Sunday, April 9, 2017

Kubo and the Two Strings (2016)


“မျက်တောင်ခတ်ချင်ရင် ခုတည်းက ခတ်ထားလိုက်ပါ…
မြင်သမျှကြားသမျှကို သေချာအာရုံစိုက်ထားပါ…
ဘယ်လောက်ပဲ ထူးဆန်းနေပါစေနော်…….”
ဒီစကားလေးကြားရုံနဲ့ တစ်ချို့ကတော့ တန်းသိကြမှာပါ။ ၂၀၁၆ မှာ ရုံတင်သမျှ အကောင်းဆုံး animationတွေထဲက တစ်ခုဖြစ်တဲ့ ” Kubi and the two strings ” က အဓိကဇာတ်ဆောင် Kubo ရဲ့ စကားလေးတွေပါပဲ။ Laika production က ထုတ်လုပ်ပြီး ဒါရိုက်တာTravis Knight ကရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးက ကြာချိန်စုစုပေါင်း 102 မိနစ် ရှိပြီး 2016 August မှာရုံတင်ခဲ့ပါတယ်။အဓိက အသံသရုပ်ဆောင်တွေကတော့ ကမ္ဘာကျော်မင်းသမီး Charlize Theron, Art Parkinson နဲ့ နာမည်ကြီး Harry Potter series က Lord Voldemort အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာကျော် မင်းသားကြီး Ralph Fiennesတို့ပဲဖြစ်ပါတယ်။2016 မှာ နာမည်ကြီး Animation တွေများပေမဲ့ Kung Fu Panda 3, Kimi No Na Wa, Moana တို့ကလွဲရင် ပရိသတ်​ ရင်ထဲရောက်နိုင်တဲ့ ဇာတ်လမ်းရယ်လို့ မယ်မယ်ရရရှိမနေတဲ့ အချိန်မှာ Kubo and The Two Strings ကတော့ ဇာတ်လမ်းလှပမှု အပိုင်းမှာ Beautiful Looking Story ရယ်လို့ကို အထူးတလည်ချီးမွမ်းခံထားရပါတယ်။




ရှေးခေတ်ဂျပန်ပြည်ကို ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် Kubo (Art Parkinson)ဆိုတဲ့ လူငယ်လေးဟာ မျက်လုံးတစ်လုံးတည်းသာရှိပြီး ပင်လယ်နားက တောင်ထိပ်အပေါ်ဂူလေးမှာ နေမကောင်းတဲ့ မိခင်နဲ့ တူတူနေနေတာပါ။ နေ့တိုင်း အနီးနားက ရွာလေးကိုသွားပြီး သူတတ်မြောက်ထားတဲ့ တေးဂီတလေးတွေ တီးရာကနေ ရရှိတဲ့ ဆုငွေလေးတွေနဲ့ ဝမ်းစာရှာနေရသူလေးပေါ့။ Kubo ရဲ့ ဂီတဝိုင်းလေးဟာ အမြဲလိုလို ကြိတ်ကြိတ်တိုးနေလေရဲ့။ သူတီးခတ်လိုက်တဲ့ သံစဉ်တွေပေါ်လိုက်ပြီး စက္ကူ အရုပ်လေးတွေကပါ လှုပ်ရှားသက်ဝင်လာလို့ပါပဲ။ စက္ကူ ရုပ်လေးတွေကိုသုံးပြီး Kubo ဟာ ရှေးခေတ်က ဆာမူရိုင်းသူရဲကောင်း Hanzo နဲ့ လဘုရင်ကြီးတို့ရဲ့ စစ်ပွဲအကြောင်းကိုပုံပြင်သဖွယ်ပြောပြရင်း ဖျော်ဖြေလေ့ရှိပါတယ်။ တကယ်တော့ Hanzo ဆိုတာ Kubo ရဲ့အဖေအရင်း ဖြစ်ပြီး လဘုရင်ကြီးကတော့ Kubo ရဲ့ အဖိုးဖြစ်ပါတယ်။ ကောင်းကင်နဲ့ မြေကြီးစစ်ပွဲတွေဖြစ်ချိန်မှာ လဘုရင်ကြီးရဲ့ သမီးကြီးဖြစ်သူ Sariatu (Charlize Theron) ဟာ ဖခင်ကိုသစ္စာဖောက်ပြီး ရန်သူဆာမူရိုင်း Hanzo နဲ့ ချစ်ကျွမ်းဝင်ခဲ့မိပါတယ်။ သားလေးဖြစ်သူ Kubo ကိုမွေးဖွားပြီးတဲ့နောက်မှာပဲ Hanzo ဟာ လဘုရင်ကြီးရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရသလို Kubo ရဲ့မျက်လုံးတစ်လုံးလည်း ထုတ်ယူခံခဲ့ရပါတယ်။ ဒါကြောင့် သားအမိတွေ ထွက်ပြေးပုန်းရှောင်နေခဲ့ရတာ Kubo တစ်သက်ထိရှိခဲ့နေပါပြီ။



