖော်ပြချင်ပါတယ်။ ပြောထားတာက Lion ဇာတ်ကားကြည့်လိုက်မှပဲ တကယ့်ဘဝအစစ်အမှန်(Reality) ကို ခံစားမိတော့တယ်လို့ ရုပ်ရှင်ဝါသနာရှင် တစ်ယောက်က မှတ်ချက်ပြုထားပါတယ်။ ကျွန်တော်လည်းစဉ်းစားမိတယ်...ဒီခေတ်အကြိုက် Sci-Fi တွေ Comic တွေကို အခြေပြုထားတဲ့ ရုပ်ရှင်တွေထဲမှာမှ ဒီလိုကားမျိုးထွက်လာတာက ကိုယ့်ပကတိဖြစ်တည်မှုကို ပြန်မြင်မိစေပါတယ်။ စူပါဟီးရိုးတွေဇာတ်ကားတွေမှိုလိုပေါက်နေတဲ့ ကြားက ဒီ Lion ဆိုတဲ့ဇာတ်ကားက သင့်ရဲ့ Reality ထဲက မေတ္တာတရားနဲ့ သံယောဇဉ်ကို ခံစားရိုက်ခတ်မိစေမှာပါ။

~ R!B ~
.
.
.Saroo ဆိုတဲ့ လူငယ်လေးဟာ သူ့အမေ,သူ့အကို တို့နဲ့အတူ အိန္ဒိယနိုင်ငံက ဆင်ခြေဖုံးရပ်ကွက်လေးမှာ နေထိုင်ပါတယ်။ သူတို့ ညီအကိုနှစ်ယောက်ဟာ ကျောက်မီးသွေးရထားပေါ်က ကျောက်မီးသွေးခဲတွေကို ခိုးယူပီး ပြန်ရောင်းစားတဲ့ အလုပ်ကို လုပ်ကြပါတယ်။ မိခင်ကတော့ ကျောက်တောင်တစ်ခုမှာ ကျောက်ခဲ သယ်တဲ့ အလုပ်ကို လုပ်ပါတယ်။ Saroo တို့ညီအကို နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့ ညီအကိုတွေပါ။ တစ်ရက်မှာတော့ သူ့အကို ညပိုင်းလုပ်တဲ့ အလုပ်ဆီ Saroo ကလိုက်သွားခဲ့ပါတယ်။ အလုပ်ကိုရောက်ဖို့ ရထားတဆင့်စီးရပါတယ်။ ဘူတာရုံရောက်တော့ Saroo အရမ်းအိပ်ချင်နေတဲ့အတွက် သူ့အကိုက ခုံတန်းလေးပေါ်မှာ သူ့ညီကိုထားခဲ့ပီး အလုပ်သွားလုပ်ခဲ့ပါတယ်။ Saroo နိုးလာတဲ့ အချိန်မှာတော့ ဘူတာရုံထဲမှာ သူတစ်ယောက်ထဲရှိနေတာ သိလိုက်ရပီး သူ့အကို ကိုလိုက်ရှာပါတယ်။ အကို ကိုရှာရင်းနဲ့ ရထားတွဲတစ်တွဲပေါ်မှာ Saroo ဝင်ထိုင်ရင်း အိပ်ပျော်သွားပြန်ပါတယ်။ ဒီတစ်ခါ နိုးလာတဲ့အခါမှာတော့ သူအိပ်နေတဲ့ ရထားကြီးက တခြားတစ်နေရာဆီ ခုတ်မောင်းသွားနေပါဘီ။ ရထားပေါ်က ဆင်းဖို့ ကြိုးစားပေမဲ့ ရထားပေါ်မှာ လူတစ်ယောက်မှ မပါဘဲ တံခါးတွေကလည်း ဖွင့်လို့မရခဲ့ပါဘူး။ ရထားရပ်လို့ ရထားတံခါးကြီး ဖွင့်သွားတဲ့အခါမှာတော့ Saroo တစ်ယောက် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Bengal ပြည်နယ် ရဲ့ မြို့တော် Calcutta ကို ရောက်သွားပါတယ်။ မြို့ထဲ တစ်ယောက်ထဲ လျှောက်သွားနေရင်း ကလေးဖမ်းတဲ့သူတွေ နဲ့တွေ့လို့ ပြေးခဲ့ရပါသေးတယ်။ Noor ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လမ်းမှာ တွေပီး သူမအိမ်ကို လိုက်သွားပါတယ်။ အစကတော့ ဖော်ရွေသလိုရှိပေမဲ့ ကလေးရောင်းဖို့ကြံစဉ်တာကို Saroo က ရိတ်မိပီး ထွက်ပြေးခဲ့ရပြန်ပါတယ်။ ဒီလိုနဲ့ လမ်းပေါ်မှာနေရင်းကနေ ရဲစခန်းကတွေ့ပီး မိဘမဲ့ဂေဟာ ကိုပို့လိုက်ပါတယ်။ သုံးလလောက်အကြာမှာတော့ Mrs.Sood ဆိုတဲ့ အမျိုးသမီးက Saroo နဲ့တွေ့ပီး သူတို့ သတင်းစာထဲမှာ လူပျောက်ကြေငြာခဲ့ပေမဲ့ တစ်ယောက်မှ အကြောင်းမပြန်ခဲ့ကြောင်း, Australia လူမျိုး လင်မယားက Saroo ကိုမွေးစားချင်နေကြောင်း ပြောပြခဲ့ပါတယ်။


မကြာခင်မှာဘဲ Australia နိုင်ငံကို Saroo ရောက်လာပီး မွေးစား အဖေ နဲ့ အမေ ဖြစ်တဲ့ Sue နဲ့ John ကိုတွေ့ခဲ့ပါတယ်။ Saroo ကိုမွေးစားပီး သိပ်မကြာခင်မှာ Mantosh ဆိုတဲ့ ကလေးတစ်ယောက်ကို ထပ်မွေးစားပါတယ်။ Mantosh က သာမန်ကလေးတွေနဲ့မတူဘဲ စိတ်တိုရင် မိမိကိုယ်ကိုနာကျင်အောင်လုပ်တတ်တဲ့ မွေးရာပါ ဦးနှောက်ချို့ယွင်းတဲ့ ရောဂါရှိသူပါ။ Saroo ရဲ့ မွေးစားမိဘ တွေဟာ သူတို့ နှစ်ယောက်အပေါ် သိပ်ကောင်းခဲ့ကြတာပါ။


နှစ်ပေါင်း ၂၀ အကြာမှာတော့ Saroo က မဲဘုန်းလ်မြို့မှာ Hotel Management သင်တန်းတက်ဖို့ ထွက်လာခဲ့ပါတယ်။ Lucy ဆိုတဲ့ အမေရိကန်သူလေးနဲ့ သင်တန်းမှာတွေ့ပီး ချစ်ကြိုက်သွားကြပါတယ်။ တစ်ရက်မှာတော့ သူငယ်ချင်းအိမ်မှာ ညစာစားရင်း သူ ငယ်စဉ်က အရမ်းစားချ င်ခဲ့တဲ့ Jalebi (ဂျလေဘီ) မုန့်ကိုတွေ့ရာကနေ ငယ်ဘဝကို ပြန်အမှတ်ရသွားပါတယ်။ သူ့ဘဝ အကြောင်းကို သူငယ်ချင်းတွေနဲ့ ပြောဖြစ်ရာကနေ သူငယ်ချင်းတစ်ယောက်က Google Earth ကနေ သူ့အိမ်ကို ပြန်ရှာပါ့လားဆိုပီး အကြံပေးလိုက်ပါတယ်။ ထိုအချိန်ကစလို့ မိသားစုကို ပြန်တွေ့ချင်တဲ့စိတ်တွေ Saroo မှာ စွဲကပ်လာပီး Google Earth ကိုသုံးကာ ရှာပုံတော်ဖွင့်ပါတော့တယ်...

