Monday, May 29, 2017

Honey,I Shrunk the Kids (1989)


ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကားလေးများကို
ခုအချိန်မှာ ပြန်ကြည့်ရင် အမြင်သစ်တစ်မျိုးနဲ့ သုံးသပ်နိုင်ပြီး...အသိပညာတစ်ခုခုရရှိစေတဲ့ဇာတ်ကားတွေ ထဲမှာ ဒီကားလေးလည်း ပါဝင်ပါတယ်။ သိပံ္ပပညာနဲ့ပတ်သက်ရင် စိတ်ဝင်စားစရာသိပ်မရှိတဲ့ ဖွံဖြိုးဆဲ နိုင်ငံက ကလေးတွေကို လေ့လာချင်စိတ်ဖြစ်လာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

ဒီဇာတ်ကားလေးက သိပံ္ပပညာရှင်ဖခင်ဖြစ်သူရဲ့စမ်းသပ်မှုကို ကလေးတွေက ဝင်ဆော့တဲ့အခါ ဖြစ်လာတဲ့
အကျိုးဆက်တွေကို ပြန်ဖြေရှင်းရတာပါ။ နေ့စဉ်ဘဝမှာ ဘာမှမဟုတ်လို့ထင်ထားခဲ့တာတွေက အရေးပါတဲ့
ကြီးမားတဲ့ အခက်အခဲပြဿနာတွေဖြစ်လာတဲ့ အခါမှာ ဘယ်ပုံဘယ်နည်း ဖြေရှင်းခဲ့လည်းဆိုတာကို ဖော်ပြထားပါတယ်။

၁၉၉၁ ခုနှစ်မှာ BAFTA Film Award ဆုပေးပွဲက ပေးတဲ့ အကောင်းဆုံး Visual Effects ဆုကို ရရှိခဲ့ပြီး 
IMDB မှာ 6.3 ရရှိထားပါတယ်။ ကွန်ပြူတာနဲ့ အထူးပြုလုပ်ချက်တွေကို သပ်သပ်ရပ်ရပ်လုပ်ထားတာကိုလည်း တွေ့မြင်ရမှာပါ။



[FORMAT]:………………………….:) 720p BluRay
[GENRE]:……………………….… .:) Adventure, Comedy, Family
[FILE SIZE]:…………………….….:) 883 MB / 467 MB
[RESOLUTION]:……………….….:) 720x480 / 640x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 33 mins
[Translate By]:……………………..:) Kyaw Myo Thu
[Encoded By]:...........................:) Nyi Htut


 Honey, I Shrunk the Kids
(1989) on IMDb 


Download
883 MB
openload HD Large

Download
467 MB
openload SD Small

Sunday, May 28, 2017

Swordfish (2001)

Log On.
Hack in.
Go anywhere.
Steal everything.

ကဲ...တစ်ခါတော့ လူစုံတက်စုံပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ခုကို ကြည့်ကြမယ်ဗျာ။ 
Face off မင်းသား John Travolta 
X-Men မင်းသား Hugh Jackman
၂၀၀၂ ခုနှစ်မှာ Monster's Ball ဇာတ်ကားနဲ့ Oscar ဆုရရှိခဲ့တဲ့ Halle Berry မင်းသမီး
Hotel Rwanda ဇာတ်ကားမှာ သရုပ်ဆောင်ချက်ပီပြင်လွန်းတဲ့ Don Cheadle

SwordFish ဇာတ်ကားက ဆု ၅ ဆု ရရှိခဲ့ပြီး ၃ ဆုက မင်းသမီး Halle Berry ရရှိခဲ့တာပါ။ မင်းသမီးတစ်ယောက် ဆုတွေရရှိတဲ့အထိ အပီအပြင်သရုပ်ဆောင်ခဲ့တာကိုလည်း တွေ့မြင်ရမှာပါ။ တခြားသရုပ်ဆောင်တွေကလည်း ဇာတ်ကားမှာပါဝင်ရမယ့်အပိုင်းကို အကောင်းဆုံးသရုပ်ဆောင်ထားပါတယ်။ 

Action, Thriller, Crime ရုပ်ရှင်အမျိုးအစားဖြစ်တဲ့အတွက် ပစ်ခန်းခတ်ခန်းတွေ ပါပေမယ့် တစ်လုံးတစ်ခဲကြီး ပစ်ခတ်နေကြတာမဟုတ်ပါဘူး။ နည်းပညာပိုင်းဆိုင်ရာ(Hacking)တွေကိုလည်း ထည့်သွင်းထားပါတယ်။ တစ်ခုတော့ သတိချပ်စေချင်တာက R rated ဇာတ်ကားဖြစ်တဲ့အတွက် (၁၇ နှစ်ပြည့်ပြီးသူများသာကြည့်ရန်) မိသားစုကြည့်ဖို့အတွက် အဆင်မပြေတဲ့ အခန်းတချို့ပါဝင်ပါတယ်။

