Friday, April 21, 2017

School of Rock (2003)


ကာလက ရော့ခ်ဂီတခေတ်စားတဲ့ကာလ. . .

Dewey Finn(Jack Black) ဆိုတဲ့ ရော့ခ်ဂီတကို ရူးသွပ်တဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ ကသောင်းကနင်း နိုင်မှုတွေကြောင့် ကိုယ်တိုင်တည်ထောင်ထားတဲ့ Music Band အငယ်စားလေးကနေ သစ္စာဖောက်တဲ့ အပေါင်းအသင်းတွေရဲ့ ကန်အထုတ်ခံလိုက်ရချိန်. . .ကြွေးမြီထူပြောပြီး သူငယ်ချင်းစုံတွဲနဲ့ အတူနေတာတောင် အိမ်လခ မျှမပေးနိုင်တဲ့ အခက်အခဲပေါင်းစုံနဲ့ပေါ့. . .
သူငယ်ချင်းရည်းစားကလည်း အိမ်လခကို ခွဲမပေးလို့  တပူပူလုပ်ပါတော့တယ်။

အဲ့ဒီဒါဏ်ကို မခံစားနိုင်တဲ့ ဒူဝီတစ်ယောက် အိမ်လခအတွက် ကိုယ်မြတ်နိုးလှတဲ့ ဂစ်တာကိုရောင်းပြီး အကြွေးဆပ်ဖို့ စဉ်းစားမိလိုက်ချိန် တိုက်ဆိုင်စွာပဲ ပုဂ္ဂလိကမူလန်းကျောင်းတစ်ခုကနေ ကျောင်းဆရာလိုင်စင်ရထားတဲ့ သူ့သူငယ်ချင်းဆီကို ဖုန်းဆက်ပြီး အစားထိုးဆရာလုပ်ပေးဖို့  ကမ်းလှမ်းတဲ့အချိန်နဲ့တိုးပါတော့တယ်

ဒူဝီ အကြံတစ်ခုရလိုက်ပါတယ်...
သူ့သူငယ်ချင်း အယောင်ဆောင်ပြီး ကျောင်းမှာစာသင်ရင်း ငွေရှာ အကြွေးဆပ်မယ်ပေါ့. . .
ဒီလိုနဲ့ ကျောင်းကိုရောက်လာတယ် ငွေအတွက်ပဲ ကြည့်မိတဲ့အတွက် အရာရာ အလွဲလွဲအချော်ချော်နဲ့ စာလည်းမသင်တတ်ဖြစ်ရပါတယ်

အဲ့ဒီအချိန်မှာပဲ သူတာဝန်ယူရတဲ့ အတန်းက ကလေးတွေရဲ့ ဂီတသင်တန်းကို အမှတ်မထင် နားထောင်မိရာကတစ်ဆင့်ကလေးတွေမှာ ဂီတပါရမီပါလာတာကို သတိထားမိလာကာ. . သိပ်မဝေးတော့တဲ့အချိန်မှာ ကျင်းပတော့မယ့် ရော့တီးဝိုင်းတွေပြိုင်ပွဲ (Battle Of The Bands) မှာ ဝင်ပြိုင်ရဖို့ သိမ်းသွင်းစည်းရုံးပြီး Rock ဂီတအကြောင်းကို တိုးတိုးတိတ်တိတ် သင်ပေးပါတော့တယ်

အခန်းကို အလုံပိတ် အသံပိုင်းဆိုင်ရာ စတိတ်မီးထိုးပုံတွေကအစ နောက်ထအဆိုတော်တွေရွေး. . .Vocalist တွေထည့်နဲ့. . .
အတော်ကြီး ဇာတ်ရှိန်မြင့်မြင့်နဲ့ ဆွဲခေါ်သွားနိုင်တဲ့ကားဖြစ်ပါတယ်

ရော့ခ်ဂီတရဲ့ အခြေခံသဘောတရားကိုက လွတ်လပ်စွာ စီးမျောခံစားရတာမို့. . .ကလေးတွေစိတ်ထဲက ပေါက်ကွဲလာသမျှ စကားလုံးတွေအဖြစ် ဖန်ဆင်း လက်တမ်းရေးတဲ့ သီချင်းနဲ့ Music,Comedy,Family အမျိုးအစားဇာတ်ကားဆိုပေမယ့် ရော့ခ်ဂီတကိုသိပ်မရင်းနှီး သိပ်မကြိုက်တဲ့သူတောင် အူမြူးလာအောင် လုပ်နိုင်စွမ်းရှိတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်
ဒီဇာတ်ကားမှာ သရုပ်ဆောင်တဲ့ Jack Black ရဲ့ Charactorနဲ့ သရုပ်ဆောင်မှုက တကယ့်ကို သရုပ်ပါပြီး သဘောကျစရာဖြစ်သလို Rating လည်း မြင့်ပါတယ်

ပေးချင်တဲ့ မက်ဆေ့က မိမိရူးသွပ်ရာကို တစိုက်မတ်မတ်နဲ့ ဇွဲ မလျှော့ပဲသာလုပ် တစ်နေ့နေ့တော့ ဖြစ်ကိုဖြစ်လာရမယ် ဆိုတာပဲ ဖြစ်ပါတယ်
ကဲ ........ ဆက်လက်အားပေးကြပါဦး ခင်ဗျာ. . .

မြင့်သူ(ငှက်ကလေး-နည်းပညာ)
ဖောသည်


[FORMAT]:………………………….:) 720p Blueray x264
[GENRE]:……………………….… .:) Comedy, Family, Music
[FILE SIZE]:…………………….….:) 992 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 46 mins
[Translator]:........................ :) မြင့်သူ(ငှက်ကလေး-နည်းပညာ)




Download
455 MB
School of Rock (2003)

No comments:

Post a Comment