----------------------------------------------------

ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ Lion ဇာတ်ကားကို ရုပ်ရှင်ဇာတ်ကား ပထမဆုံးရိုက်ကူးဖူးတဲ့ Director Garth Davis က ရိုက်ကူးခဲ့ပါတယ်။ Saroo အရွယ်ရောက်ချိန်ဇာတ်ကောင် အဖြစ် Slumdog Millionaire နဲ့ နာမည်ရခဲ့တဲ့ မင်းသား Dev Patel က သရုပ်ဆောင်ထားပါတယ်။ အထူးသဖြင့် ကလေးဘဝ Saroo အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Sunny Pawar ဆိုတဲ့ ကလေးသရုပ်ဆောင်လေးရဲ့ သရုပ်ဆောင်ပုံတွေကို အတော်လေး သဘောကျမိခဲ့ပါတယ်။ Nicole Kidman နဲ့ Rooney Mara တို့ကလည်း အားဖြည့်ထားပါတယ်။ လာမယ့် Oscar ဆုပေးပွဲမှာ ဆု ၆ဆု ရာထား ခံထားရပါတယ်။ Saroo ရဲ့ တကယ့်အသံထွက်အမှန်က Sheru ဖြစ်ပီး အဓိပ္ပါယ်ကတော့ Hindi ဘာသာစကားအရ Lion ဖြစ်ပါတယ်။

-------------------------------------------------------------

မိသားစုနဲ့ ဝေးကွာနေရတဲ့အခါ လွမ်းစွတ်တမ်းတမိတာမျိုး, ဒုက္ခတွေ ကြုံရတဲ့အခါ အိမ်လွမ်းမိတာမျိုးကို ကျွန်တော်တို့တွေ ကြုံဖူးကြမှာပါ။ ဘယ်လောက်ပင် သာယာတဲ့ အခြေအနေမျိုးမှာ ရှိနေပါစေ မိသားစုနဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကိုပြန်တမ်းတမိကြမှာပါ။ Saroo ရဲ့ ရင်ထဲမှာရှိတဲ့ ခံစားချက်ကို ကျွန်တော် အလွယ်တကူဘဲ ကိုယ်ချင်း စာခံစားလို့ရခဲ့ပါတယ်။ ၂၅နှစ်လောက် ငါ့မိသားစု ငါ့ကို ပူဆွေးစွာလိုက်ရှာ နေခဲ့တဲ့ ခံစားချက်ကို ငါနားလည်တဲ့ ဆိုတဲ့ Saroo ရဲ့ စကားဟာ သူ့မိသားစု အပေါ်မှာထားရှိတဲ့ သံယောဇဉ်ပါ။ Saroo ရဲ့ သူ့အကိုပေါ်မှာ ထားတဲ့ သံယောဇဉ်ဟာ အကိုတစ်ယောက်ထက်ပိုတဲ့ ဖခင်တစ်ယောက်လို အားကိုးတဲ့ သံယောဇဉ်မျိုးဖြစ်ခဲ့မှာပါ။ တကယ်တော့ မိသားစု ရဲ့ မေတ္တာကသာ အနွေးထွေးဆုံးပါ.......


Imdb rating - 8.0/10

#ThuYein

" I found Home " - Saroo

ရုပ်ရှင်အညွှန်း - Movie Gods (https://www.facebook.com/moviegods/posts/1282583315167093:0)

မြန်မာဘာသာပြန်ဆိုသူကတော့ Aung Myint Oo (Myanmar Subtitle Foundation) ဖြစ်ပါတယ်။

[FORMAT]:…………………………..:[ 1280p HDRip x264
[GENRE]:…………………………....:[ Biography, Drama
[FILE SIZE]:……………………..….:[ 912 MB      /   409 MB
[RESOLUTION]:……………..…….:[ 1280x 534 / 620x260
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:……..…….:[1h 58 mins
[Translate By]:……………………..:[ Aung Myint Oo


 Lion
(2016) on IMDb


Download
912 MB
HD Large

Download
409 MB
SD Small

Wednesday, April 12, 2017

American Psycho (2000)


မင်းသား Christian Bale ရဲ့ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့ အဆုံးထိကြည့်လို့ကောင်းမယ့်ဇာတ်ကားပါ၊ မေရိကန် လူ့မလိုင်တွေနဲ့ အဲ့ဒီထဲက လူတဦးရဲ့ ဖေါက်ထွက်နေတဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ အခြေအနေတွေက မျဉ်းပြိုင်ဖြစ်နေတာကို ဖေါ်ပြထားပါတယ်။ Christian Bale (Bateman) ဟာ အောင်မြင်တဲ့ လုပ်ငန်းရှင်တယောက်ဖြစ်ပြီး လူဝင်ဆံ့ကာ အပေါင်းအသင်းလည်းကောင်းလှပါတယ်။ ဒါပေမယ့် သူ့မှာဘယ်လိုပဲ စည်းစိမ်ရှိရှိ သူ့ဆန္ဒကိုမဖြည့်စည်းနိုင်ပါဘူး။ သူ့ဆန္ဒပြည့်ဝဖို့က လူတယောက်ကို သတ်ရမှဖြစ်နေပါတော့တယ်...ဇာတ်လမ်းက တခြားလူသတ်ကားတွေလို ခပ်ရှုပ်ရှုပ်ဖြစ်မနေပဲ ရှင်းရှင်းလေးပါပဲ

MeMe လောကမှာမှာလည်း ပုဆိန်ပေါက်ဖို့ဟန်ပြင်နေတဲ့သူ့ရဲ့ပုံဟာလည်း တော်တော်ခေါတ်စားခဲ့ပါသေးတယ်။

ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ Arnold.ats ဖြစ်ပါတယ်ခင်ဗျား။

[FORMAT]:………………………….:[ 1280p HDRip x264
[GENRE]:………………………… .:[ Crime, Drama
[FILE SIZE]:……………………….:[ 779 MB
[RESOLUTION]:………………….:[ 1280x 544
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 42 mins
[Translate By]:……………………..:[ Arnold.ats

 American Psycho
(2000) on IMDb

Download
779 MB
American Psycho (2000)

The Skin I Live In (2011)


မင်းသားကြီး အန်တိုနီယို Antonio Banderas ပါဝင်တဲ့ ကားပါ။
၂၀၁၁ လောက်က ထွက်ခဲ့ပြီး အင်္ဂလိပ် စကား ပြောမဟုတ်တာမို့ မျက်စိမှောက်ပြီး မကြည့်ဖူးတဲ့ Movie..!!!
မနှစ်က လူမင်း နဲ့ ပိုင်ဖြိုးသု ပါတဲ့ ကား အညွှန်း မြင်လို့ ထူးဆန်းတယ် ဆိုပြီး အဲဒီ မြန်မာကားကို ကြည့်မိပါလေတယ်။

၁၈ အထက် မှ ကြည့်ရတဲ့ ကားမို့ မိသားစုနဲ့ မကြည့်ပါနဲ့။

ဇာတ်လမ်းက အလွန်တော်တဲ့ ဆရာဝန် ကြီးက …
သူ့သမီးလေးသေဆုံးသွားမှုမှာ …
တရားခံဖြစ်တဲ့ ကောင်လေးကို ဖမ်းခေါ် ပြီး …
လိင်ပါပြောင်း …
ရုပ်ပါ ပြောင်းလဲ ပြီး လှောင်ထားရာက စတဲ့ ပြသနာတွေ ကို ရိုက်ထားတာပါ။

Spanish Movie မို့ ကြည့်ရတာ အဆင်မချောတဲ့ အခန်းဆက် အဖြတ်အတောက် တစ်ချို့ နေရာတွေကလွဲရင် စိတ်ဝင်စားစရာ ကား တစ်ကား ပါ။
Rating 7.6/10 ရထားတာမို့ ညွှန်းမိတာပါ။
ရုပ်ရှင်အညွှန်း -  Myanmar Gazette

ဇာတ်ကားကောင်းတွေကို ဘာသာပြန်ပေးတတ်တဲ့ Co Na Win ရဲ့ နောက်ထပ်လက်ရာဖြစ်ပါတယ်။

[FORMAT]:………………………….:[ 1280p Blueray x264, 640p x264 SD
[GENRE]:………………………… .:[ Drama, Thriller, Sci-Fi
[FILE SIZE]:……………………….:[ 918 MB, 490 MB
[RESOLUTION]:………………….:[ 1280x692, 640x350
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[2h 00 mins
[Translator]:................................ :[ Co Na Win

 The Skin I Live In
(2011) on IMDb

Download
918 MB
HD Large

Download
490 MB
SD Small

Monday, April 10, 2017

Face Off (1997)


1997 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ Face Off ဇာတ်ကားကို ဒါရိုက်တာ John Woo က ရိုက်ကူးထားပြီး မင်းသားနှစ်လက်ဖြစ်တဲ့ Nicolas Cage နဲ့ John Travolta တို့က သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအစမှာတော့ နီကိုလပ်ကေ့စ် က ဗီလိန် လူဆိုးနေရာကနေသရုပ်ဆောင်ထားပါတယ် ။

ရာဇ၀တ်မှုတွေနဲ့ အလို ရှိနေတဲ့ ကတ်စတာ ( Nicolas Cage) ကို FBI Agent တစ်ယောက်ဖြစ်တဲ့ ဆမ်အာချာ က လိုက်နေပါတယ်..ကတ်စတာ ဟာ ထွက်ပြေးရင်းနဲ့ လေယာဉ်ပျက်ကျခဲ့ပြီးတော့ သေလုနီးပါးထိ ဖြစ်ခဲ့ပါတယ်..အဲ့ဒီနောက်မှာတော့ FBI မှာ နောက်ထပ်ပြသနာတစ်ခုကြုံတွေ့လာပါတော့တယ်..ကတ်စတာ ရဲ့ညီ ဆင်ထားခဲ့တဲ့ ဗုံးကိုသတင်းရရှိခဲ့ပြီးတော့ ဗုံးရဲ့ပေါက်ကွဲအားကို ခန်းမှန်းကြည့်တဲ့အခါ ကြောက်စရာကောင်းအောင်ပြင်းထန်နေတာမို့..ကတ်စတာရဲ့ ညီကို ဗုံးအကြောင်းမေးမြန်းပါတော့တယ်..ဘယ်လိုမှမေးမြန်းလို့မရတော့တဲ့အဆုံး FBI က အရာရှိသုံး လေးယောက်နဲ့သာတိုင်ပင်ပြီး သတိမေ့နေတဲ့ ကတ်စတာ ( နီကိုလပ်ကေ့စ် ) ရဲ့ မျက်နှာ အရေပြားကို FBI စုံထောက် ဆမ်အာချာ ရဲ့ မျက်နှာပေါ်မှာတပ်ပြီးတော့ ခွဲစိတ်ပြုပြင်ကာ ထောင်ထဲကိုဆမ်အာချာကိုကတ်စတာအဖြစ်နဲ့လွှတ်လိုက်ပါတော့တယ်..