The New York Times သတင်းစာက ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး "ဒီလိုမျိုးဇာတ်ကွက်နဲ့ ဇာတ်လမ်းကို အစပြုထားတဲ့ Hollywood Thriller ဇာတ်ကားမျိုးမရှိဘူး" လို့ မှတ်ချက်ပေးဖော်ပြထားပါတယ်။ အဲဒီ အခန်းမှာ John Travolta ပြောတဲ့စကားတွေက သူကိုယ်တိုင် ဇာတ်ညွန်းရေးထားတယ်လို့လည်း သိရပါတယ်။ 
ဇာတ်လမ်းအကျဉ်းလား?
.
.
.
ကြည့်ကြည့်လိုက်ပါဗျာ.....:D

[FORMAT]:………………………….:) 720p BluRay
[GENRE]:……………………….… .:) Action, Thriller, Crime
[FILE SIZE]:…………………….….:) 772 MB / 403 MB
[RESOLUTION]:……………….….:) 720x480 / 640x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 39 mins
[Translate By]:……………………..:) Wai Lin Kyaw (mmsub Foundation)
[Encoded By]:...........................:) Nyi Htut


 Swordfish
(2001) on IMDb


Download
772 MB
openload HD Large

Download
403 MB
openload SD Small

Saturday, May 27, 2017

Kidnap (2017)


ဒီဇာတ်ကားကို ရိုက်ထားတဲ့ ဒါရိုက်တာက အရင်က SALT နဲ့ TRANSFORMERS ဇာတ်ကားတွေကို အောင်မြင်စွာရိုက်ကူးခဲ့တဲ့ Luis Prieto ပဲဖြစ်ပါတယ်။ ဇာတ်အိမ်ခိုင်မာမှုနဲ့အတူ ရိုက်ချက်ကောင်းတွေ ရိုက်ပြနိုင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဇာတ်လမ်း အကျဉ်းကတော့....

Single Mother အနေနဲ့ တစ်ဦးအဖြစ်ရပ်တည်ခဲ့တဲ့ Karla MaCoy ဟာ သူရဲ့သားလေး Frankie နဲ့အတူ မိသားစုဘဝကို ပြည့်စုံအောင် တည်ဆောက်ထားသူပါ။ ကစားကွင်းကို သားအမိနှစ်ယောက်အတူသွားတဲ့ တစ်ရက်မှာ သားဖြစ်သူ ပြန်ပေးဆွဲခံရတာကို လိုက်လံကယ်ဆယ်တဲ့ မိခင်တစ်ယောက်ရဲ့ စိတ်ဇောအဟုန် ကို ပုံဖော်ရိုက်ကူးထားပါတယ်။
ကြည့်ရှုသူများကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...

[FORMAT]:………………………….:) 720p BluRay
[GENRE]:……………………….… .:) Drama, Thriller
[FILE SIZE]:…………………….….:) 855 MB / 417 MB
[RESOLUTION]:……………….….:) 720x480 / 640x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 34 mins
[Translate By]:……………………..:) လင်းသူရ
[Encoded By]:...........................:) အလွမ်းသံစဉ်


 Kidnap
(2017) on IMDb


Download
855 MB
openload HD Large

Download
417 MB
openload SD Small

Monday, May 22, 2017

Battle Creek Brawl (1980)

ဟုတ်ကဲ့....ဒီဇာတ်ကားဟာ Jackie Chan ရဲ့ပထမဆုံး အမေရိကန်ရုပ်ရှင်ပါ။ ဒါပေမဲ့...
ဂျက်ကီချန်း ဇာတ်ကားတွေနဲ့ ပတ်သက်ရင် ကြည့်ဖူးပြီးသား ဇာတ်ကားတွေက များပါလိမ့်မယ်။ Bruce Lee ရဲ့ Enter The Dragon (1973) ကို အမေရိကားမှာရိုက်ပြီးတော့ Producer ဖြစ်တဲ့ Robert Clouse က Bruce Lee ပြီးရင် နောက်တက်လာမယ့်သူဟာ Jackie Chan ပဲလို့ ခံစားမိတဲ့အတွက် ဒီကားကို ၁၉၈၀ မှာ အမေရိကားမှာပဲ ရိုက်ဖြစ်ပါတယ်။ ဟုတ်ကဲ့....ဒီဇာတ်ကားဟာ Jackie Chan ရဲ့ပထမဆုံး အမေရိကန်ရုပ်ရှင်ပါ။ ဒါပေမဲ့ လူသိမများခဲ့ပါဘူး။ နှစ်ပေါင်း ၁၆ နှစ်ကြာ ၁၉၉၆ မှ Rumble in the Bronx ဇာတ်ကားနဲ့ အမေရိကားမှာ နာမည်ရခဲ့တာပါ။ 
ကြည့်ရှုသူပရိတ်သတ်အနေနဲ့ အမေရိကန် Street Fighting လောက အကြောင်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဘာသာပြန်ဆိုသူကတော့ ကျော်မျိုးသူ ဖြစ်ပါတယ်

[FORMAT]:………………………….:) 720p BluRay
[GENRE]:……………………….… .:) Action, Comedy, Crime
[FILE SIZE]:…………………….….:) 879 MB / 477 MB
[RESOLUTION]:……………….….:) 720x480 / 640x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 35 mins
[Translate By]:……………………..:) ကျော်မျိုးသူ
[Encoded By]:...........................:) အလွမ်းသံစဉ်

 Battle Creek Brawl
(1980) on IMDb 

 
Download
879 MB
openload HD Large

Download
477 MB
openload SD Small


Sunday, May 14, 2017

Blood: The Last Vampire (2009)


ဂျပန် Animation ပရိတ်သတ်တွေကတော့ သိပြီးသားဇာတ်ကားလေးပါ။ ဒီကား Saya ဆိုတဲ့ ကောင်မလေးက ဒုတိယကမ္ဘာစစ်က မိစ္ဆာကောင်ကို နှိမ်နင်းရတာပါ။ သူ့ရဲ့အခန်းဖော်ကလည်း မိစ္ဆာဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာ..............

ပင်လယ်ပြာရဲ့နတ်သမီးလို့နာမည်ပေးထားသလိုပဲ မင်းသမီး Ji-hyun Jun ရဲ့ လှလှပပလေး သရုပ်ဆောင်ထားတာကိုလဲ တွေ့ရမှာပါ။

ဘာသာပြန်ဆိုသူကတော့ ကျော်မျိုးသူ ဖြစ်ပါတယ်

[FORMAT]:………………………….:) 720p BluRay
[GENRE]:……………………….… .:) Action,Horror, Thriller
[FILE SIZE]:…………………….….:) 836 MB / 489 MB
[RESOLUTION]:……………….….:) 720x480 / 640x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 31 mins
[Translate By]:……………………..:) ကျော်မျိုးသူ
[Encoded By]:...........................:) အလွမ်းသံစဉ်




 Blood: The Last Vampire
(2009) on IMDb


Download
836 MB
openload HD Large

Download
486 MB
openload SD Small

Tuesday, May 9, 2017

Snake in the Eagle's Shadow (1978)


  Snake in the Eagle's Shadow (1978) 

သိုင်းလောကသားတွေ အကြိုက်ကားကောင်းလေးပါ။ IMDB 7.5 ရနေတဲ့ဇာတ်ကားထဲမှာ အဓိကဇာတ်ဆောင် ဂျက်ကီချန်းရဲ့ နုနယ်စဉ်က ပုံရိပ်တွေကို တွေ့မြင်ရမှာပါ။ အနှိမ်ခံသင်တန်းသား၊ လူတကာရဲ့ခိုင်းဖတ်ကနေ ဆရာကောင်းသမားကောင်းနဲ့တွေ့ပြီး ကိုယ်ပိုင်စတိုင် သိုင်းကွက်တစ်ခုကို တီထွင်ပြီး တိုက်ခိုက်ပုံကို ရိုက်ပြထားပါတယ်။ ရူစားကြပါဦး..ခင်ဗျာ။

[FORMAT]:………………………….:[ 720p BluRay x264, 640p x264
[GENRE]:………………………… .:[ Action, Comedy
[FILE SIZE]:……………………….:[ 997 MB, 510 MB
[RESOLUTION]:………………….:[ 1024x760, 640x380
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 30 mins
[Translate By]:……………………..:[ ချာရာဏသီပြည်သားလေး Rocki Chan



 Snake in the Eagle's Shadow
(1978) on IMDb

Download
997 MB
openload HD Large

Download
510 MB
openload SD Small


Wednesday, May 3, 2017

Underworld: Blood Wars (2016)


Underworld: BloodWar ဆိုတဲ့ကားလေးပါ ဒီကားလေးမှာတော့ ဆယ်လီဟာ သူ့ကို သစ္စာဖောက်ခဲ့တဲ့ သူတွေကို ပြန်လည်လက်စားချေဖို့ကြိုးစားနေရင်း အရှေ့ပိုင်းအဖွဲ့ရဲ့ ခေါင်းဆောင် ဆမ်မီယာ ရဲ့ ဖိတ်ကြားမှုကြောင့် သေမင်းတမန်တပ်သားများကို လေ့ကျင့်ပေးဖို့ အကြောင်းဖန်လာရင်း ဆမ်မီယာ ရဲ့ အကောက်ကြံသတ်ဖြတ်မှုကိုခံလိုက်ရပါတယ်။ ဆမ်မီယာ ကလဲ အာဏာ ပါဝါတွေ ရဖို့အတွက် မိမိ ဗန်ပိုင်းယား မျိုးနွယ်ကို စတေးပြီး လိုင်ကန် ခေါင်းဆောင်သစ် မာရီယပ် နဲ့ ဗန်ပိုင်းယား ကောင်စီကို ရန်တိုက်ပေးပါတော့တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ မာရီယပ်က ဘာကြောင့်များ အစွမ်းထက်နေတာလဲ မိုက်ကယ်ကိုကော ဘယ်သူကသတ်ဖြတ်ခဲ့တာလဲဆိုတာကို ဆက်လက် ကြည့်ရှူအားပေးကြပါအုံးဗျ

[FORMAT]:………………………….:) 720p HD x264 / 480p SD
[GENRE]:……………………….… .:) Action, Adventure, Fantasy
[FILE SIZE]:…………………….….:) 987 MB / 438 MB
[RESOLUTION]:……………….….:) 720x480 / 640x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 31 mins

 Underworld: Blood Wars
(2016) on IMDb 

Download
987 MB
HD Large

Download
438 MB
SD Small

Tuesday, May 2, 2017

Magnificent Butcher (1979)



ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ကားလေးကတော့ပရိတ်သတ်တွေနဲ့ မစိမ်းလှတဲ့ တရုတ်ဟာသအက်ရှင်မင်းသားကြီး ဝမ်ကျင်းပေါင် (Sammo Hung) ပါဝင်ထားတဲ့ ကားကောင်းလေးတစ်ကားပါ... ဒါရိုက်တာကလည်း ဂျက်ကီချမ်းရဲ့အရက်မူးသိုင်းကားရိုက်တဲ့ဒါရိုက်တာပါ... ဇာတ်လမ်းအညွှန်းကိုအောက်မှာဖတ်ရှု ပြီး ဒေါင်းယူ အားပေးကြပါဦးခင်ဗျာ နာမည်ကြီးသိုင်းဆရာလည်းဖြစ် ...ဆေးဆရာကြီးတစ်ဦးလည်းဖြစ်တဲ့ ဝမ်ဖေးဟုန်မှာ တစ်ခြားတပည့်၂ယောက်နဲ့အတူ လန်စိုင်းဝင်းလို့ခေါ်တဲ့ တပည့်တစ်ယောက်ရှိပါတယ်... တစ်ဖက်မှာတော့ဝမ်ဖေးဟုန်နဲ့အပြိုင် နဂါး၅ကောင်ကွန်ဖူးသင်တန်းကျောင်းတစ်ခုရှိပါတယ် ... တစ်နေ့မှာတော့ဝမ်ဖေးဟုန်ရဲ့ တပည့်ဖြစ်သူလန်စိုင်းဝင်းနဲ့ နဂါး၅ကောင်သင်တန်းကျောင်းကသင်တန်းသားတစ်ယောက်တို့ပြ ဿ နာဖြစ်ခဲ့ကြပါတယ်... အဲ့ဒီကိစ္စနဲ့ပဲ နဂါး၅ကောင်သင်တန်းက သင်တန်းဆရာက ဝမ်ဖေးဟုန်ရဲ့တပည့်ဖြစ်သူကို အငြိုးအတေးထားလာပါတယ်... ဒီလိုနဲ့တစ်နေ့မှာတော့ လန်စိုင်းဝင်းရဲ့ အိပ်ခန်းမှာ နဂါး၅ကောင်သင်တန်းကျောင်းဆရာရဲ့ မွေးစားသမီးဖြစ်သူအသတ်ခံခဲ့ရပါတယ်... အဲ့ဒီအမှုကြောင့် နဂါး၅ကောင်သင်တန်းကျောင်းဆရာ ကလန်စိုင်းဝင်းအပေါ်အငြိုးအတေးပိုမိုကြီးထွားလာရာမှာတော့....

ရုပ်ရှင်အညွှန်း - လယ်ဝေးသားလေး Kyaw Myo Thu

[FORMAT]:………………………….:) 720p Blueray x264 / 480p SD
[GENRE]:……………………….… .:) Adventure, Family, Fantasy
[FILE SIZE]:…………………….….:) 986 MB / 490 MB
[RESOLUTION]:……………….….:) 1280x720 / 640x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 48 mins
[Translator]:........................ :) လယ်ဝေးသားလေး Kyaw Myo Thu

 Magnificent Butcher
(1979) on IMDb

Download
986 MB
HD Large

Download
490 MB
SD Small