လဘုရင်ကြီးတွေ့မှာစိုးလို့ ညဘက်ဆို အပြင်ထွက်လို့မရတဲ့ Kuboဟာ တစ်နေ့မှာတော့ အချိန်လွန်တဲ့ထိ အပြင်မှာနေမိခဲ့ပါတယ်။ လဘုရင်ကြီးရဲ့ သမီးငယ် ၂ ယောက်ဟာ Kubo ကိုတွေ့ရှိသွားပြီး တိုက်ခိုက်ပါတော့တယ်။ ဒါပေမဲ့ မိခင် Sariatu က သူမရဲ့ မှော်ပညာနဲ့ ကာကွယ်ပေးရင်း Kubo ကို အဝေးကိုလွှတ်လိုက်ပြီး ညီမတွေနဲ့ တိုက်ခိုက်ရင်းကျန်နေခဲ့ပါတော့တယ်။ လမ်းခုလတ်မှာ သတိမေ့သွားတဲ့ Kubo ဟာ သတိပြန်ရလာချိန်မှာတော့ သူ့ကိုစောင့်ရှောက်နေတဲ့ မျောက်ဖြူမတစ်ကောင်ကို တွေ့ရပါတယ်။ မျောက်ဖြူဟာ သူ့ကိုယ်သူ မိခင်Sariatu ရဲ့မှော်အစီအရင်လို့ ပြောပြီး Sariatu ကတော့ တိုက်ပွဲမှာ ကွယ်လွန်သွားခဲ့ပြီလို့ပြောပါတယ်။ Kubo အနေနဲ့ လဘုရင်ကြီးကိုအောင်နိုင်ချင်ရင် ဖခင် Hanzoရဲ့ ဓား၊ သံချပ်ကာဝတ်စုံ နဲ့ ဦးဆောင်းတို့ကို လိုက်လံရှာဖွေရမှာ ဖြစ်ပါတယ်။ Kubo ရဲ့ ရှာဖွေရေး ခရီးစဉ်မှာ ပါဝင်သူတွေကတော့ မျောက်ဖြူရယ်။ သူ့ရဲ့ စက္ကူ ရုပ်လေးဖြစ်တဲ့ Hanzo အသေးစားလေးရယ် ၊ လမ်းခုလတ်မှာတွေ့ဆုံရင်းနှီးလာခဲ့တဲ့ အတိတ်မေ့နေတဲ့လူတစ်ပိုင်း ပိတုန်းတစ်ပိုင်းကောင်တို့ပဲ ဖြစ်ပါတယ်။ သဲကြီးမဲကြီးနောက်ယောင်ခံလိုက်နေတဲ့ လူတွေဆီကနေ ပြေးပြီး ဖခင်ရဲ့ဝတ်စုံတွေကို ရှာဖွေရတဲ့ ခရီးဟာ မလွယ်လှပါဘူး။ ရှာဖွေပြေးလွှားရင်းနဲ့ပဲ Kubo ကို အမြဲစောင့်ရှောက်နေတဲ့ မျောက်ဖြူမ ဟာ တကယ်တော့ သူ့ရဲ့ မိခင် Sariatu ရဲ့ ဝိညာဉ်ဖြစ်နေသလို ပိတုန်းတစ်ပိုင်း လူတစ်ပိုင်းကောင်ကြီးကလည်း ပုံပြောင်းခံထားရတဲ့ ဖခင် Hanzo မှန်း သိသွားခဲ့ပါတယ်။ ဒီအချိန်မှာပဲ မမျှော်လင့်တဲ့ လဘုရင်ကြီးရဲ့ထောင်ချောက်တွေနဲ့ မိသွားခဲ့တဲ့ Kubo တို့ရဲ့ အနာဂတ်ဟာ………………. (ဇာတ်လမ်းအဆက်ကို ကိုယ်တိုင်ကြည့်ရှုခံစားစေချင်ပါတယ်)