ဒီအဖြစ်အပျက်ကိုခွဲစိတ်တဲ့ဆရာဝန်ရယ်..သူ့သူငယ်ချင်းအရာရှိနှစ်ယောက်ရယ်..ပဲသိပါတယ်..မထင်မှတ်ပဲနဲ့ကတ်စတာ နိုးလာတဲ့အချိန်မှာတော့ သူ့ရဲ့သူငယ်ချင်းတွေကို ဖုန်းဆက်လှမ်းခေါ်ပြီး ဆရာဝန်ကို ခြိမ်းခြောက်ကစုံထောက်ဆမ်အာချာ ရဲ့ မျက်နှာကို သူ့ ပေါ်မှာတပ်ခိုင်းပါတော့တယ်..ဆရာဝန်မှာလည်း ခြိမ်းခြောက်တာကိုမခံနိုင်လို့ ခွဲစိတ်ပေးပြီးတဲ့အခါမှာတော့သူ (ကတ်စတာ ခန္ဒာ ကိုယ်..ဆမ်အာချာ မျက်နှာနှင့်သူ ) ဟာ အခြား သိရှိတဲ့FBIကလူနှစ်ယောက်ကိုပါဖမ်းပြီးဓါတ်ဆီလောင်းမီးရှို့ကာဒီကိစ္စကိုလုံးဝအစဖျောက်လိုက်ပါတယ်။.ပြီးတဲ့အခါမှာတော့စုံထောက် ဆမ်အာချာ အဖြစ်နဲ့စတင်ပြီးလှုပ်ရှားပါတော့တယ်…
ဒီဇာတ်လမ်းဟာ စာနဲ့အညွှန်းရေးပြရင်အတော်ကိုရှုပ်ပါတယ်..ဇာတ်လမ်းကြည့်ရင်တော့ရှုပ်ထွေးမှုလည်းမရှိသလို..နားလည် ရလည်းလွယ်ပါတယ်..IMDb Rating က 7.3 ရထားပြီးတော့Rotten Tomatoes မှာလည်းTomatometer 91%ထိရရှိထားပါတယ်..ငယ်ငယ်တုန်းကကြည့်ခဲ့ရတဲ့နီကိုလပ်ကေ့ခ်ျရဲ့ဇာတ်လမ်းကောင်းတစ်ကားသာဖြစ်ပြီး Action ကားစိတ်လှုပ်ရှားစရာဇာတ်ကားတွေကြိုက်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်းအသိပေးလိုက်ပါတယ်..

အညွှန်း - https://chanmyaeknowladgtheinzayat.wordpress.com

[FORMAT]:………………………….:[ 720p Blueray x264, 640p x264 SD
[GENRE]:………………………… .:[ Action, Crime, Sci-Fi
[FILE SIZE]:……………………….:[ 958 MB, 456 MB
[RESOLUTION]:………………….:[ 1280x544, 640x270
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[2h 18 mins
[Translator]:................................ :[ Co Na Win

 Face/Off
(1997) on IMDb

Download
958 MB
HD Large

Download
456 MB
SD Small

Download
849 MB
HD G Drive

Sunday, April 9, 2017

Kubo and the Two Strings (2016)


“မျက်တောင်ခတ်ချင်ရင် ခုတည်းက ခတ်ထားလိုက်ပါ…
မြင်သမျှကြားသမျှကို သေချာအာရုံစိုက်ထားပါ…
ဘယ်လောက်ပဲ ထူးဆန်းနေပါစေနော်…….”
ဒီစကားလေးကြားရုံနဲ့ တစ်ချို့ကတော့ တန်းသိကြမှာပါ။ ၂၀၁၆ မှာ ရုံတင်သမျှ အကောင်းဆုံး animationတွေထဲက တစ်ခုဖြစ်တဲ့ ” Kubi and the two strings ” က အဓိကဇာတ်ဆောင် Kubo ရဲ့ စကားလေးတွေပါပဲ။ Laika production က ထုတ်လုပ်ပြီး ဒါရိုက်တာTravis Knight ကရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးက ကြာချိန်စုစုပေါင်း 102 မိနစ် ရှိပြီး 2016 August မှာရုံတင်ခဲ့ပါတယ်။အဓိက အသံသရုပ်ဆောင်တွေကတော့ ကမ္ဘာကျော်မင်းသမီး Charlize Theron, Art Parkinson နဲ့ နာမည်ကြီး Harry Potter series က Lord Voldemort အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာကျော် မင်းသားကြီး Ralph Fiennesတို့ပဲဖြစ်ပါတယ်။2016 မှာ နာမည်ကြီး Animation တွေများပေမဲ့ Kung Fu Panda 3, Kimi No Na Wa, Moana တို့ကလွဲရင် ပရိသတ်​ ရင်ထဲရောက်နိုင်တဲ့ ဇာတ်လမ်းရယ်လို့ မယ်မယ်ရရရှိမနေတဲ့ အချိန်မှာ Kubo and The Two Strings ကတော့ ဇာတ်လမ်းလှပမှု အပိုင်းမှာ Beautiful Looking Story ရယ်လို့ကို အထူးတလည်ချီးမွမ်းခံထားရပါတယ်။




ရှေးခေတ်ဂျပန်ပြည်ကို ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် Kubo (Art Parkinson)ဆိုတဲ့ လူငယ်လေးဟာ မျက်လုံးတစ်လုံးတည်းသာရှိပြီး ပင်လယ်နားက တောင်ထိပ်အပေါ်ဂူလေးမှာ နေမကောင်းတဲ့ မိခင်နဲ့ တူတူနေနေတာပါ။ နေ့တိုင်း အနီးနားက ရွာလေးကိုသွားပြီး သူတတ်မြောက်ထားတဲ့ တေးဂီတလေးတွေ တီးရာကနေ ရရှိတဲ့ ဆုငွေလေးတွေနဲ့ ဝမ်းစာရှာနေရသူလေးပေါ့။ Kubo ရဲ့ ဂီတဝိုင်းလေးဟာ အမြဲလိုလို ကြိတ်ကြိတ်တိုးနေလေရဲ့။ သူတီးခတ်လိုက်တဲ့ သံစဉ်တွေပေါ်လိုက်ပြီး စက္ကူ အရုပ်လေးတွေကပါ လှုပ်ရှားသက်ဝင်လာလို့ပါပဲ။ စက္ကူ ရုပ်လေးတွေကိုသုံးပြီး Kubo ဟာ ရှေးခေတ်က ဆာမူရိုင်းသူရဲကောင်း Hanzo နဲ့ လဘုရင်ကြီးတို့ရဲ့ စစ်ပွဲအကြောင်းကိုပုံပြင်သဖွယ်ပြောပြရင်း ဖျော်ဖြေလေ့ရှိပါတယ်။ တကယ်တော့ Hanzo ဆိုတာ Kubo ရဲ့အဖေအရင်း ဖြစ်ပြီး လဘုရင်ကြီးကတော့ Kubo ရဲ့ အဖိုးဖြစ်ပါတယ်။ ကောင်းကင်နဲ့ မြေကြီးစစ်ပွဲတွေဖြစ်ချိန်မှာ လဘုရင်ကြီးရဲ့ သမီးကြီးဖြစ်သူ Sariatu (Charlize Theron) ဟာ ဖခင်ကိုသစ္စာဖောက်ပြီး ရန်သူဆာမူရိုင်း Hanzo နဲ့ ချစ်ကျွမ်းဝင်ခဲ့မိပါတယ်။ သားလေးဖြစ်သူ Kubo ကိုမွေးဖွားပြီးတဲ့နောက်မှာပဲ Hanzo ဟာ လဘုရင်ကြီးရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရသလို Kubo ရဲ့မျက်လုံးတစ်လုံးလည်း ထုတ်ယူခံခဲ့ရပါတယ်။ ဒါကြောင့် သားအမိတွေ ထွက်ပြေးပုန်းရှောင်နေခဲ့ရတာ Kubo တစ်သက်ထိရှိခဲ့နေပါပြီ။

Saturday, April 8, 2017

Mr. Nice Guy (1997)


ဂျက်ကီချန်းရဲ့ နာမည်ကြီးခဲ့တဲ့ အက်ရှင်ဟာသဇာတ်ကားကို လယ်ဝေးသားလေး Kyaw Myo Thu မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်ကားထဲက ဂျက်ကီဟာ နာမည်ကြီး စာဖိုမှူးတဦးဖြစ်ပြီး သာမာန်ဘဝရှိသူပါ။ သတင်းထောက်မတဦးဟာ လူဆိုးဂိုဏ်တွေရဲ့ ကိုကင်းရောင်းဝယ်မှု၊ပစ်ခတ်မှုနဲ့ လူသတ်မှုတွေကို ဗီဒီယိုရိုက်မိပြီး ခွေကိုယူပြီးထွက်ပြေးရာက ဂျက်ကီနဲ့တွေ့ဆုံခဲ့ပါတယ်။ ဂျက်ကီကတော့ သူမကို ကူညီပြီး ကာကွယ်ပေးတာကြောင့် လူဆိုးဂိုဏ်းက ဂျက်ကီကို အငြိုးထားပြီးလိုက်လံ တိုက်ခိုက်ပါတော့တယ်။
ထုံးစံအတိုင်း တိုက်ခိုက်ခန်းတွေကို ဟာသနှောပြီးကြည့်ရမှာဖြစ်ပြီး၊ မိသားစုကြည့်လို့ အဆင်ပြေတဲ့ကားကောင်းတလက်ကို တင်ပေးလိုက်ပါရစေ။

[FORMAT]:………………………….:[ 720p WebRip x264, 640p x264
[GENRE]:………………………… .:[ Action, Comedy, Crime
[FILE SIZE]:……………………….:[ 1 GB, 404 MB
[RESOLUTION]:………………….:[ 720x432, 640x380
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 28 mins
[Translate By]:……………………..:[ လယ်ဝေးသားလေး Kyaw Myo Thu

 Mr. Nice Guy
(1997) on IMDb

Download
1 GB
pcloud HD Large

Download
404 MB
pcloud SD Small


Download
1 GB
google drive HD Large

Download
404 MB
google drive SD Small
 

Wednesday, April 5, 2017

Dragons Forever (1988)


ဂျက်ကီချန်း၊ ဘောလုံးမင်းသား၊ ဝတုတ်မင်းသားလို့ ကျွန်တော်တို့ ငယ်ငယ်ကခေါ်ခဲ့တဲ့ ကွန်ဖူးအတွဲသုံးဖော်ရဲ့ အက်ရှင်ဖိုက်တင်ကားပါ။ ဘာသာပြန်ပေးသူကတော့ Rockie Chan
ပြသာနာတွေနဲ့ရှုပ်ထွေးနေတဲ့ ဓါဓုဗေဒကုပ္မဏီတခုက ဟောင်ကောင်ကအောင်မြင်နေတဲ့ ရှေ့နေ သုံးယောက်ကိုငှားရမ်းခဲ့ပါတယ်။ ဒီရှေ့နေတွေအနေနဲ့ကလည်း သူတို့ကိငှားရမ်းတဲ့ ကုပ္မဏီဟာ သန့်ရှင်းရဲ့လား၊ ရိုးသားကြရဲ့လားဆိုတာကိုဆန်းစစ်ရတဲ့ ဇာတ်ကားတကားပါ။

[FORMAT]:………………………….:[ 1280p WebRip x264
[GENRE]:………………………… .:[ Action, Comedy, Romance
[FILE SIZE]:……………………….:[ 847 MB
[RESOLUTION]:………………….:[ 1280x 692
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 38 mins
[Translate By]:……………………..:[ Rockie Chan

 Dragons Forever
(1988) on IMDb

Download
847 MB
pcloud

Download
847 MB
google drive

Undisputed 2: Last Man Standing (2006)



၂၀၀၂ ခုနှစ်က ရိုက်ခဲ့တဲ့ ဇာတ်ကားရဲ့အဆက်ပါ။ ဆေးမှုနဲ့ထောင်ကျသွားတဲ့ ဟဲဗီးဝိတ် ချန်ပီယံတစ်ယောက်ရဲ့ အကြောင်းကို မြင်သာအောင်ရိုက်ပြထားတာလေးပါ။ IMDB 7.1 ရရှိထားပြီး ရုပ်ရှင်ဝေဖန်သူတွေ ရဲ့
ချီးကျူးမှုကိုလည်း ခံထားရတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
လက်ဝှေ့ဝါသနာရှင်များ အထူးအကြိုက်တွေ့မယ့်ကားကောင်း တစ်လက်ဖြစ်ပါကြောင်း....

[FORMAT]:………………………….:[ 720p WebRip x264 , 640p MP4
[GENRE]:………………………… .:[ Action, Crime, Drama
[FILE SIZE]:……………………….:[ HD- 880 MB
[RESOLUTION]:………………….:[ 848 x 360
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 38 mins
[Translate By]:……………………..:[  မြင့်သူ (ငှက်ကလေး-နည်းပညာ)




 Undisputed 2: Last Man Standing
(2006) on IMDb


Download
880 MB
HD Large

Sunday, April 2, 2017

Rise of the Planet of the Apes (2011)



လူသားမျိုးနွယ်တစ်ခု တိုးတက်ဖို့ဆိုတာ နှစ်ကြာရှည်အောင် အချိန်ယူပြီး ပြင်ဆင်ရပါတယ်။ ဒါတောင် ပြောင်းလဲချင်တဲ့ စိတ်ရှိမှ ဖြစ်တာပါ။ စည်းလုံးခြင်းသည် အင်အားဖြစ်သည်ဆိုတဲ့ ဆောင်ပုဒ်ကို လက်ခံထားပြီး ဆင့်ကဲပြောင်းလဲမှုကို လက်ခံထားတဲ့ Caesar ရဲ့အကြောင်းပါ။ မျောက်တစ်ကောင် အကြောင်းကို တင်ပြထားတယ်ဆို ပိုမှန်ပါတယ်။

Dailymail က ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်အရဆိုရင် လူတွေဟာ ချင်ပန်ဇီ မျောက်တွေထက် ဉာဏ်ရည်နည်းတယ်ဆိုတဲ့ အချက်ကတော့ လက်ခံလို့မရပါဘူး တဲ့။ Short-term Memory လိုခေါ်တဲ့ တဒင်္ဂမှတ်ဉာဏ်ကို Intelligence ဆိုတဲ့ ဉာဏ်ရည်ဉာဏ်သွေးဖြစ်တယ်လို့ သတ်မှတ်လို့မရသလိုပါပဲ။

ဆရာအောင်သင်းပြောသလိုပါပဲ။ လူနဲ့တိရိစ္ဆာန် ကွာခြားချက်က ၃ ချက် ရှိပါတယ်။ အကြောင်းကို သိခြင်း၊ ကိုယ်ကျင့်တရားရှိခြင်း နဲ့ အလှအပကို ခံစားတက်ခြင်း တို့နဲ့ တိုင်းတာတဲ့အခါမှာ ကွာခြားချက်ကို သိမြင်နိုင်ပါတယ်။

ဒီဇာတ်ကားမှာ မဖြစ်နိုင်ဘူးဆိုတဲ့ အကြောင်းအရာတစ်ခုကို ဖြစ်နိုင်ကြောင်း အဖက်ဖက်က ထောက်ပြပြီး တင်ဆက်ထားတာပါ။ ဒါကလည်း ဒီခေတ်နည်းပညာတိုးတက်လာမှုက ရုပ်ရှင်ကားတစ်ကားရဲ့ဇာတ်အိမ် အကြောင်းအရာခိုင်မာမှုနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာ Rise of the Planet of the Apes ဇာတ်ကားထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

အင်မတန် မဖြစ်တန်စွမ်းဘူးဆိုပေမဲ့ အရမ်းကြည့်လို့ကောင်းတဲ့ကားဖြစ်ပြီး ဆင်ခြင်စရာလေးတွေကျန်ရှိစေမယ့် ဇာတ်ကားဖြစ်ပါတယ်။
CGI မျောက်တွေဖြစ်ပေမယ့် သရုပ်ဆောင်ချက်ကတော့ 9 လောက်ရှိပါတယ်။

Myint Thu (ငှက်ကလေး-နည်းပညာ) က ဘာသာပြန်ထားပေးပါတယ်။
ကြည့်ရှုခံစားကြည့်ပါဦး။

ရုပ်ရှင်အညွှန်း - R!B


[FORMAT]:………………………….:[ 720p WebRip x264 , 640p MP4
[GENRE]:………………………… .:[ Action, Sci-Fi, Drama
[FILE SIZE]:……………………….:[ HD- 954 MB , Small- 346 MB
[RESOLUTION]:………………….:[ 848 x 360, 352 x 190
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 45 mins
[Translate By]:……………………..:[  မြင့်သူ (ငှက်ကလေး-နည်းပညာ)



 Rise of the Planet of the Apes
(2011) on IMDb


Download
954 MB
HD Large

Download
400 MB
SD Small

Dawn of the Planet of the Apes (2014)





Dawn of the Planet of the Apes - (July 11, 2014)

#ရုပ်ရှင်မိတ်ဆက်

ပရိတ်သတ်ကြီးမျှော်လင့်နေကြတဲ့ Apes ဇာတ်ကား နဲ့ မိတ်ဆက်ပေးပါ့ရစေ။ ဒီကား အကြောင်းမပြောခင်မှာ Planet of the Apes အကြောင်း နည်းနည်းပြောပြချင်ပါတယ်။ Planet of the Apes ဇာတ်လမ်းတွေက ၁၉၆၈ ထဲက စတင် ရိုက်ကူးခဲ့တာဖြစ်ပြီး၊ Planet of the Apes (February 8, 1968), Beneath the Planet of the Apes (May 27, 1970), Escape from the Planet of the Apes (May 21, 1971), Conquest of the Planet of the Apes (June 29, 1972), Battle for the Planet of the Apes (June 15, 1973) ဆိုပြီး ၅ ကားရှိခဲ့သလို၊ Mark Wahlberg ရဲ့ ၂၀၀၁ ခုနှစ် Remake ဆိုပြီး ရှိပါတယ်။

လက်ရှိဇာတ်ကားတွေကတော့ ဒီ Series ရဲ့ Reboot တွေဖြစ်ပြီး Rise of the Planet of the Ape က ပထမဆုံး ဇာတ်ကားဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ်က ဇာတ်ကား နဲ့ ဇာတ်လမ်းမတူတော့ပဲ၊ ဇာတ်လမ်း သဘောတရားကိုပဲ ပြန်ယူသုံးထားတာဖြစ်ပါတယ်။ အခု Dawn of the Planet of the Apes ဇာတ်ကားကတော့ ၁၉၆၈ Planet of the Apes ပြီးရင် အကောင်းဆုံး ဇာတ်ကားလို့ သတ်မှတ်လို့ရ လောက်အောင်ကောင်းပါတယ်။

ဇာတ်လမ်းကတော့ Rise of the Planet of the Apes အပြီးမှာ၊ မျောက်တွေ လွတ်သွားသလို၊ သူတို့ ကို စမ်းသပ်နေတဲ့ Virus ပြန်သွားပြီး လူတော်တော်များများ သေကုန်ကြပါတယ်။ Caesar ဦးဆောင်တဲ့ မျောက်တွေကတော့ San Francisco မြို့နားကတောထဲမှာ အေးအေးဆေးဆေးနေနေ ကြပါတယ်။ ဒါပေမယ့် တစ်ရက်မှာ အမှတ်မထင် ပဲ မင်းသား Malcolm (Jason Clark) ဦးဆောင်တဲ့ လူတွေရောက်လာပြီး၊ မျောက်တစ်ကောင်ကို သေနတ်နဲ့ ပစ်မိသွားပါတယ်။ ဒါပေမယ့် လည်း Caesar က လူတွေကို သံယောစဉ်ရှိတာကြောင့် မသတ်ပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒီအခါမှာ သူ့နောက်လိုက်ထဲက Kobe ဆိုတဲ့ မျောက်က မကြေနပ်ပဲ လူတွေကို တိုက်ခိုက်ဖို့ပြောပါတယ်။ Kobe က လူတွေရဲ့အစမ်းသပ်ခံမျောက်ဖြစ်ပြီး၊ လူတွေကို စိတ်နာနေတာဖြစ်ပါတယ်။ ဒါပေမယ့် Caesar က လူတွေကို မတိုက်ခိုက်ပဲ သူ့ရဲ့မျောက်တွေနဲ့ လူတွေဆီကိုအင်အားသွားပြပြီး၊ တောထဲကိုမလာဖို့ သတိပေးခဲ့ပါတယ်။

ဒါပေမယ့် လူတွေက တောထဲက ရေအားလျှပ်စစ်ပေးတဲ့ စက်ရုံကို ပြန်ပြင်ဖို့ ကြိုးစားနေတာကြောင့် မင်းသား Jason Clark (Zero Dark Thirty) က Caesar နဲ့သွားပြီး ညှိနှိုင်းဖို့ကြိုးစားပါတော့တယ်။ တောထဲမှာ သူ့ကို မသတ်ပဲလွှတ်ပေးလိုက်ကတည်းက Caesar ကို အသိဥာဏ်ရှိမှန်း ရိပ်မိတဲ့ Malcolm က မျောက်တွေနဲ့ ငြိမ်းချမ်းစွာနေချင်ပေမယ့်၊ လူတွေကိုမုန်းတဲ့မျောက်တစ်နဲ့၊ မျောက်လောက်မှ အသိဥာဏ်မရှိတဲ့လူတစ်ချို့ကြောင့် ထင်သလိုမဖြစ်လာတဲ့အကြောင်း ရိုက်ကူးတင်ဆက်ထားပါတယ်။

အရမ်းကောင်းတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ လူနဲ့ မျောက်လို့ဆိုပေမယ့်၊ အသွင်မတူတဲ့ လူတွေ တူတူ မနေနိုင်တဲ့သဘာဝကို ထင်ဟပ်ပြထားပါတယ်။ စစ်ရဲ့ ဆိုးကြိုးနဲ့ သဘောတရားကို လည်း လူတွေ မြင်သာအောင် တင်ဆက်နိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားက မိသားစုတူတူကြည့်လို့ရသလို၊ No Sex, No Nudity ပါ။

ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး၊ Rise of the Planet of the Apes ကို ကြည့်ထားရင်တော့ ပိုကောင်းမှာပါ။

#Sololay (www.http://yoteshinmatesat.blogspot.com)



[FORMAT]:………………………….:[ 720p WebRip x264 , 640p MP4
[GENRE]:………………………… .:[ Action, Sci-Fi, Drama
[FILE SIZE]:……………………….:[ HD- 856 MB , Small- 466 MB
[RESOLUTION]:………………….:[ 1280 x 6960, 646 x 356
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[2h 10mins
[Translate By]:……………………..:[  မြင့်သူ (ငှက်ကလေး-နည်းပညာ)


 Dawn of the Planet of the Apes
(2014) on IMDb


Download
856 MB
HD Large

Download
466 MB
SD Small

Forrest Gump (1994)





အားလုံးသိဖူးပြီးသား ရုပ်ရှင်ကားကောင်းဖြစ်တာကိုတော့ ပြောစရာမလိုတော့ပါဘူး။
အခုပြောပြချင်တာကတော့ ကျွန်တော်တို့ရဲ့မင်းသားကြီး Tom Hanks ရဲ့ဘဝဇာတ်ကြောင်းလေးဖြစ်ပါတယ်။ ပြန်လည် သိမ်းဆည်းထားချင်တဲ့ ရုပ်ရှင်ချစ်သူတွေအတွက် မြန်မာစာတန်းထိုးအမှန်ဘာသာပြန်ပေးတဲ့  Myint Thu ( ငှက်ကလေး-နည်းပညာ)ရဲ့ စေတနာကို တွေ့မြင်ရမှာပါ။


ဘ၀အစ
          သောမက်(စ်)ဂျက်ဖရီဟန့်(စ်)ကို ၁၉၅၆ ခုနှစ်၊ ဂျူလိုင်လ (၉)ရက်နေ့ တွင် ကယ်လီဖိုးနီးယား ပြည်နယ်၊ ကွန်းကော့မြို့တွင် မွေးဖွားခဲ့ပါတယ်။ ဖခင်မှာ Amos Mefford Hanks ဖြစ်ပြီး စားဖိုးမှူး တစ်ယောက်ဖြစ်သည့် အပြင် စားသောက်ဆိုင် မန်နေဂျာတစ်ယောက်လည်း ဖြစ်ပါတယ်။ မိခင်မှာ Janet (Turner) Hanks ဖြစ်ပြီး ဆေးရုံအလုပ်သမား တစ်ယောက်ြဖစ်ပါတယ်။ (၅) နှစ်သားအရွယ်ကတည်းက မိဘတွေကွာရှင်း ပြတ်စဲတာကို ကြုံခဲ့ရသူပါ။ မိသားစုပြိုကွဲသွားပြီးတဲ့နောက်မှာတော့ သူ့အဖေဟာ သူ့မွေးချင်းတွေဖြစ်တဲ့ ဆန်ဒရာ၊ လာရီ နဲ့ ဂျင် တို့ကို ခေါ်ပြီး နီဗားဒါးပြည်နယ်၊ ရီနိုမြို့ကို ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။  နယ်လှည့်စားဖိုမှူးဖြစ်တဲ့ ဖခင်ရဲ့ အလုပ်အကိုင်ကြောင့် တွမ်ဟာ ကလေးဘ၀ ကတည်းက ကျောင်းခနခနပြောင်းရွှေ့တက်သူဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ သူတို့ မိသားစုလေးဟာ ၁၉၇၄ ခုနှစ်၊ Skyline အထက်တန်းကျောင်း မှ တွမ်ကျောင်းပြီးသည်အထိ ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်(က်)လန်း မြို့မှာ အခြေချနေထိုင်ခဲ့ကြပါတယ်။
ဝါသနာကြီးခဲ့သူ
တွမ်ဟာ ကျောင်းနေစဉ်ကတည်းက ကျောင်းကပွဲတွေမှာ အတန်းဖော်တွေနဲ့အတူ ကပြ တင်ဆက်ရတာတွေကို စိတ်ပျော်ကြည်နူးစွာ လုပ်ဆောင်ခဲ့သူပါ။ အဲဒီနောက်မှာတော့ California State University မှာ ပြဇာတ်ဘာသာအဓိက နဲ့တက်ရောက်ခဲ့ပါတယ်။  ၁၉၇၇ ခုနှစ်အရောက်မှာ Lakewood နဲ့ Ohio မှာ ပြုလုပ်ခဲ့တဲ့ the Great Lakes Shakespeare Festival မှာ "The Taming of the Shrew" ဆိုတဲ့ ပြဇာတ်နဲ့ဝင်ရောက် ဖျော်ဖြေခဲ့ပါတယ်။ အဲဒီနောက် ၁၉၇၈ ခုနှစ်မှာ "The Two Gentlemen of Verona" လို့အမည်ရတဲ့ ပြဇာတ်နဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုကို စတင်ရရှိခဲ့ပါတယ်။ နောက် (၃) နှစ်ကျော် အတောအတွင်း များစွာသော ရှိတ်စပီးယား ပြဇာတ်များတွင် ၀င်ရောက်ကပြဖျော်ဖြေခဲ့ပြီး ပြဇာတ်ပိုင်းကို လေ့လာခဲ့ပါတယ်။ နောက်ထပ် (၃) နှစ်အကြာတော့ သရုပ်ဆောင်လုပ်ငန်းအတွက် နယူးယော့(ခ်)ကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီးနောက်လာ့(စ်)အိန်ဂျလီကို ရုပ်မြင်သံကြားနဲ့ ရုပ်ရှင်လုပ်ငန်းတွေအတွက် ထပ်မံ ပြောင်းရွှေ့ခဲ့ပါတယ်။
အိမ်ထောင်ရေး
          ၁၉၈၀ ခုနှစ်မှာ တွမ်ဟာ ဆမ်မန်သာ လူးဝစ် လို့ခေါ်တဲ့ အမျိုးသမီးနဲ့ လက်ထပ်ခဲ့ပါတယ်။ သူမဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်လည်းဖြစ်ပါတယ်။  တွမ်ဟာ သူမနဲ့ ကောလိပ်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။
သရုပ်ဆောင်တစ်ယောက်ရဲ့ ဘ၀အပြည့်အစုံ
အဆိုပါနှစ်မှာပဲ ထွက်ရှိခဲ့တဲ့ "He Knows You're Alone" ဆိုတဲ့ ဇာတ်ကားမှာ အခန်းအနည်းငယ် ၀င်ရောက်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ "Bosom Buddies" ဇာတ်ကားမှာလည်း အမျိုးသမီးကဲ့သို့ ၀တ်စား ပြီး ကုန်ကျစရိတ်သက်သာတဲ့ အမျိုးသမီးသီးသန့်ဟိုတယ်ထဲကို ၀င်ရောက်နေထိုင်တဲ့သူ အနေနဲ့ သရုပ် ဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထင်ရှားခဲ့တဲ့ ဇာတ်ကားတွေဖြစ်ကြတဲ့ "The Love Boat" , "Taxi", "Happy Days" နဲ့ "Family Ties" ဇာတ်လမ်းတွဲတွေမှာ ဧည့်သည်သရုပ်ဆောင်သဘောမျိုးနဲ့ ပါဝင် ရိုက် ကူးခဲ့ပါတယ်။ "Happy Days" ဇာတ်လမ်းတွဲထဲက တွမ်ရဲ့ သရုပ်ဆောင်ကွက်တွေကို နှစ်သက်ကြခဲ့ တဲ့အတွက် ၁၉၈၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ "Splash" ဆိုတဲ့ ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင် ရိုက်ကူးခွင့်ရခဲ့ပါတယ်။ ရေသူမတစ်ယောက်ကို ချစ်ကြိုက်မိသွားတဲ့ လူသားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ခပ်သွက်သွက်ဇာတ်ရုပ်သဘောမျိုး သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အချစ်ဇာတ်မြူး ဇာတ်ကားတွေမှာ တွမ်ဟာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့တဲ့ တွမ်ဟာ "Bachelor Party" (1984), "The Man with One Red Shoe" (1985), "Volunteers" (1985), "The Money Pit" (1985) , "Nothing in Common" နဲ့ "Dragent" (1987) စတဲ့ ဇာတ်ကားများမှာ ပါဝင် သရုပ်ဆောင် ရိုက်ကူးခဲ့ပါတယ်။ ကိုယ်ရေးကိုယ်တာ အပိုင်းမှာတော့ ၁၉၈၇ ခုနှစ်မှာ ဇနီးဖြစ်သူနဲ့ ကွာရှင်းပြတ်စဲခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဒုတိယအိမ်ထောင်ပြုခဲ့ပါတယ်။ ရစ်တာဝီ(လ်)ဆန်ဆိုတဲ့ အမျိုးသမီးနဲ့ လက်ထပ်ခဲ့ပြီး သားနှစ်ယောက် မွေးဖွားခဲ့ပါတယ်။
          Penny Marshall ရဲ့ "Big" (1988) ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာ ပီပြင်ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့တာကြောင့်  လော့(စ်)အိန်ဂျလီရုပ်ရှင်အစည်းအရုံး ကပေးအပ်တဲ့ ဆု၊ Golden Globe အကောင်းဆုံး သရုပ်ဆောင်ဆုတို့ရရှိခဲ့တဲ့အပြင် အော်စကာဆု အတွက်ပါ အမည်တင်သွင်းခြင်းကို ခံခဲ့ရပါတယ်။ ဒါ့အပြင် ခက်ထန်ကြမ်းတမ်းတဲ့ဇာတ်ရုပ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ "Punchliine" (1988) နဲ့လည်း အကြီးအကျယ် အောင်မြင်ခဲ့ပါသေးတယ်။ ဒါကြောင့် တစ်နှစ်ထဲမှာ လော့(စ်)အိန်ဂျလီ ရုပ်ရှင်အစည်းရုံးက ပေးအပ်တဲ့ ဆုကို နှစ်ကြိမ်ရရှိခဲ့သူဖြစ်ခဲ့ပါတယ်။  အောင်မြင်မှုတွေဆက်တိုက် ရခဲ့သလိုပဲ ရှုံးနိမ့်မှုတွေလည်း အလီလီ ရရှိခဲ့သူပါ။ "Turner and Hooch" (1989)၊ "Joe Versus the Volcano" (1990) နဲ့ "The Bonfire of the Vanities" (1990) တို့မှာ ထင်သလောက် မအောင်မြင်နိုင်ခဲ့ပါဘူး။ ကြိုးစားလုပ်ဆောင်တတ်တဲ့ တွမ်ဟာ ဒါရိုက်တာ Penny Marshall နဲ့ ပြန်ပူးပေါင်းပြီး "A League of Their Own" (1992) ကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။ အဆိုပါဇာတ်ကားမှာတော့ အမျိုးသမီး အားကစား သမားများ ကို မန်နေဂျာလုပ်ရတဲ့ ဇာတ်ရုပ်နဲ့ပါ။ နောက်တစ်နှစ် မှာတော့ Nora Ephron ရဲ့ "Sleepless in Seattle" ဆိုတဲ့ ဇာတ်ကားနဲ့ အောင်မြင်မှုတွေ ပြန်လည်ရရှိခဲ့ပြီး ၁၉၉၃ ခုနှစ်အတွင်း အကောင်းဆုံး ဇာတ်ကားအဖြစ်အောင်မြင်ခဲ့ပါတယ်။  တွမ်ရဲ့ အောင်မြင်မှုတွေဟာ တစ်ဖန်ပြန် ရပ်တန့်မသွားခဲ့ပါဘူး။ ၁၉၉၃ ခုနှစ်မှာပဲ ဒါရိုက်တာ Jonathan Demme နဲ့ပေါင်းပြီး "Philadelphia" ဆိုတဲ့ ဇာတ်ကားမှာ AIDS ရောဂါခံစားနေရတဲ့ ရှေ့နေတစ်ယောက်အဖြစ် ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အော်စကာဆု ကို ဆွတ်ခူးနိုင် ခဲ့တဲ့အပြင် Golden Globe၊ Berlin Flim Festival၊ MTV Movie စသည်တို့မှ ဆုပေါင်းများစွာကို ရရှိခဲ့ပါတယ်။ အောင်မြင်မှုတွေ ဆက်တိုက်သိမ်းပိုက်လာနိုင်ခဲ့တဲ့ တွမ်ဟမ့်ကို Hollywood ရဲ့ A-list ဒရာမာ သရုပ်ဆောင်အဖြစ် ကြေညာခဲ့ပါတယ်။ Robert Zemeckis ရဲ့ ပဲ့ကိုင်မှုနဲ့အတူ အကျော်ကြားဆုံးရုပ်ရှင်ဖြစ်တဲ့ "Forrest Gump" မှာ ပြောင်မြောက်တဲ့ သရုပ်ဆောင်နိုင်စွမ်းကြောင့်  A National Board of Review, a Golden Globe, a Chicago Flim Critics Association နဲ့ American Comedy for Best Actor , a second Academy Award စတဲ့ မရေတွက်နိုင်လောက်အောင် များပြားတဲ့ ဆုတွေ သိမ်းပိုက်ခဲ့ပါတယ်။ “Spencer Tracy” (1937) နဲ့ ထပ်မံ အောင်မြင်ခဲ့တဲ့ တွမ်ဟမ့်ဟာ  အော်စကာဆု ၂ ခုကို ဆက်တိုက်ရယူနိုင်တဲ့ တစ်ယောက်တည်းသော အနုပညာရှင် အဖြစ်သမိုင်းဝင်ခဲ့ပါတယ်။
          အာကာသယာဉ်မှူးအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ "Apollo 13" ဇာတ်ကားမှာ "Splash" တုန်းက ဒါရိုက်တာ Ron Howard နဲ့ ပြန်လည်ပူးပေါင်းရိုက်ကူးခဲ့ပါတယ်။ အဆိုပါဇာတ်ကားမှာ ထူးချွန် ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့တာကြောင့်  People's Choice for Favoriate Actor in a Dramatic Motion Picture ဆုကို ရရှိခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာလည်း ပထမဆုံး animation ရုပ်ရှင်ဖြစ်တဲ့ "Toy Story" မှာ cowboy Woody အတွက် နောက်ခံ စကားပြောအဖြစ် ပါဝင်ခဲ့ပါတယ်။ နောက်တစ်နှစ်မှာ "That Thing You Do" (1996) ဇာတ်ကားမှာ ဒါရိုက်တာအနေနဲ့ ရိုက်ကူးခဲပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ HBO channel မှာ အမေရိကန် အာကာသအစီစဉ်အတွက် "From the Earth to the Moon" ဇာတ်လမ်းတွဲ များကိုရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းတွဲများရိုက်ကူးရာမှာ ထုတ်လုပ်သူအဖြစ်ဆောင်ရွက်ခဲ့ပြီး (၁၂) တွဲမြောက်မှာ ကိုယ်တိုင်သရုပ်ဆောင်ခဲ့ပြီး (၄)တွဲကို ဇာတ်ညွှန်းရေးသားခဲ့ပါတယ်။
          (၂)နှစ် နီးပါးခန့် ရုပ်ရှင်ကားကြီး မရိုက်ပဲပျောက်ဆုံးခဲ့တဲ့ တွမ်ဟာ Steven Spielberg နဲ့ ပေါင်းပြီး ဒုတိယကမ္ဘာစစ် ကိုပုံဖော်တဲ့ ဇာတ်ကားတစ်ကာားဖြစ်တဲ့ "Saving Private Ryan" ( 1998) ကိုသရုပ်ဆောင် ရိုက်ကူးခဲ့ပါတယ်။ အဆိုပါကားနဲ့ပဲ လေးကြိမ်မြောက် အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ "You've Got Mail" (1998) ကိုဆက်လက်ရိုက်ကူးခဲ့ပါတယ်။ Animation ဇာတ်ကားဖြစ်တဲ့ "Toy Story 2" (1999) မှာလည်း ဒုတိယအကြိမ် နောက်ခံစကားပြော အဖြစ် ရိုက်ကူးပုံဖော်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Stephen Khing ရဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့ "The Green Mile" (1999) ကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။  "Toy Story 2" ဟာ နံပါတ် (၁) ချိတ်နိုင်ခဲ့ပြီး "The Green Mile" ဟာ ဒုတိယ ချိတ်နိုင်ခဲ့ပါတယ်။ ၉၀ ခုနှစ်များ အဆုံးပိုင်းမှာတော့ တွမ်ဟမ့်ကို ShoWest Convention Award ချီးမြှင့်ခဲ့ကြပါတယ်။
          အသစ်၊ အသစ်တွေကို ဆက်လက် ဖန်တီးရိုက်ကူးလာခဲ့တဲ့ တွမ်ဟမ့်ဟာ "Forrest Gump" တုန်းက ဒါရိုက်တာ Robert Zemeckis နဲ့ ပြန်လည်ပူးပေါင်းပြီး "Cast Away"(2000) ကို ရိုက်ကူးနိုင်ခဲ့ပါတယ်။ လေယာဉ်ပျက်ကျပြီး ကျွန်းတစ်ကျွန်းပေါ်မှာ သောင်တင်နေတဲ့ ဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ဖို့ ၅၂ ပေါင်လောက် ချခဲ့ရပါတယ်။ စိတ်ခံစားမှုများစွာကို ပေးနိုင်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် (၅)ကြိမ်မြောက် အကောင်းဆုံး သရုပ်ဆောင်ဆု၊ Golen Globe ဆု၊ Chicago ရုပ်ရှင်အစည်းရုံးက ပေးအပ်တဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုတွေကို ရရှိခဲ့ပါတယ်။ "Saving Private Ryan" ကို ရိုက်ကူးခဲ့တဲ့  တွမ်ဟမ့်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက သူတွေကို သိပ်ဂရုဏာ သက်ခဲ့ပါတယ်။ သမိုင်းပညာရှင် Stephen Ambrose ရဲ့ စာအုပ်ဖြစ်တဲ့ "Band of Brothers" (2001) နော်မန်ဒီ တိုက်ပွဲတွင်းက စစ်သားများ အကြောင်းကို ဇာတ်လမ်းတွဲများအနေနဲ့ရိုက်ကူးခဲ့ပါတယ်။ အဆိုပါကားနဲ့ပဲ ဆုပေါင်းများစွာကို ထပ်မံရရှိခဲ့ပြန်ပါတယ်။ ၂၀၀၂ ခုနှစ်မှာ "Road to Perditon" ကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။  နောက်တစ်နှစ်မှာ Steven Spielberg နဲ့ပြန်လည်ပူးပေါင်းပြီး လီယိုနာဒိုနဲ့အတူ "Catch Me If You Can" ကို သရုပ်ဆောင်ရိုက်ကူးခဲ့ပြန်ပါတယ်။ တစ်ခါ ထပ်မံပြီး "My Big Fat Greek Wedding" (2002) ကို ရိုက်ကူးကာ အကြီးအကျယ် အောင်မြင်ခဲ့ပြန်ပါတယ်။ အဲဒီနှစ်မှာပဲ American Film Institude က တွမ်ဟမ့်ကို နုပျိုဆုံး သရုပ်ဆောင်အဖြစ် ဂုဏ်ပြုခဲ့ပြီး Lifetime Acievement ဆုကို ပေးအပ်ချီးမြှင့် ခဲ့ကြပါတယ်။ ၂၀၀၄ ခုနှစ်မှာ "The Ladykillers" ရုပ်ရှင်ကို ရိုက်ကူးခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ "The Terminal" (2004) ကို ဆက်လက်ရိုက်ကူးနိုင်ခဲ့ပါတယ်။ Animation ဇာတ်ကားဖြစ်တဲ့ "The Polar Express" (2004) ကိုလည်း စီစဉ်ထုတ်လွှင့်ခဲ့ပြန်ပါတယ်။ နောက်တစ်နှစ်မှာ "Magnificent Desolation: Walking on the Monn 3D" (2005) ကို ရိုက်ကူးခဲ့ပါတယ်။
ဒရာမာကားတွေမှာ ပိုမိုပီပြင်စွာသရုပ်ဆောင်နိုင်စွမ်းရှိတဲ့ တွမ်ဟမ့်ဟာ Dan Brown ရဲ့ အရောင်းရဆုံးစာအုပ်ဖြစ်တဲ့  "The Da Vinci Code" (2006) ကို ရိုက်ကူးခဲ့ပြန်ပါတယ်။ အဲဒီဇာတ်ကားနဲ့ ဒေါ်လာသန်း ၂၀၀ ကျော် ၀င်ငွေရရှိခဲ့ပါတယ်။ "Cars" (2006) နဲ့ "The Simpsons Movie" (2007) နောက်ခံစကားပြောအနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ဇာတ်ကားဖြစ်တဲ့ "The War" (2007-08) ကိုလည်း ဆက်လက်ရိုက်ကူးခဲ့ပါသေးတယ်။ George Crile ရဲ့ ၀တ္ထုဖြစ်တဲ့ "Charlie Wilson's War" (2007) ကိုလည်း ရိုက်ကူးခဲ့ပြန်ပါတယ်။ တွမ်ဟမ့်ဟာ သူရဲ့ သားဖြစ်သူ Colin နဲ့ ပေါင်းပြီး "The Great Buck Howard" (2008) ကိုလည်း အဖေခန်းကနေ သရုပ်ဆောင်ရိုက်ကူးခဲ့ပါတယ်။ အဲဒီနောက် HBO channel အတွက် "John Adams" (2008) ဇာတ်လမ်းတွဲများကို ရိုက်ကူးခဲ့ပါတယ်။ အမေရိကန်ရဲ့ ဖခင်များအကြောင်းတွေပဲ ဖြစ်ပါတယ်။ အဲဒီနှစ်မှာပဲ Robert Langdon ဆိုတဲ့ ဇာတ်ကောင်အနေနဲ့ Dan Brown ရဲ့ ဒုတိယ စာအုပ်ဖြစ်တဲ့"Angels and Demons" ဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။ "The Da Vinci Code" ထက်ပိုပြီး လူကြိုက်များခဲ့ကြပါတယ်။ ထို့နောက် "The Pacific" ကိုဆက်လက်ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် မတ်လမှာ HBO က ပေးအပ်တဲ့ TAC ဆုကိုလက်ခံရရှိခဲ့ပါတယ်။ တစ်ခါထပ်မံပြီး "Toy Story 3" ကို ရိုက်ကူးခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံးမှ ဒေါ်လာ သန်းပေါင်းများစွာ အမြတ်ငွေများရရှိခဲ့ပါတယ်။ "Larry Crowne" ဇာတ်ကားကို ဆက်လက်ရိုက်ကူးခဲ့ပြီး ကိုယ်တိုင် ဇာတ်ညွှန်းရေးသားကာ ဒါရိုက်တာရော ထုတ်ဝေသူပါ လုပ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာပဲ "Extremely Loud and Icnredibly Close" ဒရာမာရုပ်ရှင်ကို ရိုက်ကူးခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာတော့ Electric City လို့ အမည်ရတဲ့ ဇာတ်ကားမှာ နောက်ခံ စကားပြောသူအဖြစ် ပါဝင်ခဲ့ပြန်ပါတယ်။ "the Wachowskis" ဇာတ်ကားမှာ ဒါရိုက်တာလုပ်ခဲ့ပြီး "Game Change" ဇာတ်လမ်းတွဲများမှာ ထုတ်ဝေသူလုပ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ နာမည်ကြီးရုပ်ရှင်ကား နှစ်ခုဖြစ်တဲ့ "Captain Phillips" နဲ့ "Saving Mr.Banks" တို့နှင့် BAFTA Award for Best Actor ဆု နဲ့ Golden Globe ဆုတို့ကို ထပ်မံရရှိခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ Nora Ephron ရဲ့ "Lucky Guy" မှာပါဝင်ခဲ့ပြီး Tony Award for Best Actor in a Play ဆုကိုရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ သူရဲ့ ၀တ္ထုတို ဖြစ်တဲ့ "Alan Bean Plus Four" ကို ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မတ်လမှာ Carly Rae Jepsen ရဲ့ music video ဖြစ်တဲ့ "I Really Like You" မှာ ပါဝင်ရေးသားခဲ့ပါတယ်။ သူ့ရဲ့နောက်ထပ် ရုပ်ရှင်ကားကတော့ သမိုင်းဝင်ဒရာမာကား ဖြစ်တဲ့ "Bridge of Spies" ဖြစ်ပါတယ်။ ရှေ့နေတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။ ၂၀၁၆ ဧပရယ်မှာ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ "A Hologram for the King" ဇာတ်ကားမှာ Alan Clay ဆိုတဲ့ ဇာတ်ကောင်အနေနဲ့ ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၆ စက်တင်ဘာမှာ ထွက်ရှိခဲ့တဲ့ Clint Eastwood ရဲ့ "Sully" ဆိုတဲ့ ဇာတ်ကားမှာလည်း အမှုရင်ဆိုင်ရတဲ့ လေယာဉ်ပိုင်းလော့ အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ "Inferno" ဇာတ်ကားမှာ Robert Langdon အနေနဲ့ သရုပ်ဆောင်ထားပြီး သိပံ္ပဒရာမာကားဖြစ်တဲ့ "The Circle" မှာ Emma Watson နဲ့အတူ သရုပ်ဆောင် ရိုက်ကူးထားပါတယ်။
         
မှတ်တမ်းတင်လို့မကုန်နိုင်ဖွယ်
အနုပညာနယ်ပယ်က သိမ်းပိုက်ထားနိုင်ခဲ့တဲ့ဆုတွေကတော့ ရေတွက်လို့ မကုန်နိုင်တော့ပါဘူး။ အခြားနယ်ပယ်မှရရှိခဲ့တဲ့ ဆုများကတော့
Douglas S. Morrow Public Outreach Award (2006) 
Kennedy Center Honors Medallion (2014) Presidential Medal of Freedom (2016) တို့ပဲဖြစ်ပါတယ်။

အညွှန်း - www.notesofreaders.blogspot.com


[FORMAT]:………………………….:[ 720p WebRip x264 , 640p MP4
[GENRE]:………………………… .:[Comedy, Drama, Romance
[FILE SIZE]:……………………….:[ HD-  932 MB , Small- 499 MB
[RESOLUTION]:………………….:[ 848 x 364, 520 x 220
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 48mins
[Translate By]:……………………..:[  မြင့်သူ (ငှက်ကလေး-နည်းပညာ)







 Forrest Gump
(1994) on IMDb 

 
Download
932 MB
HD Large

Download
499 MB
SD Small

Saturday, April 1, 2017

Transcendence (2014)


ဒါရိုက်တာ - Wally Pfister
ဇာတ်ညွှန်း - Jack Paglen 
သရုပ်ဆောင် - Jonny Depp, Morgan Freeman, Rebecca Hall, Kate Mara, Cillian Murphy, Cole Hauser, Paul Bettany

ဒေါက်တာ ဝီလကတ်စ်တာ ( Johnny Depp) ဆိုတာက အသိဉာဏ်ပညာဖန်တီးပြုလုပ်ဖို့ သုတေသနလုပ်နေတဲ့ ပညာရှင်တစ်ဦးပါ။ နာဖျားနေတဲ့ နောက်ဆုံးအဆင့်ဖြစ်နေတဲ့သူတစ်ဦးလို့လည်း ဆိုပြန်တယ်။ ဝီလ် က သူ့ရဲ့စိတ်(မှတ်ဉာဏ်) ကို ကွန်ပြုတာထဲ ဆွဲချသိမ်းဆည်းဖို့ ကြိုးစားနေတယ်။ သူ့ရဲ့အဆိုးဝါးဆုံး အိပ်မက်တွေရဲ့အလွန်မှာ သိမ်းဆည်းထားတာတွေနဲ့ပေါင်းစပ်ပြီး စွမ်းအားဖြစ်ဖို့ပါ။ ဒေါက်တာ ဝီလ် တီထွင်ဖန်တီးထားတဲ့ စက်ထဲမှာ အာရုံခံစားနိုင်မှုနဲ့ စုစည်းသိုမှီးထားတဲ့ မှတ်ဉာင်္ဏတွေ ပိုင်ဆိုင်ထားပါတယ်။သူ လေ့လာနေတဲ့ နည်းပညာတိုးတက်မှုမျိုးကို အစွန်းရောက်ဝါဒီတွေက ဆန့်ကျင်နေကြတယ်။ ဒါပေမဲ့ သူတို့ရဲ့တိုက်ခိုက်မှုဟာ ဒေါက်တာဝီလ်ရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီကို တွန်းပို့လိုက်သလိုပါပဲ။ ဇနီးသည် အဲဗလန် (Rebecca Hall) နဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း မက်ဇ်ဝါးတားစ် (Paul Bettany) တို့ကလည်း စိတ်တူကိုယ်တူ သုတေသနပညာရှင်တွေပါ။ ဇာတ်လမ်း ဘယ်လို အဆုံးသတ်မလဲ ဆိုတာနဲ့ ဝါရင့်သရုပ်ဆောင်ချက်တွေကိုတော့ ကိုယ်တိုင်ကြည့်ရှုခံစားကြည့်ကြပါ။

ရုပ်ရှင်အညွှန်း - http://www.myworld-phyophyo.com




[FORMAT]:………………………….:[ 1140p WebRip x264 , 640p MP4
[GENRE]:………………………… .:[ Action, Drama,Sci-Fi
[FILE SIZE]:……………………….:[ HD- 840 MB , Small- 279 MB
[RESOLUTION]:………………….:[ 1140 x 480, 562 x 240
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 48mins
[Translate By]:……………………..:[  Lotus Black & Nay Win (Editor)







Download
804 MB
HD Large

Download
279 MB
SD Small