ဒီကားလေးဟာ Story Line ကို အသားပေးထားမှန်းသိသာပါတယ်။ Animationတော်တော်များများမှာ တွေ့ဖို့ခဲယဉ်းတဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ message လေးတွေကို တော်တော်ကြိုက်မိပါတယ်။ ရိုက်ကူးတင်ဆက်ပုံက Disney တို့လောက် လက်သံမပြောင်နိုင်ပေမဲ့ ကိုယ်ပိုင်ဟန်ရဲ့ ကိုယ်ပိုင်အရည်အသွေးကိုတော့ ကောင်းကောင်းချပြနိုင်တာမို့လို့ အရမ်းသဘောကျမိပါတယ်။ အသက်ငယ်သေးတဲ့ ကောင်လေးတစ်ယောက်ရဲ့ စွန့်စားခန်းတွေဟာ ဘေးကအကူအညီတွေကြောင့်သာ ရှေ့ဆက်တိုးနိုင်ရပုံကို သဘာဝကျကျတွေ့ရလို ရန်ငြိုးတွေ အာဃာတတွေ ဆိုတာကလည်း စိတ်ထားမြင့်မြတ်သူတွေမှာ ဘယ်လိုမှမရှိနိုင်တဲ့ အရာတွေဆိုတာကို ခံစားချက်အပြည့် ပုံဖော်သွားတာမို့ ဇာတ်လမ်းပြီးခါနီးနေရာအချို့မှာဆို မျက်ရည်ဝဲတဲ့အထိကို ရင်ထဲထိမိပါတယ်။ အရောင်အသွေးပေါင်းစုံ ပုံစံပေါင်းစုံ character တွေနဲ့ ပေါ့ပေါ့ပါးပါးမြိုင်​မြိုင်​ဆိုင်​ဆိုင်​ စွန့်စားခန်းဖွင့်ကြတဲ့ Animated ဇာတ်လမ်းတွေကို ငြီးငွေ့နေတယ်ဆိုရင်တော့ အခု တင်ဆက်လိုက်တဲ့ “Kubo and The Two Strings”ကို ကြည့်ရှုကြပါလို့ တိုက်တွန်းချင်ပါတယ်။




ရုပ်ရှင်အညွှန်း - Myotaku

[FORMAT]:………………………….:[ 720p DVDRip x264, 640p x264
[GENRE]:………………………… .:[ Animation, Adventure, Family
[FILE SIZE]:……………………….:[ 932 MB, 417 MB
[RESOLUTION]:………………….:[ 720x480, 640x380
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 41 mins

 Kubo and the Two Strings
(2016) on IMDb

Download
932 MB
HD Large

Download
417 MB
SD Small

1 comment: